29/05/2026
ပျင်းလို့ ပွဲရှာလိုက်တာ ပျော်စရာကြီးဟေး
တခုတော့ သိအောင် ပြောပြချင်ပါတယ်
ကျွန်တော်က NUG မုန်းတီးရေးသမားလုံးဝမဟုတ်ပါဘူး
NUG နဲ့လဲအဆင်ပြေသော ဆက်ဆံရေးမှာ ရှိတဲ့ တပ်ကပါ
အစိုးရတရပ်အနေနဲ့လဲ ကျွန်တော့်သဘောထားအရ လက်ခံပါတယ်
ဒီလိုလက်ခံထားတဲ့အလျောက်လဲ တခုခုဆို လူထုပဲ့ပြင်မှုလိုအပ်တယ်လို့ ခံစားရလို့ ထောက်ပြဝေဖန်ပါတယ်
ကျွန်တော် မဖြစ်ချင်တာ တခုပဲ ရှိပါတယ်
တခုခုကို မျက်စိမှိတ်ယုံတဲ့ အစွန်းရောက် တော်လှန်ရေးသမားပါ
မကြိုက်ရင် မကြိုက်တာကို ရဲရဲကြီး ပြောရဲတဲ့ ဒီမိုကရေစီဘက်သားပဲ ဖြစ်ချင်ပါတယ်
မည်သူမဆို ကိုယ့်ဆန္ဒကို ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ပါတယ်
ဒါပါပဲ