Southern Magway People’s Defence Force

Southern Magway People’s Defence Force အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး၊ နွေဦးတော်လှန်ရေး။

အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ တိုက်ခိုက်ရေး...
06/05/2026

အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
မကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ တိုက်ခိုက်ရေးတပ်ဖွဲ့
မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
မှတ်တမ်းတင်ဂုဏ်ပြုခြင်း
ဖက်ဒရယ် ဒီမိုကရေစီ ပန်းတိုင်ရောက်ရှိရန် ပါဝင်ကူညီထောက်ပံ့သော ပြည်သူ/ထောက်ပို့/ရဲဘော် တစ်ဦးချင်းစီတိုင်းအား မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ အထူးပင်ကျေးဇူးတင်ရှိလျက် ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ် ပါသည်။ မျှော်မှန်းထားသော ပန်းတိုင်ရောက်သည်အထိ ဆက်လက် ပါဝင်ကူညီထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။ မိမိတို့အနေဖြင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ လူ့အခွင့်အရေးအပြည့်အဝရရှိမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ် ဆီသို့ မရောက်မချင်း ဆက်လက်ချီတက် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်။

အမျိုးသားညီညွတ်‌ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း(၅)နှစ်ပြည့်အခမ်းအနားသို့ ကာကွ...
06/05/2026

အမျိုးသားညီညွတ်‌ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း(၅)နှစ်ပြည့်အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်မှ ပေးပို့သော သဝဏ်လွှာ

01/05/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
မကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ (တိုက်ခိုက်ရေးတပ်ဖွဲ့)
မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ရေးသတင်း ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့။

၁။ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့၊ နေ့လည် (၁၂) နာရီ ဝန်းကျင် အချိန်တွင် အောင်လံမြို့နယ် ဖက်မှ တောင်တွင်းကြီးမြို့နယ်ဖက် သို့ သွားမည့် စစ်ကော်မရှင်ယာဥ် တစ်စီး ( လနခဲယမ်းနှင့် တပ်ဖွဲဝင်တစ်ချို့ပါ) အား မကွေးတိုင်း၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာနှင့် ကိုးပင်ကျေးရွာကြား လမ်းပိုင်းတစ်နေရာ၌ မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များမှ ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ
စစ်ကော်မရှင်ဖက်မှ ထိခိုက်၊ ဒဏ်ရာရ 6တ ဆုံးမှုများရှိနိုင်ပါသည်။ မိမိတို့ ရဲဘော်များအားလုံး ထိခိုက်ကျဆုံးမရှိပဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့ပါသည်။​
၂။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မိမိတို့ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပုဏ္ဏဝတီ (တောင်တွင်းကြီး)
တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
၃။ ပြည်သူများအနေဖြင့် စကမ ယာဥ်တန်း၊ စစ်ကြောင်း လှုပ်ရှားသွားလာမှုများနှင့် ဝေးကွာစွာရှောင်ရှားသွားလာပေးကြရန်နှင့် ၄င်းတို့ သွားလာလှုပ်ရှားမှုသတင်းများအား နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများသို့ ပေးပို့၍ ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာ ရပ်ခံပါသည်။

#မိုင်းဆွဲတိုက်ခိုက်မှု
#မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

“အီးဒ်မုဘာရတ် (Eid Mubarak)”မင်္ဂလာရှိသော အီးဒ်ပွဲတော်နေ့ထူးနေ့မြတ်တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေက...
21/03/2026

“အီးဒ်မုဘာရတ် (Eid Mubarak)”

မင်္ဂလာရှိသော အီးဒ်ပွဲတော်နေ့ထူးနေ့မြတ်တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် အစ္စလာမ်ဘာသာဝင် တော်လှန်ရေးရဲဘော်များနှင့် နွေဦးတော်လှန်ရေး၏ ကဏ္ဍအသီးသီးမှ တတ်စွမ်းသမျှ ပါဝင်စွမ်းဆောင်နေကြသော အစ္စလာမ်ဘာသာဝင် မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

မကွေးတောင်ပိုင်းPDF
မကွေးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

16/03/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
မကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ (တိုက်ခိုက်ရေးတပ်ဖွဲ့)
မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ရေးသတင်း ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့။

၁။ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့၊ နေ့လည် (၁၂) နာရီ ဝန်းကျင် အချိန်တွင် ရန်ကုန်-မန္တလေး အမှတ်၂ လမ်းပိုင်း တွင် ကိုးပင်အောင်လံဖက်မှ နေပြည်တော်သို့ သွားမည့် စစ်ကော်မရှင် စစ်ယာဥ်တန်းကို မကွေးတိုင်း၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာနှင့် ကိုးပင်ကျေးရွာကြား လမ်းပိုင်းတစ်နေရာ၌ မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များမှ ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ
စစ်ကော်မရှင်ဖက်မှ စစ်သားအများအပြား 6တ ဆုံးပြီး ကားတစ်စီးပျက်ဆီး သွားကြောင်း
သိရှိရပါသည်။ မိမိတို့ ရဲဘော်များအားလုံး ထိခိုက်ကျဆုံးမရှိပဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့ပါသည်။​
၂။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မိမိတို့ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပုဏ္ဏဝတီ (တောင်တွင်းကြီး)
တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
၃။ ပြည်သူများအနေဖြင့် စကမ ယာဥ်တန်း၊ စစ်ကြောင်း လှုပ်ရှားသွားလာမှုများနှင့် ဝေးကွာစွာရှောင်ရှားသွားလာပေးကြရန်နှင့် ၄င်းတို့ သွားလာလှုပ်ရှားမှုသတင်းများအား နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများသို့ ပေးပို့၍ ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာ ရပ်ခံပါသည်။

#မိုင်းဆွဲတိုက်ခိုက်မှု
#မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ခေတ်အဆက်ဆက် အမျိုးသမီးများသည် လူ့အဖွဲ့အစည်း၏ ကန့်သတ်မှုများနှင့် ဖိနှိပ်မှုများကို ကျော်ဖြတ်ကာ မိမိတို့၏လမ်းကို ကိုယ်တို...
08/03/2026

ခေတ်အဆက်ဆက် အမျိုးသမီးများသည် လူ့အဖွဲ့အစည်း၏ ကန့်သတ်မှုများနှင့် ဖိနှိပ်မှုများကို ကျော်ဖြတ်ကာ မိမိတို့၏လမ်းကို ကိုယ်တိုင် ဖောက်ခဲ့ကြသည်။ အာဏာရှင်စနစ်ကို ခုခံတွန်းလှန်ရမည့် အချိန်များတွင်လည်း မကြောက်မရွံ့ ရှေ့တန်းမှရပ်တည်ကာ တော်လှန်ရေးကို ဆက်လက် ဦးဆောင်လာခဲ့ကြသည်။

နိုင်ငံတကာ အမျိုးသမီးများနေ့တွင် အမျိုးသမီးများအားလုံး၏ အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် ကြိုးစားမှုများကို တန်ဖိုးထား လေးစား​ကြောင်း ​ဖော်ပြအပ်ပါသည်။ ယနေ့ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ညီအမများ၊ အမများနှင့် မိခင်များအား လေးစားဂုဏ်ယူစွာ ဂုဏ်ပြုအပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

သင်တန်းသားသစ်များ ခေါ်ယူခြင်းရက်စွဲ။   ။ ၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့။အမျိုးသား ညီညွတ်ရေး အစ်ိုးရကာကွယ်ရေးဝန်ကြီးဌာနမကွေ...
02/03/2026

သင်တန်းသားသစ်များ ခေါ်ယူခြင်း
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့။
အမျိုးသား ညီညွတ်ရေး အစ်ိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
မကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ်
ပြည်သူ့ကာကွယ်ရေး အဖွဲ့ ၏
(တိုက်ခိုက်ရေးတပ်ဖွဲ့)
မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
အပတ်စဉ် (၄) အတွက် သင်တန်းသားသစ်များကို အောက်ပါသတ်မှတ်ချက်များနှင့် အညီ ခေါ်ယူလျက်ရှိပါသည်။
ဝင်ရောက်လိုပါက page messenger
သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ တိုက်ခိုက်ရေး...
06/02/2026

အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
မကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ တိုက်ခိုက်ရေးတပ်ဖွဲ့
မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
မှတ်တမ်းတင်ဂုဏ်ပြုခြင်း
ဖက်ဒရယ် ဒီမိုကရေစီ ပန်းတိုင်ရောက်ရှိရန် ပါဝင်ကူညီထောက်ပံ့သော ပြည်သူ/ထောက်ပို့/ရဲဘော် တစ်ဦးချင်းစီတိုင်းအား မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ အထူးပင်ကျေးဇူးတင်ရှိလျက် ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ် ပါသည်။ မျှော်မှန်းထားသော ပန်းတိုင်ရောက်သည်အထိ ဆက်လက် ပါဝင်ကူညီထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။

Address

Magway

Telephone

+601161605576

Website

Alerts

Be the first to know and let us send you an email when Southern Magway People’s Defence Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Southern Magway People’s Defence Force:

Share