ကမ္ဘာ့ ရွာစာကြည့်တိုက်

  • Home
  • Myanmar
  • Magway
  • ကမ္ဘာ့ ရွာစာကြည့်တိုက်

ကမ္ဘာ့ ရွာစာကြည့်တိုက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကမ္ဘာ့ ရွာစာကြည့်တိုက်, Library, Magway.

19/01/2021

အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသမီးကြီးတစ်ဦးရှိတယ်။ သူ့မှာ သားနှစ်ယောက်ရှိတယ်။
ဘယ်သူနဲ့ရမှန်း သူတောင်မသိဘူး။ ဒါပေမယ့် ပြဿနာမရှိဘူး။ သူကျွေးထားတယ်။
လူမည်းမကြီးက အိမ်ပေါ်အလုပ်လုပ်တယ်။ သူ့သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့ အချိန်မရဘူး။ သားနှစ်ယောက်ကလဲ ဆိုးချင်တိုင်းဆိုးပီး
လမ်းသရဲ ဖြစ်နေတာပေါ့။

@ လောကမှာ သားသမီးငယ်ရွယ်စဉ်မှာ
မိဘအဆုံးအမ မရှိရင် အဲ့ဒီသားသမီးတွေ လမ်းပေါ်ရောက်ကြတာများပါတယ်။ ။

တစ်နေ့တော့ လူမည်းမကြီး အလုပ်သွားတယ်။ အိမ်ပေါ်အလုပ်ဆိုတော့ ချမ်းသာတဲ့အိမ်တွေကို သွားပီးလုပ်ပေးရတာပေါ့။
ပထမဆုံးအိမ်မှာ သူမတစ်ခုသတိထားမိလိုက်တယ်။ အိမ်နံရံတေမှာ စာအုပ်တေအပြည့်ရှိနေတာပေါ့။ သူမတွေးလိုက်တယ်။ " သူတို့တေများ ချမ်းသာလိုက်တာ.. ဖတ်စရာ စာအုပ်တေအများကြီး....
ငါတို့မာတော့ ဆင်းရဲတယ်..ဖတ်စရာ တစ်အုပ်မှမရှိဘူး။"
နောက်တစ်အိမ်ရောက်သွားတယ်။ ပထမအိမ်ထက်ချမ်းသာတယ်။
စာအုပ်တေကလည်း လှေကားတေမှာပါ ရှိတယ်။သူမတွေးပြန်တယ်။
" သူတို့တေများ ဖတ်နိင်လိုက်ကြတာ ..ငါတို့မှာ ဖတ်ချိန်တောင်မရဘူး.."
နောက်တစ်အိမ်ကျတော့ စာအုပ်တေကပိုများ။ စာကြည့်စားပွဲတေနဲ့ အကျအနပေါ့။ ဒီတစ်ခါတော့ သူမတစ်မျိုးတွေးတယ်။".စာဖတ်တာနဲ့ ချမ်းသာတာဟာ ပတ်သတ်မှုရှိတယ်လား?..စာများများ ဖတ်လေ.. များများချမ်းသာလေလား..?"။

@ အောင်မြင်တိုးတက်ချင်ရင် အောင်မြင်နေတဲ့သူတေဆီကနေ စံနမူနာယူကြည့်ရတယ်။

သူမက သားနှစ်ယောက်ကို ခေါ်လိုက်တယ်။". ငါ့သားတို့ မေမေ့ကို ချစ်လား" လို့မေးတယ်။ သားတေကလည်း "ချစ်ပါတယ်" ပေါ့။ " ဒါဆိုအမေ ခိုင်းတဲ့အတိုင်းလုပ်"။ သားနှစ်ယောက်ကို စာကြည့်တိုက်ခေါ်သွားတယ်။ သူတို့နိုင်ငံမှာ စာကြည့်တိုက်တေက အကြီးကြီးတေ။ သူတို့လူမျိုးတေက စာဖတ်ကြတယ်။ အရမ်းလည်းတိုးတက် ကြတယ်။

@ စာဖတ်သော လူမျိုးသည် တိုးတက်၍ တိုးတက်သော လူမျိုးတိုင်း စာဖတ်ကြသည်။

စာကြည့်တိုက်မှူးဆီကို သားနှစ်ယောက်စလုံးကိုအပ် တယ်။ သင့်တော်တဲ့စာအုပ်တေပေးဖို့တောင်းဆိုလိုက်တယ်။ စာကြည့်တိုက်မှူးကလည်း စိတ်ချလက်ချသာထားခဲ့ပေါ့။ အကြီးကောင်ကို ဘာဝါသနာပါလဲမေးတော့ "..
ကျွန်တော် ကိုယ်အဂ်ါအစိတ်အပိုင်းတေကို လေ့လာချင်တယ်"။ သူ့ကို စာအုပ်တေပေးတယ်။
ရောင်စုံ ကာလာတေနဲ့ဆိုတော့ သဘောကျတာပေါ့။တစ်အုပ်ပီးတစ်အုပ်ဖတ်တယ်။ အငယ်ကောင်က အင်ဂျင်နီယာ ဖြစ်ချင်တယ်။ ကားတေကို ဝါသနာ ပါတယ်တဲ့။ သူ့ကိုလည်း နိုင်ငံမျိုးစုံ က ကားမျိုးစုံအကြောင်း ဖတ်ခိုင်းတယ်။ နှစ်ယောက်စလုံး သဘောကျတာပေါ့။ နေ့တိုင်း စာကြည့်တိုက်ကိုသွားကြတယ်။

@ ကလေးတေကို စာဖတ်ခိုင်းရင် သူတို့ဝါသနာပါတဲ့ အကြောင်းအရာ ကို အရင်ဖတ်ခိုင်းမှ စာဖတ်ဝါသနာ စွဲမြဲလာပေမည်။

လူမည်းမကြီးရဲ့ သားနှစ်ယောက်စလုံးဟာ ကျောင်းစာမှာတော်လာကြတယ်။ ပြင်ပဗဟုသုတ စုံလာတော့ ကျောင်းစာနယ်ပယ်ဟာ ကျဉ်းမြောင်းသွားတယ်။ အထူး‌အထွေ မှတ်စရာမလိုတော့ဘူး။
အတန်းထဲမှာ ပထမဖြစ်လာတယ်။

@ ကျွန်တော်တို့နိုင်ငံက မိဘတေဟာ စာဖတ်ရင် ကျောင်းစာနောက်ကျတယ်လို့ ထင်ကြတယ်။
တကယ်တော့ စာဖတ်လေလေ
ကျောင်းစာကို မှတ်ရလွယ်ကူလေပါ။

လူမည်းမကြီးက သူ့သားနှစ်ယောက်ကိုမှာထားတယ်။ "မင့်တို့ဖတ်ခဲ့တဲ့ စာအုပ်တေအကြောင်းကို အိမ်ပြန်ရောက်တော့ အမေ့ကိုရေးပြရမယ်" ပေါ့။ သားတေကလည်း နေ့တိုင်းရေးပေးပါတယ်။ဒီလိုနဲ့ သူ့သားနှစ်ယောက်စလုံး ပညာတတ်တေဖြစ်သွားတယ်။ အကြီးကောင်က ဆရာဝန်ဖြစ်သွားတယ်။ အငယ်ကောင်က အင်ဂျင်နီယာပေါ့။

ခရစ်စမတ်နေ့မှာ ပေါ့။ သူ့တို့သားအမိသုံးယောက်ဆုံကြတယ်။ အငယ်ကောင်ကမေးတယ်။". သားတို့ငယ်ငယ်က အမေစာတေရေးခိုင်းပီး ဘာလို့မဝေဖန်တာလည်း"။ သူ့အမေက လက်ကိုင်ပဝါနဲ့ထုတ်ထားတဲ့ စာရွက်တေယူလာတယ်။ "မင့်တို့ရေးထားတဲ့ စာရွက်တေ အမေ အမြတ်တနိုးသိမ်းထားပါတယ်။ မဝေဖန်ဘူးဆိုတာကတော့ သားရယ်.. အမေမှ စာမဖတ်တတ်တာ..သားတို့ကို မှတ်မိစေချင်လို့ပါ" မျက်ရည်ဝဲပီးပြောရှာတာပေါ့။

@ မိဘဆိုတာ သားသမီးကို စေတနာထားကြတာချည်းပါ။ဒါပေမယ့် စေတနာမလွဲကြစေနဲ့။ ငွေနောက်ကို လိုက်ပီး သားသမီးကို ကျောင်းမထုတ်ပါနဲ့လေ။ စာပေနဲ့နီးအောင်ထားရင် သားသမီးတွေ အောင်မြင်လာမှာပါ။

@ ယနေ့ခေတ် မိဘဝတ်တရားထဲမှာ " သားသမီးကို စာကြည့်တိုက်နဲ့နီးအောင် ဖန်တီးပေးရမည်" လို့ ပေါင်းထည့်ချင်ပါသည်။

#မူရင်းရေးသားသူအားCreditပေးပါသည်။
#ပြန်လည်ဝေမျှပေးပါသည်။
#ဝေဟင်ထွန်း

03/10/2020
👍👍👍
19/09/2020

👍👍👍

14/11/2019

ကျောင်းစာကြည့်တိုက်ဖွင့်လိုသော်
https://bit.ly/2GUskzD

ကျောင်းစာကြည့်တိုက်များအတွက်လမ်းညွှန်
https://bit.ly/39aogaN

ကျောင်းစာကြည့်တိုက်နံရံပန်းချီဆွဲလိုသော်
https://bit.ly/2tqvEiT

ဗဂျီအိမ် ကလေးစာပေနှင့်သင်ထောက်ကူ
https://www.facebook.com/296440813843950/posts/1551381001683252/
(ကျောင်းအရောက်၊ကားဂိတ်အရောက် ဝန်ဆောင်မှု)

ကလေးဖတ်စာအုပ်များစုစည်းမှု
https://bit.ly/2vPH80n

မူလတန်းအတွက် စာအုပ်များစုစည်းမှု
https://bit.ly/2RTf4Sa

အလယ်တန်းအတွက် စာအုပ်များစုစည်းမှု
https://bit.ly/2S9BwFu

အထက်တန်းအတွက် စာအုပ်များစုစည်းမှု
https://bit.ly/2GSbb9V

ဆရာများအတွက် စာအုပ်များစုစည်းမှု
https://bit.ly/31oHuXj

ကလေးများအတွက် Website များ

1. Curious World (https://www.curiousworld.com/ #!/)

2. PBS Kids (http://pbskids.org/)

3. National Geography Kids(http://kids.nationalgeographic.com/)

4. ABCmouse.com (https://www.abcmouse.com/)

5. Funbrain (http://www.funbrain.com/)

6. Babytv.com (https://www.babytv.com/)

7. Agnitus.com (http://www.agnitus.com/)

8. FarFaria (https://www.farfaria.com/)

9. BrainPOP (https://www.brainpop.com/)

10. Spatulatta (http://www.spatulatta. com/)

11. http://www.kidsreads.com/reviews/genres

12. English Intermediate / advance level အတှကျ
http://www.bbc.co.uk/learningenglish/

13. Futurelearn
https://www.futurelearn.com

14. English listening
http://www.esl-lab.com

source>>>The Voice

တက္ကသိုလ်ကျောင်းသုံး မြန်မာစာ စာအုပ်များ စုစည်းမှု
https://m.facebook.com/story.php?story_fbid=1169076849925269&id=317190668447229

ooredoo net ရဲ့ ပံ့ပိုး မှု့ နဲ့ ကမ္ဘာ့ရွာ..
24/08/2019

ooredoo net ရဲ့ ပံ့ပိုး မှု့ နဲ့ ကမ္ဘာ့ရွာ..

ခုလိုဂရုစိုက်​​ပေးလို့ ​​ကျေးရွာအုပ်​ချုပ်​​ရေးမှူးနှင့်​တကွကမ္ဘာ့ရွာစာကြည့်​တိုက်​ ​ကော်​မတီဝင်​များမှ အထူးပင်​​ကျေးဇူးတ...
24/05/2019

ခုလိုဂရုစိုက်​​ပေးလို့ ​​ကျေးရွာအုပ်​ချုပ်​​ရေးမှူးနှင့်​တကွကမ္ဘာ့ရွာစာကြည့်​တိုက်​ ​ကော်​မတီဝင်​များမှ အထူးပင်​​ကျေးဇူးတင်​ဂုဏ်​ယူမိပါ​ကြောင်း....

Address

Magway

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09794367028

Website

Alerts

Be the first to know and let us send you an email when ကမ္ဘာ့ ရွာစာကြည့်တိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category