စာဖတ်တဲ့ခေါင်းဆောင်များနှင့်ကြုံဆုံရပါလို၏

  • Home
  • Myanmar
  • Magway
  • စာဖတ်တဲ့ခေါင်းဆောင်များနှင့်ကြုံဆုံရပါလို၏

စာဖတ်တဲ့ခေါင်းဆောင်များနှင့်ကြုံဆုံရပါလို၏ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from စာဖတ်တဲ့ခေါင်းဆောင်များနှင့်ကြုံဆုံရပါလို၏, Library, magway, Magway.

 # အခက်အခဲဆိုတာ ဘာလဲ စဉ်းစားကြည့်စမ်းပါ (၁)* ဖရက်(ဒ်)အက်စတယ် ၊ ရုပ်ရှင်ရိုက်ရန်အတွက် စမ်းသပ်ခံသည့်အခါ အမ်ဂျီအမ် ရုပ်ရှင်...
01/07/2016

# အခက်အခဲဆိုတာ ဘာလဲ စဉ်းစားကြည့်စမ်းပါ (၁)

* ဖရက်(ဒ်)အက်စတယ် ၊ ရုပ်ရှင်ရိုက်ရန်အတွက် စမ်းသပ်ခံသည့်အခါ အမ်ဂျီအမ် ရုပ်ရှင်ကုမ္ပဏီက စစ်ဆေးသူက ` သရုပ်မဆောင်တတ် ၊ ထိပ်နည်းနည်းပြောင်သည် ၊ အနည်းအကျဉ်းသာ က တတ်သည် ´ ဟူ၍ မှတ်ချက်ပေးသည် ။ မှတ်ချက်ပေးတုန်းက ၁၉၃၃ ခုနှစ် ၊ အဲသည်နှစ်မှာပင် သူ နာမည်စရလာသည် ။ သည့်နောက်မှာတော့ ဟောလိဝုဒ်မှာ နာမည်ကျော်ကြားဆုံး ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်လာသည် ။ ကမ္ဘာမှာ အကအကောင်းဆုံးပုဂ္ဂိုလ် လို့လည်း ချီးကျူးခံရသည် ။
အက်စတယ်က အမ်ဂျီအမ်က မှတ်ချက်ကို သူ့အိမ်မှာရှိတဲ့ မီးလင်းဖိုမှာ အမြဲချိတ်ဆွဲထားခဲ့တယ် ။

* ကျွမ်းကျင်သူဆိုသော ပုဂ္ဂိုလ်တစ်ယောက်က ဗင်းဆင့်လွန်ဘာဒီသည် ဘောလုံးပညာ မည်မည်ရရမတတ် ၊ စိတ်အားထက်သန်မှုလည်းမရှိ ဟု မှတ်ချက်ချခဲ့သည် ။
လွန်ဘာဒီသည် အမေရိကန်ဘောလုံး(ရပ်ဘီ)လောကတွင် ထူးချွန်ထင်ရှားသော ဘောလုံးသမားဖြစ်လာသည့်အပြင် နည်းပြတစ်ဦးအဖြစ်လည်း လျှမ်းလျှမ်းတောက် ကျော်ကြားသူတစ်ယောက် ဖြစ်သည် ။

* ဆော့ခရေးတီး(စ)အား လူငယ်များကို အကျင့်စာရိတ္တပျက်စေသူဟု မလိုသူတို့ စွပ်စွဲခဲ့ဖူးသည် ။
ဆော့ခရေးတီး(စ)၏ ကိုယ်ကျင့်တရားဆိုင်ရာ သြဝါဒများကို ယနေ့တိုင် ကမ္ဘာက ဆည်းပူးရဆဲဖြစ်သည် ။ ပလေတို ၊ အရစ္စတိုတယ် စသည့် ဆော့ခရေးတီး(စ) ၏ တပည့်စဉ်ဆက်တို့သည် ဥရောပနှင့်တကွ ကမ္ဘာကိုပါ အသိပညာ ဖြန့်ဖြူးပေးဝေသည့် ပညာရေးသမားကြီးများ ဖြစ်ခဲ့သည် ။

 # လူကြီးဖြစ်လာမယ့် ကလေးများ       ယနေ့လူငယ် ၊ နောင်ဝယ်လူကြီးလို့ ကြားဖူးတယ် ။ ပျော့ပျောင်းတဲ့ဖယောင်းလို ပုံသွင်းနိုင်တဲ...
22/06/2016

# လူကြီးဖြစ်လာမယ့် ကလေးများ

ယနေ့လူငယ် ၊ နောင်ဝယ်လူကြီးလို့ ကြားဖူးတယ် ။ ပျော့ပျောင်းတဲ့ဖယောင်းလို ပုံသွင်းနိုင်တဲ့အရွယ်ဟာ ကလေးဘဝပါ ။ ငယ်စဉ်က ပုံပန်းမကျခဲ့ရင် ကြီးလေချဉ်လေ သံပရာသီးလိုဖြစ်ပီး လူ့အဖွဲ့အစည်းကို အနှောင့်အယှက် ပေးလာလိမ့်မယ် ။

ဒါ့ကြောင့် ကလေးတွေကို နည်းမှန်လမ်းမှန်နဲ့ သွန်သင်ဆုံးမ နိုင်ဖို့ဆိုတာ လူကြီးဖြစ်နေတဲ့လူတိုင်းက သိသင့်ပါတယ် ။

မိဘတို့ရဲ့အပြုအမူဟာ သားသမီးတို့ရဲ့ချစ်ခင်မြတ်နိုးခြင်းကိုသော် လည်းကောင်း ၊ စိုးရိမ်ကြောင့်ကြခြင်းကိုသော်လည်းကောင်း ၊ မုန်းတီးရွံရှာခြင်းကိုသော်လည်းကောင်း ဖြစ်စေပါတယ် ။ မိဘတို့ရဲ့အပြုအမူဟာ မိမိသိသည်ဖြစ်စေ ၊ မသိသည်ဖြစ်စေ မိမိတို့ရဲ့ လှုံ့ဆော်မှုတစ်ခုခုကိုတော့ အမြဲတစေပေးပါတယ် ။

လူဆိုတာ ငယ်သူအားလုံးကြီးလာကြမှာ မလွဲမသွေပါ ။ ကလေးတွေရဲ့ဘဝကို အကောင်းဆုံးနဲ့စနစ်တကျ ပြုစုပျိုးထောင်တာဟာ အနာဂတ်ကို တည်ဆောက်ခြင်းတစ်မျိုးပါဘဲ ။ လူလူချင်း လူကိုလူလို ဆက်ဆံကြရမယ်ဆိုတာဟာ ရာထူး ၊ အာဏာ ၊ စည်းစိမ်ဥစ္စာရှိတဲ့ သူအချင်းချင်းမှ မဟုတ်ပါဘူး ။ အသက် ၁ နှစ်အရွယ် ၊ ၂ နှစ်အရွယ် ကလေးတွေလည်း ပါပါတယ် ။ ကလေးငယ်များကို ဥပေက္ခာပြုမထားသင့်ပါ ။ ဂရုတစိုက် ပြုစုထားသင့်ပါတယ် ။

လူငယ်ပေါင်းမြောက်မြားစွာသည် စီမံအုပ်ချူပ်သူ လူကြီးတဦးဖြစ်လာစေရန် တောင့်တတတ်ကြ၏။သို့သော် အလိုဆန္ဒတောင့်တချက်တစ်ခုတည်းနှင်...
21/06/2016

လူငယ်ပေါင်းမြောက်မြားစွာသည် စီမံအုပ်ချူပ်သူ လူကြီး
တဦးဖြစ်လာစေရန် တောင့်တတတ်ကြ၏။သို့သော် အလို
ဆန္ဒတောင့်တချက်တစ်ခုတည်းနှင့် ယင်းထံသို့ မည်သည့်
အကျိုးကျေးဇူးမှ အလိုလိုရှောက်ရှိဖြစ်ထွန်းလိမ့်မည်
မဟုတ်ပေ။
သူသည် ပထမဦးစွာ သူ့ကိုယ်သူ စီမံအုပ်ချူပ်နိုင်ရမည်။
ယခု သူ့မှာရှိသမျှ အရာအားလုံးသည် အချိန်သာဖြစ်သည်။
သူသည် သူ၏အားလပ်ချိန်များကို စီမံအုပ်ချူပ်တတ်ရမည်။
အကယ်၍ သူသည် သူ၏အချိန်ပို အားလပ်ခွင့်များ
အနက်တခုကိုမှ တိုးတက်ကြီးပွားမှုအတွက် ပြုလုပ်ပြင်
ဆင်ရန် အသုံးမချတတ်လျှင် သူ၏ဘဝသတ်တမ်းတ
လျှောက်လုံး သူလိုငါလိုလူတွေအကြား၌သာလျှင် တိမ်မြုပ်
နစ်မွန်းနေမည့် လက္ခဏာ ရှိလေသည်။

#ဟားဗဒ်ကာဆင်

ကြိုက်ကြိုက် ၊ မကြိုက်ကြိုက်....သည်းခံ****************************သည်းခံခြင်းကို အခုနည်းနည်းကလေးလောက်ပြောတာ၊ ပြောမယ်ဆိုရ...
18/06/2016

ကြိုက်ကြိုက် ၊ မကြိုက်ကြိုက်....သည်းခံ
****************************
သည်းခံခြင်းကို အခုနည်းနည်းကလေးလောက်ပြောတာ၊ ပြောမယ်ဆိုရင် မဆုံးနိုင်ဘူးဗျာ့။
သည်းခံခြင်းဆိုတာက ပစ္စုပ္ပန်သံသရာနှစ်ဖြာမှာ နေရာတိုင်းမှာ နေရာကျတာဗျာ့၊
ဒကာကြီး,ဒကာမကြီးများဟာ အခုလဲ ချမ်းသာချင်ရင် သည်ဟာလုပ်ကြ၊
နောင် ချမ်းသာချင်ရင်လဲ သည်ဟာလုပ်ကြ။

ယခု လောကမှာလဲ ဘာပြီးချင်သလဲ ၊ လာလုပ်ချင်သလဲ၊
လုပ်ချင်ရင် သည် သည်းခံခြင်းကိုဘဲလုပ်၊ နောင်သံသရာမှာပဲ
ပြီးချင်ရင် ဒါကိုပဲ လုပ်ကြ။

" ဝေဘူဆရာတော်ကြီး "

 # ရိုးဂုဏ်  #     ရိုးသားဖြောင့်မတ်ခြင်းသည် အကောင်းတကာ့အကောင်းဆုံး မူဝါဒဖြစ်သည် ။ ဥစ္စာပစ္စည်းပျောက်ဆုံးလျှင် ဘာမျှမဆုံးရ...
17/06/2016

# ရိုးဂုဏ် #

ရိုးသားဖြောင့်မတ်ခြင်းသည် အကောင်းတ
ကာ့အကောင်းဆုံး မူဝါဒဖြစ်သည် ။ ဥစ္စာပစ္စည်း
ပျောက်ဆုံးလျှင် ဘာမျှမဆုံးရှုံး ။ ကျန်းမာရေး
ချွတ်ယွင်းရင်တော့ မသိမသာ ဆုံးရှုံးလာပြီ ။
အကျင့်စာရိတ္တမခိုင်မာဘူး ဆိုလျှင်တော့ အရာ
အားလုံး ဆုံးရှုံးသွားပြီ ။

လူသာလျှင် ပဓာနဆိုတဲ့ သဘောထားအမြင်
ကို ခံယူထားတဲ့ ကျနော်တို့တိုင်းပြည်မှာ လူသား
ရဲ့ ဂုဏ်ရည်က မြင့်မားတယ် ။ ဒါကြောင့် လူကို
လူလို သဘောထားရမယ် ၊ လူသားအချင်းချင်း
စာနာထောက်ထားကြရမယ် ၊ စေတနာ မေတ္တာ
အရင်းခံနဲ့ ဆက်ဆံမှု ပြုကြရမယ် ။

လူကိုလေ့လာကြည့်တဲ့အခါမှာ ကောင်း
သော စရိုက်လက္ခဏာများရှိသလို ၊ ဆိုးသော ၊
မိုက်မဲသော စရိုက်လက္ခဏာများလည်း ယေဘု
ယျအားဖြင့် တွေ့ရတယ် ။ အဲ့ဒါကြောင့်လည်း
လူတော် လူကောင်း ၊ လူဆိုး လူမိုက် ဆိုတဲ့
အခေါ်အဝေါ် ပညတ်ချက်တွေ ပေါ်လာရတယ်။

လူတော် လူကောင်းဆိုတဲ့ ဂုဏ်ရည်ကိုရရှိဖို့
အခြေခံအကျဆုံး အချက်ကတော့ ရိုးသားဖြောင့်
မတ်ခြင်းဆိုတဲ့ အင်္ဂါရပ်ပင် ဖြစ်တယ် ။ ရိုးသား
သူတိုင်း ကြီးပွားချမ်းသာရမယ်လို့ အာမမခံနိုင်
ပေမယ့် မရိုးသားသူအတွက်ကတော့ ကြီးပွား
ချမ်းသာခြင်းနဲ့ ဝေးလေစွလို့တော့ ဆိုနိုင်တယ် ။
စည်းစိမ်ချမ်းသာ ခံစားရပါလျှင်လည်း တာရှည်
မခံစားရနိုင်ပါ ။ ဘာကြောင့်လဲလို့ဆိုရင် အမှန်
တရားဆိုတာ ကြာရှည်ဖုံးကွယ်လို့ မရနိုင်တဲ့အ
တွက်လို့ဘဲ ပြောရမယ် ။

မရိုးသားသူဆိုတာ ပုပ်ညှီတဲ့အနံ့ကို ထုတ်
လွှင့်သူကဲ့သို့ လူအများရဲ့ နှာခေါင်ရှုံ့ခြင်းကို ခံ
ကြရတယ် ။ ဝိုင်းပယ်ခံရတယ် ။ လူ့ဆက်ဆံရေး
အသိုင်းအဝိုင်းမှ ဖယ်ရှားခြင်းခံရတဲ့ မည်သူမဆို
နေပျော်သောဘဝကို မရနိုင်တော့ပါ ။

လူသတင်းကို လူချင်းဆောင်ပါတယ် ။ ပန်း
သတင်း လေညင်းဆောင်ရာမှာတော့ လေညာ
သို့ရနံ့မရောက် ။ လေအောက်မှသာလျှင် မွှေး
ကြိုင်နိုင်ပါတယ် ။ လူသတင်းမှာမူ အရပ်ရှစ်
မျက်နှာ အနီးအဝေးမရှောင် တယောက်နားမှ
တယောက်နားသို့ ပျံ့လွင့်သွားတတ်တယ် ။
" ထိုသူသည်ကား မည်သို့လူစား "

" လူဆိုတာ လူ့လောကထဲမှာ ရပ်တည်တဲ့အခါ
သိက္ခာသီလကို အခြေခံရပါတယ် "

" လူ့ဘဝမှာ သိက္ခာဟာ အလွန်တန်ဖိုးကြီးပါ
တယ် ။ သိက္ခာဆိုတာဘာလဲ ။ (သစ္စာရှိ တည်
ကြည် ဖြောင့်မတ်မှု ပါဘဲ) ။ ဒါမှမရှိဘူးဆိုရင်
လူဟာ ဘာမျှတန်ဖိုးမရှိတော့ပါဘူး ။ "

ဒေါ်ခင်မျိုးချစ်
(လူ့ဘဝတန်ဖိုးဆောင်းပါး ၊ ၈၅ ၊ မတ်လ ၊
သဘင်မဂ္ဂဇင်း ၊ စာ-၃၃)

" အဆန်းတကြယ် တန်ဆာဆင်ခြင်းဖြင့် လူ့
တန်ဖိုးမတက်နိုင် ၊ သူတော်ကောင်းတရားတို့
ကသာ လူ့တန်ဖိုးကို မြှင့်နိုင်သည် ။ "

ဒေါ်ရီကြိန်
(လူ့ဘဝတန်ဖိုးဆောင်းပါး ၊ ၈၅ ၊ မတ်လ ၊
ချယ်ရီမဂ္ဂဇင်း ၊ စာ-၈၉)

ဘာ့ကြောင့်ဆင်းရဲကြသနည်း-------------------------------------------မြန်မာနိုင်ငံဟာ ဆန်ရေစပါး သယံဇာတပေါကြွယ်ဝလှပါတယ် ဗုဒ္ဓ...
15/06/2016

ဘာ့ကြောင့်ဆင်းရဲကြသနည်း
-------------------------------------------

မြန်မာနိုင်ငံဟာ ဆန်ရေစပါး သယံဇာတ
ပေါကြွယ်ဝလှပါတယ် ဗုဒ္ဓတရားတော်တွေလည်း
အားကိုးလောက်ပါတယ်

ဒါဖြင့် ဘာ့ကြောင့်ဆင်းရဲနေကြသလဲ

ဗုဒ္ဓက လှူတဲ့သူချမ်းသာမယ်
ခိုးတဲ့သူ မွဲမယ်တဲ့

လှူတဲ့နိုင်ငံ ချမ်းသာမယ်
ခိုးတဲ့နိုင်ငံ ဆင်းရဲမယ်တဲ့

ဒါ ဗုဒ္ဓအဆုံးအမပါ

ဂျပန်နိုင်ငံမှာ ဆူနာမီဖြစ်တော့ လှိုင်းလုံးကြီး
တွေပုတ်လို့  အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြတယ်
လှိုင်းလေငြိမ်တော့ ဆူနာမီဖြစ်တဲ့ ကမ်းရိုးတန်းမှာ
ပိုင်ရှင်မဲ့ ပစ္စည်း တွေစာရင်းကောက်တာ
မီးခံသေတ္တာအလုံးပေါင်း လေးထောင့်ငါးရာ
ကျော်ရသတဲ့ ပိုက်ဆံအိတ်ပေါင်းများစွာကို
ပြန်ရတယ် ပိုက်ဆံစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ
၇၅ သန်းကျော်တောင်ရှိသတဲ့

ပိုင်ရှင်မဲ့ ဆိုပြီး ဘယ်သူမှမယူပဲနဲ့ တာဝန်ရှိသူ
တွေကို ပြန်အပ်ပြီး ပိုင်ရှင်အားလုံးကို ပြန်ပေးနိုင်သတဲ့

မြန်မာနိုင်ငံမှာ နာဂစ်ဖြစ်တော့ တချို့ လူတွေ
ပိုက်ဆံတော်တော်လေးစုမိကြတယ် ဘယ်က
ရတာလည်းဆိုတော့ အလောင်းတွေကနေ
လက်ဝတ်တန်ဆာတွေ လိုက်ဖြုတ်တာတဲ့
တချို့ ဆို ဖြုတ်တာတောင်မဟုတ်ပဲ လက်တွေကို
ဖြတ်ပြီးတောင် လက်ကောက်တွေဖြုတ်သတဲ့

သြော် အလောင်းတောင်ချမ်းသာမပေးဘူး

ဒါဆိုရင်

ဂျပန်ကဘာ့ကြောင့်ချမ်းသာပြီး
မြန်မာကဘာ့ကြောင့်မွဲတာလည်းဆိုတာ
အဖြေပေါ်လောက်ပါတယ်

ဂျပန်တင်မဟုတ်ပါဘူး
ဥရောပနိုင်ငံတော်တော်များများမှာလည်း
သူတပါးဥစ္စာကို အချောင်လိုချင်စိတ်မရှိကြဘူး

သူတို့ တွေက ဗုဒ္ဓတရားတော်တွေအကြောင်း
နားမလည်ဘူး ဒါပေမဲ့ ဗုဒ္ဓတရားတော်အတိုင်း
ကျင့်သုံးကြတယ်

မြန်မာတွေက
ခိုးတာမကောင်းမှန်းလည်းသိတယ်
ဗုဒ္ဓဟောကြားထားတာလည်းနာဘူးတယ်

ဒါပေမဲ့ -----------

မပြင်လို့ ကတော့
ကမ္ဘာ့အဆင်းရဲဆုံး ၁၂ ကနေ
ထပ်ပြီး ကျစရာရှိတယ်
တနေ့ နေ့ ကျရင် နံပါတ် ၁ နေရာတောင်
ရမလားမသိဘူး

တကယ်တော့ ဗုဒ္ဓဘာသာဝင်နိုင်ငံဖြစ်ပြီး
ဆင်းရဲနေတာဟာ ဗုဒ္ဓတရားတော်တွေအတိုင်း
ထိထိရောက်ရောက် မကျင့်သုံးကြလို့ ပါပဲ

ဦးမြင့်ခိုင်

share

မြန်မာတွေ ဒီအချိန်မှာ စာဖတ်မပျင်းနဲ့********************************၁။စာဖတ်သော အယ်ဒီတာ••••••••••••••••••••••••••••••ဆိုဗ...
13/06/2016

မြန်မာတွေ ဒီအချိန်မှာ စာဖတ်မပျင်းနဲ့
********************************
၁။စာဖတ်သော အယ်ဒီတာ
••••••••••••••••••••••••••••••
ဆိုဗီယက်ရုရှား ခေတ်ပြောင်းတော်လှန်ရေးကြီးကို ခေါင်းဆောင် အောင်မြင်စေခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင် လီနင်ဟာ သတင်းစာဆရာ၊ ဂျာနယ်အယ်ဒီတာအဖြစ် စာအလွန်ဖတ်သူ ဖြစ်တယ်။ စာအလွန်ဖတ်ပြီး ဆောင်းပါးတွေလည်း ရေးခဲ့ပါတယ်။ စာဖတ်လွန်းတဲ့ လီနင်ဟာ အမြင်ကျယ်ပါတယ်။

၂။စာဖတ်သော ရှေ့နေ
••••••••••••••••••••••••••
အမေရိကန်သမ္မတပေါင်း (၄၅) ဦးလောက် ရှိတဲ့အနက်မှာ လင်ကင်း(သို့) အေဗရာဟမ်လင်ကွန်း က ဘယ်သှူမှ မယှဉ်သာအောင် လူသေသော်လည်း နာမည်မသေသူ လေးစားချစ်ခင် မြတ်နိုးဖွယ် ပုဂ္ဂိုလ်ထူးကြီး ဖြစ်ပါသည်။ လင်းကင်းရဲ့ စာပေစာမျက်နှာများမှာ ကျောင်းတက်ရက် တစ်နှစ်ခွဲတောင် မရှိဘဲ ကျောင်းစာလည်း ကောင်းကောင်း မသင်ခဲ့ရရှာပါဘူး။ ဒါပေမယ့် စာပေကို အလှမ်းမဝေးဘဲ ရသမျှ လက်လှမ်းမီသမျှ စာတွေကို ဖတ်မှတ်လေ့လာတယ်။ ရှိတ်စပီယားနဲ့ အကျော်အမော် စာဆိုကြီးတွေရဲ့ စာတွေနဲ့ ရင်းနှီးလှတဲ့ လင်ကင်းရဲ့ မိန်ခွန်းတိုင်းက အဆီအသား ပြည့်ဝလှပြီး ပြည်သူ့ဘ၀င် စွဲနေလို့  ဒီနေ့အချိန်အထိ မေ့မရ တသသဖြစ်နေဆဲ ဖြစ်ပါတယ်။

၃။စာတိုက်မှူး မှ ဗိုလ်မှူးကြီး အဆင့်သို့
•••••••••••••••••••••••••••••••••••••••••
နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကာလအတွင်းမှာ ဖက်ဆစ်ဂျပန်တွေကို တော်လှန်ကြရပါတယ်။ အဲဒီအခါမှာ ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲကို ဟိန္ဒားသတ္တုမိုင်း အလုပ်သမားတစ်ယောက်ဟာ ယိုးဒယားမှ ရန်ကုန်သို့ တိုက်ခိုက်ချီတက်လာတဲ့ စစ်ကြောင်းမှာ ရဲဘော်အဖြစ် ၀င်ရောက်လုပ်ကိုင် လိုက်ပါလာခဲ့တယ်။ သူက ဟိန္ဒားသတ္တုတွင်း အလုပ်သမား စာကြည့်တိုက်မှာ “စာကြည့်တိုက်မှူး စေတနာ့ဝန်ထမ်း” လုပ်တယ်။ သူက အတန်းပညာ ရှစ်တန်း၊ ကိုးတန်းသာ အောင်ပေမယ့် စာဖတ်ဝါသနာထုံတော့ အလွန် စာဖတ်အားကောင်းတယ်။ ဘီအိုင်အေခေတ်မှာ သူဟာ ရာထူးအဆင့်ဆင့် တက်ပြီး အရာရှိ ဖြစ်လာတယ်။ ဗိုလ်ဗထူး ပေါ့။ တိုက်ရည်ခိုက်ရည် ထူးထူးချွန်ချွန် ကောင်းတာကြောင့် တပ်ရင်းမှူးရာထူး ပေးအပ်ခြင်း ခံရတယ်။ (ရဲဘော်သုံးကျိပ်ဝင်တွေတောင် တပ်ရင်းမှူးရာထူး မရတဲ့သူတွေ ရှိပါတယ်) ဖက်ဆစ်တော်လှန်ရေးမှာတော့ ဗိုလ်ချူပ်အောင်ဆန်းက ဗိုလ်မှူးကြီးဗထူးကို မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ကွပ်ကဲ တိုက်ခိုက်စေပါတယ်။ စာဖတ်ခြင်းရဲ့ ကောင်းကျိုး နမူနာလေးပါ ။ ဗိုလ်မှူးကြီးဗထူးလို လူကောင်းလူတော်တွေ ဦးစီးကွပ်ကဲတော့ ဖက်ဆစ်တော်လှန်ရေးကြီးဟာလည်း ပြည်သူတွေရဲ့ အားပေးကူညီမှုနဲ့ အင်္ဂလိပ်တွေ တအံ့တသြ ဖြစ်ရလောက်အောင်အထိ ရာဇ၀င် စာတင်ခဲ့ရတာပဲပေါ့။

၎။စာဖတ်သော အမျိုးသား ခေါင်းဆောင်
•••••••••••••••••••••••••••••••••••••••••••••
သခင်အောင်ဆန်း (သို့) ဗိုလ်ချုပ်အောင်ဆန်းဟာ တိုက်ရေးခိုက်ရေး ရှေတန်းတင် ဦးစားပေးပြီး၊ ရိုးရိုးသားသား၊ အညာသားဆန်ပေမယ် တကယ့် သံတမန် စေ့စပ်ဆွေးနွေးမှု ၊ ရှေ့ဆောင်လမ်းပြနိုင်မှု၊ ဆုံးဖြတ်ချက် တိကျပြတ်သားမှုနဲ့ မြင်ကြားတတ်သိ လွယ်မှုတွေမှာ ယှဉ်သာသူ မရှိလောက်အောင် ထင်ရှားလှပြီး ယနေ့တိုင် မြန်မာပြည်သူလူထုရဲ့ အမှတ်အသားကိုယ်စားပြု ဖြစ်နေဆဲ ဖြစ်ပါတယ်။ သခင်အောင်ဆန်းရဲ့ ပင်ကိုယ်စရိုက်အဖြစ် ဘုဆတ်ဆတ် ခပ်ပြတ်ပြတ် ပြောဆိုတတ်ပြီး၊ မလိုအပ်လျှင် နှုတ်ဆိတ်နေတတ်သော အမူအကျင့် ရှိသော်လည်း၊ ပြောရေးပြောသင့် ပြောခွင့်ကြုံတဲ့အခါ ထိထိရောက်ရောက်၊ ထက်ထက်မြက်မြက် ရှိလှခြင်းက စာအလွန် ဖတ်ခြင်းကြောင့် ဖြစ်ပါတယ်။ ကိုယ်တိုင် ကဗျာ၊ ၀တ္ထု၊ ဆောင်းပါးများကိုလည်း ရေးသားနိုင်ခဲ့သူ ဖြစ်ပါတယ်။

၅။စာဖတ်သော ထောင်ထွက် အလှူရှင်
••••••••••••••••••••••••••••••••••••••••••
ပခုက္ကူဒေသမှ ထနောင်းကုန်းကျေးရွာအုပ်စု ရှားတောရွာနေ ငယ်အမည် တောခွေး (ခ) မောင်အုံးဖေရဲ့ ဘ၀အစက နွမ်းပါးလှပြီး မြင်းထိန်း၊ ကွမ်းယာသည်၊ ဖောင်သမား၊ ကျပန်းအလုပ်စုံနဲ့  ဓားပြဖြစ်ပြီး ထောင်သုံးကြိမ် ကျဖူးခဲ့ပါတယ်။ ထောင်တွင်းမှာ ဘ၀သစ်၊ အတွေးသစ်တွေကို စာပေများမှ ရယူပြီး မကောင်းမှုများ စွန့်လို့ သူဌေးသူကြွယ်၊ ကုန်သည်ပွဲစား ဖြစ်ခဲ့ပါတယ်။ ဘ၀မှတ်တမ်းများနဲ့ “ပခုက္ကူဦးအုန်းဖေ” ဆိုတဲ့ ကလောင်တစ်ချောင်းလည်း ပိုင်ဆိုင်ခဲ့ပြီး စာပေရန်ပုံငွေ (၇၆-သန်း)ကျော် နဲ့ ပညာရေးထူးချွန်ဆု ရန်ပုံငွေ (၅၄-သိန်း)ကိုလည်း စာပေမျိုးစေ့ချ လှူဒါန်းပြီး ပရဟိတ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

၆။စာဖတ်သော ကုလ အထွေထွေ အတွင်းရေးမှူးချူပ်
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အာရှကုလသမဂ္ဂခေါင်းဆောင် ပထမဦးဆုံး မြန်မာနိုင်ငံမှ သက်တမ်းနှစ်ကြိမ် (၁၀ နှစ် တိတိ) တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့်ဟာ ပန်းတနော် အမျိုးသားကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်ပြီး စာအလွန်ဖတ်သူတစ်ဦး ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ အားလုံးက ကန့်ကွက်မဲမရှိ တညီတညွတ်တည်း ထောက်ခံရွေးချယ် ခန့်အပ်ခံရခြင်းက စာအရမ်းဖတ်လို့ ကမ္ဘာ့ခေါင်းဆောင်နေရာ ရောက်သွားခဲ့တာပါ။

ဒီအချိန်မှာ စာဖတ်မပျင်းနဲ့ စာဖတ်ပျင်းရင် မင်းတို့သမိုင်းနောက်ချန် ကျန်ခဲ့လိမ့်မယ်။
မင်းမျက်လုံးတွေကန်းနေလိမ့်မယ်။

စာပေမလေ့လာရင် ငါတို့အမျိုးသူများကျွန်ပြုတာကို နောက်ထပ်တကြိမ် ခံသွားရလိမ့်မယ်။

မြန်မာတွေ ကျေးဇူးပြုပြီး စာဖတ်ကြပါ့  ။

သိုက်ဖွား

* ဘယ်လောက်ချမ်းသာရင် ဇိမ်နဲ့နေနိုင်မလဲ *   ဇိမ်ခံရွက်သင်္ဘောနှင့် အပန်းဖြေခရီးထွက်လာသည့် ဧရာမလုပ်ငန်းရှင်သူဋ္ဌေးကြီး တစ်ယောက...
04/06/2016

* ဘယ်လောက်ချမ်းသာရင် ဇိမ်နဲ့နေနိုင်မလဲ *

ဇိမ်ခံရွက်သင်္ဘောနှင့် အပန်းဖြေခရီးထွက်လာ
သည့် ဧရာမလုပ်ငန်းရှင်သူဋ္ဌေးကြီး တစ်ယောက်
က ပင်လယ်ကမ်းရိုးတန်း တစ်နေရာတွင် လမ်း
လျှောက်ရင်း တံငါသည်တစ်ယောက်နှင့် ဆုံလေ
သည် ။
တံငါသည်က လှေနံဘေးတွင် အေးအေးဆေး
ဆေး လှဲကာ ဆေးတံခဲ၍ နေသည် ။
သူ့ပုံစံကို ကြည့်ကာ သူဋ္ဌေးကြီး ဒေါသထွက်
ပြီး ကရုဏာနှင့်မေးသည် ။

` မင်း ဘာလို့ ငါးဖမ်းမထွက်တာလဲ ။ ´

` မနက်အစောကြီးကတည်းက တစ်နေ့စာဖမ်း
ဖို့ ရပြီဗျ ။ ´

` ဟ ၊ ဒါဆို နောက်ထပ်မဖမ်းတော့ဘူးလား ။ ´

` ထပ်ဖမ်းပြီး ဘာလုပ်ရဖို့လဲ ။ ´

` ထပ်ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံ ပိုရတာ
ပေါ့ကွ ၊ ပိုက်ဆံများများရတော့ မင်းလှေမှာ စက်
တတ်လို့ရမယ် ၊ စက်တတ်ရင် ပင်လယ်ထဲ အ
ဝေးကြီးထိ ထွက်နိုင်မယ် ၊ ငါးပိုရမယ် ၊ ငါးတွေ
ရောင်းပီး ပိုက်ဆံများများရရင် နိုင်လွန်ပိုက်ဝယ်
လေ ၊ နိုင်လွန်ပိုက်နဲ့ ဖမ်းတော့ ငါးတွေပိုရမယ် ၊
ပိုက်ဆံတွေလဲ ပိုရမယ် ၊ လှေတစ်စီးက နှစ်စီး
ဖြစ်လာမယ် ၊ ဒီထက် အမြောက်အမြားလဲ ဖြစ်
လာနိုင်တယ် ၊ အဲဒီအခါ ငါ့လို သူဋ္ဌေးကြီးတစ်
ယောက် ဖြစ်လာမှာပေါ့ ကွ ။ ´

` အဲဒီအခါကျတော့ ကျနော် ဘာလုပ်ရမှာလဲ။ ´

` အဲဒီအခါ မင်းလည်း ငါ့လို ဇိမ်နဲ့အေးအေးဆေး
ဆေး နေနိုင်မှာပေါ့ကွ ။ ´

` သြ ၊ အခုကော ကျနော် ဘာလုပ်နေတယ်
ထင်လို့လဲ ဗျ ။ ´

ဗုဒ္ဓဝါဒီစစ်စစ် ဖြစ်ကြပါစေ....." ဗုဒ္ဓ၏ အံ့သြဖွယ် မိန့်ခွန်းတော် "------------------------------“ဗုဒ္ဓ”သည် ကမ္ဘာပေါ်ရှိ မည်သည...
31/05/2016

ဗုဒ္ဓဝါဒီစစ်စစ် ဖြစ်ကြပါစေ.....

" ဗုဒ္ဓ၏ အံ့သြဖွယ် မိန့်ခွန်းတော် "
------------------------------

“ဗုဒ္ဓ”သည် ကမ္ဘာပေါ်ရှိ မည်သည့် ဘာသာ အယူဝါဒ ထူထောင် ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊ မပြုလုပ်နိုင်သော “ထူးခြားအံ့ဖွယ် ကမ္ဘာကျော်မိန့်ခွန်းတစ်ရပ်” ကို ရဲဝံ့ပြတ်သားစွာ ဟောကြား ခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၊ ကောသလတိုင်း၊ ကေသမုတ္တိရွာသား၊ ကာလာမလူမျိုးတို့ကို ဟောကြား သော “ကာလာမသုတ္တန်” သည် “အမှန်တရားကို ရှာဖွေသူတစ်ဦးထံသို့ ဗုဒ္ဓ၏ လက်ဆောင်လမ်း ညွှန်ချက် ” တရားတို့ပင် ဖြစ်သည်။

ဤ သုတ္တန်တရားတော် မှ ဗုဒ္ဓ၏မိန့်ခွန်းသံသည် အတွေးအမြင် မှုန်ဝါးနေသူကို အလင်းရောင်ခြည် ရစေသော “မီးရှုးတန်ဆောင်ပမာ " ဖြစ်ပါသည်။ ဘာသာရေး ထုံးတမ်းစဉ်လာကြားတွင် တွေဝေ ငေးမောနေသူများကို သစ္စာတရား လမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင် အောင် လမ်းဖွင့်ပေး လိုက်သော ကြည်လင်ချိုမြသည့် “ဓမ္မခေါင်းလောင်းသံ” လည်းဖြစ်ပေသည်။

°°°

ဗုဒ္ဓ၏ ထို မိန့်ဆိုချက်မှာ...

“ အို… ကာလာမလူမျိုး အမျိုးကောင်းသားတို့… သင်တို့သည် လက်ခံကျင့်သုံးအပ်သော အမှန်တရားဓမ္မတို့ကို ဤ အချက်(၁၀)ချက်ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ်အားထုတ်ကြကုန်လော့…။

( ၁ ) ဤတရားတော်သည် မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြား သိမှတ်လာခဲ့တာပဲ
လို့ "ရှေးစကား” ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက်ပါနဲ့ဦး။

( ၂ ) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ" ဖြစ်ရုံနဲ့ပဲ အားလုံးကို အမှန်ဖြစ်တယ် လို့ ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။

( ၃ ) လူအများက ပြောနေကြတာပဲ ဆိုပြီးတော့ လူသိထင်ရှား “နာမည်ကျော်ကြားရုံ” နဲ့
မစုံစမ်း မဆင်ခြင်ဘဲ အဲဒီ အယူဝါဒကို လက်မခံလိုက်ပါနဲ့ဦး။

( ၄ ) “ ရှေးဟောင်းစာပေကျမ်းဂန်” တွေထဲမှာ ရေးထားတာပဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်ပါနဲ့ဦး။

( ၅ ) မိမိဉာဏ်ရှိသမျှ တွေးခေါ်ကြံဆထားတဲ့ “အယူအဆ” ကိုလည်းပဲ မှန်လှပြီ လို့ မသတ်မှတ် လိုက်ပါနဲ့ဦး။

( ၆ ) အဲဒီတရား အယူအဆဟာဖြင့် ထောက်ပံ့အမှီပြုအပ်တဲ့ “နည်းနာနိဿယ” တွေ၊
အကြောင်းပြချက်တွေရှိနေတာဘဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်
ပါနဲ့ဦး။

( ၇ ) မိမိဘာသာ“ တွေးခေါ်ကြံစည်ဆင်ခြင်ပြီး ” ဟုတ်လှပြီ လို့ သဘောကျနှစ်ခြိုက်ရုံနဲ့လဲ
မှန်လှပြီ လို့ မယူဆလိုက်ပါနဲ့ဦး။

( ၈ ) ဒီတရားအယူအဆတွေဟာဖြင့် မိမိစဉ်းစား တွေးတောထားတာတွေနဲ့ “တူညီတာပဲ” ဟု ဆိုရုံမျှနဲ့ လည်း အမှန်တွေဘဲ လို့ လက်မခံလိုက်ပါနဲ့ဦး။

( ၉ ) အများက“လေးစားရိုသေအပ်တဲ့ ပုဂ္ဂိုလ်ကြီး” ရဲ့ ပြောတဲ့စကားပဲ ဆိုပြီးတော့လည်း မဆင်မခြင် ပဲ မယုံကြည်လိုက်ပါနဲ့ဦး။

( ၁၀ ) ငါတို့ ရင်းနှီးကျွမ်းဝင်ချစ်ခင်တဲ့ "ငါတို့ဆရာသမား” ပြောကြားတဲ့ စကားပဲ ဆိုပြီးတော့
လည်း အပြီးသတ် လက်ခံ ယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။

“ ကာလာမ လူမျိုးတို့...
သင်၏ကိုယ်ပိုင်ဥာဏ်ဖြင့် ဦးစွာဆင်ခြင်သုံးသပ်ကာ…
ဤတရားတို့ကား..မကောင်းမှု တရားတို့ပေတည်း။
ဤတရားတို့ကား...အကျိုးမဲ့အပြစ်ကိုသာ ဖြစ်စေသောတရားတို့တည်း။
ဤတရားတို့ကား..ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း။
ဤတရားတို့ကား..ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်း
မဟုတ်သောတရားတို့ပေတည်း... ဟု
ရှောင်ရှားပယ်စွန့်သင့်သည်တို့ကို စွန့်ပစ်ကာ လက်ငင်းအကျိုးကျေးဇူးအမှန်တကယ်
ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ကျင့်သုံးပြီးမှ ယုံကြည်လက်ခံကြပါ...
ဟု ပွင့်လင်းစွာ မိန့်ကြားခဲ့ပါသည်။

“ ဘာသာအယူဝါဒဂိုဏ်းဂဏ ထူထောင်သူတို့သည်...
ငါ့ကိုသာယုံကြည်ကိုးကွယ်ကြရမည်။
ငါပြောသည့်အတိုင်းသာပြုလုပ်ကြရမည်။
ငါ့ကိုမယုံကြည်လျှင် အပြစ်ရှိသည်။ ငရဲ သို့ ကျရောက်စေရမည် "

ဟု ခြိမ်းခြောက်ဟောပြော၍
လူစုနေချိန်တွင်…

“ဗုဒ္ဓ” က…
“ငါပြောတာကိုလည်းရမ်းပြီးမယုံလိုက်ပါနဲ့ဦး။
ဆင်းရဲဒုက္ခငြိမ်းအေးပြီး ချမ်းသာသုခကိုဖြစ်စေတဲ့ …

သစ္စာ(၄)ပါး၊ မဂ္ဂင်(၈)ပါး တရားဓမ္မကို ဦးစွာကျင့်သုံးပြီး ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့
သဘာဝကျကျ အကျိုးခံစားရမှ ယုံယုံကြည်ကြည်နဲ့လက်ခံကြပါ " ဟု
ဟောကြားရဲခြင်းသည်

ဓမ္မ၏မြင့်မြတ်မှန်ကန်သော ဂုဏ်တော်တစ်ရပ်ပင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ ဘာသာအယူဝါဒမျိုးစုံတို့
အတွက် “ အံ့သြတုန်လှုပ်ဖွယ် မိန့်ခွန်းတော်တစ်ရပ် ” ပင်ဖြစ်ပေတော့သည်။

°°°

ကျမ်းကိုး- I.D.F မှထုတ်ဝေသည့်
“ဓမ္မရသ စာစုများ” အမှတ်( ၂ )၊( စာ-၁၄ ) '
'

့ကြောက်စိတ်************လူ့ယဉ်ကျေးမှုဟာ ကြောက်စိတ် သန္ဓေယူမှုနဲ့ ရှေ့ဆက်နေတယ်..ကိုးကွယ်ပသမှု ကလည်း အဓိကအားဖြင့် ကြောက်စိတ်ပေါ်...
31/05/2016

့ကြောက်စိတ်
************

လူ့ယဉ်ကျေးမှုဟာ ကြောက်စိတ် သန္ဓေယူမှုနဲ့ ရှေ့ဆက်နေတယ်..
ကိုးကွယ်ပသမှု ကလည်း အဓိကအားဖြင့် ကြောက်စိတ်ပေါ်မှာ တည်နေတယ်..
မိသားစု၊ အဖွဲ့ အစည်း၊ နိုင်ငံတော် အားလုံး ကြောက်စိတ်နဲ့ပဲ ထိန်းကျောင်းထားပါတယ်..

လူက တစ်ယောက်ကိုတစ်ယောက် ကြောက်သလို ကိုယ့်ကိုယ်ကိုလည်း စိတ်မချပဲကြောက်နေတတ်သေးတယ်..
့ကြောက်စိတ်ကြောင့်ပဲ ပြဿနာကို ရင်ဆိုင်ဖြေရှင်းရဲတဲ့အစွမ်း မဖွံ့ဖြိုးပဲ ဖြစ်သွားရတာပါ..

့ကြောက်ရင် ကြောက်သလောက် ကြောက်စိတ်က အတွင်းစိတ်ထဲနေရာယူလာလေပါ..
လူက မသိတဲ့ လမ်းပေါ်သွားဖို့ကြောက်တယ်..
သိနေတဲ့ အဖေါ်ရှိတဲ့လမ်းကိုတော့ မကြောက်ဘူး..

လမ်းသစ်အတွက် စိုးရိမ်ထိတ်လန့်ကြောက်နေခြင်းကပဲ ရှင်သန်မှုအသစ်ကို သင်းသတ်ပစ်လေ့ရှိတယ်..
အဲဒီ ကြောက်စိတ်ကြောင့်ဖြစ်ကြောင်း သတိမပြုမိကြဘူး..
့ကြောက်စိတ်ကြောင့် လူတွေဟာ ရှင်လျက်နဲ့သေဆုံးသူတွေဖြစ်လာတယ်..

့ကြောက်စိတ်ကိုပဲ လူ့ယဉ်ကျေးမှုက ဖြန့်ဖြူးနေတတ်တယ်..
နည်းပေါင်းစုံနဲ့ ဒီကြောက်စိတ် ကျယ်ပြန့်သွားအောင် လုပ်နေကြပါတယ်..

ဘာသာရေးက ငရဲ၊ အကုသိုလ်ဆိုတဲ့ကြောက်စိတ်တွေနဲ့ လူတွေကို စည်းရုံး သိမ်းသွင်းကြတယ်..
့ကြောက်စိတ်ပြည့်သွားတဲ့လူက တရားနဲ့ပြည့်နေတယ်လို့လည်း ထင်တတ်ကြတယ်..
တကယ်တော့ ကြောက်စိတ်နဲ့ ဓမ္မက ပြဒါးတစ်လမ်း သံတစ်လမ်းပါ..
အမှန်အတွက် ဓမ္မအတွက် ပင်ကိုယ်တော်လှန်မှုအတွက်ကြောက်စိတ်ကိုပြောင်းလဲမှု မလုပ်ကြပါဘူး..

့ကြောက်လို့ မခိုးပေမယ့် ခိုးလိုတဲ့စိတ်ကတော့ အတွင်းထဲမှာ ရှိနေနိုင်တယ်..
လူအများက မကောင်းမှုတွေကို မလုပ်မိကြတာက ဘုရား တရားကြောက်စိတ်ကြောင့်ပဲ..
တကယ်လို့ ဘုရား တရား မရှိဘူးလို့ သိလိုက်တာနဲ့ ဘာမဆို တရားမဲ့ လုပ်လာနိုင်တယ်..

ဘုရား တရားကို တကယ်ချစ်တဲ့လူက တရားပြည့်လာနိုင်ပေမယ့်ကြောက်တဲ့လူက တရားဓမ္မနဲ့ ပြည့်မလာနိုင်တဲ့အပြင် ဘုရား တရား အပေါ်မှာလဲမေတ္တာ မပွားနိုင်ပါဘူး..
့နောက်ဆုံး ဘယ်သူ့အပေါ်မှမေတ္တာမပွားနိုင်တာပါ..

့ကြောက်စိတ်ကြီးစိုးတဲ့ ဒီအရပ်ဒေသမှာမေတ္တာတရားခေါင်းပါးပြီး အားကြီးသူတွေရဲ့အကြောက်ကြီးတဲ့ တရားမဲ့ လုပ်ရပ်တွေကို ယနေ့ရင်ဆိုင်နေရပါတယ်..

့မေတ္တာကို ကြောက်စိတ်နဲ့ မဖေါ်ထုတ်နိုင်ပါဘူး..
ဒါကြောင့် အကြောင်းအမျိုးမျိုးဖြင့် ကြောက်နေတဲ့ ကျနော်တို့ရဲ့ကြောက်စိတ်ကို အရင်သတ်ရပါလိမ့်မယ်..:-)

Credit;ဘာသာမဲ့သမိုင်းစာမျက်နှာ

ဖယောင်းတိုင်လေးများ**********************စာကြည့်တိုက်တွေဟာ ၀င်ခွင့်ဖြေစရာမလိုတဲ့ တက္ကသိုလ်တွေလို့ပြောရင် မမှားပါဘူး။ အခြေ...
22/05/2016

ဖယောင်းတိုင်လေးများ
**********************
စာကြည့်တိုက်တွေဟာ ၀င်ခွင့်ဖြေစရာမလိုတဲ့ တက္ကသိုလ်တွေလို့ပြောရင် မမှားပါဘူး။ အခကြေးငွေ ပေးစရာမလိုတဲ့အပြင် ဘာသာရပ် အကန့်အသတ် မရှိတဲ့ ပညာရတနာသိုက်ကြီးတွေ၊ ပညာဘဏ်တိုက်တွေ လည်း ဖြစ်ပါတယ်။

ဘိလိယက်ခုံ၊ တီဗွီဂိမ်း၊ လက်ဖက်ရည်ဆိုင်တွေမှာ အချိန်ဖြုန်းပြီး ဟေးလားဝါးလား ပျော်ပါးနေတဲ့ လူငယ်တွေရဲ့အနာဂတ်နဲ့ စာကြည့်တိုက်မှာ မွေ့လျော်နေတဲ့ လူငယ်တွေရဲ့ အနာဂတ်ဟာ ဖန်ကွဲနဲ့ မြကျောက်လို အရောင်လက်ပုံချင်း၊ အဖိုးထိုက်ပုံချင်း အပုံကြီး ကွာပါတယ်။

စာကြည့်တိုက်မှာမွေ့လျော်တဲ့ အလေ့အထနည်းတဲ့ လူငယ်တွေကို စာခင် စာချစ်စိတ်တွေ တွယ်မက်လာ အောင် စာကြည့်သင်းတွေ၊ စာဖတ်ဝိုင်းတွေ များများလုပ်ပေးဖို့ လိုပါတယ်။

စာဖတ်တယ်ဆိုတာ ဘိန်းစိုက်တာမဟုတ်ဘူး။ ဘိန်းငိုက်တာမဟုတ်ဘူး။ ရာဇ၀တ်မှု မဟုတ်ဘူး။ ဘာသာတရားကျင့်ဝတ် ဖောက်ဖျက်တာမဟုတ်ဘူး။ အပြစ်ကင်းတဲ့ အလုပ် ဖြစ်တယ်။ ဒါပေမယ့် အဆိပ်အတောက်ကင်းတဲ့၊ အညှီအဟောက်ကင်းတဲ့ စာမျိုးကို ဖတ်နိုင်အောင်တော့ ထိန်းကျောင်း လမ်းညွှန် လေ့ကျင့်ပေးဖို့ လိုပါမယ်။

စာတစ်ပုဒ်ကို ဖတ်ပြီးရင် သူများကို ပြန်ပြောတဲ့ အလေ့အကျင့်ဟာ အကြောင်းအရာကို စွဲစွဲမြဲမြဲ မှတ်မိစေပါတယ်။ ဒီအလေ့အကျင့်ကို စာဖတ်ဝိုင်းတွေမှာ ပျိုးထောင်နိုင်ပါတယ်။

စာဖတ်တဲ့အခါ အရေးပါမှတ်သားအပ်တဲ့ အချက်အလက် ဟုတ် မဟုတ် စာကောင်း၊ စာဆိုး ခွဲခြားနိုင်စွမ်းဟာလည်း စာဖတ်စွမ်းရည်တစ်မျိုးပါပဲ။ ဒီစွမ်းရည်ကို ရဖို့ စာဖတ်ဝိုင်းတွေက အထောက်အကူပြုပါတယ်။ စာဖတ်ဝိုင်းမှာ သူတစ်ပါးကို ပြန်ပြောပြဖို့အတွက် အပတ်စဉ် ကောင်းနိုးရာရာရွေးချယ်ရာကနေ ဒီအလေ့အကျင့်ကို မသိမသာရလာနိုင်ပါတယ်။

ကိုယ်ဖတ်လာတဲ့စာ၊ သူဖတ်လာတဲ့စာ အပြန်အလှန်မျှဝေပြောပြကြရမှာမို့ တစ်ပတ်တစ်ပတ်ကို စာတွေအများကြီး လိုက်ဖတ်စရာမလိုဘဲ သိသင့်သိထိုက် မှတ်သားထိုက်တဲ့ အချက်အလက်တွေကို စာဖတ်ဝိုင်းမှာ ကြားရ၊ မှတ်ရနိုင်ပါတယ်။

ဖတ်ကြတဲ့ စာတွေမှာပါတဲ့ အယူအဆတွေ အချက်အလက်တွေကို ၀ိုင်းဝန်းဆွေးနွေးကြ ဦးမယ်ဆိုရင် ဝေဖန်တတ်၊ စဉ်းစားတတ်၊ ကိုယ့်အမြင်သူ့အမြင် မျှဝေခံစားတတ်၊ ဆွေးနွေးတတ်တဲ့ အလေ့အထကို ရနိုင်ပါတယ်။ အချက်ကျကျ ပြောရဲဆိုရဲ၊ ပြောတတ် ဆိုတတ်လည်း ရှိလာနိုင်ပါတယ်။

ကမ္ဘာကြီးမှာ ဘာတွေဖြစ်ပေါ်ပြောင်းလဲနေသလဲ။ ဘယ်လိုသတိပေးကြေညာချက်တွေ ရှိလဲ။ လတ်တလောရေပန်းစားနေတဲ့ ကိစ္စတွေ၊ သတင်းတွေက ဘာလဲ။ စာဖတ်တဲ့သူတွေဟာ ပတ်ဝန်းကျင်လောကကြီးကို ရှုမြင်နိုင်တဲ့ ပြတင်းတစ်ချပ်ရထားတဲ့သူလိုပါပဲ။ စာမဖတ်သူ ကတော့ ကောလဟလ အတင်းအဖျင်းစကားတွေ ထဲမှာပဲ စီးမျောနစ်မွန်းနေရတတ်ပါတယ်။ စာဖတ်ဝိုင်းတွေဟာ ကောလဟလ ပပျောက်ကင်းစင် ရေးအတွက် အထောက်အပံ့တစ်ခု ဖြစ်တယ်လို့ လည်း ဆိုချင်ပါတယ်။

စာဖတ်ဝိုင်းလေးတွေ မှိုပေါက်သလို အလျှိုအလျှို ပေါများလာရေးအတွက် ၀ိုင်းဝန်း ကြိုးစားကြစေ လိုပါတယ်။ ဒါဟာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ တစ်ရပ်လည်း ဖြစ်ပါတယ်။ မိမိကိုယ်ကျိုးအတွက်သာမက တိုင်းပြည်အတွက်ပါ အကျိုးရှိတဲ့ အလုပ်ပါ။ ပညာဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်း၊ လူ့အဖွဲ့အစည်း မြင့်မားရာ မြင့်မားကြောင်း ကောင်းမှုဖြစ်တဲ့အတွက် ကုသိုလ်လည်းရ၊ လူမှုတာဝန်လည်းကျေပွန်၊ ဘ၀တည်ဆောက်မှုအတွက်လည်း အထောက်အကူပြုပါတယ်။

Credit ; #သစ္စာမုံဦး

တရားကို တေးလုပ်ဆို အဖေကို သားကဆဲ၊ဆွေမျိုးထဲက ဓားပြတိုက်၊ မိုက်ရဲတော့ သောတာပန် ၊မကောင်းကြံက သမာဓိ ၊ ရွှေရှိမှ လူလိမ္မာ၊လိမ်...
22/05/2016

တရားကို တေးလုပ်ဆို အဖေကို သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊ မိုက်ရဲတော့ သောတာပန် ၊
မကောင်းကြံက သမာဓိ ၊ ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊ ရိုးသားသူကို အရူးလို့ထင်၊
အင်္ကျီပါးနဲ့ ဥပုသ်သည်၊ ဇရပ်အလည် ကိုးယိုး ကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊ အဝတ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှ ရှိခိုးချင်၊ အပျိုငယ်က လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊လင်ရှိမယားက အပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ရှင်၊ဖိုးသူတော်က ဗိုလ်စတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊လူရင်းနှီးတော့ အတိုးချ၊
ခိုးဓားပြက လူလို့အော်၊ ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
မယ်သီလက အနုဆေးဖော်၊ မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
အမှန်ပြောတော့ အမုန်းပွား၊ ဥပုသ်စောင့်ရင်း အတင်းပြော၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊ ကိုယ့်ကိုတော့ဖြင့် အကောင်းထင်၊
အလှူပေးရင်း ထမင်းရောင်း၊ မသာပို့ရင်း အပျိုလှည့်၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။

ဗန်းမော် ဆရာတော် ၏ လင်္ကာအား
Ashin Eaindawbartha (ဓမ္မာစရိယ)မှ ပြန်လည်မျှဝေပါသည်။

Credit # # # စံရွှေမင်း

Address

Magway
Magway
1993

Telephone

+959401562065

Website

Alerts

Be the first to know and let us send you an email when စာဖတ်တဲ့ခေါင်းဆောင်များနှင့်ကြုံဆုံရပါလို၏ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category