Karenni Nationalities Defense Force - KNDF/ B-12

Karenni Nationalities Defense Force - KNDF/ B-12 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Karenni Nationalities Defense Force - KNDF/ B-12, Military Base, Loikaw.

ရှေ့တန်းစစ်မြေပြင်မှာ ဆေးအဖွဲ့ရဲ့ အခန်းကဏ္ဍဟာလည်း တော်တော်အရေးပါလှပါတယ်ဗျ။ ကျွန်တော်တို့ရဲ့ရဲဘော်ရဲဖက်၊ညီအစ်ကိုတွေ တိုက်...
30/04/2024

ရှေ့တန်းစစ်မြေပြင်မှာ ဆေးအဖွဲ့ရဲ့ အခန်းကဏ္ဍဟာလည်း တော်တော်အရေးပါလှပါတယ်ဗျ။ ကျွန်တော်တို့ရဲ့ရဲဘော်ရဲဖက်၊ညီအစ်ကိုတွေ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု နည်းပါးအောင်ရှေ့တန်းဆေးအဖွဲ့က ကြိုးစားလျက်ရှိပါတယ်ဗျ။
ကျွန်တော်တို့ အနေဖြင့်နိုင်ရာဝန်ကိုထမ်းရင်း ကြိုးစားနေပါသော်လည်း လိုအပ်ချက်များစွာရှိနေပါသေးတယ်ဗျ။
ဆေးဝါးအတွက်ကူရင်း ရဲဘော် နဲ့မိဘပြည်သူကိုစောင့်ရှောက်ကြဖို့ ပြည်တွင်းပြည်းပ က အ လှူရှင်များနည်းများမဆိုပါဝင်ကူညီပေးကြဖို့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။
/B-12
/B-12(medic unit)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်အမှတ်(၁၂)တပ်ရင်းအားပါဝင်အားဖြည့်ပေးကြပါသော ပြည်တွင်း|ပြည်ပ စေတနာရှင် ထောက်ပို့ပြည်သူများအ...
22/01/2024

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်အမှတ်(၁၂)တပ်ရင်းအားပါဝင်အားဖြည့်ပေးကြပါသော ပြည်တွင်း|ပြည်ပ စေတနာရှင် ထောက်ပို့ပြည်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ဂုဏ်ပြုလေးစားရပါတယ်ဗျ
ထိုထဲမှာမှ ယနေ့တွင် "ဂါမဏိအဖွဲ့"၏ စုပေါင်းပါဝင်မှုအားဖြည့် ၆၀၀၀၀၀(ခြောက်သိန်း)ကျပ်တိတိအား မိမိတို့တပ်ရင်းမှလက်ခံရရှိပါကြောင်းနှင့် အထူးပင်ကျေးဇူးတင်ရှိသလို အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းနိုင်သည့်ထိ တတ်အားတရောပါဝင်အားဖြည့်ကူပေးနိုင်ဖို့ ဆက်လက်ပီးတောင်ဆိုပါရစေဗျ
/B-12

ဂုဏ်ပြု မှတ်တမ်းလွှာ ပြောင်းလဲပြင်ဆင်ကြောင်း အသိပေးခြင်းမဂ်လာပါဗျ။ကျွန်တော်တို့ ကရင်နီအမျိူးသားများကာကွယ်ရေးတပ် တပ်ရင်းအ...
21/01/2024

ဂုဏ်ပြု မှတ်တမ်းလွှာ ပြောင်းလဲပြင်ဆင်ကြောင်း အသိပေးခြင်း
မဂ်လာပါဗျ။ကျွန်တော်တို့ ကရင်နီအမျိူးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၁၂)မှ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ၂၀၂၄ခု နှစ်အတွက် ပုံစံအသစ်ဖြင့် ပြောင်းလဲ အသုံးပြုမည် ဖြစ်ကြောင်းကို အသိပေးလိုက်ပါတယ်ခင်ဗျာ။
ကျေးဇူး တင်ဂုဏ်ပြုမှတ်တမ်းလွှာ ပုံစံအသစ်အား ၂၀၂၄ခု နှစ် ၊ဇန်နဝါရီလ ၂၁ရက်နေ့၊post တင်ပြီးမှစတင်ကာ အသုံးပြုသွားမည် ဖြစ်ပါကြောင်းကိုလည်း အသိပေးလိုက်ပါတယ်ခင်ဗျာ။
ဂုဏ်ပြု မှတ်တမ်း လွှာအတုအပ များ၊ ဆင်တူယိုးမှား များ တွေ့ရှိပါက သက်ဆိုင်ရာ page chat box သော်လည်းကောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
/B-12

22/12/2023

📌📌၂၀-၁၁-၂၀၂၃ ကနေ ၂၂-၁၂-၂၀၂၃ ထိ ၅-ပတ်တာ ကာလအတွင်း ပြုလုပ်ခဲ့တဲ့ ကျွန်တော်တို့ မုဆိုးကမ်ပိန်းဟာ ယနေ့ ပြီးဆုံးရက် ရောက်ခဲ့ပါပြီ ။

ကမ်ပိန်းကာလတွင်းမှာ ထိခိုက်မှုအချို့နဲ့ အခက်အခဲအများစွာကြုံခဲ့ရပြီး ဒီကြားထဲက ကျွန်တော်တို့ အကောင်း ဆုံးလုပ်နိုင်ခဲ့ပါပြီဗျ ။

ယခုလို @မုဆိုး - The Hunter ကမ်ပိန်းကြီး အောင်မြင်စွာပြီးဆုံးဖို့အတွက် ပါဝင်ထောက်ပို့ပေးကြသော ပြည်တွင်းပြည်ပမှညီအကိုမောင်နှမများနှင့်မိဘပြည်သူများ ၊နိူင်ငံအသီးသီးမှမုဆိုးကမ်ပိန်းအတွက်ကူညီပါဝင်အားဖြည့်ပေးကြတဲ့ fundraising အဖွဲ့များ ၊ Team Hunter မှရဲဘော်ရဲမေများ၊ ရှေ့တန်း နောက်တန်းမှ KNDF ရဲဘော်များ နှင့် ကမ်ပိန်းအစအလယ်ဆုံး graphics design နှင့် content ပိုင်းများကိုကူညီပေးခဲ့သော
ရဲဘော်ရဲဘက်အယောက်စီတိုင်း အားလုံးကိုကျေးဇူးတင်ပါတယ် ။

ကျွန်တော်တို့ ကမ်ပိန်းကြီး ပြီးဆုံးသွားပေမယ့်လဲ မုဆိုး‌တွေကတော့ ဒီတော်လှန်ရေးခရီး ပြီးဆုံးသည်အထိဆက်လက်တို_က်ပွဲဝင်ကာ အ_မဲလိုက်နေကြဦးမှာပဲဖြစ်ပါတယ် ။

မုဆိုးကမ်ပိန်းကနေ အားလုံးကို နှုတ်ဆက်ရင်း ဒီနွေဦးတော်လှန်ရေးရဲ့သမိုင်းတွင် မုဆိုးတို့ရဲ့မော်ကွန်းသစ်များ ဆက်လက်ရေးထိုးသွားပါမယ်လို့ ပြောကြားရင်း မှတ်တမ်းတင်အပ်ပါတယ်ခင်ဗျာ ။

#မုဆိုး

#မြို့တော်လွိုင်ကော်ရရှိဖို့မုဆိုးတွေကိုပံ့ပိုးကြပါစို့
#ဗျူဟာအမှတ်၂

11.11 Operation ကြီးနဲ့ အတူ စတင်လာခဲ့တဲ့ မုဆိုးကမ်ပိန်းဟာ အခုဆိုရင် ၄ပတ်ထဲသို့ ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။ ကမ်ပိန်းကာလပြီး...
15/12/2023

11.11 Operation ကြီးနဲ့ အတူ စတင်လာခဲ့တဲ့ မုဆိုးကမ်ပိန်းဟာ အခုဆိုရင် ၄ပတ်ထဲသို့ ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။ ကမ်ပိန်းကာလပြီးဆုံးဖို့ ၉ ရက်သာ ကျန်ပါတော့တယ်။
ကမ်ပိန်းကာလအတော်အတွင်းမှာလဲ ကျွန်တော်တို့မုဆိုးအဖွဲ့မှ activities များကို အားလုံးရှေ့မှောက်ချပြခဲ့ပြီးလဲဖြစ်ပါတယ်။
မုဆိုးမှ ရရှိလာတဲ့ funding များကို ကျွန်တော်တို့ mission, operation ကြီးထဲမှာ ထိရောက်စွာ အသုံးပြုသွားမှာပဲဖြစ်ပါတယ်။
ခေတ်ပျက်ကြီးထဲမှာ အားလုံးခက်ခဲနေတဲ့ကြားမှ support ပေးကြတဲ့အတွက်လည်း မုဆိုးမှ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။
မုဆိုးကမ်ပိန်းကို ထလော့ရဲဘော်သီချင်းကို ဝယ်ယူအားပေးခြင်းဖြင့်ဖြစ်စေ၊ မုဆိုးအတွက် PUPG game ထဲကလို item တစ်ခုချင်းစီ တပ်ဆင်ပေးခြင်းဖြင့်ဖြစ်စေ ပါဝင်အားဖြည့်ပေးနိုင်ပါတယ်ဗျ။
ကမ်ပိန်းပြီးဆုံးရက်မတိုင်ခင်လေး အားလုံးဝိုင်းပြီး ဝုန်းပေးကြပါဦးဗျ။
ဤခရီး နီးသလား။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။ 💪💪💪

Photo - နောက်လူ

#မုဆိုး

#မြို့တော်လွိုင်ကော်ရရှိဖို့မုဆိုးတွေကိုပံ့ပိုးစို့
#ဗျူဟာအမှတ်၂

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ စစ်ဗျူဟာအမှတ်-၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဤဒီဇင်ဘာလအတွင်း မှာပြုလုပ်ကျင်...
14/12/2023

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ စစ်ဗျူဟာအမှတ်-၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဤဒီဇင်ဘာလအတွင်း မှာပြုလုပ်ကျင်းပခဲ့ပါတယ်။

ဤသင်တန်းဆင်းပွဲတွင် ပြင်းပြင်းထန်ထန် စစ်ရေးလေ့ကျင့်သင်ကြားထားသော ရဲဘော်သစ်အင်အားပေါင်းများစွာနဲ့အတူ မုဆိုးသစ်‌ပေါင်းများစွာတို့လည်း စစ်သင်တန်းဆင်းခဲ့တာပဲဖြစ်ပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်တွင် လက်ရှိ တပ်ရင်း တပ်ဖွဲ့ပေါင်းစုံတို့မှ ရဲဘော်တို့က မြေပြင်တိုက်ပွဲဝင်နေကြသည့်အချိန်၊ နောက်တန်းမှ ရဲဘော်သစ်တို့ကလဲ တိုက်ပွဲဝင်ရန်အတွက် ခွန်အားအပြည့်ဖြင့် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ထိုရဲဘော်သစ်များမှာ စနစ်တကျ စစ်ရေးလေ့ကျင့်သင်ကြားထားတဲ့ မုဆိုးများပင် ဖြစ်ပါတယ်။ ဤမုဆိုးများနှင့်အတူ နောက်ထပ် ပိုမိုပြင်းထန်သော စစ်ဆင်ရေးတွေ ဆင်နွှဲကြမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ မိမိတို့ဖက်မှ နည်းစနစ်တကျ စစ်အင်အားဖြည့်တင်းနေသကဲ့သို့၊ စစ်ကောင်စီဟာလည်း မိမိတို့ရဲ့ အကြမ်းဖက်စစ်တပ် အင်အားကို ထောင်အတွင်းမှပြစ်ဒဏ်ကျခံနေသောခိုးမှုလုယက်မှုတရားခံများနှင့် တပ်ပြေးများကိုပင်ပြန်လည်ခေါ်ယူပြီး စစ်အင်အားဖြည့်တင်းနေတာပဲဖြစ်ပါတယ်။

ဤသင်တန်းဆင်းပွဲကို KNDF စစ်ဗျူဟာ-၂ ၏ဗျူဟာမှူး၊ KNDF ဗဟိုကော်မတီဝင်၊ KNDF BO-2 မှ တပ်ရင်းမှူးများ တပ်ခွဲအသီးသီးမှတပ်ခွဲမှူးများနှင့် တာဝန်ရှိသူများမှ တက်ရောက် ဂုဏ်ပြုပေးခဲ့ကြတာပဲဖြစ်ပါတယ်။

Photo - သံမဏိ

#မုဆိုး

#မြို့တော်လွိုင်ကော်ရရှိဖို့မုဆိုးတွေကိုပံ့ပိုးစို့
#ဗျူဟာအမှတ်၂

ထလော့ရဲဘော် Full Music Video Clip လေးကို ၁၀၀၀၀ ကျပ်ဖြင့် ဝယ်ယူနားဆင်ရင်း မုဆိုးကမ်ပိန်းကို ပါဝင်အားဖြည့်ပေးနိုင်ပါပြီ ။ ...
13/12/2023

ထလော့ရဲဘော် Full Music Video Clip လေးကို ၁၀၀၀၀ ကျပ်ဖြင့် ဝယ်ယူနားဆင်ရင်း မုဆိုးကမ်ပိန်းကို ပါဝင်အားဖြည့်ပေးနိုင်ပါပြီ ။

KNDF မှ ရဲဘော်၊ရဲမေများဖြင့် ပုံဖော်ရိုက်ကူးထားပြီး တပ်ရင်း-၂ မှ ကိုယောဟန် သီဆိုထားတဲ့ ရဲဘော်ဘဝ တေးသရုပ်ဖော်ဖြစ်ပါတယ်၊ full music video length မှာ ၈-၉ မိနစ်မျှ ကြာမြင့်ပါတယ်။

Full video လေးကို ဝယ်ယူနားထောင်ရင်း မုဆိုးကို support ပေးကြပါဦးဗျ။

#မုဆိုး

#မြို့တော်လွိုင်ကော်ရရှိဖို့မုဆိုးတွေကိုပံ့ပိုးစို့
#ဗျူဟာအမှတ်၂
#ထလော့ရဲဘော်

စကစလည်း သိက္ခာတွေ ကျပြီးရင်းကျနေတော့တာပဲ။ ▪️ပြည်နယ်ရဲရုံးကို ဒီမနက်ပဲ တော်လှန်ရေးတပ်ပေါင်းစုက သိမ်းလိုက်တယ်။ ▪️တော်လှန်ရ...
10/12/2023

စကစလည်း သိက္ခာတွေ ကျပြီးရင်းကျနေတော့တာပဲ။

▪️ပြည်နယ်ရဲရုံးကို ဒီမနက်ပဲ တော်လှန်ရေးတပ်ပေါင်းစုက သိမ်းလိုက်တယ်။
▪️တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်နေပြီဆိုပြီး တောင်ဈေးတစ်ခုလုံးကို လေယာဉ်နဲ့ ပတ်ကြဲတယ်။
▪️ဘယ်လောက်တောင် မဲမဲမြင်ရာ ပစ်သလဲဆို အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ စစ်တပ်ကြီးက လေယာဉ်နဲ့ကြဲချတာ တောင်ကွဲစေတီပါမကျန်ပဲ။

ဒီလို သိက္ခာမရှိတဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို မြန်မြန်ရပ်နိုင်ဖို့ မုဆိုး - The Hunter မှာ တတ်နိုင်သမျှ ကူကြစို့။

#မုဆိုး

📌📌Campaign Update မုဆိုး မူလကမ်ပိန်းကာလ ၂၀.၁၁.၂၀၂၃ မှ ၁၁.၁၂.၂၀၂၃ ၊ အချိန် ၃ ပတ်ထိ သတ်မှတ်ထားရာမှ မြေပြင် အခက်အခဲနှင့် ဆု...
10/12/2023

📌📌Campaign Update

မုဆိုး မူလကမ်ပိန်းကာလ ၂၀.၁၁.၂၀၂၃ မှ ၁၁.၁၂.၂၀၂၃ ၊ အချိန် ၃ ပတ်ထိ သတ်မှတ်ထားရာမှ မြေပြင် အခက်အခဲနှင့် ဆုံးရှုံးမှု တချို့ကြောင့် အချိန် ၅ ရက်လောက်ပုတ်သွားပါသဖြင့် မူလကမ်ပိန်းကာလကို နောက်ထပ် ၁ပတ် ထပ်မံတိုးမြှင့်လိုက်ကြောင်း အသိပေးအကြောင်းကြားရင်း လက်ရှိ campaign status လေးကို ဝေမျှပေးလိုက်ပါတယ်ခင်ဗျ။

တော်လှန်ရေးဟာအရှိန်ဟုန်တိုးမြှင့်လာသည်နှင့်အမျှ ကျွန်တော်တို့ရဲ့ campaign target ဟာလဲ အားလုံးရဲ့ ကူညီထောက်ပို့မှုကြောင့် မျှော်မှန်းထားတဲ့ ပမာဏရဲ့ တစ်ဝက်တိတိသို့ ရောက်လုရောက်ခင် ဖြစ်လာပါပြီ။ ယခု ကမ်ပိန်းကာလ ၂၀ ရက်မြောက်နေ့မှာ 41% target ထိ ရောက်လာပြီပဲဖြစ်တယ်။ မုဆိုးအဖွဲ့သားအားလုံးမှလဲ ဤကမ်ပိန်းကို ပါဝင်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်ဗျ။

Mission နဲ့ ထပ်တူကျတဲ့ action တွေနဲ့လဲ လက်တွေ့အကောင်ထည်ဖော်ရင်း အားလုံးရဲ့ ဘုံရန်သူကို ချေမှုန်းနေကြပြီဖြစ်ပါတယ်။

ရဲဘော်တို့တာဝန်သည် မအလ နဲ့ အပေါင်းပါတစ်စုကို ကာကွယ်ဖို့မဟုတ်ပဲ တိုင်းပြည်နဲ့ ပြည်သူကို စောင့်ရှောက်ကာကွယ်ဖို့ဖြစ်တယ်၊ ထို့ကြောင့် ရှေ့ရက်တွေမှာ ကျွန်တော်တို့ဘက်မှ channel ပေါင်းစုံ မီဒီယာပေါင်းစုံကနေ အထပ်ထပ် သတိပေး တိုက်တွန်းထားသလို အသက်ကို ဥာဏ်စောင့်ကြဖို့ လက်နက်ချပြီး ပူးပေါင်းဖို့အတွက် ထပ်မံသတိပေးပါတယ် ❗️

#မုဆိုး

#မြို့တော်လွိုင်ကော်ရရှိဖို့မုဆိုးတွေကိုပံ့ပိုးစို့
#ဗျူဟာအမှတ်၂

08/12/2023

ဒီ video clip လေးဟာဆိုရင် ကျွန်‌တော်တို့ မုဆိုး-The Hunter Team မှ မုဆိုးအဖွဲ့၀င်တစ်ဦး ရှေ့တန်းမှာ အလုပ်လုပ်နေရင်း ဖြစ်ပျက်သမျှကို real time ရိုက်ယူထားခြင်းဖြစ်ပါတယ်။

ဒီvideoမှာ ကြားရတဲ့အသံတွေက အပေါ်ကနေ လေယာဥ်ထိုးဆင်းလာသံတွေ၊ လေယာဥ်နဲ့ လာကြဲသံတွေ၊ ကွဲသံတွေနဲ့ ဆူညံပွက်နေတာတွေကို မှတ်တမ်းတင်မိထားတာဖြစ်ပါတယ် ။

ကျန်နော်တို့ The Hunter Team ဟာ စနစ်တကျဖွဲ့စည်းထားပြီး ဒီမုဆိုးများက လွိုင်ကော်မှာ အဓိက အမဲလိုက်ကြပါတယ် အမဲလိုက်နေကြရင်း စစ်ပွဲတွေကြားမှာပဲ The Hunter တို့ရဲ့ မိဘပြည်သူများ ရှု့မြင်နိုင်ဖို့ မုဆိုးတို့၏လှုပ်ရှားမှု Record များကို တင်ဆက်ပြသပေးနေပြီး ဤ မုဆိုးပရောဂျက်ကြီးကို ဆက်လက် run ပေးနေကြရတာပဲဖြစ်ပါတယ် ။

ရှေ့တန်း The Hunter Time မှ မုဆိုးတို့ရဲ့ video မှတ်တမ်းကို ကြည့်ရှုရင်း ကျန်နော်တို့ မုဆိုးကမ်ပိန်းကိုလည်း ထပ်မံပါဝင်ပေးကြပါဦး ။

ပါဝင်အားဖြည့်ပေးထားကြသော ပြည်သူတစ်ဦးတစ်ယောက်ခြင်းကိုလည်း မုဆိုးများမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျ ။

#မုဆိုး

#မြို့တော်လွိုင်ကော်ရရှိဖို့မုဆိုးတွေကိုပံ့ပိုးစို့
#ဗျူဟာအမှတ်၂

အ_မဲလိုက်ရှာလာတဲ့မုဆိုး...ဒီရက်ပိုင်း ခြေသံလုံလွန်းသွားတယ်ဗျာ😁သား_ကောင် တော်တော် များများတော့ ရခဲ့တယ်ဗျ😁 #မုဆိုး  #မြို့...
06/12/2023

အ_မဲလိုက်ရှာလာတဲ့မုဆိုး...

ဒီရက်ပိုင်း ခြေသံလုံလွန်းသွားတယ်ဗျာ😁
သား_ကောင် တော်တော် များများတော့ ရခဲ့တယ်ဗျ😁

#မုဆိုး

#မြို့တော်လွိုင်ကော်ရရှိဖို့မုဆိုးတွေကိုပံ့ပိုးစို့
#ဗျူဟာအမှတ်၂

Address

Loikaw

Website

Alerts

Be the first to know and let us send you an email when Karenni Nationalities Defense Force - KNDF/ B-12 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Karenni Nationalities Defense Force - KNDF/ B-12:

Share

Category