ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

  • Home
  • Myanmar
  • Kyaukpadaung
  • ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ Transitional Public Administration, Kyaukpadaung Township

19/02/2024

စကစ မတရားဥပဒေနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံသို့ ဆက်သွယ် ဆောင်ရွက်ကြပါရန်

22/11/2023
အညာမြေ အထူးကွန်မန်ဒိုတပ်ဖွဲ့ ညောင်ဦးခရိုင် တပ်ရင်း ၁ နှင့် မြစ်ငယ် PDF မန္တလေးခရိုင် တပ်ရင်း ၆ ပူးပေါင်းပြီး ဒေါ်အောင်ဆ...
19/06/2023

အညာမြေ အထူးကွန်မန်ဒိုတပ်ဖွဲ့ ညောင်ဦးခရိုင် တပ်ရင်း ၁ နှင့် မြစ်ငယ် PDF မန္တလေးခရိုင် တပ်ရင်း ၆ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား မနေ့က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ပန်းကပ်လှူ ဆုတောင်းခြင်း၊ မိန်းကလေးများ ပန်းပန်ခြင်း၊ ပရိုဖိုင်ကို ပန်းပွင့်တစ်မျိုးမျိုးပုံ ချိန်းခြင်းတို့ဖြင့် ပန်းသပ...
18/06/2023

ပန်းကပ်လှူ ဆုတောင်းခြင်း၊ မိန်းကလေးများ ပန်းပန်ခြင်း၊ ပရိုဖိုင်ကို ပန်းပွင့်တစ်မျိုးမျိုးပုံ ချိန်းခြင်းတို့ဖြင့် ပန်းသပိတ်မှာ ပါဝင်ဆင်နွှဲကြပါရန် တိုက်တွန်းအပ်ပါသည်.....

၁၉ရက် နေ့မှာ မိမိတို့ပတ်ဝန်းကျင်နှင့် ဆိုရှယ်မီဒီယာတွေပေါ် မှာတော်လှန်ပန်းတွေနဲ့ ဝေကြမယ်။ #ပန်းသပိတ် လူထုခေါင်းဆောင် နှင...
17/06/2023

၁၉ရက် နေ့မှာ မိမိတို့ပတ်ဝန်းကျင်နှင့် ဆိုရှယ်မီဒီယာတွေပေါ် မှာ
တော်လှန်ပန်းတွေနဲ့ ဝေကြမယ်။

#ပန်းသပိတ်


လူထုခေါင်းဆောင် နှင့် နိုင်ငံရေး အကျဥ်းသား များ ချက်ချင်းလွှတ်

ထုတ်ပြန်ကြေညာချက်
08/06/2023

ထုတ်ပြန်ကြေညာချက်

31/05/2022

ကျောက်ပန်းတောင်းမြို့နယ်မှာ

HBL Online Education Program ဖြင့် အခြေခံပညာအထက်တန်း သင်တန်းများကို မနက်ဖြန် ဇွန်လ တစ်ရက်နေ့မှ စတင် ဖွင့်လှစ်သင်ကြားသွားမှာ ဖြစ်ပါတယ်။

ကျောက်ပန်းတောင်းမြို့နယ်ဟာ မန္တလေးတိုင်းမှာ ဆဌမမြောက်ဖွင့်လှစ်နိုင်တဲ့ မြို့နယ်ဖြစ်ပြီး အလယ်တန်း နှင့်မူလတန်း များဆက်လက်ဖွင့်သွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားပါမယ်။

ကျောင်းသားကျောင်းသူများ ဆရာဆရာမများအနေဖြင့် Google Form များ ဖြည့်ကာ ကျောင်းအပ်နိုင်ပြီး မြို့နယ်ပညာရေးဘုတ်အဖွဲ့ သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

👇👇👇👇👇
KPG HBL Online Education Program တွင် ကျောင်းအပ်ထားသော ကျောင်းသား/သူများ၊ကျောင်းသားမိဘများခင်ဗျာ
KPG HBL Online Education Program ၏ပထမဆုံးတန်းခွဲဖြစ်သောG-10နှင့် G-11တန်းခွဲများကို လာမည့် ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

*KPG HBL Online Education Program တွင် Google form ဖြည့်သွင်းထားပြီး Reply မပြန်၍စိတ်ပူနေပါသလား။
-စိတ်မပူပါနှင့်ခင်ဗျာ
👉Google form ဖြည့်သွင်းစဉ်က "လုပ်ဆောင်မှုအောင်မြင်ပါသည်။ ကျေးဇူးတင်ပါသည်။"ဟု Reply ပြန်လည်ရရှိသူတိုင်း ကျောင်းတက်ခွင့်ရရှိမည်ဖြစ်ပါတယ် ခင်ဗျာ။

**ပထမအကြိမ် ကျောင်းသားလက်ခံစဉ်က မသိလိုက်၍ ကျောင်းမအပ်လိုက်ရဖြစ်၍စိတ်ပူနေပါသလား။
-စိတ်မပူပါနှင့်ခင်ဗျာ
👉KPG HBL Online Education Program ၏ အထက်တန်းဆင့်အတွက် ဒုတ်ိယအကြိမ်ကျောင်းအပ်လက်ခံခြင်းနှင့်အခြေခံပညာအလယ်တန်းဆင့်၊ အခြေခံပညာမူလတန်းဆင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းအပ်လက်ခံခြင်းကို မကြာမီရက်ပိုင်းအတွင်း လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါသည်။

👉စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားသော အာဏာရှင်စနစ်ကိုလက်မခံသော မိဘတိုင်း/ကျောင်းသား/ကျောင်းသူတိုင်းအတွက် ကျွန်တော်တို့ KPG HBL Online Education Program ကနေ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

👉လိုအပ်ချက်ရှိခဲ့ရင် ကျွန်တော်တို့ကိုအကြံပြုပေးပါ။👈
🙏🙏🙏KPG HBL Online Education Program တွင် စိတ်ကျေနပ်မှုရရှိပါက လူကြီးမင်းတို့၏ မိတ်ဆွေအပေါင်းအသင်းပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းမျှဝေပေးပါ။🙏🙏🙏

မြို့နယ်ပညာရေးဘုတ်အဖွဲ့။
ကျောက်ပန်းတောင်းမြို့နယ်။

14/04/2022

" စစ်အုပ်စုနဲ့ မပူးပေါင်း
ငါတို့ဆွမ်းဆန် ကျောင်းမှာလောင်း"

မြန်မာနှစ်ဆန်းတစ်ရက်သည် ကျောက်ပန်းတောင်းမြို့၏ စုပေါင်း ဆွမ်းဆန်လောင်းလှူပွဲနေ့ ဖြစ်ပါသည်။

နှစ်စဥ် အစဉ်အလာမပျက် ကျင်းပခဲ့ပေမယ့် ကိုဗစ်ရာသီကပ်ဆိုး ကြုံခဲ့ချိန်တွင် စုပေါင်းဆွမ်းလောင်းလှူပွဲ မကျင်းပဘဲ ဆွမ်းဆန်ကို ကျောင်းတိုက်များထံသို့ တိုက်ရိုက် ကပ်လှူခဲ့ရတာများလည်း ရှိခဲ့ပါသည်။

ယခုနှစ်မှာလည်း မြန်မာတစ်နိုင်ငံလုံး အကြမ်းဖက်စစ်အုပ်စုရဲ့ ဘေးအန္တရာယ် ကျရောက်လျက်ရှိတဲ့ကာလ ဖြစ်ပါသည်။

အကြမ်းဖက် စစ်ကောင်စီသည် ရိုးရာဓလေ့ အစဉ်အလာများကို ခုတုံးလုပ်ပြီး ပြည်သူကိုထိန်းချုပ်နိုင်သယောင်ယောင်၊ နိုင်ငံအတွင်းငြိမ်းချမ်းသာယာနေ ယောင်ယောင် ပုံဖော် လုပ်ဆောင်​​နေသည်ကို တွေ့ကြမြင်ကြပြီး ဖြစ်ပါသည်။

သို့ပါ၍ အကြမ်းဖက် စစ်အုပ်စုနှင့် ကျောက်ပန်းတောင်းမှ ပြည်သူများ လုံးဝမသက်ဆိုင်ကြောင်း ဖော်ထုတ်ပြသဖို့ တိုက်တွန်းလိုပါတယ်။
ထို့ကြောင့် မြန်မာ နှစ်ဆန်းတစ်ရက်နေ့မှာ စစ်အုပ်စုနှင့် နောက်လိုက် နောက်ပါများ ဖျာခင်းရန် စီစဉ်နေကြတဲ့ ဆွမ်းဆန်လောင်းပွဲတွင် မပါဝင်ကြဖို့ နှိုးဆော်တိုက်တွန်းအပ်ပါတယ်။

နှစ်ဆန်းတစ်ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူသည့် အလေ့အထကိုလည်း မပျက်ယွင်းစေလိုပါသဖြင့် လှူဒါန်းလိုသည့် ဆွမ်းဆန်စိမ်းများနှင့် အခြားလှူဖွယ်ဝတ္ထုများအား သာသနာအဓွန့်ရှည်စေရန်နှင့် တိုက်ပွဲဝင်သူရဲကောင်းများအား ရည်စူးရေစက်ချလှူဒါန်းမှုအဖြစ် ကုသိုလ်ပြုနိုင်ရန် သံဃာတော် အရှင်သူမြတ်များသီတင်းသုံးရာ ကျောင်းတိုက်များသို့ ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ် လှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

သံဃာတော်များအားလည်း ညှိုးငယ်စွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။

ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်နေသော အာဏာရူးများ၏ လူစည်ကားစေရေးမှအပ အခြားရည်ရွယ်ချက်ကင်းမဲ့သည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်ခြင်းမပြုဘဲ ကျောင်းတိုက်မှသာ လာရောက်လှူဒါန်းသော အလှူရှင်များကို ဒါနမြောက်စေရန် အလှူခံပေးပါရန် ညှိုးငယ်စွာဖြင့် လျှောက်ထား တောင်းပန်အပ်ပါသည် ဘုရား။

13/02/2022

ယနေ့ ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၇ နှစ်မြောက်မွေးနေ့မှာ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ကလေးငယ်များသည် ဗိုလ်ချုပ် အထိမ်းအမှတ် ကဗျာများရွတ်ဆိုခြင်း ပဲပြုတ်နံပြားများစားခဲ့ကြပါတယ်။

ပင်လုံစာချုပ်မှာ ထားရှိခဲ့တဲ့ ကတိသစ္စာများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါကြောင်း နှင့် မြန်မာနိူင်ငံအနာဂတ် ငြိမ်းချမ်းသာယာပါစေကြောင်း ဆုမွန်ကောင်းများတောင်းခဲ့ကြပါတယ်။

02/02/2022

(၁) ကျောက်ပန်းတောင်းမြို့နယ် ပြည်တော်သာရပ်ကွက်နေ ကိုအောင်မြင့်မြတ် @ကိုအောင်အောင် သည် အကြမ်းဖက် စစ်ကောင်စီအား မိမိကိုယ်ကို မီးရှို့၍ ဆန့်ကျင်ဆန္ဒပြပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် ကျဆုံးခဲ့ရပါသည်။

(၂) ​အကြမ်းဖက်စစ်ကောင်စီအား ပြတ်ပြတ်သားသား ဆန့်ကျင်ရာတွင် အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းတွင်မှ အဆုံးစွန်ဆုံးသောနည်းလမ်းအား ရွေးချယ်ထုတ်ဖော်သွားခဲ့သော ကိုအောင်မြင့်မြတ် @ကိုအောင်အောင် အတွက် မိမိတို့ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က များစွာကြေကွဲဝမ်းနည်းရပါသည်။

(၃) ကိုအောင်မြင့်မြတ် @ ကိုအောင်အောင် အား ကျောက်ပန်းတောင်းမြို့ နွေဦးတော်လှန်ရေး ၏ အာဇာနည်သူရဲကောင်း တစ်ဦး အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

(၄) မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ တော်လှန်ရေး အင်အားစုများ အနေဖြင့် ကိုအောင်မြင့်မြတ် @ ကိုအောင်အောင် ၏ ဆန္ဒ အချည်းနှီးမဖြစ်စေရဟု ကတိကဝတ်ပြုအပ်ပါသည်။

(၅) စစ်အာဏာရှင်ကို အမြစ်ပြတ် ဖြုတ်ချပြီး တိုင်းရင်းသားအားလုံးနှင့် တကွ အများပြည်သူများ၏ အခွင့်အရေးများကို ​တိုးတက်ကောင်းမွန်စေမည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု သစ် ဆီသို့ အမြန်ဆုံးရောက်ရှိအောင် တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုအပ်ပါသည်။

(၆) ကျောက်ပန်းတောင်းမြို့နယ်သူ မြို့နယ်သားများ အနေဖြင့်လည်း ကိုအောင်မြင့်မြတ်၏ ကျန်ရစ်သူ ဇနီးနှင့် သားသမီးများအား ကူညီဖေးမ စောင့်ရှောက်ကြပါရန် အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ကျောက်ပန်းတောင်းမြို့နယ်

ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံလုံးဆိုင်ရာ အသံတိတ်သပိတ်ကြီးအတွက်၁။ စျေးဝယ်စရာရှိတာ ကြိုဝယ်ထားပါ။ ၂။ သွားစရာ လုပ်စရာရှိတာတွေက...
30/01/2022

ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံလုံးဆိုင်ရာ အသံတိတ်သပိတ်ကြီးအတွက်

၁။ စျေးဝယ်စရာရှိတာ ကြိုဝယ်ထားပါ။
၂။ သွားစရာ လုပ်စရာရှိတာတွေကို ကြိုသွားကြိုလုပ်ထားပါ။
၃။ ၁ ရက် ဖေဖော်ဝါရီနေ့တွင် မသွားမဖြစ်သွားရမည့်ကိစ္စများကို မနက် ၁၀ နာရီမထိုးမီ သို့မဟုတ် ညနေ ၄ နာရီနောက်ပိုင်းမှ သွားလာကြပါရန်။
၄။ အတင်းအကျပ် ဖွင့်ခိုင်းသော ဆိုင်များ အဖွင့်ပြနိုင်ပါသည်။

အဓိကျသည်မှာ လမ်းပေါ်တွင် လူရှိမနေရန် နှင့် တိတ်ဆိတ်ငြိမ်သက်မှုကို ပြသရန် ဖြစ်ပါသည်။

၁.၂. ၂၀၂၂.နေ့တွင် မိမိတို့၏ အိမ်များ ဆိုင်များထဲတွင်သာ အေးအေးဆေးဆေး အနားယူအပန်းဖြေရင်း စစ်အာဏာရူးများကို အသံတိတ်ဆန့်ကျင်ကြရန် ပြည်သူများအား တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

အရေးတော်ပုံ အောင်ရမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကျောက်ပန်းတောင်းမြို့နယ်၏ နာယက ဆရာကြီးဦးကျော်စိန်လှိုင် ကွယ်လွန်သွားကြောင်း သိရှိရသည့်အတွ...
25/07/2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကျောက်ပန်းတောင်းမြို့နယ်၏ နာယက ဆရာကြီးဦးကျော်စိန်လှိုင် ကွယ်လွန်သွားကြောင်း သိရှိရသည့်အတွက် များစွာဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် တည်ထောင်ချိန်မှ စ၍ မကွယ်လွန်ချိန်အထိ NLD ၏ နိုင်ငံရေး မူဝါဒများ၊ လမ်းစဥ်များ၊ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာခဲ့ပြီး မြို့နယ်ပါတီဝင်များအား တည့်မတ်စေရန် ထိန်ကျောင်းညွှန်ကြားပြသပေးခဲ့ပါသည်။

သင်္ချာအထူးကျွမ်းကျင်သော ဆရာကြီးတစ်ယောက်ဖြစ်သည့် အလျောက် မြို့နယ် NLD ၏ ဘဏ္ဍာရေးဆိုင်ရာ စာရင်းအသေးစိတ်မှ အစ မှတ်မိသိရှိစေကာ တိကျစေရန် ဆောင်ရွက်ခဲ့ပါသည်။ ရွေးကောက်ပွဲကာလများတွင်လည်း ပါတီအောင်နိုင်ရေးအတွက် အထူးအားစိုက်ကာ ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်ပါသည်။

ကျေးရွာပေါင်း ၃၃၉ ရွာမှ ပါတီဝင်များ၊ မဲရုံကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင် စာရင်းများကို ဆရာကြီး၏ ထူးခြားသောမှတ်ဉာဏ်ဖြင့် မှတ်မိသိရှိပြီး တိကျမှန်ကန်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးကာလတွင်လည်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် လမ်းညွှန်ပြသပေးခဲ့ပြီး GEN XYZ တို့နှင့်အတူ အရေးတော်ပုံလှုပ်ရှားမှုအား ကူညီကာ ထိန်းကျောင်းပေးခဲ့ပါသည်။
စစ်အာဏာရှင်လက်ထက် မထိန်းချုပ်နိုင်ခဲ့သော ကိုဗစ်ရောဂါလှိုင်းနှင့် အတူ ကြွေလွင့် ခဲ့ရသော ပြည်သူထောင်ပေါင်းများစွာထဲမှ ကြယ်တစ်ပွင့် ဖြစ်သူ ဆရာကြီးကွယ်လွန်ခဲ့သူ ဆရာကြီးဦးကျော်စိန်လှိုင် အား မြို့နယ်ပြည်သူလူထု နှင့်ထပ်တူ များစွာ နှမြောတသ လွမ်းဆွတ်ရပါကြောင်း။

ဆရာကြီးဦးကျော်စိန်လှိုင် ကောင်းရာသုဂတိ ရောက်ရှိပါစေ။

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ကျောက်ပန်းတောင်းမြို့နယ်

Address

Kyaukpadaung

Alerts

Be the first to know and let us send you an email when ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့:

Share