Water Pal

Water Pal It's all about Water.

ရေကြီးတာက ဘာလို့ ပိုပြီး ပြင်းထန်လာတာလဲ။ဟိုးအရင်ကလည်း ရေကြီးဖူးပါတယ် ဒီလောက်မဆိုးရွားပါဘူး ဘာလို့ အခုမှ ဆိုးရွား နေရတာလဲ...
13/05/2026

ရေကြီးတာက ဘာလို့ ပိုပြီး ပြင်းထန်လာတာလဲ။

ဟိုးအရင်ကလည်း ရေကြီးဖူးပါတယ်
ဒီလောက်မဆိုးရွားပါဘူး
ဘာလို့ အခုမှ ဆိုးရွား နေရတာလဲလို့
မေးခွန်းထုတ်မိကြမှာပါ။

အဓိကအကြောင်းအရင်းကတော့
ကျနော်တို့ နေထိုင်တဲ့ နေရာတွေက
ရေကြီး ရေလျှံမှု ဖြစ်နိုင်ချေများတဲ့နေရာတွေ
ဖြစ်ကုန်လို့ပါ။

မြို့ပြမှာဆိုရင် လျင်လျင်မြန်မြန်
တိုးပွားလာတဲ့ လူဉီးရေရယ်
မုန်တိုင်းတွေရဲ့
ပြင်းအားများလာတာရယ်ကြောင့်လည်း ပါပါတယ်။
အချိန်တိုအတွင်း မိုးရေပမာဏများများနဲ့
မိုးရွာသွန်းတဲ့အခါ ရေမြောင်းစနစ် မလုံလောက်တာ
အားနည်းတာတွေ ဖြစ်လာပြီး
မြို့ပြတွေမှာ ရေကြီးရေလျှံတာတွေ
ပိုကြုံလာရပါတယ်။

ပြီးတော့ ခုလိုမျိုး
Climate Change ကြောင့် ဖြစ်လာနိုင်တဲ့
ရေကြီးတာကို ကာကွယ်နိုင်မဲ့ ခံနိုင်ရည်ရှိတဲ့ အဆောက်အဉီးတွေ
ရေမြောင်းစနစ်တွေ မရှိတာကြောင့်လည်း
ရေကြီးတာဟာ ဟိုးအရင်ကထက်
ပိုပြီး ပြင်းထန်လာတာပါ။

Climate Changeကြောင့် ရေကြီးတဲ့ ကြိမ်ရေနဲ့ ပမာဏ များလာပါတယ်။Climate change နဲ့ ရေကြီးခြင်း ဖြစ်စဉ်ကြားကဆက်နွယ်မှုလေးကို ...
12/05/2026

Climate Changeကြောင့်
ရေကြီးတဲ့ ကြိမ်ရေနဲ့ ပမာဏ များလာပါတယ်။

Climate change နဲ့ ရေကြီးခြင်း ဖြစ်စဉ်ကြားက
ဆက်နွယ်မှုလေးကို ပြောပြပါရစေ။

🔥အပူချိန် မြင့်တက်လာမှု
အပူချိန်တွေ မြင့်လာတော့ လေပူတွေ များလာတယ်။ လေပူတွေက အစိုဓာတ်ကို ပိုပြီးထိန်းထားတယ်။
အဲ့တော့ မုန်တိုင်းတိုက်တဲ့အခါ ပိုပြီးတော့ ပြင်းထန်ပြီး အချိန်ကြာတဲ့ မိုးရွာသွန်းမှုတွေကို ဖြစ်ပေါ်စေပါတယ်။ အကျိုးဆက်ကတော့ မြစ်ရေကြီးတာတွေ မြို့ပြမှာ ရေကြီးတာတွေ ပိုဖြစ်လာပါတယ်။

🧊ရေခဲတောင်တွေ အရည်ပျော်ပြီး
ပင်လယ်ရေ မြင့်တက်လာခြင်း
ကမ္ဘာ့အပူချိန်တွေ မြင့်လာတော့
၀င်ရိုးစွန်းမှာရှိတဲ့ ရေခဲတောင်တွေ
အရည်ပျော်နှုန်း များလာတယ်။
အဲ့ရေခဲရေတွေက ပင်လယ်ထဲကို စီး၀င်တော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတယ်။
အဲ့တာက coastal flooding ဖြစ်နှုန်းကို
ပိုမြင့်သွားစေပါရောရှင်။

🌦️ပြင်းထန်တဲ့ ရာသီဉတု ဖြစ်စဉ်
Climate Changeက သဘာ၀အတိုင်း ဖြစ်ပေါ်နေတဲ့ ရာသီဉတုဖြစ်စဉ်ကို ကမောက်ကမဖြစ်စေပါတယ်။
အဲ့တော့ အဖျက်စွမ်းအားပြင်းတဲ့ ဟာရီကိန်းတွေ၊
ဆိုင်ကလုန်းတွေ ခဏခဏ ဖြစ်ရော ဆိုကြပါတော့ရှင်။

🏢မြို့ပြဖွံ့ဖြိုးမှုနဲ့ မြေအသုံးချမှု ပြောင်းလဲခြင်း
မြို့ပြဖွံ့ဖြိုးလာတာနဲ့အမျှ သစ်ပင်တွေ ခုတ်ကြတယ်။မြို့ပြတွေ ချဲ့ကြတယ်။
အကျိုးဆက်ကတော့
မြင်သာထင်သာအရှိဆုံးကို ပြောရရင်
မြေကြီးကနေ ရေကို စုပ်ယူနိုင်စွမ်းတွေ ကျလာတယ်။ ရေဝေရေလဲဒေသတွေ ကျဉ်းမြောင်းကုန်တယ်။
ရေလဲကြီးရော အကုန်လုံး မရှုနိုင် မကယ်နိုင် ဒုက္ခရောက်ကြရရော။

အဲ့လိုတွေကနေ ရေကြီးရေလျှံဖြစ်စဉ်တွေ
ပိုများလာပြီး ကြိမ်ရေတွေလည်း စိတ်လာပါတယ်ရှင်။

ရေကြီးရေလျှံခြင်းမိုးတွေဆက်တိုက်ဆိုသလို ရွာနေတော့ရေကြီးရေလျှံမှုအကြောင်း sharing လုပ်ပါရစေ။ရေကြီးတယ်ဆိုတာက သဘာ၀ဖြစ်စဉ်တစ...
11/05/2026

ရေကြီးရေလျှံခြင်း
မိုးတွေဆက်တိုက်ဆိုသလို ရွာနေတော့
ရေကြီးရေလျှံမှုအကြောင်း sharing လုပ်ပါရစေ။

ရေကြီးတယ်ဆိုတာက သဘာ၀ဖြစ်စဉ်တစ်ခုပါပဲ။
ပုံမှန်အားဖြင့် ခြောက်သွေ့နေတဲ့
ကုန်းမြေပေါ်ကို ရေတွေ ခဏတာ ၀င်ရောက်လာတယ်။ အဲ့တာကို ကျနော်တို့က ရေကြီးတယ်လို့ ခေါ်ကြတယ်။
ဒီဖြစ်စဉ်က အကြောင်းအမျိုးမျိုးနဲ့ ဖြစ်နိုင်သလို သဘာ၀ရဲ့ ဖြစ်စဉ်တွေထဲမှာလည်း
တွေ့ရအများဆုံးနဲ့ အန္တရာယ်အရှိဆုံးဖြစ်စဉ်တစ်ခုပါ။

ရေကြီးမှု အမျိုးအစားများ

ရေကြီးတာကို အမျိုးအစားခွဲကြည့်ရင်
လေးမျိုး တွေ့ရနိုင်ပါတယ်။

River Flood
မိုးအရမ်းများလို့ဖြစ်ဖြစ် နှင်းခဲတွေ အရည်ပျော်လို့ပဲ ဖြစ်ဖြစ် မြစ်ထဲမှာ ပုံမှန်ရှိနေကျ ရေထက် များလာပြီး မြစ်ကမ်းပါးတွေ ကျော်အောင် ရေတွေတိုးလာတာပါ။ မြစ်ရေတိုးတယ် မြစ်ရေတက်တယ်ဆိုတာပေါ့ရှင်။

Flash Flood
အချိန်တိုအတွင်း မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရုတ်တရက် ချက်ချင်းဆိုသလို အရှိန်ပြင်းပြင်း ပမာဏ များများနဲ့ ရေတွေ တက်လာတာကို Flash Floodလို့ ခေါ်ပါတယ်။ ရေစီးရေလာ နေရာမရှိရင်၊ရေမြောင်းစနစ် မကောင်းရင် အများဆုံး ဖြစ်တတ်ပါတယ်။

Coastal Flood

မုန်တိုင်း တိုက်ခတ်ပြီးနောက် ပင်လယ်နဲ့ထိစပ်နေတဲ့ အရပ်တွေမှာ ပင်လယ်ရေတွေ ကုန်းတွင်းပိုင်းကို ၀င်ရောက်လာတာမျိုးပါ။

Urban Flood
မြို့ပြတွေ တိုးတက််လာတာနဲ့အမျှ ရေမြောင်းစနစ်က အမီမလိုက်နိုင်တဲ့အခါ မိုးပြင်းပြင်းထန်ထန် ရွာလိုက်ပြီဆိုတာနဲ့ ရေလွှမ်းသွားတာမျိုးကို Urban Flood လို့ ခေါ်ပါတယ်။

ရေကြီးခြင်းရဲ့ အကျိုးဆက်

ရေကြီးတာရဲ့ နောက်ဆက်တွဲတွေကို နှစ်စဉ် နှစ်တိုင်း လူပေါင်း သန်းနဲ့ချီအောင် ခံစားနေရပါတယ်။ မြို့ကြီးပြကြီးပဲဖြစ်ဖြစ် နယ်ဘက်ကျေးလက်ပဲဖြစ်ဖြစ် နေရာမရွေး ရေကြီးတာကို ခံရနိုင်ချေရှိပါတယ်။ ရေကြီးခြင်းကြောင့် အဆောက်အဉီး၊စည်းစိမ်ဉစ္စာတွေ ပျက်စီးဆုံးရှုံးယုံတင်မက အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ ရေကျသွားခဲ့ရင်တောင် စီးပွားရေး၊အသက်မွေးကြောင်း လုပ်ငန်းတွေ ဆုံးရှုံးနှောင့်‌နှေးသွားတဲ့အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မြင်လွယ်တဲ့ ဉပမာပြရရင် မသန့်ရှင်းတဲ့ရေသောက်မိရာက ၀မ်းပျက်၀မ်းလျှောဖြစ်နိုင်ပြီး အသက်ဆုံးရှုံးရတဲ့ထိ ဖြစ်သွားနိုင်ပါတယ်။

ဒီလမှာ International Women Day ရှိတော့Water နဲ့ ပတ်သက်တဲ့ research paper တွေဖတ်တဲ့အခါ water and gender အပိုင်း ပိုဖတ်ဖြစ...
13/03/2026

ဒီလမှာ International Women Day ရှိတော့
Water နဲ့ ပတ်သက်တဲ့ research paper တွေ
ဖတ်တဲ့အခါ water and gender အပိုင်း
ပိုဖတ်ဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင်လည်း Water sector ထဲက
အမျိုးသမီးတစ်ယောက် ဆိုတော့
ကျနော့်ရဲ့ အတွေးလေးတွေကို
ချရေးဖြစ်ခဲ့ပါတယ်။

ဖတ်ရှုပေးကြပါအုံးနော်။ ✨

Water Pal ရေမိတ်ဆွေကနေ ကြိုဆိုလိုက်ပါတယ်ရှင်ခဏဆိုပြီး နားလိုက်တာတော်တော်ကြာသွားတော့ မေ့များသွားကြပြီလားရှင် 😅ပြန်မိတ်ဆက်...
12/03/2026

Water Pal ရေမိတ်ဆွေကနေ ကြိုဆိုလိုက်ပါတယ်ရှင်
ခဏဆိုပြီး နားလိုက်တာ
တော်တော်ကြာသွားတော့ မေ့များသွားကြပြီလားရှင် 😅

ပြန်မိတ်ဆက်ပါရစေနော်…
ရေမိတ်ဆွေဆိုတဲ့ ဒီ page လေးမှာ
ရေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို
ဖတ်ရှုနားဆင်နိုင်မှာ ဖြစ်ပါတယ်။

ရေမိတ်ဆွေရဲ့ အဓိက ရည်ရွယ်ချက်က
ရှုပ်ထွေးတယ် ဖတ်ရခက်တယ်လို့
ယူဆကြတဲ့ ရေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို
တတ်နိုင်သလောက် ကြိုးစားပြီး
ရှင်းရှင်းလင်းလင်း အလွယ်ကူဆုံး ပုံစံနဲ့ မျှဝေသွားဖို့ပါ။

ကျနော်တို့တူတူ ရေနဲ့ပတ်သက်တဲ့
အကြောင်းအရာတွေကို လေ့လာလိုက်ကြရအောင်နော်။

ရေမိတ်ဆွေကနေ ပြန်လည် ကြိုဆိုပါတယ်ရှင်။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Water Pal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share