03/06/2024
ရဲဘော်တိုင်းအတွက် လိုက်နာသင့်တဲ့ အရာပါ
https://www.facebook.com/share/p/qS749qespQZ876Rb/?mibextid=qi2Omg
KNDF ရဲဘော် တပ်ဗိုလ်၊ တပ်မှူးတို့ကို ကျနော် ဒီကနေပြောကြားချင်ပါတယ်။
*ငါတို့ တာဝန်က ရန်သူကို ချေမှုန်းဖို့ပါပဲ။ အုပ်ချုပ်ရေးပိုင်းမှာ ဝင်ရောက်စွက်ဖက်တဲ့ အလုပ်မျိုးမလုပ်ကြနဲ့။ လူမှုရေးပြသနာရှိခဲ့သော် ကိုယ်နဲ့မဆိုင်ရင် ယူနီဖောင်းဝတ်၊ ခါးကြားသေနတ်ချိတ်ပြီး ဝင်ရောက်စွက်ဖက်မလုပ်ကြပါနဲ့။ အုပ်ချုပ်ရေးပိုင်းမှာ IEC ရှိတယ်။ တရားရေးပိုင်းမှာ တရားသူကြီးတွေရှိတယ်။ ကိုယ့်အလုပ်က တပ်အမိန့်ကို နာခံရမယ်။ IEC/ KSCC တို့ရဲ့ လမ်းညွန်မှုနဲ့သွားမယ်။ ရန်သူကို တိုက်ခိုက်မယ်။ လူထုအသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မယ်။ အကြမ်းဖက်စစ်ကောင်စီ ရဲ့ လုပ်ရပ်မျိုးနဲ့ မတူအောင်နေဖို့လိုတယ်။ စစ်သည်တော်ကျင့်ဝတ်လိုက်နာရမယ်။ နှစ် (၇၀) လုဲးလုံး သေနတ်ကိုင်ပြီး တိုင်းပြည်ကို အုပ်ချုပ်တဲ့ စစ်ကောင်စီတို့လို KNDF တပ်ဗိုလ် တပ်မှူး တို့ အနေနဲ့လည်း လူထုကို အုပ်ချုပ်ဖို့ မကြိုးစားကြပါနဲ့* ဟု KNDF (၃) နှစ်ပြည့် မိန့်ခွန်းမှာ ပြတ်ပြတ်သားသား ပြောလိုက်တဲ့ KNDF ဗဟိုကော်မတီဝင် ခွန်းအသန်း.....
PKPF
သတင်းနှင့်ပြန်ကြားရေးဗျူရို