လူငယ့်အားမာန်စာကြည့်တိုက်

  • Home
  • Myanmar
  • Kin-u
  • လူငယ့်အားမာန်စာကြည့်တိုက်

လူငယ့်အားမာန်စာကြည့်တိုက် လူငယ်များ စာများများဖတ်ပါ
စာကြည့်တ? we can do three times literature talk at 2012,2014 and 2017. we are really so proud for these literature event. Thanks

we can started computer teaching at 2016. At the times we can't have electricity. we prepare for the charging for many laptop and other electric material. Finally we got electricity generator. And then continue 2017 like that . At the time we got electricity form the government but we can affored ourself for get electricity.2018,2019 and 2020 years we do together with Sayar U Mya Kyaing (English C

lass) pupil. we invite our village and they teache English Language for our children. At the 2020 later , we can improve from library to community that i think . Other side we can build new building for community . Started build at 2017. At 2020 almost finished building. So we join with 2021 TAG (Tech Age Gril) . Our partners are MBAPF,Dariu Foundation and Save the Library. We will do many acivity for children. our target and our future is we must generate human resoures and good person , good ethics and kindness.

Myanmar Mai နှင့် Save The Library ကို အထူးကျေးဇူးတင်ပါတယ်။
11/10/2023

Myanmar Mai နှင့် Save The Library ကို အထူးကျေးဇူးတင်ပါတယ်။

ခင်ဦး-သာဝတ္ထိရွာ ၊ စစ်ကြောင်းထိုး ၊ တပ်စွဲခြင်းကြောင့် လူငယ့်အားမာန်စာကြည်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ  မှ ပစ္စည်း...
21/07/2022

ခင်ဦး-သာဝတ္ထိရွာ ၊ စစ်ကြောင်းထိုး ၊ တပ်စွဲခြင်းကြောင့် လူငယ့်အားမာန်စာကြည်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ မှ ပစ္စည်း- ပျက်စီး‌ ပျောက်ဆုံး စာရင်း ။

၁) computer (Dell) - နှစ်လုံး
၂)Tablet အသစ် စက်စက် - သုံးလုံး

ခိုးယူသွားပါသည်။ စုစုပေါင်းတန်ဖိုး သိန်း (၁၈) နီးပါး ရှိပစ္စည်း များကို ယူဆောင်သွားပါသည်။ စင်တာ ဝင်ပေါက်များ ကို ရိုက်ခွာပြီး စာကြည့်တိုက် အတွင်း တပ်စွဲပြီးနောက် ၊ မှန်တံခါး များ ပြုတ်ထွက် ခြင်းကြောင့် ယခင်အတိုင်း ပြန်လည်း အသုံးပြုလို့ မရနိုင်သေးပါ ။ မြောက်ဘက် တံခါးတွင် ကျည်ဆံ မှန်ထားသောကြောင့် အက်ကွဲသွားပါသည်။ အချိန်ယူပြီး မှ ပြန်လည် ပြင်ဆင်နိုင်ပါမည်။

အခြား စာကြည့်တိုက် နှင့် ပတ်သတ်သော မိတ်ဖက် အဖွဲ့အစည်းများ ခင်ဗျာ ၊ လူငယ်အားမာန်စာကြည့်တိုက်ဖြစ်ပတ်သတ်သော မသင်္ကာသော ချိပ်ဆက်မှု ၊ စုံစမ်းမှု ရှိလာပါက လက်မခံ ပဲ မိမိ အကောင့် နှင့်စာကြည့်တိုက် Page တိုက်ရိုက်စုံစမ်း သတင်းပေးပါရန် ပန်ကြားအပ်ပါသည်။

ခင်ဦး-သာဝတ္ထိ ၊ ၃ ရက်နီးပါးကြာ စစ်ကြောင်းထိုး ၊ တပ်စွဲပြီးနောက် စခ များ မှ သတ်သွားသော ပြည်သူ (၂) ဦး နှင့် အိမ်တိုင်း နီးပါး လိုချင်‌သော ပစ္စည်းများ ကို သယ်ဆောင်သွားပါကြောင်း သိရပါသည်။ အိမ်တိုင်းနီးပါးဝင်ရောက်မွှေနှောက်သွားပါသည်။ အဖိုးတန် ပစ္စည်းမှန် သမျှ ယူဆောင်သွားသည်ဟု သိရပါသည်။

ခင်ဦး-သာဝတ္ထိ
လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ

လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ စာဖတ်/စာငှားစာရင်း ၂၀၂၂ ခုနှစ် မေလ (၈ ရက်နေ့ မှ ၁၅) ရက်နေ့ အတွင်း...
29/05/2022

လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ စာဖတ်/စာငှားစာရင်း

၂၀၂၂ ခုနှစ် မေလ (၈ ရက်နေ့ မှ ၁၅) ရက်နေ့ အတွင်း
၁) စာကြည့်တိုက် ထိုင် ဖတ် စာရင်း - ၆၄ အုပ်
၂) စာကြည့်တိုက် ပြင်ပ ငှားစာအုပ် စာရင်း - ၁၄၉ အုပ်
၃)စာအုပ်ငှား လူကြီး လူငယ် စာရင်း - ၃၆ + ၁၈ = ၅၄ ယောက်

လေးစားစွာဖြင့်
လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ

Telegram->https://t.me/+Acgkddkoa_QzZDE1
Linkin-> https://www.linkedin.com/in/youth-s-strength-library-and-community-development-center-8326a2169
Twitter-> https://twitter.com/YouthTwh
Facebook->https://www.facebook.com/youthstrenghtlibrary
Blog - > https://fieryladdie.blogspot.com/

လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ စာဖတ်/စာငှားစာရင်း ၂၀၂၂ ခုနှစ် မေလ (၁ ရက်နေ့ မှ ၈) ရက်နေ့ အတွင်း ...
11/05/2022

လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ စာဖတ်/စာငှားစာရင်း

၂၀၂၂ ခုနှစ် မေလ (၁ ရက်နေ့ မှ ၈) ရက်နေ့ အတွင်း

၁) စာကြည့်တိုက် ထိုင် ဖတ် စာရင်း - ၂၉ အုပ်
၂) စာကြည့်တိုက် ပြင်ပ ငှားစာအုပ် စာရင်း - ၂၉၄ အုပ်
၃)စာအုပ်ငှား လူကြီး လူငယ် စာရင်း - ၆၆ + ၃၀ = ၉၃ ယောက်

လေးစားစွာဖြင့်
လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ
Telegram->https://t.me/+Acgkddkoa_QzZDE1

မျိုးဆက်သစ် ကလေးငယ်များ ကျောင်းစာသင်ခန်း ထဲ ပြန်ရောက်ဖို့ ခက်ခဲ နေချိန်မှာ အရပ်ဖက် စာကြည့်တိုက် တွေ မှာ စာလာဖတ်ဖို့ မိဘ ...
29/04/2022

မျိုးဆက်သစ် ကလေးငယ်များ ကျောင်းစာသင်ခန်း ထဲ ပြန်ရောက်ဖို့ ခက်ခဲ နေချိန်မှာ အရပ်ဖက် စာကြည့်တိုက် တွေ မှာ စာလာဖတ်ဖို့ မိဘ တေ ွအနေဖြင့် လည်း တိုက်တွန်းသင့်ပါတယ်။

စာကြည့်တိုက်ကော်မတီ များမှလည်း ကလေးငယ်များ စာလာဖတ်နိုင်အောင် များစွာ ကြိုတင် ပြင်ဆင်သင့်ပါတယ်။

ကျွန်တော်တို့လူငယ့်အားမာန်စာကြည့်တိုက်မှ လည်း ဆက်လက် ကြိုးစားသွားပါ့မယ်။

ပုံမှန် ဖွင့်ရက်က စနေ ၊ တနင်္ဂနွေ နေ့လည် ၁ နာရီ မှ ညနေ ၃ နာရီပါ ။ညီငယ် ညီမငယ် တို့ ကူညီမှုဖြင့် ကြားရက် ဗုဒ္ဓဟူး ၊ ကြာသပ...
28/04/2022

ပုံမှန် ဖွင့်ရက်က စနေ ၊ တနင်္ဂနွေ နေ့လည် ၁ နာရီ မှ ညနေ ၃ နာရီပါ ။

ညီငယ် ညီမငယ် တို့ ကူညီမှုဖြင့် ကြားရက် ဗုဒ္ဓဟူး ၊ ကြာသပတေး တိုးမြှင့် ဖွင့်လှစ်ပါကြောင်း အသိပေးအပ်ပါတယ် ။

လူငယ့်အားမာန်စာကြည့်တိုက်

11/02/2022

Call for Application for Business Startup Development Program

အသေးစားနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား နည်းပညာပိုင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပံ့ပိုးကူညီမှုပေးမည့် အစီအစဉ်အတွက် စိတ်ပါဝင်စားသူများအား လျှောက်လွာခေါ်ယူခြင်း

ဤအစီအစဉ်သည် မြန်မာစာပေပံ့ပိုးကူညီမှုနှင့်ထိန်းသိမ်းစောင့်ရှောက်မှုပရဟိတအဖွဲ့ (Myanmar Book Aid and Preservation Foundation)/ ရိုင်းပင်း ကူညီရေး ပရဟိတအဖွဲ့ (Succor Foundation) နှင့် Asia Pacific Network Information Centre (APNIC) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတဝှမ်းရှိ အသေးစားစီးပွားရေးလုပ်ငန်းနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား နည်းပညာပိုင်းနှင့် စီးပွားရေး စီမံခန့်ခွဲမှု ဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးမည့်အစီအစဉ်ဖြစ်ပါသည်။ တနှစ်ကြာမြင့် အစီအစဉ်ကာလအတွင်း ရွေးချယ်ခံရသည့် အသေးစားနှင့် စွန့်ဦး တီထွင် လုပ်ငန်းရှင်များအား

• Financial Management

• Small Business Management

• Human Resource Management

• Marketing (Digital Marketing)

ဘာသာရပ်များအား အွန်လိုင်းမှတဆင့် သင်ကြားပို့ချပေးမည်ဖြစ်သည့်အပြင် MBA ဘွဲ့ရနယ်ပယ်အသီးသီးမှပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့စီးပွားစီမံအမှုဆောင်အသင်း (MBE)မှ ဆရာ၊ဆရာမများမှ လစဉ် တဦးချင်းစီအလိုက် လိုအပ်သည့်မျှဝေမှုများကို တွေ့ဆုံဆွေးနွေးအကြံပေးသွားမည်ဖြစ်ပါသည်။

ဤအစီအစဉ်ကို စိတ်ဝင်စားသည့် အသေးစားနှင့်စွန့်ဦးတီထွင်လုပ်ငန်းရှင်မည်သူမဆို လျှောက်ထားနိုင်ပြီး ရွေးချယ်ရာတွင် မည်သို့သော ကန့်သတ်ချက်များ ( ဒေသ၊အသက်အရွယ်၊လူမျိုး၊ဘာသာ၊ ကျား၊မနှင့် အခြားလိင်စိတ်ကွဲပြားမှု) ရှိမည်မဟုတ်ပါ။

စိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ လင့်တွင်တိုက်ရိုက်ဖြေဆို၍ဖြစ်စေ၊ Application Form အား [email protected] သို့ဆက်သွယ်တောင်းယူ၍ ဖြစ်စေ ဖြည့်သွင်းလျှောက်ထားနိုင်ပါသည်။

လျှောက်လွာပိတ်ရက်မှာ ဖေဖော်ဝါရီလ (၂၈) ရက်၊ ၂၀၂၂ ခုနှစ်ဖြစ်ပါသည်။

[https://forms.office.com/r/CuSHuiLTNH](https://l.facebook.com/l.php?u=https%3A%2F%2Fforms.office.com%2Fr%2FCuSHuiLTNH%3Ffbclid%3DIwAR24CGy6Qy1JnxuAnn7oJMAAhNXa_r2v72E7HdmqCr_AlJT6Qc9DioRu2R4&h=AT2m6L8bA_MwUMJMBKyVT0e1GnyM0yLoFI_NZhDYBqvuxv-_Te1tattT02xxBApTgXjYZLLBlpk43LDGrEjYZmet5UnXT0zW6qGakXKZwipw4ya-nh09vHrg9qRayTP1V1uXltuKug&__tn__=-UK-R&c[0]=AT3kn1uFwZDtuh_7C1dIQvfX3C3HWz2FZ6WJSzJT9KGTjrCyhfL7H4pq1HiDCNpPUK-fpJpkMHvFqxblZ0QuDB-USDWBPHJ5HsRLkGR9h8qYdo0TbXceYdSY6rJ2MBAvd-HEorUnZ5t53ydt1bNpjAkTwtPgbzyYA1mZPdWWsbM0nF1Q3OKAEEIzBECmSbjP_2vBMc8h)

Youth's Strength Library & Community Development Center (TharWutHti) -၂၀၂၁ ဇန်နဝါရီလ ၃၀  ရက် ။လူငယ့်အားမာန်စာကြည့်တိုက် ...
30/01/2021

Youth's Strength Library & Community Development Center (TharWutHti) -၂၀၂၁ ဇန်နဝါရီလ ၃၀ ရက် ။
လူငယ့်အားမာန်စာကြည့်တိုက် မှ လည်ပတ်နေသာ စာကြည့်တိုက် အတွက်
အလှူရှင်အမည် -ဦးအောင်ဆန်းဝင်း + ဒေါ်နွယ်နီဝင်း မိသားစု (လစဉ်အလှူရှင်-WaveMoney ဖြင့် လှူ)
နေရပ်လိပ်စာ- ၊ ညောင်ပင်ကြီး မြို့ ။
အလှူငွေ - ၁၀၀၀၀(တစ်သောင်း) ကျပ် လှူဒါန်းပေးပါသည် ၊
ကျေးဇူးအထူးတင်ရှိပါသည်။
(လည်ပတ်နေသော စာကြည့်တိုက် ရန်ပုံငွေ သို့ ဝင်ပါမည်။ အဆောက်အဦး ရန်ပုံငွေ မဟုတ်ပါ ။ )

KBZ Pay, WavePay ဖြင့်လည်း လစဉ် လှူဒါန်းနိုင်ပါသည်။
လေးစားစွာဖြင့်
သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်

Youth's Strength Library & Community Development Center (TharWutHti) -၂၀၂၁ ဇန်နဝါရီလ ၂၉ ရက် ။လူငယ့်အားမာန်စာကြည့်တိုက် မ...
29/01/2021

Youth's Strength Library & Community Development Center (TharWutHti) -၂၀၂၁ ဇန်နဝါရီလ ၂၉ ရက် ။
လူငယ့်အားမာန်စာကြည့်တိုက် မှ ဦးဆောင် ဆောက်လုပ်နေ‌သော Youth's Strength Community Development Center (လူငယ့်အားမာန် လူငယ်ဖွံ့ဖြိုးရေးစင်တာ) ဆောက်လုပ်နေဆဲ အခြေအနေ ဖြစ်ပါသည်။ တံခါးပေါက် ၊ မျက်နှာကြက် နှင့် ဆေးသုတ် လုပ်ငန်း များ ဆက်လက် ဆောင်ရွက်ရန် ရှိနေပါသေးသည်။

Youth's Strength Community Development Center (လူငယ့်အားမာန် လူငယ်ဖွံ့ဖြိုးရေးစင်တာ) ပြီးစီးရန်အတွက်
အလှူရှင်အမည် - ကိုဇင်လင်း + မကေခိုင်ထွန်း (သား)
မောင်မင်းသော်ဇင် ၊ မောင်ဘုန်းလင်းသော် မိသားစု
နေရပ်လိပ်စာ-သာဝတ္ထိရွာ ။
အလှူငွေ - ၁၀၀၀၀( တစ်သောင်း) ကျပ်
လှူဒါန်းပေးပါသည် ၊ ကျေးဇူးအထူးတင်ရှိပါတယ်။
(စာကြည့်တိုက်မှူး မနွဲ့ယဉ်အေး ကောက်ခံသော အလှူငွေ ဖြတ်ပိုင်း ဖြစ်ပါသည် ။)

လေးစားစွာဖြင့်
သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်

Phrase I >> Part I >>> Week-2 သင်ကြားနေသော လူငယ့်အားမာန် လူငယ်ဖွံ့ဖြိုးရေးစင်တာ မှ TAG များ*****************************...
24/01/2021

Phrase I >> Part I >>> Week-2 သင်ကြားနေသော လူငယ့်အားမာန် လူငယ်ဖွံ့ဖြိုးရေးစင်တာ မှ TAG များ
******************************************************************
Tech Age Girls(TAG) သည် MBAPF နှင့် Ooredoo Myanmar တို့ ပူးပေါင်းစီစဉ်သော သင်တန်း ဖြစ်ပြီး အသက် ၁၆ မှ ၂၀ နှစ်အတွင်းရှိ မိန်းကလေးများအတွက် မိမိတို့၏ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ မိမိတို့ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ခေါင်းဆောင်ကောင်းများအဖြစ် ပါဝင် ဆောင်ရွက်နိုင်စေရေးတို့အတွက် ကွန်ပျူတာနည်းပညာနှင့် ခေါင်းဆောင်မှုစွမ်းရည် မြင့်မားတိုးတက်မှု အထောက်အကူပြုစေမည့် အစီအစဉ်ဖြစ်ပါသည် ။

Phrase I >> Part I >>> Week-2 ပြီးခဲ့ပါပြီ ။ သင်တန်းတွင် သင်ထောက်ကူပစ္စည်းဖြစ်တဲ့ computer များ လုံလောက်ခဲ့သော်လည်း ၊ ကွန်ပျူတာ တင်ခုံများ ၊ ထိုင်ခုံများ ၊ သင်ကြားရေး WhiteBoard များ ၊ Projector များ မပြည့်စုံတဲ့အတွက် သင်တန်းသား များ နှင့် သင်ကြားရေး ဆရာမ ကို တောင်းပန်ပါတယ်။ လူငယ်ဖွံ့ဖြိုးရေးစင်တာ တော့ ဆောက်နိုင်ပြီး ဒီလောက် လေးတောင် မတတ်နိုင်ရကောင်းလားလို့
အပြစ်တင်မယ်ဆိုရင်လည်း ခံရပါမည်. ။ တစ်ခါတစ်လေ မျှော်လင့်ထားတဲ့ အရာများ ဖြစ်မလာခဲ့သလို မမျှော်လင့်မှုများကလည်း ဖြစ်လာတတ်ပါသည်။ ဟုတ်ကဲ့ သည်းခံပေးပါလို့ အားလုံးကို မေတ္တာရပ်ခံပါတယ်။

ဘက်ပေါင်းစုံ ကို တစ်ပြိုင်နက်တည်း စစ်မျက်နှာဖွင့်မိသလို ဖြစ်တာကြောင့် လစ်လပ်သွားတာပါလို့ ဆက်လက်ပြီး ကြိုးစားဆောင်ရွက်နေပါတယ် ။ အချိန်ကလေး နည်းနည်း သည်းခံပေးပါ လို့ ။ အဓိက တန်ဖိုးရှိတဲ့ TAG များကို ပြည့်စုံးလွန်းလှသည် မဟုတ်ပဲ ရသည့်ခွန်အား ၊ ရှိသည့် လူအင်းအား နဲ့ ဖြစ်အောင် လုပ်ခဲ့တာ ဖြစ်လို့ ၊ ကြိုးစားစေချင်ပါတယ်။ အဆင်ပြေမှသာဖွင့်ခဲ့ရင် ဒီနေ့ လူငယ့်အားမာန်ဆိုတာ ဖြစ်လာဦးမှ မဟုတ်ခဲ့ပါဘူး ။

စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင် ၊ခင်ဦးမြို့နယ် ၊ သာဝတ္ထိရွာ ၊ လမ်းအမှတ်(၆) ။
လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ ။
၁)ကိုဇော်ဝင်းမောင် - 09 972 417 125 ([email protected])
(၂)ဦးဝင်းကြိုင် 09 970 899 395
၂)မနွဲ့ယဉ်အေး - 09 986 868 537
၃)မအိနန္ဒာအောင် - 09 960 227 843

လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ

Address

Sagaing
Kin-U
02231

Opening Hours

Saturday 12:30 - 17:00
Sunday 12:30 - 17:00

Telephone

+959972417125

Alerts

Be the first to know and let us send you an email when လူငယ့်အားမာန်စာကြည့်တိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to လူငယ့်အားမာန်စာကြည့်တိုက်:

Share

Category