ကျနော်နှစ်သက်သော စာပေများ

  • Home
  • Myanmar
  • Katha
  • ကျနော်နှစ်သက်သော စာပေများ

ကျနော်နှစ်သက်သော စာပေများ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကျနော်နှစ်သက်သော စာပေများ, Library, Katha.

ပိုက်ဆံရှာရာတွင်             ဘယ်တော့မှ ဝင်ငွေတစ်ခုတည်း ပေါ်မှာမရပ်တည်ပါနဲ့။ အခြားသော ဒုတိယဝင်ငွေ ဝင်နိုင်အောင် ရင်းနှီးထ...
02/10/2016

ပိုက်ဆံရှာရာတွင်

ဘယ်တော့မှ ဝင်ငွေတစ်ခုတည်း ပေါ်မှာမရပ်တည်ပါနဲ့။ အခြားသော ဒုတိယဝင်ငွေ ဝင်နိုင်အောင် ရင်းနှီးထားပါ။

လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ် ရပ်တည်နေရင် အဲ့ဒိဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။ ဘဝမှာလည်း အားလုံး ဗြောင်းဆန် သွားတတ်ပါတယ်။ ဒါ့ကြောင့် ဒုတိယဝင်ငွေ ရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ။

ပိုက်ဆံသုံးရာတွင်

သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာ လိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရတတ်တယ်။

တစ်ချို့တွေက လူသာ မချမ်းသာတာပါ။ ကိုင်တဲ့ အသုံးအဆောင်တွေကတော့ အပျံစားတွေ ချည်းပါပဲ။ ရေရှည်ကို မကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့ သူမျိုးတွေပါ။ သူများလုပ်တာ လိုက်လုပ်ချင်တယ်။ ဒါပေမယ့် သူများလို သူမချမ်းသာသေးဘူး ဆိုတာကို မေ့နေတတ်ကြပါတယ်။
ကိုယ်က မချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့ iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။ သင်ပဲရှုံးသွား ပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့
အခါ သုံးစရာမရှိ ဖြစ်တတ်ပါတယ်။

ပိုက်ဆံစုရာတွင်

သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။

သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် သင်စုဖြစ်ဖို့ မလွယ်လောက်ပါဘူး။ ပိုက်ဆံဝင်လာရင် အရင်ဆုံး သင်စဉ်းစားရမှာက ဘယ်လောက်စုမလဲ ဆိုတာပါပဲ။ ပြီးမှ ပိုတာကိုသုံးပါ။ စုဆိုတာကလည်း တစ်သက်လုံး စုဘူးထဲမှာ အဲ့ဒီိပိုက်ဆံကို ထားဖို့ပြောတာ မဟုတ်ပါဘူး။ သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချဖို့ပါ။

သင့်ရဲ့ တန်ဖိုးမြင့်ဖို့ သင့် အရည်အချင်းတွေကို မြှင့်တင်ရပါမယ်။ အဲ့ဒီလိုလုပ်ဖို့ သင်တန်းတွေ တက်ရပါမယ်။ စာအုပ်တွေဖတ်ရပါမယ်။ အဲ့ဒိအတွက် သင့်မှာ ပိုက်ဆံလိုပါတယ်။ အဲ့ဒီိစုငွေတွေကို သုံးနိုင်ပါတယ်။

စွန့်စားရာတွင်

ရေအတိမ်အနက်ကို ခြေ ၂ ချောင်းလုံးချပြီး မစမ်းပါနဲ့။

မစွန့်စားနဲ့လိုပြောတ မဟုတ်ပါဘူး။ မစွန့်စားပဲနဲ့လည်း မအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် စွန့်စားရာမှာတော့ ပါးနပ်ဖို့လိုပါတယ်။ အန္တာရယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှ ပိုက်ဆံတွေ ပုံအောလိုက်တာမျိုး တော့ မလုပ်ပါနဲ့။

ရင်းနှီးမြှုပ်နှံရာတွင်

ကြက်ဥတွေအားလုံးကို ဘယ်တော့ မှ ခြင်းတောင်းတစ်ခုထဲမှာ စုပြုံမထည့်ထားပါနဲ့။

အရင်းအနှီးလုပ်ပြီဆိုရင်လည်း ရှိသမျှ ပိုက်ဆံတွေ
အားလုံးကို တစ်နေရာထဲမှာ စုပြုံ မရင်းနှီးပါနဲ့။ လုပ်ငန်း
ဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။ အား
လုံးကို တစ်နေရာတည်း စုပြုံရင်းနှီးထားရင် ရှုံးတဲ့
အခါ တစ်ပြားမှ မကျန်ဖြစ်သွားပါလိမ့်မယ်။

မျှော်လင့်ရာတွင်

ရိုးသားခြင်းဆိုတာ ၇ှားပါးဈေးကြီးတဲ့ လက်ဆောင်မွန် တစ်ခုပါ။ ဒါ့ကြောင့် ခပ်ပေါပေါ လူတွေဆီက မမျှော်လင့်ပါနဲ့။

သင်ရိုးသားသလို လူတိုင်းရိုသားမယ်လို့ဘယ်တော့မှ
အသေအချာ တွက်မထားပါနဲ့။
ရိုးသားမှုဆိုတာ ဒီခေတ်ထဲမှာ တော်တော်ကို ရှားပါးတဲ့ အရာပါ။ ဒါ့ကြောင့် ရူးရူး မိုက်မိုက်နဲ့ ဒီတန်ဖိုးကြီးပစ္စည်းကို လူတိုင်းဆီက မမျှော်
လင့်မိပါစေနဲ့။

-Warren Buffet စကားများကို ကိုးကား၍

မိုးရှင်း (I.M.T) ဖြည့်စွက်ရေးသားသည်။
: မိုးရှင်း - I. M. T

တန်ဖိုးနောက်လိုက်ကြမလား➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ဝေးကွာသွားမှန်းသိတဲ့ ကားတစ်စီးနောက်ကိုပြေးလိုက်ခြင်းထက် နောက်လာမယ့် ကားတစ်စီးအမိအ...
02/10/2016

တန်ဖိုးနောက်လိုက်ကြမလား
➳ ➳ ➳ ➳ ➳ ➳ ➳ ➳

ဝေးကွာသွားမှန်းသိတဲ့ ကားတစ်စီးနောက်ကို
ပြေးလိုက်ခြင်းထက် နောက်လာမယ့် ကားတစ်စီး
အမိအရ တားလိုက်ပါ။

တောင်ပြေးမြောက်ပြေးနဲ့ မျောက်သစ်ကိုင်းလွှတ်သွားမှ
အောင်မြင်ခြင်းဆိုတာ လက်ဆုပ် လက်ကိုင်မရှိ
ကြိုးပြတ်သွားတဲ့ လေတံခွန် တစ်ခုလို
ကိုယ့်ကို မှီခိုပြီးလိုက်လာတဲ့ ကြိုးလည်း
အလိုလို ပြုတ်ကျသွားမယ်။

ကိုယ်သာ တစ်ခုတည်းကို ကျွမ်းကျွမ်းကျင်ကျင်ရှိနေရင်
နောက်က ကိုယ့်အတွက် တန်ဖိုးဆိုတာလေးတွေ
လိုက်လာမှာပါ။

တစ် ဆိုလည်း တစ် ပီသပါစေ
ကိုး ဆိုလည်း ကိုး ပီသပါစေ
သုည လေးတွေနောက်က
တစ်လုံးချင်းပြေးကပ်ပါလိမ့်မယ်။

မိမိအရည်အချင်းနဲ့ ရသည့်
အောင်မြင်ခြင်းသည် သံလိုက်နှင့်တူပြီး
အခွင့်အရေးသည် သံတိုသံစနှင့် တူသွားသည်

[ မင်းထွဋ်သူရ ]

ကံရယ် ဥာဏ်ရယ် ဝိရိယရယ်*************************ဟိုးရှေးရှေးတုန်းကပေါ့ .........." ကံ " ကို အားကိုတဲ့ ငါး ရယ် ၊ " ဥာဏ် " ...
01/10/2016

ကံရယ် ဥာဏ်ရယ် ဝိရိယရယ်
*************************
ဟိုးရှေးရှေးတုန်းကပေါ့ ..........
" ကံ " ကို အားကိုတဲ့ ငါး ရယ် ၊ " ဥာဏ် " ကို အားကိုးတဲ့ ငါးရယ် ၊ " ၀ီရိယ " ကို အားကိုးတဲ့ ငါးလေး သုံးကောင်ရှိခဲ့တယ် ....
တစ်နေ့ သူတို့ သုံးကောင် ပင်လယ်ထဲမှာ ပျော်မြူးရင်းနဲ့  တံငါသည်ရဲ့  ပိုက်ကွန်ထဲကို တိုးဝင်မိပြီး တံငါရဲ့ လှေ ပေါ်ထဲကိုရောက်သွားခဲ့ပါတယ်
ကံ ကို အားကိုးတဲ့ ငါးလေးက ......
" တကယ်လိုကွာ ငါသာ သေဖို့ ကံမပါလာခဲ့ဘူးဆိုရင် ဒီတံငါသည် လက်ထဲက လွတ်မှာဘဲကွ " ဟုဆိုကာ အေးအေးဆေးဆေး အိပ်စက်နေခဲ့တယ် ...
ဝီရိယ ကို အားကိုးတဲ့ ငါးလေးကတော့ ......
" ဟ ကိုယ်တိုင်ကကြိုးစား အားထုတ်မူ့ မရှိရင် ကိုယ်လိုချင်တဲ့ပန်းတိုင်းကို ဘယ်တော့မှ မရောက်ဘူးကွ ... ငါတော့ ဒီကလွတ်အောင်ကြိုးစားမယ် "
ဟုဆိုကာ တံငါသည် လှေထဲကနေ '" ဖလပ် " ဖလပ် " နဲ့  ခုန ခုနခုန်ထွက်ဖို့  ကြိုးစားနေပါတယ် ...
အကြိမ်ဖန်များစွာ ကြိုးစားတာကို တံငါသည် သတိပြူမိသွားတော့ ချက်ချင်းဘဲ လှော်တက်နဲ့  ရိုက်သတ်ခြင်းခံလိုက်ရပါတယ် ...
ဥာဏ်ကို အားကိုးတဲ့ ငါးလေးကတော့ အခွင့်ခါသင့်အချိန်ကို စောင့်နေခဲ့ပါတယ် ..
ခနုကြာတော့ လေပြင်းတစ်ချက်တိုက်ခတ်တာကြောင့် လှေဟာ အနည်းငယ် စောင်းသွားခဲ့ပါတယ် ...
အဲဒီချိန် ဥာဏ် ကို အားကိုးတဲ့ ငါးက ဟာ အခွင်ရေးဘဲဆိုပြီး တစ်ချက်ဘဲ ခုန်လိုက်ရပြီး အသက်သေဘေးမှ လွတ် မြောက်သွားခဲ့ရပါတယ်....
တံငါသည် က ငါးတစ်ကောင်လွတ်သွားတာကို သတိပြူမိပြီး ကျန်နေတဲ့ ငါးတစ်ကောင်လဲ လွတ်မှာ စိုးရိမ်တာမို့  ချက်ခြင်းဘဲ ကံကို အားကိုတဲ့ ငါးကို ရိုက်သတ်လိုက်ပါတယ် ...
ရည်မှန်းထားတာ အောင်မြင်ဖို့  " ကံ နဲ့  ၀ိရိယ " ရှိနေခဲ့ရူံနဲ့  မရဘဲ .....
" ကံ ၊ ဥာဏ် ၊ ၀ိရိယ " သုံးခုလုံးကို သေချာပိုင်နိုင်စွာ အသုံးချနိုင်ခဲ့မှသာ လိုချင်တဲ့ ပန်းတိုင်းကို ရောက်နိုင်လိမ့်လို့  ရည်ညွန်းထားခဲ့ခြင်းဖြစ်ပါတယ် ...
ဗုဒ္ဓကမ္ဘာ Blog မှ

Credit to MyMedia

🍁နေတက်ဖို့🍁
01/10/2016

🍁နေတက်ဖို့🍁

⭐မမေ့ပါနဲ့⭐
01/10/2016

⭐မမေ့ပါနဲ့⭐

အရမ်းအတုယူစရာကောင်းသောပညာပေးလေးပါ📧📧📧📧📧📧📧📧📧📧📧📧📧📧📧📧
01/10/2016

အရမ်းအတုယူစရာကောင်းသောပညာပေးလေးပါ
📧📧📧📧📧📧📧📧📧📧📧📧📧📧📧📧

Address

Katha

Telephone

09458587703

Website

Alerts

Be the first to know and let us send you an email when ကျနော်နှစ်သက်သော စာပေများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category