ဖတ်စေချင်လို့

ဖတ်စေချင်လို့ အောင်မြင်မှုသို့ လက်တစ်ကမ်းအလို

အရာရာဟာ ကောင်းဖို့ ဖြစ်လာတာပါ✅၂မိနစ်လောက်အချိန်ပေးပြီးဖတ်ကြည့်ပါအရမ်းတန်ဖိုးရှိပါတယ်+++++++++++++++++ဟိုးရှေးရှေးတုန်းက ...
15/07/2022

အရာရာဟာ ကောင်းဖို့ ဖြစ်လာတာပါ✅

၂မိနစ်လောက်အချိန်ပေးပြီးဖတ်ကြည့်ပါ
အရမ်းတန်ဖိုးရှိပါတယ်
+++++++++++++++++

ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးရဲ့အတိုင်ပင်ခံ
အမတ်ကြီးတစ်ပါးဟာ အင်မတန်မှ အကောင်းမြင်
တတ်သတဲ့။ ဘုရင်ကြီးက တစ်ခုခုတိုင်ပင်လိုက်တိုင်း
အကောင်းမြင်တဲ့ဘက်ကနေပဲ ဆွေးနွေးပါသတဲ့။
အကောင်းမြင်အပြုသဘော ဆွေးနွေးတော့ တော်ရုံ
အပြစ်တွေတောင် အပြုသဘောဆောင်ပြီး တစ်ဦးနဲ့
တစ်ဦး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ပြဿနာတွေ
ကို ပျော်ရွှင်စွာ ဖြေရှင်းနိုင်ခဲ့တာ ချည်းပဲတဲ့။

တစ်နေ့မှာတော့ ဘုရင်ကြီးရဲ့လက်မမှာ
ပြည်တည်နာကြီး ပေါက်လာသတဲ့။
အတိုင်ပင်ခံကြီးကို ခေါ်တိုင်ပင်တော့
"အရှင်ဘုရားစိတ်မပူပါနဲ့ ဆေးလိမ်းဆေးသောက်ရင်
ပျောက်သွားမှာပါ ကောင်းဖို့ဖြစ်လာတာပါဘုရား " လို့
လျှောက်တင်သတဲ့။

ဒီလိုနဲ့ဘုရင်ကြီးရဲ့လက်ဟာ မသက်သာပဲ
ဖြတ်လိုက်ရပါတော့တယ်။
အဲဒီလိုနဲ့ အင်္ဂါမစုံတဲ့ဘုရင်ကြီး ဖြစ်သွားတော့တာပေါ့။

အဲဒီတော့ ဘုရင်ကြီးလည်း စိတ်မသက်မသာဖြစ်ပြီး
အတိုင်ပင်ခံကြီးနဲ့ စိတ်ပြေလက်ပျောက်စကားပြောဖို့
ခေါ်လိုက်တော့တာပေါ့။
ဒီတော့ အတိုင်ပင်ခံကြီးက
"ကောင်းဖို့ဖြစ်လာတာပါဘုရား"လို့ ထပ်ပြီး ဖြေသိမ့်ပြန်
တော့ ဘုရင်ကြီးက စိတ်ဆိုးပြီး အတိုင်ပင်ခံကြီးကို

"ဒီလောက်တောင် ကောင်းဖို့ဖြစ်လာရင်
ဆရာကြီးခဏလောက် အကျဉ်းတိုက်ထဲသွားနေချည်လို့"
ဆိုပြီး အကျဉ်းချထားလိုက်ပါတယ်။

တစ်ရက်မှာတော့ ဘုရင်ကြီးဟာ စိတ်အပန်းပြေစေဖို့
အတွက် တောကစားထွက်ခဲ့တယ်။
စိတ်နဲ့လူနဲ့ သိပ်မကပ်တဲ့ဘုရင်ကြီးဟာ ကိုယ်ရံတော်
တွေနဲ့ကွဲသွားပြီး ယစ်ပူဇော်တဲ့ဓလေ့ရှိတဲ့ လူမျိုးစုတွေရဲ့
ဖမ်းဆီးခြင်းကိုခံရပြီး သူတို့က ဘုရင်ကြီးကို ယစ်ပူဇော်ဖို့ လုပ်ကြသတဲ့။
ဘုရင်ကြီးလည်း ပြည်တည်နာပေါက်ကတည်းက
ဂြိုလ်ဆိုးဝင်ခဲ့တာ ခုဆို သေရမယ့် အဆင့်ထိတောင်
ရောက်လာပါလားလို့ တွေးရင်း စိတ်ဆင်းရဲနေတာပေါ့။

ယစ်ပူဇော်ဖို့ ဘုရင်ကြီးကို ရေချိုးပေး အမွှေးနံသာလိမ်း
ပေးချိန်မှာ ဘုရင်ကြီးရဲ့လက်မ ပြတ်နေတာကို တွေ့သွားကြသတဲ့။
ဒီတော့ အင်္ဂါမစုံတဲ့သူနဲ့ယစ်ပူဇော်လို့မရတာကြောင့်
ဘုရင်ကြီးကိုပြန်လွှတ်ပေးလိုက်ကြတယ်။

ဒီတော့မှ ဘုရင်ကြီးဟာ...
"ဝိုး. . . ကောင်းဖို့ဖြစ်လာတာ. . ကောင်းဖို့ဖြစ်လာတာ"
ဆိုပြီး. . . ပျော်ရွှင်စွာနဲ့ နန်းတော်ကိုပြန်လာခဲ့တယ်။

နန်းတော်ကိုရောက်ရောက်ချင်းပဲ ဆရာကြီးကို
အကျဉ်းတိုက်က လွှတ်စေပြီး ခစားခိုင်းသတဲ့။

"ဆရာကြီး ခင်ဗျားပြောတာမှန်တယ်ဗျာ။
ကျနော့်အတွက်ကောင်းဖို့ ဖြစ်လာတာဗျ။ ဒါပေမဲ့
ခင်ဗျားအတွက်တော့ အကျဉ်းကျပြီး အနေဆင်းရဲ
အစားဆင်းရဲ ဖြစ်သွားတယ်ဗျာ။ အဲဒီအတွက်တော့
စိတ်မကောင်းပါဘူး ဆရာကြီး "လို့ပြောလိုက်တယ်။

ဆရာကြီးကပြုံးပြုံးကြီးနဲ့
"ကျနော်မျိုးအတွက်လဲ ကောင်းဖို့ဖြစ်ခဲ့တာပါဘုရားတဲ့။ တကယ်လို့ ကျနော်မျိုးသာ အကျဉ်းမကျရင် မင်းကြီးနဲ့
တူတူလိုက်ရမှာမို့ အဖမ်းခံရတဲ့အခါ ဘုရင်နဲ့ကျနော်
နှစ်ဦးဖမ်းခံရမှာပါ။ ဒီအချိန်မှာ အင်္ဂါစုံသူ ကျနော်ဟာ
ကိုယ်စားယစ်ပူဇော်ခံရပြီး အသက်နဲ့ကိုယ် အိုးစားကွဲမှာပါဘုရား အခုတော့အကျဉ်းတိုက်ထဲမှာ အနားရလို့
ကောင်းဖို့ဖြစ်လာတာပါဘုရား " တဲ့။
ဘုရင်ကြီးကလည်း ကောင်းပါလေ့ဆရာကြီးရယ်လို့
့ပြောပြီး တဟားဟားနဲ့ အားရပါးရ ရယ်ကြပါသတဲ့။

#ကျနော်တို့ ဘဝမှာလည်း
တစ်ခါတရံ အခက်အခဲလေးတွေ
အတိုက်အခိုက်လေးတွေ ကြုံတွေ့လာရတဲ့အခါ
လူတော်တော်များများက
စိတ်ပျက်ညီးညူတတ်ကြတယ်။
အမှန်တော့ အဲဒီအခက်အခဲတွေအတိုက်အခိုက်တွေ
ဆိုတာ နောင်တစ်ချိန် အရာရာအတွက်
ကောင်းဖို့ဖြစ်လာတာပါ။

#ဒါကြောင့် မိတ်ဆွေတို့ဘဝမှာ
ဘယ်လိုအခက်အခဲပဲကြုံကြုံ
ဘယ်လိုအတိုက်အခိုက်ပဲကြုံကြုံ
ကောင်းဖို့ဖြစ်လာတာလို့ စိတ်ထဲမှာမှတ်ပါ။
ခုလည်းပဲ ဒီစာကိုဖတ်ဖြစ်သွားတာဟာ
မိတ်ဆွေအတွက် ကောင်းဖို့ဖြစ်လာတာပါခင်ဗျ။

#အရာရာဟာကောင်းဖို့ဖြစ်လာတာပါ

Credit. .
ပြန်လည်မျှဝေသည်
TMA

ဘ၀မှာ မလုပ်သင့်တဲ့ အချက် (၂၀)၁။ မပျင်းပါနဲ့ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။ စိတ်ကူးယဉ်မနေပါနဲ့။ လုပ္စရာရွိတာ အခုပဲ ထလုပ်လ...
28/06/2022

ဘ၀မှာ မလုပ်သင့်တဲ့ အချက် (၂၀)

၁။ မပျင်းပါနဲ့

ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။ စိတ်ကူးယဉ်မနေပါနဲ့။ လုပ္စရာရွိတာ အခုပဲ ထလုပ်လိုက်ပါ။

၂။ ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့

ဘ၀ကို ပုံပြင်စာအုပ်တစ်အုပ်လို့ သေဘာထားပါ။ တစ်ချို့စာမျက်နှာတွေ မရှိဘူးဆိုရင် အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ဘာကိုမွ မေက်ာ္ပဲ တစ်မျက်နှာချင်း လှန်ဖတ်သွားရင် ဘ၀ရဲ့ရသကို ခံစားရမွာပါ။

၃။ တသမတ်တည်း မလျှောက်လှမ်းပါနဲ့

အသံရင်းမြစ် ဖြစ်ဖို့ကြိုးစားပါ။ ပဲ့တင်သံအဖြစ်ကို ကျေနပ်မနေပါနဲ့။ ကိုယ်ပိုင်စိတ်ကူး အိပ်မက်အသစ်တွေကို ဖော်ဆောင်ဖို့ သတ္တိမွေးပါ။

၄။ အချိန်ကောင်းကို စောင့်မနေပါနဲ့

အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေပါ ဖြစ်ပျက်နေကြတာဖြစ်ပါတယ်။ အချိန်ကောင်းကို စောင့်မနေပါနဲ့။ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရွိပါဘူး။ လုပ္စရာရွိတာကို လုပ်ဖြစ်အောင်လုပ်ပါ။

၅။ ဟန်မဆောင်ပါနဲ့

လူတွေဘယ်လို ထင်မြင်ယူဆမလဲ ဆိုတာကို တွေးပူပြီး ကိုယ့်ကိုယ်ကို လိမ်ညာဟန်ဆောင်မနေပါနဲ့။ ဒီလိုစိုးရိမ်နေမယ်ဆိုရင် သင်ဟာ သင်မဟုတ်တော့ပါဘူး။ ပတ်၀န်းကျင်က ပုံသွင်းတာကို လက်မခံပါနဲ့။ ကိုယ်ပိုင် ယုံကြည်ချက်နဲ့ ရပ်တည်ပါ။

၆။ ပင်ကိုယ်စရိုက်ကို မဖုံးကွယ်ပါနဲ့

တစ်ခါတရံမှ ကျင့်၀တ်သိက္ခာတွေကို ဂရုစိုက်နေမယ့်အစား ပင်ကိုယ်စရိုက်ကို ဖော်ထုတ်ပြတတ်ဖို့လိုပါတယ်။ ဒါက လူသားတွေရဲ့ သဘာ၀ပါ။

၇။ အရာအားလုံးကို မတတ္သာလို့ လုပ်နေရတာမျိုး မဖြစ်ပါစေနဲ့

ဘ၀ဆိုတာ ရတောင့်ရခဲ အခွင့်ထူးတစ်ခုပါ။ ဘ၀အတွက်လုပ်ဆောင်ရမှာတွေကို အာရုံစိုက်တတ်မယ်ဆိုရင် ပျော်ရွှင်မှုနဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိမှာဖြစ်ပါတယ်။

၈။ အားလုံးကိုတစ်ခါတည်းနဲ့ အောင်နိုင်ဖို့ မကြိုးစားပါနဲ့

မိုင်ထောင်ချီဝေးတဲ့ခရီးကို ခြေတစ်လှမ်းနဲ့ စရတာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်လှမ်းစီပဲ လှမ်းနိုင်ဖို့ ကြိုးစားပါ။

၉။ အတိတ်ပြဿနာတွေကို အာရုံစိုက်မနေပါနဲ့

အတိတ္ကို အတိတ်မှာပဲထားခဲ့ပါ။ ဘ၀မွာ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးမှ သင်ခန်းစာကို သိနိုင်တာဖြစ်ပါတယ်။ အတိတ္ကအမွားကို သင်ခန်းစာယူနိုင်ရင် လုံလောက်ပါပြီ။

၁၀။ ဘာဖြစ်နိုင်မလဲ သိပ်မတွေးပါနဲ့

အခွင့်အလမ်းတွေက ဖြစ်ချိန်တန်ရန် ဖြစ်လာပါလိမ့်မယ်။ တွေးပူမနေပါနဲ။

၁၁။ အရေးမပါတဲ့ကိစ္စတွေကြောင့် အာရုံနောက်မခံပါနဲ့

ကောင်းတာတွေရရှိကြုံတွေ့ဖို့ အချိန်စောင့်ရတာကို သိထားပါ။ အကောင်းဆုံးပဲလုပ်ပါ။ ခြေလှမ်းတိုင်းကို အသိအမှတ်ပြုပါ။ က်န္တာအားလုံးကို မေ့ထားပါ။

၁၂။ ဘာကိုမွ စွဲမြဲဆုပ်ကိုင်ထားဖို့ မကြိုးစားပါနဲ့

ဘ၀က ပြောင်းလဲနေပါတယ်။ ဘယ်အရာမှမတည်မြဲဘူးဆိုတာ အမှတ်ရပါ။

၁၃။ လက်ရှိပျော်ရွှင်မှုကို လစ်လျူမရှုပါနဲ့

အခုရှိနေတာကိုမှ အသိအမှတ်မပြုရင် လမ်းဆုံးရင်လည်း ရွာတွေ့မှာ မဟုတ်ပါဘူး။ အနာဂတ္ကို အများကြီး မျှော်လင့်ပြီး လက်ရှိဘ၀ကို အလဟဿမဖြစ်ပါစေနဲ့။

၁၄။ အယူချည်းပဲ မဖြစ်ပါစေနဲ့

ငွေကြေးဥစ္စာပစ္စည်း အရမ်းရှိတယ်ဆိုရင် ချမ်းသာမှုကို ဝေမျှပါ။ မရှိဘူးဆိုရင် နှလုံးသားကို ဝေမျှပါ။ ပေးနိုင်သမျှ ပေးကမ်းစွန့်ကြဲပါ။

၁၅။ တစ်စုံတစ်ယောက်က ကိုယ်စားလုပ်ပေးတာကို စောင့်မနေပါနဲ့

ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုပါဘူး။ ပြောစရာရှိတာပြောပါ။ လုပ်စရာရှိတာလုပ်ပါ။ အတွေးနဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားပါနဲ့။

၁၆။ အမှန်ဖြစ်ဖို့ အမြဲကြိုးစားမနေပါနဲ့

အမွန္တရားဆီကို လမ်းကြောင်းတွေအများကြီးရှိပါတယ်။ တစ်ခါတစ်ရံ အမှန်ကိုသက်သေပြဖို့ထက် အရှုံးပေးလိုက်တာက နှလုံးအေးပါတယ်။

၁၇။ မသိသေးပဲ အကဲမဖြတ်ပါနဲ့

အခြားလူတွေကို ရုပ်ရည်သွင်ပြင်နဲ့ အမူအကျင့်ကိုကြည့်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အကဲဖြတ်တာကို လျှော့ပါ။ ပိုချစ်ခင်တတ်အောင် ကြိုးစားပါ။

၁၈။ အမုန်းကိုလည်း စွဲမြဲမနေပါစေနဲ့

တစ္ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်ကို မေ့လိုက်ချင်ရင် မမုန်းလိုက်မိပါစေနဲ့။ မုန်းမိတဲ့အရာဟာ နှလုံးသားကို အချိန်တိုင်းထိုးဆွနေတတ်ပါတယ်။ မမုန်းပါနဲ့။ ခွင့်လွှတ်လိုက်ပါ။

၁၉။ အချစ်ကိစ္စတွေမှာ အဓိပ္ပါယ်မဲ့တာတွေ သိပ်မတွေးပါနဲ့

ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အကြွင်းမဲလက်ခံပေးတာကို အားလုံးက လိုချင်ကြပါတယ်။ ပြန်ပေးဖို့တော့ ဘာကြောင့် ခက်နေကြတာပါလဲ။ အများကြီးမစဉ်းစားပါနဲ့။ ပျော်ရွှင်မှုချင်း ထပ်တူကျရင် အချစ်စစ်ပါပဲ။

၂၀။ အရင်းနှီးဆုံးမိတ်ဆွေတွေကို ပစ်မထားပါနဲ့

အမြဲတမ်းဆက်သွယ်နေပါ။ သူတို့အတွက် တိုက်ခိုက်ပါ။ သူတို့ကလည်း သင့်အတွက် တိုက်ခိုက်ပေးပါလိမ့်မယ်။ အရင်းနှီးဆုံးမိတ်ဆွေတွေဟာ ဘ၀နဲ့ ယုံကြည်မှုကို တွဲကပ်ပေးနိုင်တဲ့ ကော်တစ်မျိုးဖြစ်ပါတယ်။

Crd-owner

ဆယ်သိန်းလောက် လက်ထဲရှိရင် အဆင်ပြေမယ်လို့ထင်ခဲ့ဖူးတယ် အဲ့နေရာ ကျွန်တော်ရောက်ခဲ့ပြီးပါပြီ မပြေခဲ့ပါဘူးသိန်းတစ်ရာလောက် လက်ထ...
23/06/2022

ဆယ်သိန်းလောက် လက်ထဲရှိရင်
အဆင်ပြေမယ်လို့ထင်ခဲ့ဖူးတယ်

အဲ့နေရာ ကျွန်တော်ရောက်ခဲ့ပြီးပါပြီ
မပြေခဲ့ပါဘူး

သိန်းတစ်ရာလောက် လက်ထဲရှိရင်
အဆင်ပြေမယ်လို့ထင်ခဲ့ဖူးတယ်

အဲ့နေရာ ကျွန်တော်ရောက်ခဲ့ပြီးပါပြီ
သုံးပစ်ချင်စိတ်တွေတအားဖြစ်ခဲ့ပြီး
တော်တော်လေးစိတ်ထိန်းခဲ့ရပါတယ်

သိန်းတစ်ထောင်လောက် လက်ထဲရှိရင်
အဆင်ပြေမယ်လို့ထင်ခဲ့ဖူးတယ်

အဲ့နေရာ ကျွန်တော်ရောက်နေအောင်ကြိုးစားတယ်

ညအိပ်မပျော်တော့ပါဘူး ဒီဟာကို
ဘယ်လိုနေရာမှာ ဘယ်လိုလုပ်ရင်
ငွေသေမနေဘဲ အကျိုးအမြတ်ရမလဲ
ခြံဝယ်လိုက်ရမလား တိုက်ခန်းဝယ်ပြီး
ငှားရမလား ကုန်ကားတွေဝယ် ရမလား နဲ့ပေါ့

ဆယ်တန်းပြီးရင် စာမလုပ်ရတော့ဘူးဆိုတာ
ညာနေတာပါ ဘဝတလျောက်လုံး
စာလုပ်နေရပါတယ်

သိန်းတစ်သောင်းရှိရင် အဆင်ပြေမယ်လို့
ထင်နေပါတယ်

အဲ့နေရာရောက်နေသူရှိရင်
ပြေလား ပြောသွားပေးပါဦး


Credit

တက္ကသိုလ်ဝင်တန်းမအောင်တဲ့ မိန်းကလေးတစ်ယောက်က တောရွာတစ်ရွာမှာ ဆရာမသွားလုပ်ခဲ့တယ်။ကျောင်းသားတွေ နားလည်အောင် စာကို ရှင်းမပြ...
12/06/2022

တက္ကသိုလ်ဝင်တန်းမအောင်တဲ့ မိန်းကလေးတစ်ယောက်က တောရွာတစ်ရွာမှာ ဆရာမသွားလုပ်ခဲ့တယ်။
ကျောင်းသားတွေ နားလည်အောင် စာကို ရှင်းမပြတတ်တော့အလုပ်ထုတ်ခံလိုက်ရတယ်။
ပါးပြင်ပေါ်က ကျလာတဲ့မျက်ရည်တွေကို အမေက ပွတ်သပ်ပေးရင်း သမီးနဲ့ သင့်တော်တဲ့ အလုပ်တစ်ခုတော့ရှိမှာပါ လို့ သူ့ကို နှစ်သိမ့်ခဲ့တယ်။
အဲဒီနောက် သူငယ်ချင်းတွေနဲ့မြို့ပေါ်တက်ပြီး အလုပ်သွားလုပ်ခဲ့တယ်။
မကြာဘူး.. အင်္ကျီစညှပ်ရာမှာ နှေးကွေးလွန်းတယ် ဆိုပြီး အလုပ်ထုတ်ခံလိုက်ရပြန်တယ်။
မကျွမ်းကျင်သေးတဲ့ အလုပ်မှာ စစချင်း နှေးကွေးတာ ဘာမှမဖြစ်ဘူး။
သမီးက ဘာမှ မလုပ်ဖူးဘဲ ကျောင်းပဲတက်ခဲ့လို့ ဖြစ်လိမ့်မယ် လို့ အမေက သူ့ကို နှစ်သိမ့်ပြန်တယ်။အလုပ်ပေါင်းစုံ သူလုပ်ခဲ့တယ်။
အလုပ်တိုင်းတစ်ဝက်တစ်ပျက်နဲ့ ထုတ်ခံလိုက်ရတာချည်းပဲ။ စိတ်ပျက်အားငယ်ပြီး အိမ်ပြန်လာတဲ့ သူ့ကို အမေက အပြစ်မတင်ဘဲ အမြဲနှစ်သိမ့် အားပေးခဲ့တယ်။
သူအသက် ၃ဝမှာ တတ်ထားတဲ့ ပညာလေးနဲ့ ဆွံအနားမကြားကျောင်းမှာဝင်လုပ်ခဲ့တယ်။
အဲဒီနောက် မသန်မစွမ်းကလေးတွေအတွက်ကျောင်းတစ်ကျောင်း ဖွင့်နိုင်ခဲ့တယ်။ နောက်ထပ် မသန်မစွမ်းသူတွေ သုံးစွဲနိုင်တဲ့ ပစ္စည်းတွေကိုဖြန့်ဝေခဲ့တယ်။
အခုဆိုရင် သူဟာ အောင်မြင်တဲ့ သူဌေးတစ်ဦး ဖြစ်ခဲ့ပါပြီ။
တစ်နေ့မှာ အောင်မြင်တဲ့သမီးက အိုမင်းနေတဲ့ အမေရှေ့မှာ ထိုင်ပြီး နှစ်ရှည်လကြာ သူသိချင်ခဲ့တဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကို မေးခဲ့တယ်။
အဲ့တာက သူကျရှုံးနေတဲ့အချိန်၊ အနာဂတ်တွေမဲမှောင်နေတဲ့အချိန်၊ ရှေ့ဆက်ဖို့ လမ်းတွေပျောက်နေတဲ့အချိန်မှာ အမေက ဘာအကြောင်းကြောင့်သူ့အပေါ် ယုံကြည်မှုတွေ ရှိနေသေးသလဲ? ဆိုတာဖြစ်တယ်။အမေရဲ့ အဖြေက ရိုးရိုးလေးပါ။
အမေက ပြောတယ်.. မြေတစ်ကွက်မှာ ဂျုံစိုက်လို့ မဖြစ်ထွန်းရင်၊ ပဲပြောင်းစိုက်ကြည့်ပါ။ ပဲစိုက်လို့လဲ မဖြစ်ထွန်းရင် နေကြာ စိုက်ကြည့်ပါ။ နေကြာစိုက်လို့လဲ အဆံတွေ မပြည့်ခဲ့ရင်တစ်ခြားအပင် ပြောင်းစိုက်ကြည့်ပါ။
ပန်းပွင့်မှာတော့ သေချာတယ်။မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးပင်တစ်ပင်တော့ ရှိပါတယ်။
နောက်ဆုံးမှာအောင်အောင်မြင်မြင်နဲ့ ရိတ်သိမ်းနိုင်ပါလိမ့်မယ်အမေရဲ့ စကားကိုကြားတော့ သူငိုမိတယ်။
မိခင်ရဲ့ မေတ္တာ၊ ယုံကြည်မှုနဲ့အားပေးမှုတွေက မျိုးမသန်တဲ့ ပျိုးတစ်ပင်ကိုတောင် အညှောင့်ပေါက်စေကြောင်းသူနားလည်လိုက်တယ်။မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးတစ်ပင်တော့ရှိပါတယ်။
ပူပြင်းခြောက်သွေ့တဲ့သဲကန္တာရမှာ ရှားစောင်းပင်တွေတောင်လှပတဲ့အပွင့်နဲ့ရှင်သန်ပေါက်ရောက် နိုင်သေးတယ်။
ဘယ်နေရာ၊ ဘယ်ဒေသပဲရောက်ရောက်ကိုယ်နဲ့သင့်တော်တဲ့ နေရာတစ်ခုတော့ ရှိပါတယ်။
သင့်တော်တဲ့ နေရာမှာကိုယ်တတ်စွမ်းသလောက် လှပတဲ့ အပွင့်တွေကို ဖူးပွင့်ကြရအောင်။

CRD Owner

"စိတ်ညစ်ရင် ဒီစာလေးကိုဖတ်ပါ"➖➖➖➖➖🍂➖➖➖➖➖မာနတွေ သိပ်မထားပါနဲ့၊မထားသင့်တဲ့ မာန်မာနကသင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။လူတွေကိ...
12/06/2022

"စိတ်ညစ်ရင် ဒီစာလေးကိုဖတ်ပါ"
➖➖➖➖➖🍂➖➖➖➖➖
မာနတွေ သိပ်မထားပါနဲ့၊
မထားသင့်တဲ့ မာန်မာနက
သင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။
လူတွေကို အပြုံးနဲ့ စ,တင်နှုတ်ဆက်ဖို့
ဘယ်တော့မှ ဝန်မလေးပါနဲ့၊ အပြုံးတွေက
တစ်ဖက်လူကို ပျော်ရွှင်စေသလို
ကိုယ်တိုင်လည်း ပီတီ ဖြစ်စေတယ်။
လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာ
အမြဲရှိပြီးသားပါ သင့်တစ်ယောက်တည်း
မပျော်ရွှင်ဘဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။
ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို
မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလို့ပါပဲ
အဆိုးတွေပြီးရင် အကောင်းဆုံးတွေ
တစ်ကျော့ပြန်လှည့်လာမှာပါ။
ဖြေရှင်းလို့ရတာတွေ ဆက်ဖြေရှင်းပါ
ဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ
အချိန်တစ်ခုကြာတော့လည်း
အပြောင်းအလဲတွေနဲ့ သင့်ကံကြမ္မာ
တစ်ခါပြန် ကံကောင်းလာမှာပါ။
အရေးကြီးတာက
ဘယ်အရာတွေကိုပဲဖြစ်ဖြစ်
ရင်ဆိုင်ရဲတဲ့စိတ်နဲ့
ရင်ဆိုင်ချင်စိတ်လေး ရှိဖို့လိုတယ်။
တစ်စုံတစ်ယောက်ဆီက
မျှော်လင့်ချက်တွေ
ထင်သလို ဖြစ်မလာတဲ့အခါ
မျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ။
အကြိမ်များစွာ သင် မျှော်လင့်သလို
မတုံ့ပြန်တဲ့သူဟာ သင်လိုချင်တဲ့အရာ
သူ မပေးနိုင်ဘူးဆိုတာ
သင် နားလည်ထားဖို့လိုတယ်။
သင့်ကို မနာလိုသူ၊ မလိုလားအပ်သူ၊
သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့
မေ့သာထားလိုက်ပါ။
မေတ္တာဆိုတာ ကျယ်ပြန့်တတ်သလို
ရောင်ပြန်ဟပ်စေပါတယ်။
သင်မျှော်လင့်ထားတဲ့သူဆီက မေတ္တာမရလဲ
အခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေ
အပြည့်အဝ ရစေနိုင်ပါတယ်။
သင့်ကိုဂရုစိုက်သူ အလေးထားသူတွေကိုပဲ
တက်နိုင်သလောက် မမေ့လျော့ပါနဲ့
သူတို့ရဲ့တန်ဖိုးထားမှုကို
အသိအမှတ်ပြုပြီး တုံ့ပြန်ပါ။ ဘာလို့လဲဆိုတော့
သူတို့က ကိုယ့်ရဲ့အသက်ရှင်ရပ်တည်မှုကို
ပိုပြီး အဓိပ္ပါယ်ရှိအောင် လုပ်ပေးတဲ့သူတွေမို့ပါ။
ဖြစ်ချင်တာတွေ တစ်ထပ်ချင်းဖြစ်အောင်
ဖြည်းဖြည်းချင်းလုပ်ယူပါ
အရမ်းကြီး ဆန္ဒ သိပ်မစောပါနဲ့
ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲ
နေ့တိုင်းအကျိုးရှိစွာ
လုပ်ဆောင်နေဖို့သာအဓိကပါ။
နေ့ရက်တိုင်းကစပြီး
ဒီနေ့ထိ သင် စိတ်ညစ်နေရင်
ပျော်ရွှင်စရာလေးတစ်ခုခုတော့ရှာဖွေပါ။
ဥပမာ။ ။ ဟာသ Video လေး၊
ရယ်မောစရာ ကာတွန်းလေးတွေကြည့်၊
ရယ်စရာပြောတတ်တဲ့ သူငယ်ချင်းတွေနဲ့
စကား‌ပြောရင်း ပြုံးရယ်စရာလေးတွေနဲ့
အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။
လူသားတိုင်း မပျော်ဘဲ ပြုံးနေရတဲ့
ဘဝဆိုတာ အမြဲရှိပြီးသားပါ။
တချို့လူတွေ ပျော်ရွှင်နေရတယ်ဆိုတာ
စိတ်ညစ်စရာ လုံးဝမရှိလို့ မဟုတ်ဘူး။
သူတို့ကိုယ်တိုင်က
ပျော်ပျော်နေတတ်လို့ပါ။ ပြီးတော့
ပျော်ရွှင်ခြင်းဆိုတာ
သင်ကိုယ်တိုင် ဖန်တီးယူရတာပါ။
ကိုယ့်ကိုယ်ကို ကံအဆိုးဆုံးလို့
ဘယ်တော့မှမတွေးပါနဲ့။
သင့်ဘဝ ဘယ်လောက်ဆိုးရွားပါစေ
ကိုယ့်ထက်ဆိုးရွားတဲ့လူတွေ
ကိုယ့်ထက်ကံဆိုးတဲ့သူတွေ
ဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။
အတွေးလေးတစ်ခု
ပြောင်းလဲတွေးခေါ်တတ်ဖို့ပဲ လိုပါတယ်။
နောက်ဆုံးတစ်ခုကတော့
ကံဆိုတာ"အလုပ်" အလုပ်ဆိုတာ"ကံ"ပါ။
ဆိုးတာတွေလုပ်နေရင်
အဆိုး‌တွေချည်းပဲ ကြုံတွေ့နေရမှာပါ။
ဒါကြောင့်
သင် အမြဲကောင်းတာတွေ
ကြံစည်လုပ်ကိုင်နေရင် တစ်နေ့တော့
သင်အမြဲကံကောင်းလာမှာ ဧကန်မုချပါပဲ။
➖➖➖➖➖➖➖🍂➖➖➖➖➖➖➖
Credit... မူရင်ရေးသားသူအား လေးစားစွာဖြင့်

စက်ရုံ မီးအကြီးအကျယ် လောင်တယ်အမေရိကန်ဒေါ်လာ (၂၃) သန်း ဆုံးရှုံးခဲ့တယ်စက်ရုံ ပိုင်ရှင်က မတ်တပ်ရပ် ကြည့်နေတယ်။ဘေးမှာ သူ့သာ...
09/06/2022

စက်ရုံ မီးအကြီးအကျယ် လောင်တယ်
အမေရိကန်ဒေါ်လာ (၂၃) သန်း
ဆုံးရှုံးခဲ့တယ်
စက်ရုံ ပိုင်ရှင်က မတ်တပ်ရပ်
ကြည့်နေတယ်။

ဘေးမှာ သူ့သားက ရပ်နေတယ်...
စက်ရုံပိုင်ရှင်က
သူ့သားကို ပြောတယ်
သား မင်းအမေကို သွားခေါ်
ဒီလောက်ကြီးတဲ့ မီး မင်းတို့ဘဝမှာ
တစ်ခါမှ တွေ့ရတော့မှာမဟုတ်ဘူး။
သားက အဖေရယ် သားတို့စက်ရုံ
မီးလောင်နေတာလေ။

အဲဒီပိုင်ရှင်က ဘယ်သူလဲ သိလား
သောမတ်အက်ဒီစင် ပါ။
အဲဒီအချိန်မှာ
သူ့အသက်က ၆၇ နှစ်ရှိနေပြီ။
ဘာဆက်လုပ်မလဲလို့
သတင်းစာသမားတွေက မေးတယ်။

သောမတ်အက်ဒီစင်က
ဟ ဘာလုပ်ရမလဲ
အသစ်က ပြန်စ ရမှာပေါ့တဲ့...

ဒါကြောင့် ...
အသက် ၆၇ နှစ်အရွယ်တောင်
ရောက်နေမှ ဆုံးရှုံးခဲ့ရတယ်
သူ စိတ်ဓါတ် ကျသွားသလား ။
No ပါ ...
ပိုပြီးတောင် အောင်မြင်ခဲ့တယ်။

ဘဝမှာ တစ်ခါတစ်လေ အိပ်မက်တွေ
သဲထဲရေသွန်သလို ဖြစ်တတ်တယ်...
ဘဝကို ဖျက်စီးမယ့်သူတွေကတော့
ရှိနေမှာပဲ
အောင်မြင်သူတွေက ဆုံးရှုံးသွားလဲ ငိုမနေဘူး
ဆက်ကြိုးစားကြတယ်...
ခဲတံကြိုးရင် ဘာလုပ်မလဲ
ဆက်ချွန်ရမှာပေါ့။💪💪💪

21/01/2022

#အပေါ်ယံလူ့မနော

ဤဇာတ်လမ်းလေးသည် အိန္ဒိယနိုင်ငံမှ
နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး အမီတာဘချမ်း ပြန်ပြောပြသည့်
ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါသည်။

တစ်နေ့တွင် ဘချမ်းသည် လေယာဉ်ဖြင့်
ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။
လေယာဉ်ပေါ်ရှိ သူနှင့်
ဘေးချင်းကပ်လျက်ကျသော
လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး
ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ
ဝတ်ထားသော သာမန် လူလတ်တန်းစား
ပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။

ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။
သတင်းစာတစ်စောင်ကို ဖတ်နေသည်။
ထိုစဉ် လေယာဉ်မယ်လေးက
လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံသည်။

သူက လက်ဖက်ရည်ခွက်ကို
ယူလိုက်ပြီး ဘချမ်းကို ပြုံးပြလိုက်သည်။
ဘချမ်းက သူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး

“ဟဲလို” ဟုနှုတ်ဆက်လိုက်သည်။

သူကလည်း “ဟဲလို” ဟု ပြန်ပြောသည်။

ထိုလူကြီးက သူ့ကို ပြုံးကာကြည့်လိုက်ပြီး

“မောင်ရင် ဘာများလုပ်သလဲကွယ်” ဟု
မေးလိုက်သည်။

သေချာသည်မှာ သူသည် ဘချမ်း၏
ရုပ်ရှင်များကို မကြည့်ဘူးပါ။
ထို့ကြောင့် ဘချမ်းက ပြုံးလိုက်ပြီး

“ရုပ်ရှင်လုပ်ငန်း လုပ်ပါတယ်ခင်ဗျာ ... ဦး
ရုပ်ရှင်ကြည့်ပါသလား”

“အင်း ကြည့်တော့ကြည့်တယ် ...
အများကြီးတော့ မဟုတ်ဘူး ...
နှစ်တော်တော်ကြာမှ တစ်ကားလောက် ဆိုပါတော့”

သေချာသည်မှာ သူသည် ဘချမ်း၏
ရုပ်ရှင်တွေကို မကြည့်မိသေးကြောင်းဖြစ်သည်။ သူ့စိတ်ထဲကလည်း သူလို နာမည်ကျော်
တစ်ယောက်ကို မသိရကောင်းလားဆိုကာ
စိတ်ခုသွားမိသည်။

“မောင်ရင်က ရုပ်ရှင်လုပ်ငန်းမှာဆိုတော့
ဘာတွေ လုပ်သလဲ”

“ကျွန်တော်က သရုပ်ဆောင်တစ်ယောက်ပါ”

“အိုး ... မင်းသားလား ကောင်းတာပေါ့”

သူက ဤမျှသာပြန်ပြောသည်။
ထိုစဉ် လေယာဉ်က ဆင်းသက်နေပြီ။
သူတို့ ထွက်ခွာရတော့မည်။
ဘချမ်းက ထိုလူကြီးကို လက်ထိုးပေးရင်း

“ကျွန်တော် အမီတာ ဘချမ်းပါ”

ထိုလူကြီးကလည်း ပြုံးပြလိုက်ပြီး

“ဟုတ်လား ... ဝမ်းသာပါတယ်ကွယ် ...
ဦးနာမည်လည်း မှတ်ထားပါ
ဂျေ အာ ဒီ တာတာ”

အမှန်တော့ တာတာဆိုသည်မှာ
အိန္ဒိယနိုင်ငံမှ သန်းပေါင်းများစွာ
ချမ်းသာသော TATA လုပ်ငန်းရှင်
သူဌေးကြီး တစ်ယောက်ဖြစ်သည်။

ဘချမ်းက ပြန်ပြောပြသည်မှာ••••
“ကျွန်တော် အဲဒီနေ့ကစပြီးတော့
အများကြီး သင်ခန်းစာရသွားတယ်။
ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်
အလွန်ကြီးမြတ်တဲ့
ပုဂ္ဂိုလ်ကြီးတစ်ယောက်လို့ထင်ပြီး
သွေးနားထင်ရောက်နေတာ။

သူက ကျွန်တော့်ကို မသိဘူးဆိုတာ
စိတ်ထဲတစ်မျိုးဖြစ်မိတာပေါ့။
ကျွန်တော့်ကို သူမသိတာ ဘာမှမဟုတ်ပါလား ...
သူ့ကို ကျွန်တော် မသိတာမှ
တော်တော်နောင်တရသွားတာ။

အလွန်ရိုးသားနှိမ့်ချပြီး
သူ့ကိုယ်သူဘာမှန်းမသိအောင်
နေပြသွားတဲ့ သူဌေးကြီးတစ်ယောက်က
ပေးသွားတဲ့ သင်ခန်းစာက

#ရိုးဂုဏ်ဆိုတာတန်ဖိုးဖြတ်လို့မရဘူးဆိုတာပဲ”

(Amithabh Bachan’s Traveling with Gentleman)

‌သွေးနထင်ရောက်ပီး
ဘဝင်မြင့်နေသူတွေအတွက်
တဖက်လူက ကိုယ်ထက် အဖက်ဖက်က
ပြည်စုံ သာလွန် ရှိနေနိူင်တာလည်း
ဖြစ်တတ်ကြတာမို့
သတိထားဆက်ဆံနိူင်ကြပါစေ။
May Yadanar

Credit.... #ဆရာတင်ညွန့်
Copy: wai hinn phyu

ယနေ့အကြိုက်ဆုံးပုံ * LIFE *၁။ စာလည်း မဖတ်ဘူး ၊    ပညာလည်း မတတ်ဘူး၊    စီးပွားရေးလည်း မရှိရင်...သာယာတဲ့ လောကကြီးကို မြင်ရ...
18/10/2021

ယနေ့အကြိုက်ဆုံးပုံ * LIFE *


၁။ စာလည်း မဖတ်ဘူး ၊
ပညာလည်း မတတ်ဘူး၊
စီးပွားရေးလည်း မရှိရင်...
သာယာတဲ့ လောကကြီးကို
မြင်ရမှာလည်း မဟုတ်ဘူး။
ကြည့်ခွင့်လည်း မရဘူး။

၂။ စာတွေဖတ်
ပညာတတ်ပါသော်လည်း
စီးပွားရေး မရှိရင်တော့...
လောကကြီးရဲ့ အောက်ခြေအလွှာ
တစ်စွန်းတစ်စပဲ သင်မြင်ရလိမ့်မယ်။

၃။ စာမတတ် ပေမတတ်နဲ့
စီးပွားရေးပဲ ချမ်းသာကြတဲ့အခါ...
သာယာလှတဲ့ လောကကြီးကို
အပေါ်စီးက ဘောင်ကျော်သွားပီး
မမြင်နိုင်တော့ဘူး။

၄။ စာတတ်ပေတတ်
ပညာတတ်သည့်အပြင်
စီးပွားရေးလည်း မျှတသင့်တော်စွာ
ရှာနိုင်ပါမှ...
လောကအလယ် လှပတင့်တယ်စွာ
မြင်နိုင် ရှုနိုင်ပါလိမ့်မည်။

#ခရစ်ဒစ်_မူရင်းရေးသားသူကိုလေးစားစွာဖြင့်
.

💠💠💠💠💠💠💠💠💠💠💠💠💠

" ဒဿန စာစုများ "၁။ ကြိုးစား၍ရှုံးရသည်မှာ ရှက်စရာမဟုတ်၊ ရှုံးမည်ကို ကြောက်၍ မကြိုးစားခြင်းကသာ ရှက်စရာဖြစ်တယ်။၂။ အချစ်ကိုတ...
24/09/2021

" ဒဿန စာစုများ "

၁။ ကြိုးစား၍ရှုံးရသည်မှာ ရှက်စရာမဟုတ်၊
ရှုံးမည်ကို ကြောက်၍ မကြိုးစားခြင်းကသာ ရှက်စရာဖြစ်တယ်။

၂။ အချစ်ကိုတော့ နှလုံးသားနဲ့ချစ်၊
ဘဝကိုတော့ ဦးနှောက်နဲ့တွက်ပါ။

၃။ ဒေါသထွက်တဲ့အချိန်ဟာ အမှားအများဆုံးလုပ်မိတဲ့ အချိန်ဘဲ။

၄။ ပျင်းရိခြင်းနဲ့ ရောင့်ရဲခြင်းဟာ လုံး၀မတူပါဘူး။

၅။ နှလုံးသားမှာ စည်းမရှိဘူး။
ဒါပေမဲ့ အသိစိတ်တံတိုင်းနဲ့တော့ ကန့်သတ်ထားသင့်တယ်။

၆။ စိတ်ပျက်ရင် အကုန်ပျက်ပြီ။
ဘဝသည်စိတ်ဓာတ်နှင့်သာ ရပ်တည်နေပါသည်။

၇။ မည်မျှဝေးသော ခရီးဖြစ်ပါစေ။
ခြေတစ်လှမ်းဖြင့် စတင်လျှောက်ရမည်ဖြစ်သည်။

၈။ မိတ်ဆွေ .... သူတစ်ပါးဂုဏ်သိက္ခာကျသွားမှ....
ကိုယ့်ဂုဏ်သိက္ခာ အတက်ခံမှာလား????

၉။ ရိုးသားရုံနဲ့တော့မကြီးပွားဘူးနော် ....
ကြိုးစားမှုလည်း ပါဦးမှအောင်မြင်မှာပါ။

၁၀။ မင်းဘဝမှာဘယ်အရာက
အရေးကြီးဆုံးလဲဆိုတာ သိဖို့လိုတယ်။

၁၁။ ပိုက်ဆံဆိုတာ လိုအပ်တဲ့နေရာမှာသုံးဖို့ ......
ဖြုန်းဖို့ တော့မဟုတ်ဘူးနော်။

၁၂။ သူများရဲ့စိတ်ကို မပိုင်ပေမယ့်
ကိုယ့်စိတ်ကိုတော့..ပိုင်အောင် ကြိုးစားသင့်တယ်။

၁၃။ ရုန်းကန်ခြင်းက ခွန်အားကို တည်ဆောက်ပေးတယ်။

၁၄။ အောင်မြင်မှုဆိုတာ အချိန် ၊နေရာ၊ အခြေအနေတွေ
ချည်း မဟုတ်ဘူး။ လူအပေါ်မှာလည်းမူတည်သေးတယ်။

၁၅။ လောကမှာ လောဘနည်းလေကောင်းလေဘဲ။

၁၆။ မင်းသာရိုးသားကြိုးစားစမ်းပါ။
အခွင့်အရေးက အလိုလိုတံခါး လာခေါက်ပါလိမ့်မယ်။

၁၇။ ယှဉ်ပြိုင်မှုရှိမှ တိုးတက်တယ်ဆိုပေမဲ့ အရာရာတိုင်းကို လည်းယှဉ်ပြိုင်စရာလို့ သဘောမထားသင့်ဘူး။

၁၈။ ကျော်မတက်နဲ့ချော်ထွက်တတ်တယ်။

၁၉။ ရုပ်အလှနဲ့စိတ်အလှကို ခွဲခြားသိဖို့လိုတယ်နော်။

၂၀။ ပျင်းရိခြင်းသည် အခွင့်အရေးကို ဆုံးရှုံးစေ၏။

၂၁။ အလှတရားဆိုတာ ဘဝသမားအတွက်တော့
မရှိမဖြစ်မဟုတ်တာ အသေအချာပါဘဲ။

၂၂။ အခွင့်အရေးဆိုတာ လူတိုင်းအတွက်အမြဲတမ်း အဆင်သင့်မရှိပါ။

၂၃။ လိမ်ညာပြီး မပြောတတ်တဲ့သူကို လူတိုင်းက ယုံကြည်တယ်။

၂၄။ အချိန်မတန်ပဲ ပြောတဲ့စကားဟာ အရာမရောက်ဖြစ်တတ်တယ်။

၂၅။ သူများကို ပေးပါ။ ဒါပေမဲ့ ဘာကိုမှ ပြန်မရလည်း
လက်ခံနိုင်စွမ်းရှိရဲ့လားဆိုတာကို သတိပြုပါ။

၂၆။ သည်းခံတာနဲ့စိတ်ဓာတ်ပျော့ညံ့တာ မတူဘူးနော် ။

၂၇။ မျှော်လင့်ခြင်းမျိုးစေ့ကို ရေလောင်း ပေါင်းသင်လိုက်ပါ။ တစ်ချိန်ချိန်မှာ အသီးအပွင့်တွေနဲ့ ဝေဆာလာပါလိမ့်မယ်။

၂၈။ ဟန်သမားထက် အမှန်သမားကို ပိုနှစ်သက်ကြတယ်။

၂၉။ ဘဝမှာသင်ဟာ အရိပ်မရှိတဲ့ သစ်ပင်တစ်ပင်လို မဖြစ်စေနဲ့။

၃၀။ မှားမှာကိုကြောက်ခြင်းဟာ တိုးတက်မှုကို ရပ်တန့်စေတယ်။

၃၁။ မင်းရဲ့ အပြုအမှုတွေကိုအမြဲ စစ်ဆေးပါ။
ချို့ယွင်းချက်တွေရှိခဲ့လည်း အမြန်ဆုံး ပြင်ဆင်ပါ။

CRD…

“တချို့လူတွေကတော့ ဆင်းရဲမြဲဆင်းရဲတချို့သူတွေကချမ်းသာမြဲချမ်းသာ ရခြင်းအကြောင်း ”ဟိုး တစ်ချိန်က အရမ်းကို ဆင်းရဲတဲ့လူတစ်ယော...
27/10/2020

“တချို့လူတွေကတော့ ဆင်းရဲမြဲဆင်းရဲ
တချို့သူတွေကချမ်းသာမြဲချမ်းသာ ရခြင်းအကြောင်း ”

ဟိုး တစ်ချိန်က အရမ်းကို ဆင်းရဲတဲ့လူတစ်ယောက်ရှိတယ်။သူ့ကို အရမ်းချမ်းသာတဲ့လူတစ်ယောက်ကတွေ့တော့ သနားပြီး သူ့ကို ကြီးပွားလာအောင် ကူညီချင်စိတ်တွေပေါ်လာတယ်။

သူဌေးက သူ့ကို နွားတစ်ကောင်လက်ဆောင်ပေးခဲ့တယ်။သူ့ကို လယ်ယာထွန်ယက်ဖို့ သေချာမှာခဲ့တယ်။
အခုချိန်မျိုးစေ့ ကြဲထားပြီး ကောင်းကောင်းထွန်ယက်ရင် ဒီနှစ်ကုန်ရင် ဆင်းရဲတယ် ဆိုတဲ့စကားလုံးနဲ့ ဝေးဝေးခွာနိုင်တော့မှာပါလို့ ပြောခဲ့တယ်။

ဒီသူဆင်းရဲလေးကတော့ အစပိုင်းမှာ မျှော်လင့်ချက်
အပြည့်နဲ့ တက်တက်ကြွကြွလုပ်ရှာတယ်။
ဒါပေမဲ့ ဘယ်လောက်မှ မကြာလိုက်ဘူး။
နွားက မြက်စားတယ်။လူက ထမင်းစားတယ်။
ဖြတ်သန်းရတဲ့ဘ၀က အရင်ကထက်တောင်ခက်ခဲနေသေးတယ်။

သူဆင်းရဲလေးက ပြန်စဉ်းစားတယ်။
နွားကို ရောင်းလိုက်ပြီး ဆိတ်တချို့၀ယ်လိုက်ရင်ကောင်းမယ်။တစ်ကောင်ကို အရင်သတ်စားလိုက်ပြီး ကျန်တာတွေကို ဆက်မွေးထားလိုက်မယ်။ ဆိတ်ကလေးတွေမွေးလာလို့ ကြီးလာရင် ပြန်ရောင်းစားလို့ရတယ်။ဒါလဲ တော်တော်လေး အမြတ်ရနိုင်တယ်။

သူဆင်းရဲလေးရဲ့ အစီအစဉ်ကလဲ အထမြောက်လိုက်ပါတယ်။ဆိတ်တစ်ကောင်ဘဲ သတ်စားလိုက်တယ်။နောက်ပိုင်းမှာ ဆိတ်ကလဲ တော်တော်နဲ့ ကလေးမမွေးနိုင်တာနဲ့ မအောင့်နိုင်ဘဲ ဆိတ်နောက်တစ်ကောင်သတ်စားလိုက်တယ်။

သူပြန်စဉ်းစားတယ်။ဒီတိုင်းဆို မဖြစ်တော့ဘူး။
ဆိတ်ကိုလဲ ရောင်းပစ်လိုက်ပြီး ကြက်၀ယ်လိုက်ရင်ကောင်းမယ်။ကြက် က ဥဥတာပိုမြန်တယ်။ကြက်ဥကနေ ၀င်ငွေ ချက်ချင်းရနိုင်တယ်။ဒါဆိုရင် ငါလဲ နည်းနည်းချောင်သွားလိမ့်မယ်။

သူစီစဉ်ထားတဲ့ အတိုင်း အထမြောက်သွားပြန်တယ်။ ဒါပေမဲ့ သူ့ရဲ့ ဘ၀ကပြောင်းလဲမှုမရှိဘူး။
ခက်ခဲလာပြန်ပြီ။နောက်ဆုံးတော့လဲ မနေနိုင်ဘဲ တစ်ကောင် သတ်မိပြန်တယ်။ဒီလိုနဲ့နောက်ဆုံး ကြက်တစ်ကောင်ဘဲ ကျန်တဲ့အချိန်မှာ သူတော်တော်လေး စိတ်ဓာတ်ကျသွားတယ်။

သူ ပြန်စဉ်းစားတယ်။ကြီးပွားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ကြက်ကို ရောင်းပြီး အရက်၀ယ်သောက်တာဘဲ ကောင်းပါတယ်။ဗိုက်ထဲ အရက်၀င်သွားရင် အတွေးထဲကို အနောက်အယှက် မ၀င်တော့ပါဘူးလေ။

နှစ်ကုန်လို့ သူ့ကိုကူညီခဲ့တဲ့ သူဌေး သူ့ဆီကို ပြန်ရောက်လာတယ်။ပြန်တွေ့လိုက်တာကတော့ အရက်လေးတမြည်းမြည်းနဲ့ မူးနေတဲ့ သူကိုတွေ့လိုက်တယ်။
နွားကလဲ မရှိတာကြာရောပေါ့။အိမ်ကလဲ စုတ်ပြတ်မြဲ စုတ်ပြတ်နေတယ်။

သူဌေးက သူ့ရှေ့မှာ ရှိတဲ့ မြင်ကွင်းကိုတွေ့တော့ သက်ပြင်းချလိုက်ပြီး ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားလိုက်တယ်။သူဆင်းရဲလေးကတော့ ဆင်းရဲမြဲ ဆင်းရဲနေတယ်။

ဆင်းရဲတဲ့လူအများစုမှာလဲ အိပ်မက်ဆိုတာရှိခဲ့တယ်။
အခွင့်အရေးဆိုတာလဲ ကြုံခဲ့တယ်။ကြိုးလဲ ကြိုးစားခဲ့တယ်။ဒါပေမဲ့ တစိုက်မက်မက်လုပ်ဖို့ဆိုတာ ခက်ခဲလာတယ်။

စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်သူအောင်မြင်တဲ့လျှို့ဝှက်ချက်ကို ပြောခဲ့ဖူးတယ်။
“ပိုက်ဆံ မရှိတဲ့အချိန် ဘယ်လောက်ထိဘဲ ခက်ခဲနေပါစေ ရင်းနှီးထားတဲ့ငွေနဲ့ စုထားတဲ့ငွေကို မထိမိပါစေနဲ့။ဖိအားက မင်းကို ငွေရှာဖို့ နည်းလမ်းသစ်တွေပေးနိုင်တယ်။အကြွေးရှင်းဖို့ တွန်းအားပေးနိုင်တယ်။
ဒါဟာ ကောင်းတဲ့ အကျင့်လေးတစ်ခုပါတဲ့”

စရိုက်က အကျင့်တစ်ခုဖြစ်စေတယ်။
အဲဒီအကျင့်က အောင်မြင်မှုကို ဆုံးဖြတ်ပေးတယ်။

အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူရဲ့ အဓိက ကွားခြားတဲ့နေရာကတော့ အောင်မြင်တဲ့သူမှာ ပန်းတိုင်ကို သတ်မှတ်ထားပြီးရင် ရဲရဲချီတက်တယ်။
အခက်အခဲတွေ့ရင် နည်းလမ်းကို ပြောင်းပြီး ထပ်ကြိုးစားတယ်။

ရှုံးနိမ့်တဲ့သူကတော့ ပန်းတိုင်ကို သတ်မှတ်ပြီးရင် အခက်အခဲတွေ့တာနဲ့ ပန်းတိုင်ကို ပြောင်းပစ်တယ်။ လမ်းကြောင်းကိုပြောင်းပစ်တယ်။အစီအစဉ်က ပြောင်းလဲမှုတွေကို ဘယ်လိုမှ လိုက်မမှီဘူး။

်းစနစ်ကျကျအတွေးအခေါ်

08/08/2020

အောင်မြင်တဲ့သူတွေမှာ ရှိနေတဲ့အလေ့အကျင့်ကောင်းတွေကဘာလဲ?

(1)မနက်စောစောထတယ်

မနက်စောစောထခြင်းဟာစိတ်ကို ကြည်လင်လန်းဆန်းစေပယတယ် ။နေ့တစ်နေ့ကိုလန်းလန်းဆန်းဆန်း နဲ့စတင်ခဲ့တာမို့ လုပ်ငန်းခွင်မှာလဲ အရာအားလုံးအဆင်ပြေနိုင်ပါတယ် ။

(2)စာများများဖတ်တယ်

စာပေဆိုတာမျိုးကယူတတ်ရင် လူတွေအတွက် ကောင်းကျိုးဆိုတာအများကြီးပါ ။အပြင်မှာမရနိုင်တဲ့ ဗဟုသုတတွေကို စာအုပ်ထဲမှာရှာဖွေပါ ။စာဖတ်အားကောင်းလာတာနဲ့အမျှ တွေးတောကြံဆနိုင်လာပါတယ် ။ ကိုယ့်ရဲ့တစ်နေ့တာမှာ စာဖတ်ဖို့အချိန်လေးအနည်းငယ်ပေးပြီး စာဖတ်ပါ။

(3)မိမိကိုယ်ကို အချိန်ပေးတယ်

ဒါကလူတစ်ယောက်အတွက် အရေးကြီးဆုံးပါပဲ ။ကိုယ့်အတွက် အချိန်ပေးခိုင်းရတာက ကိုယ့်ရဲ့လုပ်ရပ်တွေ ကိုယ့်ရဲ့ဆုံးဖြတ်ချက် တွေမှန်လား မှားလားပြည့်စုံမှုရှိရဲ့လား။ ဘယ်နေရာမှာလိုအပ်နေတာ ရှိလဲဆိုတာတွေကို စိစစ်နိုင်ဖို့ပါ ။ပြီးတော့ အနားယူရာလည်း ရောက်ပါတယ် ။ ကိုယ်ဝါသနာပါရာအလုပ်လေးတွေ ကိုလည်းလုပ်လို့ရပါတယ် ။

(4)ယုံကြည်ချက်အတိုင်း အလုပ်လုပ်တယ်

ဒါကသူတို့ကို အောင်မြင်စေတဲ့အချက်လို့ထင်ပါတယ် ။သူတို့ယုံကြည်ရာကို သူတို့လုပ်ပါတယ် ။သူတို့ယုံကြည်ချက်အတွက် အသက်ရှင်ပါတယ် ။
Mark Zuckerberg တို့ Bill Gates တို့လိုအောင်မြင်နေတဲ့
သူတွေဟာ သူတို့ယုံကြည်ချက်အတွက် တက္ကသိုလ်ပညာရေးကို တောင်ဆုံးခန်းတိုင်အောင် သင်ခဲ့ကြတာမဟုတ်ပါဘူး ။ ပညာရေးထက် သူတို့ယုံကြည်မှုက ပိုအရေးကြီးလို့ခံယူထားကြတာပါ ။ယုံကြည်ချက်အတွက် အသက်ရှင်ပါ။ ယုံကြည်ရာကိုပဲလုပ်ပါ။

------------------------

Crd

20/04/2020

အချိိန်တွေ ပိုနေလား စိတ်ထဲရှိတာတွေ ချရေးလိုက်ပါ ဘယ်သူမှမဖတ်ရင်တောင် အနည်းဆုံးတော့ ဖုံးကွယ်နေတဲ့ စိတ်ကူးစိတ်သမ်းနဲ့ အတွေးအမြင်တွေကို ရှင်သန်လာစေတယ်

Address

No(5)
Lashio

Telephone

09452000100

Website

Alerts

Be the first to know and let us send you an email when ဖတ်စေချင်လို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ဖတ်စေချင်လို့:

Share

Category