Min Min Zaw Hein's Family များ

Min Min Zaw Hein's Family များ မြန်မာပြည်ငြိမ်းချမ်းဖို့ပြည်သူအားလုံကျိုးစားစို့

CDM ဆိုသူ လူမုန်း ( ညီနောင်သုံးဖော် ) မှ DSA INTAKE 63 မှ ဓါတ်ပုံအား ခိုးယူပြီး ပြည်သူအား လိမ်လည် ခြင်း
29/05/2025

CDM ဆိုသူ လူမုန်း ( ညီနောင်သုံးဖော် ) မှ DSA INTAKE 63 မှ ဓါတ်ပုံအား ခိုးယူပြီး ပြည်သူအား လိမ်လည် ခြင်း

ထိုင်းနိုင်ငံအခြေစိုက် တွဲသောလက်များ ပရဟိတအမည်ရှိ အဖွဲ့တစ်ခုသည်  ""နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲပြီး တိုင်းပြည်အတွက်...
29/05/2025

ထိုင်းနိုင်ငံအခြေစိုက် တွဲသောလက်များ ပရဟိတအမည်ရှိ အဖွဲ့တစ်ခုသည် ""နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲပြီး တိုင်းပြည်အတွက် အသက်ပေးတိုက်ပွဲဝင်နေသော အဖွဲ့များ နှင့် စစ်ဘေးရှောင် ပြည်သူများအား နိုင်ငံသားတစ်ယောက်၏ တာဝန်ကို ကျေပွန်စွာဖြင့် member ဝင်များ၏ ငွေ 100% ပါဝင်ပံ့ပိုးပေးနေသော "Nway Oo Fighters" အဖွဲ့အား ငွေစာရင်းရှင်းတမ်းပြုလုပ်လိုပါသည်ဟု တရားစည်းလွတ်ဘောင်ကျော်တောင်းဆိုလာခဲ့ပါသည်။ ထိုတောင်းဆိုမှုအား "Nway Oo Fighters" အဖွဲ့မှ ကြည်ဖြူစွာလက်ခံပြီး စစ်ဆေးရန်သဘော တူညီခဲ့ပါသည်။ ထိုသို့ သဘောတူပြီး "Nway Oo Fighters " အဖွဲ့မှလည်း တွဲသောလက်များပရဟိတအဖွဲ့၏ လှူဒါန်းမှု စာရင်းများကို ပွင့်လင်းမြင်သာစွာ ပြည်သူလူထုရှေ့မှောက်တွင်အပြန်အလှန်စစ်ဆေးရန် တရားမျှတစွာ ပြန်လည်တောင်းဆိုပြီး အချိန်အကန့်အသတ် ပေးပြီး ဖြစ်ပါသည်။ လွန်ခဲ့သော ၂၀.၅.၂၀၂၅ နေ့လည် ၁၂နာရီ အထိ အချိန်ပေးထားကာ စာရင်းများအပြန်အလှန်ရှင်းလင်းချပြရန်စောင့်ဆိုင်းနေခဲ့ပါသည်။ ထို့သို့ စောင့်ဆိုင်းနေခဲ့သော်လည်း တွဲသောလက်များပရဟိတအဖွဲ့မှ နာယက ဆိုသူ ဦးဇော်(ခ)ဇော်ဇော်ထက် နှင့် ဥက္ကဌ ဆိုသူ TikTok အကောင့်နာမည် လူမုန်း(ညီနောင်သုံးဖော်) ဆိုသူတို့မှာ တာဝန်ယူ လာရောက်ဖြေရှင်းနိုင်ခြင်း မရှိပါသဖြင့် ယနေ့အချိန်မှစ၍ တွဲသောလက်များပရဟိတအဖွဲ့သည် တော်လှန်ရေးကို အမည်ခံပြီး စီးပွားရေးအဖြစ် အသုံးချကာ ပြည်သူ့ငွေကို လိမ်လည်ယူနေသော ထိုင်းနိုင်ငံအခြေစိုက် ပရဟိတဗန်းပြလိမ်စားနေသော အဖွဲ့တစ်ဖွဲ့ အဖြစ် အတည်ပြု သတ်မှတ်ပါကြောင်း ပြည်သူများအားအလေးအနက်ထား အသိပေးအပ်လိုက်ပါသည်။ ထိုင်းနိုင်ငံနေ ပြည်သူများအနေဖြင့်လည်းသတိထားရှောင်ရှားနိုင်ရန်ထပ်မံအသိပေးအပ်လိုက်ပါသည်။

မှတ်ချက် ** တွဲသောလက်များ ပရဟိတအမည်ခံ သော အဖွဲ့တွင် ဦးဆောင်သူများသည် အကြမ်းဖက်စစ်တပ်ထွက် များ အများဆုံး ပါဝင်နေသည်မှာ သက်သေ ရှိပါသည် ။

Nway Oo Fighters (၁၀၀%မြေပြင်ထောက်ပို့အဖွဲ့)

ရေတပ်ဗိုလ်ကြီး DSA INTAKE 63 မှ ဗိုလ်ကြီးတဦး၏ ဓါတ်ပုံကိုခိုးယူကာ ထိုင်းနိုင်ငံတွင် CDM ဗိုလ်ကြီး အယောင်ဆောင် လိမ်လည် အလှ...
14/05/2025

ရေတပ်ဗိုလ်ကြီး DSA INTAKE 63 မှ ဗိုလ်ကြီးတဦး၏ ဓါတ်ပုံကိုခိုးယူကာ ထိုင်းနိုင်ငံတွင် CDM ဗိုလ်ကြီး အယောင်ဆောင် လိမ်လည် အလှုခံသူ
Nway Oo Fighters member များမှ ဖော်ထုတ်ခြင်း

TikTok social media တွင် လူမုန်း အမည်ဖြင့် အသုံးပြုနေသူ ယခင် ထီးကလေး account အပြင် လူမုန်း (ညီနောင်သုံးဖော်) account ဖြင့် အသုံးပြုနေသူ သည် လက်ရှိ ထိုင်းနိုင်ငံတွင် ကျပန်းအလုပ်လုပ်နေပြီး
၂၀၂၄ ခုနှစ်တွင် တွဲသောလက်များ ပရဟိတ အဖွဲ့ကို ယခင် အကြမ်းဖက်စစ်တပ် တွင် တာဝန်ထမ်းဆောင်ခဲ့သူ လက်ရှိ ထိုင်းနိုင်ငံ တွင် နေထိုင်နေသူ ကျင်ဝှက် (ခ) ဦးဇော် (ခ) ဇော်ဇော်ထက် နှင့်အတူ စတင်ဖွဲ့စည်းခဲ့သူ တစ်ဦးဖြစ်သည်။ လူမုန်း ဆိုသူသည် TikTok social media တွင် CDM ပြုလုပ်ခဲ့သူတစ်ဦး ဟု ကြိမ်ဖန်များစွာ ပြောဆိုပြီး DSA Intake 63 မှ ဓါတ်ပုံကို ယူပြီး သူ၏ဓါတ်ပုံဖြစ်ကြောင်း သက်သေကို အကြိမ်ကြိမ် လိမ်လည်ပြောဆိုခဲ့ပါသည်။ DSA INTAKE 63 မှ ဓါတ်ပုံ ကို လူမုန်းဆိုသူမှာ " ပခုံးထက် မှ ကြယ် " အမည် TikTok account မှ ခိုးယူအသုံးပြု ပြီး ပြည်သူလူထုအား CDM ပြုလုပ်ထားသူဟု အယုံသွင်းကာ လိမ်လည် လှည့်ဖျားခဲ့ပါသည်။ TikTok social media ပေါ်တွင် လူမုန်း ဆိုသူသည် ပြည်သူလူထုအား CDM ဆိုသည့် ဂုဏ်ပုဒ်ကို အသုံးချပြီး ပရဟိတအမည်ခံကာ ရံဖန်ရံခါ အကြမ်းဖက်စစ်တပ်၏ ၂၀၀၈ အခြေခံ ဥပဒေကို လက်စွဲကိုင်ပြီး ပြည်သူလူထုအား လိမ်လည်လှည့်ဖျားနေသည်မှာ ကာလတစ်ခု ရှိခဲ့ပြီဖြစ်သည်။ထို့ပြင် ရေတပ်တွင် ဗိုလ်ကြီးတာဝန်ထမ်းဆောင်ခဲ့ပြီး လွှတ်တော်အတွင်းတွင်လည်းတာဝန်ထမ်းဆောင်ခဲ့သည်ဟု ပြောဆိုခဲ့သည်။
မြစ်ကြီးနားတိုက်ပွဲများအတွင်းတွင်လည်းတိုက်ပွဲများတိုက်ခဲ့သည်ဟုပြောဆိုကာ ပြည်သူများကိုအမြဲယုံကြည်အောင်လိမ်လည်ပြောဆိုစည်းရုံးသိမ်းသွင်းခဲ့ပါသည်။ဆိုရှယ် မီဒီယာ Tiktok တွင် ထီးကလေးအကောင့်၊လူမုန်း(ညီနောင်သုံးဖော်)အကောင့်ပိုင်ရှင်သည် တွဲသောလက် များ ပရဟိတ ခေါင်းစဥ်တပ်ပြီး တော်လှန်ရေးကို အကြောင်းပြကာ စစ်ဘက်ဆိုင်ရာမှ ၂၀၂၁ ခုနှစ်တွင် CDM ဝင်ခဲ့သူတစ်ဦးဟု ပြောဆိုကာ တော်လှန်ပြည်သူများအား ပြောဆိုလှည့်ဖြားကာ အလှူခံနေပါသည်။ ယခုနောက်ပိုင်းတွင် Facebook social media ပေါ်သို့တက်ကာ ထိုင်းနိုင်ငံ ဘန်းဘောဈေးတွင် ဈေးရောင်းနေသူ NUG တော်လှန်အစိုးရအား တိုက်ခိုက်စော်ကားနေသူ ဘန်းဘောမောင်မောင် နှင့် ပူးပေါင်းပြီး တော်လှန်ရေးကို မှန်ကန်စွာ လုပ်ဆောင်နေသော ပြည်သူ့ငွေ 100% ကို မြေပြင်တပ်ရင်း တပ်ဖွဲ့နှင့် စစ်ဘေးရှောင်ပြည်သူ ထံသို့ ပံ့ပိုးပေးနေသော "Nway Oo Fighters " အဖွဲ့ကို တိုက်ခိုက်ပြောဆိုမှုများကို မြန်မာနိုင်ငံအလယ်ပိုင်း ထောက်ပို့အဖွဲ့ဆိုသော page ပေါ်မှနေ၍ ခပ်စိတ်စိတ် ပြုလုပ်လာပြီး တော်လှန်ထောက်ပို့အဖွဲ့နှင့်တော်လှန်ရေးလုပ်ဆောင်နေသူပြည်သူများကို ပြစ်တင်ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်လာပါသည်။
ထိုလူများသည် ထိုင်းနိုင်ငံအတွင်းဂိုဏ်းဖွဲ့ကာ တော်လှန်ပြည်သူများ တော်လှန်ရေးထောက်ပို့လုပ်ဆောင်သူများကိုရည်ရွယ်ချက်ရှိရှိ သတင်းအချက်အလက်များ personal data များကိုရယူခြင်း ပြည်သူများအပေါ် ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်လာသည်ကို အန္တရယ်ကြီးမားစွာမြင်တွေ့လာရပါသည်။ ထိုသို့တော်လှန်ရေးကိုခြိမ်းခြောက်ပြီး စစ်ဗိုလ် CDM အယောင်ဆောင်များထံသို့ တော်လှန်ရေးနှင့်ပက်သက်သော အရေးကြီးသတင်းအချက်အလက်အချို့ကိုပေးပို့နေသူမှာ တော်လှန်ရေးတွင် တော်လှန်ရေးအရေခြုံကာ တော်လှန်ရေးသမားအဖြစ် ကာလတစ်ခုအထိ သပ်သျှိုဝင်ရောက်ပြီး တော်လှန်ရေးသမားများ၏ သတင်းအချက်အလက်များကိုတော်လှန်ရေးသမားအသွင်ယူကာ Facebook social media ပေါ်တွင် Ko Ko Lwin_ kyaw hein အကောင့်များနှင့်တော်လှန်ရေးအကြောင်းများဟန်ဆောင်ပြောဆိုနေသူ အင်္ဂလန်နိုင်ငံတွင်နေထိုင်သောလွင်ကိုကို(ခ) ကိုကိုလွင် က တော်လှန်ရေးအဖွဲ့အစည်းများရဲ့သတင်းများကိုတဖက်လှည့်နှင့်သတင်း ပေးပို့နေသူတစ်ဦးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အထက်ပါ အကြောင်းအရာများသည် သက်သေခိုင်မာစွာ ရှိပြီး ဖြစ်သောကြောင့် ပြည်သူလူထုအား အသိပေးရခြင်း ဖြစ်ပါသည်။
***ဦးဇော် (ခ) ဇော်ဇော်ထက် ....ယခင် အကြမ်းဖက်စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ။

***လူမုန်း CDM ဟု ပြောဆိုပြီး DSA INTAKE 63 မှ ဓါတ်ပုံကိုယူပြီး မိမိဓါတ်ပုံပါဟု လိမ်လည်ပြောဆိုသူ။

***ဘန်းဘောမောင်မောင် သည် NUG တော်လှန်အစိုးရအား တိုက်ခိုက်စော်ကားပြီး တော်လှန်ရေး ခေါင်းစဉ်တပ်ကာ အလှူငွေကောက်ခံပြီး ကိုယ်ကျိုးရှာနေသူ ။

***လွင်ကိုကို (ခ) ကိုကိုလွင် တော်လှန်ရေးသမားအယောင်ဆောင်ပြီး ယခု ၂၀၂၅တွင် မျက်နှာဖုံး အထပ်လိုက်ကွာကျလာပြီး စစ်တပ်သတင်း‌‌ ပေးလုပ်နေသူ ။

မှတ်ချက် *** DSA INTAKE 63 ဓါတ်ပုံ ကို Nway Oo Fighters member ဝင်များ မှ စုံစမ်း ဖော်ထုတ် ခဲ့ပါသည်။

27/06/2024

Check out Min Min Zaw Hein LIVE videos on TikTok! Watch, follow, and discover the latest content from Min Min Zaw Hein.

Address

Madaya

Telephone

+358452678366

Website

Alerts

Be the first to know and let us send you an email when Min Min Zaw Hein's Family များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category