14/05/2026
"တပ်ပြေးမဖြစ်စေနဲ့"
ညီလေး
မင်း ဆံပင် အရှည်ထားတတ်တာ
သောက်စား ပျော်ပါးချင်တာကအစ
စစ်ပုံမကျတာအားလုံး အပြစ်လို့မမြင်ကြဘူး။
ဒါပေမဲ့ မင်းဟာ
ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (PDF) ဖြစ်နေတယ်ဆိုရင်
မင်းမှာ ဆောက်တည် ထိန်းသိမ်း တန်ဖိုးထားရမဲ့
တစ်ခုတည်းသော အရာရှိတယ်။
အဲတာ ဂုဏ်သိက္ခာ။
"ဂုဏ်သိက္ခာ (Honor)"
PDF တယောက်ရဲ့ အလေးထားရမဲ့၊ ထိန်းသိမ်းလိုက်နာရမဲ့ စံတန်ဖိုးတွေအကြောင်း အားလုံးကို ပြောပြီး သင်ပြီးသားပါ။
Honor ဂုဏ်သိက္ခာ
Courage သတ္တိ
Affirmation ကတိသစ္စာ ... အကြောင်း။
အကြမ်းဖက်စစ်တပ် နဲ့
ပြည်သူ့နှလုံးသည်းချေပွတ် (PDF) တပ်ကို ခွဲခြား တိုင်းတာလို့ရတဲ့ တစ်ခုတည်းသော ပေတံဟာ ဘာလဲဆိုရင် အဲဒီပေတံဟာ ဂုဏ်သိက္ခာ ပဲ ညီလေး။
တပ်မှာ ဂုဏ်သက္ခာထက် အရေးကြီးတာ ဘာမှမရှိ။
"တပ်ပြေးမှု"
တပ်မှာ တပ်ပြေးမှုဟာ ပြစ်ဒဏ်ကြီးလေးတယ်။
ဘယ်လောက်ကြာကြာ၊ ဘယ်နိုင်ငံပဲရောက်ရောက် ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိဘူး။
တပ်ပြေးဖို့ ကူညီ အားပေးသူဟာ လက်ငါးချောင်းပဲရှိမယ်။
လက်ညှိးထိုးမဲ့သူက များတယ်။
တပ်ပြေးပြီး ကိုယ့်ဂုဏ်ပုဒ်၊ ကိုယ့်သိက္ခာကို မချမိစေနဲ့။
ကောင်းမွန်ခဲ့တဲ့လုပ်ရပ်တွေအားလုံး နိဂုံးမချုပ်စေနဲ့။
တပ်ပြေးဘဝနဲ့ တသက်လုံးမနေချင်နဲ့။
ဘာကြောင့်ပြေးတယ်ဆိုတဲ့အကြောင်းပြချက်တွေရှိလိမ့်မယ်။ အားလုံးကို အများနည်းတူ ရင်ဆိုင်ကျော်လွှားရမယ်။ သီးမခံနိုင်လောက်တဲ့ ခေါင်းဆောင် ဆိုး ယုတ်မှုတွေ ၊ လွဲမှားတဲ့ စည်းကမ်းဥပဒေတွေကြုံရရင် အဲတာကိုကိုယ်တိုင် အရင် ပြောင်းလဲပစ်ပါ။ အဲတာကိုအရင်တော်လှန်ပါ။ အပြုသဘောဆောင်ပါ။ အမှန်တရား ဖြစ်သင့်ဖြစ်ထိုက်တာတွေ အတွက် ရဲဘော်တွေနဲ့အတူ မြေပြင်မှာ ခေါင်းဆောင်ကြီးတွေ ရှိနေတယ်။ စည်းကမ်း ဥပဒေချိုးဖောက်သူတွေကို တိုင်ကြားအရေးယူနိုင်မဲ့ လိပ်စာ အဆက်အသွယ် ပေးထားပြီးသား။
"ချင့်ချိန်စဥ်းစားပါ"
- ငါတို့ဟာ အတင်းအဓမ္မ ပေါ်တာဆွဲခံထိပြီး PDF ဖြစ်လာတာမဟုတ်ဘူး။ အာဏာရှင်ကို မကြိုက်လို့ တော်လှန်ချင်လို့ PDF ထဲဝင်လာတာဖြစ်တယ်။
- ထမင်းမငတ်ဘူး၊ ပြည်သူအားပေးထောက်ခံတယ်။
အဲလိုတပ်မတော်ထဲကို ကိုယ့်သဘောနဲ့ကိုယ်ဝင်ပြီးမှ တာဝန်ထမ်းဆောင်လိုက်ပါ။
ကိုယ့်ရဲ့ ရည်မှန်းချက်ကို မမေ့နဲ့၊ ကိုယ့်ရဲ့ လုပ်ခဲ့တဲ့အရာတွေကို သမိုင်းမှတ်ကျောက်တင်နိုင်အောင်ကြိုးစား။ အပြစ်ဆိုခြင်းမဟုတ်။ လူငယ်၊ ရဲဘော်၊ သူငယ်ချင်းစိတ်နဲ့ ပြောပြခြင်းသာဖြစ်တယ်။
အာဏာရှင်ကိုတော်လှန်ခဲ့တယ်
PDF တယောက်အဖြစ် ဂုဏ်ယူခဲ့ဖူးတယ် ဆိုရင်
တပ်ပြေး (လုံးဝ) အဖြစ်မခံနဲ့ ရဲဘော်ရဲဘက်တို့ ✊
#မန္တလေးခရိုင်၊အမှတ်(၅)တပ်ရင်း
#ပြည်သူ့ကာကွယ်ရေးတပ်မတော်