  • Home
  • Myanmar
  • Magway
၂၀၂၂ခုနှစ်၊  #ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်သော  #အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၃ ...
04/12/2022
၂၀၂၂ခုနှစ်၊ #ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်သော #အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်‌နေ့၊ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးကြီးကြပ်မှုအောက်ရှိ မကွေးမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့နာယက၊ တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ ကော်မတီဝင်များနှင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှု အားကစား ပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့တွင် ကျင်းပသော(၄၇)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ဂုဏ်ပြုသတ်မှတ်ခဲ့ပြီး မိမိတို့မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ လ(၇)ရက်နေ့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအား အတည် ပြုလက်မှတ်ရေးထိုးကာ ၂၀၁၅ ခုနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို အတည်ပြုပြဌာန်း ခဲ့ပြီး နည်းဥပဒေကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် အတည်ပြုပြန်ဌာန်းနိုင်ခဲ့ပါကြောင်း၊ ဒါ့အပြင် မသန်စွမ်းသူများသည် သန်စွမ်းသူများကဲ့သို့ တန်းတူအခွင့်အရေး ရရှိစေရန်၊ မသန်စွမ်းသူ များ၏ ဂုဏ်သိက္ခာကို အလေးပြုလာစေရန်နှင့် မသန်စွမ်းသူများ၏ စိတ်ဓာတ်အင်အားမြင့်မားလာ စေရန် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ နေ့ အထိမ်းအမှတ် အခမ်းအနားများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် ကျင်းပလျက်ရှိရာ ယခုနှစ်ဆောင်ပုဒ်အနေဖြင့် “အားလုံးပါဝင် ဖွံ့ဖြိုးဖို့ ဆန်းသစ်တီထွင် အဖြေရှာစို့၊ အားလုံးလက်လှမ်းမီညီမျှရေး၊ တီထွင်ဖန်တီးမှုစွမ်းအားဖြင့် ဆောင်ရွက်ပေး” ဖြစ်ပါ ကြောင်း ဒါ့အပြင် မသန်စွမ်းသူများအား လူ့အဖွဲ့အစည်းတွင် တန်းတူရည်တူ ရှိသော တန်ဖိုးရှိသော သူများအဖြစ် ပါဝင်ရပ်တည်နိုင်အောင် ဘေးဖယ်ချန်လှပ်ထားခြင်းနှင့် ခွဲခြား ဆက်ဆံခြင်းများအား ရှင်းလင်းဖယ်ရှားပြီး လူ သားအားလုံးအတွက် လက်လှမ်းမီသော၊ တတ်စွမ်းနိုင်သော၊ ပေါင်းစည်း ပါဝင်သော ပတ်ဝန်ကျင်းကို ဖန်တီးပေးရန်လိုပါကြောင်းနှင့် မသန်စွမ်းသူများအား ခွဲခြားချန်လှပ် မထားဘဲ လူ့အသိုးအဝိုင်းအတွင်း ဝန်ဆန့်နိုင်ပြီး ဂုဏ်သိက္ခာ၊ စွမ်းဆောင်ရည်နှင့် လူ့အခွင့်အရေးတို့ကို အလေးဂရုပြု ဖော်ထုတ်အသိအမှတ်ပြုကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ မှတ်တမ်းတင်ဗီဒီယိုကလစ်အား ပြသခဲ့ပါသည်။ ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် အားကစားသမားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားရုပ်သိမ်းခဲ့ပါသည်။
မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး 💙
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့ ဒီနေ့ နံနက်ပိ...
29/11/2022
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့ ဒီနေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့၊နာယက၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်၊ဝန်ကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ သူနာပြု/သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြရာ ရှေးဦးစွာ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့၊နာယကမှ အဖွင့်အမှာစကားပြောကြားရာ တက်ရောက်လာကြတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီး၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးကဲများ၊အမျိုးသမီးများအရေးကို ဆောင်ရွက်လျက်ရှိသည့်အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊အရပ်ဖက်အဖွဲ့အစည်းများမှကိုယ်စားလှယ်များမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပြီး ၂၀၂၂ခုနှစ် ဆောင်ပုဒ်ကတော့ အမျိုးများအပေါ်အကြမ်းဖက်မှု အဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေးဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာအကြိုလှုပ်ရှားမှုအဖြစ် ကျား၊မအခြေပြုအကြမ်းဖက်မှု အသိပညာပေးသင်တန်းနှင့် Gender, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးသင်တန်းများအား မကွေးမြို့တွင် နိုဝင်ဘာလ (၁၆)ရက်နှင့်(၁၈)ရက်တို့တွင် လည်းကောင်း၊ မင်းဘူးမြို့တွင် နိုဝင်ဘာ(၂၂)ရက်နေ့တွင်လည်းကောင်း ဖွင့်လှစ်ဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့ရပ်ရွာအတွင်း အမျိုးသမီးများနဲ့အမျိုးသမီးငယ်ရွယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ မတော်မတရားပြုကျင့်မှု၊ အိမ်တွင်းအကြမ်းဖက်မှုများကို မဖြစ်ပေါ်စေရေး သက်ဆိုင်ရာအမျိုးသမီးကော်မတီဝင်များနှင့် ပူးပေါင်း၍ အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်းတို့ ဆောင်ရွက်သွားကြပါရန် မိမိတို့ပတ်ဝန်းကျင်ရှိ အမျိုးသမီးများအပေါ် ကျား၊မခွဲခြားမှုမရှိစေရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရေးနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးတိူ့အတွက် အတူတကွ လက်တွဲပူးပေါင်းပြီး အမျိုးသမီးများဏ္ဌဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှု(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ၌ နှစ်သိမ့်ဆုရရှိသူအား မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီ၊ ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ ဆုချီးမြှင့်ပေးအပ်ပြီး တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ Zumba အကနှင့် စည်းလုံးခြင်း၏အင်အားသီချင်းတို့ဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ 🧡
မကွေးတိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ ကြီးမှူးကျင်းပသည့် (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင...
20/11/2022
မကွေးတိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ ကြီးမှူးကျင်းပသည့် (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို နိုဝင်ဘာလ ၂ဝ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည် ။
မကွေးတိုင်းဒေသကြီးအတွက် ဝန်ထမ်းအသစ်ခေါ်ယူခြင်းနှင့် စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများအနေဖြင့် နံနက် 9:30 နာရီမှ ညနေ 4:00...
14/08/2022
မကွေးတိုင်းဒေသကြီးအတွက် ဝန်ထမ်းအသစ်ခေါ်ယူခြင်းနှင့် စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများအနေဖြင့် နံနက် 9:30 နာရီမှ ညနေ 4:00 နာရီ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်
ph- 0632028718
23/07/2022
မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး massenger တွင် ဝင်ရောက်၍ မေးမြန်းထားသော သူများနှင့် ဝင်ရောက်မေးမြန်းလိုသူများ ခင်ဗျာ အချိန်နှင့် တပြေးညီ မပြန်ကြားနိုင်ခြင်းများရှိနေပါသောကြောင့် ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ရေးအတွက် အောက်ဖော်ပြပါ ဖုန်းနံပါတ်များအား ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ......
063 - 20 28338 / 063 - 20 28718
အချိန်နဲ့ တပြေးညီ မဖြေကြားနိုင်ခြင်းအတွက်လည်း ကျနော်တို့ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်
အခြေခံပညာကျောင်းတွင် အသိပညာပေးအစီအစဉ်များဖြစ်သည့် - " ကလေးသူငယ်အခွင့်အရေးကိုယ်တိုင်သိရှိနားလည်နိုင်စေရေး "" ကြိုတင်ကာကွယ...
07/07/2022
အခြေခံပညာကျောင်းတွင် အသိပညာပေးအစီအစဉ်များဖြစ်သည့် -
" ကလေးသူငယ်အခွင့်အရေးကိုယ်တိုင်သိရှိနားလည်နိုင်စေရေး "
" ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ် "
" မူးယစ်အန္တရာယ် လူ့ရန်နွယ် "
" လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့ "
" မိုင်းအန္တရာယ်အသိပညာပေးခြင်း " စသည့် ခေါင်းစဉ်များဖြင့် (၇.၇.၂၀၂၂)ရက်နေ့တွင် မင်းဘူးမြို့၊ မြို့မ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ကျောင်းသား/သူများအား လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးနှင့် မင်းဘူးခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးခြင်း၊ တက်ရောက်လာသော ကျောင်းသား/သူများအား မေးခွန်းမေးခြင်းအစီအစဉ်များနှင့် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ပါသည် ။
မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး 💙
၂၀၂၂ခုနှစ်၊  #ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော  #မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၃ ရက် ယနေ့မွန...
03/07/2022
၂၀၂၂ခုနှစ်၊ #ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော #မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၃ ရက် ယနေ့မွန်းလွဲ ၂ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက၊ တိုင်းဒေသကြီး အမျိုး သမီးကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အဆိုပါအခမ်းအနား၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင် ဗီဒီယိုကလစ်အား ပြသခဲ့ပြီး မကွေးမြို့ အ.ထ.က(၄)မှ ကျောင်းသူလေးများက ကြိုဆိုသောမနက်ဖြန်များသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးအတွင်း သိပ္ပံဘာသာတွဲ ၊ ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲတို့တွင် အမှတ်အများဆုံးရရှိခဲ့သည့်ကျောင်းသူများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ရရှိခဲ့သော အလေးမ အားကစားမယ်များနှင့် တိုင်းဒေသကြီးအတွင်း အကြိမ်အများဆုံး အမျိုးသမီးသွေးလှူရှင်တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုလက်မှတ်များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီးနောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးပါဝင်ခဲ့ကြသော အလှူရှင်အသင်းအဖွဲ့များအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်
မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး 💙
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းအား မကွေးမူလတန်းကြိုကျောင်း၌ (၆.၆.၂၀၂၂)မှ(၂...
27/06/2022
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းအား မကွေးမူလတန်းကြိုကျောင်း၌ (၆.၆.၂၀၂၂)မှ(၂၆.၆.၂၀၂၂)ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ၊ သင်တန်းဆင်းပွဲ အခမ်းအနားအား တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးမှ သင်တန်းဆင်းအမှာစကားပြောကြား၍ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူများမှလည်း ကပြဖျော်ဖြေခဲ့ပါသည်။
မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး
မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၂၂)ကို မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ (၂၃.၆.၂၀၂၂)ရက်နေ့၊ နံနက်(၁၀...
23/06/2022
မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၂၂)ကို မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ (၂၃.၆.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက ၊ ဥက္ကဌ နှင့် ကော်မတီဝင် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးများနှင့်အမျိုးသမီးငယ်ရွယ်များ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား၊မတန်းတူအခွင့်အရေးရရှိစေရေးနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများလျော့နည်းပပျောက်စေရေးတို့နှင့် လာမည့် ၂၀၂၂ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပနိုင်ရေးတို့အား ဆွေးနွေးခဲ့ကြပါတယ် ။
မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး 💙
အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းသား/သူများအား (GBV) နှင့်ပတ်သတ်သည့် အနက်အဓိပ္ပါယ်၊ ကျား၊ မ အခြေခံသော အကြမ်းဖက်မှု...
17/06/2022
အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းသား/သူများအား (GBV) နှင့်ပတ်သတ်သည့် အနက်အဓိပ္ပါယ်၊ ကျား၊ မ အခြေခံသော အကြမ်းဖက်မှုအရ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြောင်းအရာများ၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား ပြန်လည်ထူထောင်နိုင်ရေး ထောက်ပံ့ပေးမှု အခြေအနေများနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ရှောင်/ဆောင်ရန်များ ၊ အကြမ်းဖက်မှုများဖြစ်ပေါ်လာပါက မည်သို့မည်ပုံဖြေရှင်းဆောင်ရွက်ရမည်ကို နားလည်နိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ (၁၄.၆.၂၀၂၂)ရက်နေ့တွင်လည်းကောင်း၊ နတ်မောက်မြို့နယ်၌ (၁၆.၆.၂၀၂၂)ရက်နေ့နှင့် ငဖဲမြို့နယ်၌ (၁၇.၆.၂၀၂၂)ရက်နေ့တို့တွင် မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံးကြီးကြပ်မှုအောက်ရှိ အဆိုပါမြို့နယ်လူမှုဝန်ထမ်းရုံးများမှ မြို့နယ်ဦးစီးမှူးများက အခြေခံပညာအထက်တန်းကျောင်းများ၌ ကျား၊မရေးရာ(Gender)နှင့် ကျား၊မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ GBV အသိပညာပေးဟောပြောပွဲများကို ကျင်းပဆောင်ရွက်ခဲ့ပါတယ်။
မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး 💙
လူမှုဝန်ထမ်းဦးစီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း အဖြစ် အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ဘွားများအား  တစ်လလျင်(၁)သောင...
16/06/2022
လူမှုဝန်ထမ်းဦးစီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း အဖြစ် အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ဘွားများအား တစ်လလျင်(၁)သောင်းကျပ်နှုန်းဖြင့် (၃)လလျင်တစ်ကြိမ် (၃)သောင်းနှုန်းဖြင့် လူမှုရေးပင်စင်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဌာရေးနှစ် ပထမ(၃)လပတ်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော ဘိုး/ဘွား (၁၈၅၈၇)ဦးအတွက် တစ်ဦးလျင် (၃)သောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၅၅၇,၆၁၀,၀၀ဝိ/- (ကျပ်ငါးထောင့်ငါးရာခုနှစ်ဆယ့်ခြောက်သိန်းတစ်သောင်းတိတိ) အား သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှတဆင့် ထောက်ပံ့ပေးလျက်ရှိပါသည်
မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး 💙
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသည့် တောရစွယ်တော်၊...
15/06/2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသည့် တောရစွယ်တော်၊ ချောက်ကြား၊ ငါးဆင့်၊ နေရှင်နယ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၏ ဖွင့်လှစ်ထားရှိမှုအခြေအနေများ ၊ လက်ခံစောင့်ရှောက်ထားသည့် ကလေးများ၏အခြေအနေများနှင့် သတ်မှတ်ထားသည့်စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်ထားရှိခြင်းများကို မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သည့်အဖွဲ့သည် (၁၄.၆.၂၀၂၂)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ထိုမှတဆင့် တောင်တွင်းကြီးမြို့ပေါ်ရှိ လူမှုဝန်ထမ်းဦးစီးဌာနပိုင် တောင်ပြင်(၂)မူလတန်းကြိုကျောင်းနှင့် တရုတ်ကောမူလတန်းကြိုကျောင်းများတွင် အသက်(၃)နှစ်မှ (၅)နှစ်အထိ ကလေးငယ်များအား လက်ခံစောင့်ရှောက်မှုအခြေအနေများနှင့် မူကြိုကျောင်းဖွင့်လှစ်မှုအခြေအနေများအား စစ်ဆေးခဲ့ကြပါသည်။
မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး 💙
Address
Magway
04011
Alerts
Be the first to know and let us send you an email when မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share