22/01/2021
ကျောက်ဆည်၊ ဇန်နဝါရီ ၂၂
အကျဉ်းသားများ၏ ဥပဒေပါ အခွင့်အရေး အပြည့်အဝရရှိရေးအတွက် ဘဲလင်း (၁)၊ ဘဲလင်း (၂) ရဲဘက်စခန်းများအား မန္တလေးတိုင်းဒေသကြီး တရားလွှတ်ဝောာ် တရားသူကြီး ဦးမြင့်ဆန်း ကြည့်ရှုစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဦးမြင့်ဆန်းသည် ကျောက်ဆည် ဒုတိယခရိုင်တရားသူကြီး ဒေါ်အေးအိခိုင်၊ မြို့နယ်တရားသူကြီး ဒေါ်သဲမို့မို့ဆွေနှင့် ဒေါ်သူဇာလှိုင် တို့ လိုက်ပါလျက် စဉ့်ကိုင်မြို့နယ်၊ ဘဲလင်း (၁) နှင့် ဘဲလင်း (၂) ရဲဘက်စခန်းသို့ ယနေ့ (၀၉:၃၀) နာရီအချိန်တွင် ရောက်ရှိပြီး အကျဉ်းသားများ၏ ဥပဒေအရ အခွင့်အရေးများ ရရှိရေး၊ COVID 19 ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ခွင့်ရရှိရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။