22/10/2020
{{{{{ ငါတို့ရွာသည် }}}}}
ငါတို့ရွာသည်
ပါတီကွဲပြား၊ ခွဲခြားဆက်ဆံ
ပြန်လှန်ထိုးနှက်၊ အကျိုးပျက်အောင်
အိမ်ကြက်ချင်းခွပ်၊ အတင်းဇွတ်မှုတ်
အိုးမဲသုတ်၍၊ လုပ်ဇာတ်တွေခင်း
အယုံသွင်းကြ၊ စည်းရုံးကြနှင့်
ကိုဗစ်ကာလ၊ ဘုရားတ.....။
ငါတို့ရွာကား
ရွာသားချင်းချင်း၊ ငြင်းကြခုန်ကြ
ဂိုဏ်းဂဏစွဲ၊ နှိမ့်ချပုတ်ခတ်
ပညာဓာတ်ခံ၊ နည်းရပြန်မို့
ဝေဖန်မတွေး၊ အမှန်ဝေးမြဲ
သွေးခွဲတိုင်းရ၊ မှိုင်းတိုက်ကြနှင့်
ပါတီမာန်ကြွ၊ စည်းရုံးကြနှင့်
ကိုဗစ်ကာလ၊ ဘုရားတ....။
ငါတို့ရွာတွင်း
အချင်းချင်းလျှင်၊ ရိုင်းပင်းမရှိ
နိမ့်လျှင်ဖိကြ၊ ထိရှမခံ
ခန္တီမထား၊ သူစိမ်းအလားသို့
သွေးသားရင်းခြာ၊ စိတ်ပြက်,နာနှင့်
ပါတီအစွဲ၊ သွေးတွေကွဲကြ
ကိုဗစ်ကာလ၊ ဘုရားတ...။
ငါတို့ရွာသည်
ပါတီကိုစွဲ၊ သွေးတွေကွဲ၍
အချင်းချင်းပင်၊ လူမထင်ပဲ
လိုင်းပေါ်မှာဆဲ၊ အရှက်နည်းကာ
ဗုဒ္ဓဟောပြ၊ မြတ်ဓမ္မကို
လူ့ဗာလသွင်၊ ထီမထင်ကြ...။
အို....ငါတို့ရွာသား၊ လူအများတို့
ငါတိုရွာကား၊ မြတ်ဘုရားနှင့်
တရားရိပ်မှာခိုနေပါ၏။
စည်းလုံးမရှိ၊ တိုးတက်ဘိလဲ
ရွာမှာသွေးကွဲ၊ နောက်ကျမြဲမို့
စည်းလုံးပျော်ရွှင်၊ ဟိုး....ယခင်လို
ပါတီမစွဲ၊ သွေးမကွဲပဲ
ကြိုက်ရာပေးမဲ၊ သွေးမကွဲပဲ
ညီညွတ်ချစ်ခင်၊ ဖြစ်စေချင်သည်
ဒို့ရွာသမိုင်းလှဖို့တည်း...
ကိုယ်ရွာကောင်းကျိုးတွက်သာတည်း...။.....။
ပါတီစွဲကင်း ညီညွတ်ခြင်းဖြင့် လူအချင်းချင်းရိုင်းပင်းကြပါစေ...