Karenni People's Liberation Army - KPLA - B 9425

Karenni People's Liberation Army - KPLA - B 9425 ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် - တပ်ရင်းအမှတ် ၉၄၂၅

မိမိတို့ တပ်ရင်းအနေဖြင့် ပြုလုပ်သော Cover Fighter' ကျည်ကာ Project ကို ‌ေတာ်လှန်ထောက်ပို့ ပြည်သူများအနေဖြင့် တတ်နိုင်သလော...
12/02/2025

မိမိတို့ တပ်ရင်းအနေဖြင့် ပြုလုပ်သော Cover Fighter' ကျည်ကာ Project ကို ‌ေတာ်လှန်ထောက်ပို့ ပြည်သူများအနေဖြင့် တတ်နိုင်သလောက် ပါဝင်အားဖြင့်ကြပါရန် ဖိတ်ခေါ်အပ်ပါတယ်

https://www.facebook.com/share/p/1E6o6TNDRq/

ကျနော်တို့ Cover fighter's ကျည်ကာ project သည်၂ ရက်နေ့မြောက်
ရောက်ရှိလာပါပြီ
တော်လှန်ရေး အချိန်ကာလအားဖြင့် ၄ ‌နှစ်ကျော် ကြာလာပြီဖြစ်တဲ့အတွက်
မိဘပြည်သူ တော်လှန်ထောက်ပို့ များအနေနဲ့လည်း အတော်ကိုပင်ပန်းနေကြ‌တာ
တွေ့မြင်ရပါတယ်။ ကျနော်တို့ နဲ့အတူ ဆက်လက်အားတင်းကြဖို့ မေ့တ္တာရပ်ခံအပ်ပါတယ်

ကျနော်တို့ ကမ်ပိန်းကိုလည်း မိဘပြည်သူများအနေနဲ့ တတ်နိုင်သလောက် ပါဝင်ထောက်ပံ့ပေးကြဖို့ အကူအညီတောင်းဆိုအပ်ပါတယ်ဗျာ


#ကျပ်သိန်း၁၀၀၀project
#ကလလတ

#တပ်ရင်းအမှတ်၉၄၂၅

အ‌ကြောင်းအရာ။   ။သတင်းထုတ်ပြန်ကြေငြာချက်၁၂/၂/၂၀၂၅ ခုနှစ်မန္တလေးတိုင်း မိတ္ထီလာမြို့ ရထပ (၁) အမှတ်(၁)‌ရှေ့‌တန်းအ‌ခြေချ ထေ...
12/02/2025

အ‌ကြောင်းအရာ။ ။သတင်းထုတ်ပြန်ကြေငြာချက်
၁၂/၂/၂၀၂၅ ခုနှစ်

မန္တလေးတိုင်း မိတ္ထီလာမြို့ ရထပ (၁) အမှတ်(၁)‌ရှေ့
‌တန်းအ‌ခြေချ ထောက်ပံ့ နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ဒုတပ်ကြပ် မင်းခန့်ကျော် သည် တာဝန်(၇) နှစ် ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ၁ လပိုင်းတွင် လက်နက်နှင့်အတူ ကရင်နီပြည်နယ်အတွင်းရှိ မိမိတို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
(KPLA-၉၄၂၅ )တပ်ရင်းထံကို အလင်းဝင်လာပါသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီမှ စစ်မှု့မထမ်းမနေရ ဥပဒေကြောင့် ဒုတပ်ကြပ် မင်းခန့်ကျော် သည် မိတ္ထီလာမြို့ ရထပ(၁)အမှတ်(၁)မှ ကရင်နီပြည်နယ် လွိုင်ကော်မြို့အခြေစိုက် ထပရ(၇၂၂) ထောက်ပံ့ နှင့် ပို့ဆောင်ရေးတပ်ခွဲသို့ ပို့ဆောင်ခြင်းခံရပါသည်။ စစ်ကောင်စီတပ်များမှာ စစ်အာဏာသိမ်းအချိန်မှစ၍ အကြောင်းအရာမရှိ ပြည်သူများကို ရိုက်နက်ခြင်း/ ပစ်ခတ်ခြင်း/ မတရား ဖမ်းဆီးခြင်းများ အကြိမ်ကြိမ်တွေ့မြင်နေရပါသဖြင့် ဒုတပ်ကြပ် မင်းခန့်ကျော် သည် မခံမရ ဖြစ်သည့်အတွက် ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းထဲ အလင်းဝင်းလာခဲ့ပါသည်။

အဆိုပါ အလင်းဝင်ရောက်လာသော ဒုတပ်ကြပ် မင်းခန့်ကျော်သည် G-3 (BA-72) ၁လက် / ကျည်အိမ် (၃) ဘောက် နှင့် ကျည်ဆံ ၁၂၀ ထောင့် ဖြင့် ကျွန်ုပ်တို့ကရင်နီပြည် ပြည်သူ့လွတ်‌မြောက်ရေး တပ်မတော် (KPLA 9425) တပ်ရင်းထံ အလင်းဝင်ရောက်လာခဲ့ပါသည်။ ဤသို့ အလင်းဝင်ရောက်လာသော ဒုတပ်ကြပ် မင်းခန့်ကျော်သည် မိမိတို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (KNPLF) တာဝန်ရှိ လူကြီးများမှ ဆုတော်ငွေ သိန်း၂၀ ကျပ်တိတိကို ဆုချီး
မြင့်ခဲ့ပါသည်။

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA)အမှတ် ၉၄၂၅ တပ်ရင်းထံ ဘက်ပြောင်းခိုလှုံလာသည့် တပ်သားကို လိုအပ်သည့်အကူအညီ တချို့ကို ကူညီပေးအပ်ခဲ့ပြီး သက်ဆိုင်ရာသို့ ပို့ဆောင်ကာ လုံခြုံသည့် နေရာတွင် ထားရှိပြီဖြစ်ကြောင်း နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဗိုလ်/ တပ်သားများ အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများထံသို့ ဘက်ပြောင်းခိုလှုံလာကြပါရန် တိုက်တွန်းနိူးဆော်အပ်ပါသည်။



#ကလလတ

17/01/2025
01/11/2024

ကျွန်တော်တို့ရဲ့ ညီနှောင်တပ်ဖြစ်တဲ့ KPLArmy.9420 တပ်ရင်း ရဲ့ဂုဏ်ယူ လေးစားရသော တပ်မူး တစ်ဦး ဒီကနေ့ ၁.၁၁.၂၀၂၄ ရက်နေ့ မှာ ကြွေလွင့်ခဲ့ပါတယ်။
ညီလေး မင်းရဲ့ ပေးဆပ် အနှစ်နာခံမူကို ကျွန်တော်တို့KPLArmy9425 တပ်ရင်းမှ ထာဝရ အသိမှတ်ပြု မှတ်တမ်းတင်နေမှာပါ။
RIP ပါ တပ်မူုး

28/08/2024

ပြည်သူ့နွေဦးတော်လှန်ရေးကို ဆုံခန်းဆိုင် ဆင်နွဲကြစို့


#ကလလတ
# B9425

သတင်ထုတ်ပြန်ချက် =  8.8.2024ရက်နေ့ 8888ဂုဏ်ပြုသောအနေဖြင့်ကရင်နီပြည်၊ ဘောလခဲ ခရိုင်အတွင်းက ရေကျော် တပ်စခန်းကို  ကရင်နီတော...
08/08/2024

သတင်ထုတ်ပြန်ချက် =
8.8.2024ရက်နေ့ 8888ဂုဏ်ပြုသောအနေဖြင့်
ကရင်နီပြည်၊ ဘောလခဲ ခရိုင်အတွင်းက ရေကျော် တပ်စခန်းကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက ဒီကနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ တိုက်ခိုက်ချေမူန်း သိမ်းပိုက်နိင်ခဲ့ပါတယ်

09/07/2024
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး                တပ်ဦး(KNPLF) ကရင်နီပြည် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ...
28/06/2024

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး
တပ်ဦး(KNPLF)
ကရင်နီပြည် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်
(KPLA) တပ်ရင်းအမှတ် ၉၄၂၅ မှ ကိုယ်ပိုင်အမှတ်.၁၈၇၀ ရဲဘော် #သရဲကြီး နှင့် ကိုယ်ပိုင်အမှတ်
၁၈၇၁ ရဲဘော် #ပုံပုံချစ် တို့ နှစ်ဦးအား (၁.၆.၂၀၂၄) ရက်နေ့မှ စတင်၍ ၉၄၂၅ တပ်ရင်းထောက်ပို့ တာဝန်ပေးအပ်ထား သည်မှာ မှန်ကန်ပါကြောင်း ထောက်ခံအပ်ပါသည်။

ပုံ
၉၄၂၅ တပ်ရင်းမူုး
KPLArmy

Address

Loikaw

Website

Alerts

Be the first to know and let us send you an email when Karenni People's Liberation Army - KPLA - B 9425 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share