27/01/2021
(၂၄)ကြိမ်မြောက်အောင်ဘာလေထီ ဆုမဲခွဲဝေမှု
--------------–--------------------
Posted Date:27.01.2021
စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အောင်ဘာလေသိန်းဆုဌာနခွဲ
ကြေညာချက်
(ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ လ ၂၈ ရက်)
၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်ကျင်းပမည့် (၂၄) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် မူလထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ကဇ”ထိ စုစုပေါင်းအက္ခရာ (၄၁)လုံး၊ ထီစာအုပ်(၃၃၅၄၅၃၈) အုပ် ရောင်းချခဲ့ရာတွင် ကုန်စင်အောင်ရောင်းချနိုင်ခဲ့သည့်အပြင် ဝယ်လိုအားမြင့်တက်လာသည့်အတွက် အရန်ထီအက္ခရာ “ကဈ” တစ်လုံး၊ ထီစာအုပ် ( ၈၁၈၁၈ ) အုပ်ကိုလည်း ကုန်စင်အောင် ထပ်မံရောင်းချနိုင်ခဲ့ပါသည်။
၂။ (၂၄) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက်ရောင်းချရသည့် အက္ခရာမှာ အရန်ထီအပါအဝင် စုစုပေါင်းအက္ခရာ (၄၂) လုံးဖြစ်ပါသည်။ ရောင်းချခဲ့ရသည့် ထီအုပ်ရေမှာ (၃၄၃၆၃၅၆) အုပ်ဖြစ်ပြီး ထီလက်မှတ် စောင်ရေမှာ (၃၇၇၉၉၉၁၆) စောင်ဖြစ်ပါသည်။
၃။ ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း (၃၄၃၆၃.၅၆၀) ဖြစ်သဖြင့် ၆၀% ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း (၂၀၆၁၈.၁၃၆) ဖြစ်ပါသည်။
၄။ အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှ အောက်ဖော်ပြပါဆုမဲများ ချီးမြှင့်သွားမည်ဖြစ်ပါသည်-
(က) အထူးဆုကြီးစနစ်
(၁) ကျပ်သိန်းတစ်သောင်းငါးထောင် = (၁) ဆု
(၂) ကျပ်သိန်းတစ်သောင်း = (၁) ဆု
(၃) ကျပ်သိန်းငါးထောင် = (၂) ဆု
(၄) ကျပ်သိန်းနှစ်ထောင် = (၄) ဆု
(၅) ကျပ်သိန်းတစ်ထောင် = (၈) ဆု
(ခ) ဆုတစ်ဆုချင်းစနစ်
(၁) ကျပ်သိန်းငါးရာ = (၂၃) ဆု
(၂) ကျပ်သိန်းနှစ်ရာ = (၂၃) ဆု
(၃) ကျပ်သိန်းတစ်ရာ = (၂၄) ဆု
(၄) ကျပ်သိန်းငါးဆယ် = (၂၅) ဆု
(၅) ကျပ်သိန်းနှစ်ဆယ် = (၂၇) ဆု
(၆) ကျပ်ဆယ်သိန်း = (၂၉) ဆု
(ဂ) ဝေဝေဆာဆာပဒေသာဆုမဲစနစ်
(၁) ကျပ် သုံးသိန်း = (၂၀၀) ဆု
(၂) ကျပ် နှစ်သိန်း = (၂၀၀၀) ဆု
(၃) ကျပ် တစ်သိန်း = (၂၀၀၀၀) ဆု
(၄) ကျပ် ငါးသောင်း = (၂၂၀၀၀၀) ဆု
၄။ ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသောဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း (၂၅၀) အား တစ်ဆုချင်းဆုမဲ ကျပ် ၁၀ သိန်း (၄) ဆုနှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃ သိန်း (၂၀) ဆု၊ ကျပ် ၂ သိန်း (၂၀၀) ဆု၊ ကျပ် ၁ သိန်း (၂၀၀၀) ဆု၊ စုစုပေါင်း( ၂၂၂၄) ဆု ကိုလည်းထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။
၅။ (၂၄) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၂.၂၀၂၁) ရက်နေ့ (တနင်္လာနေ့)၊ နံနက် (၈:၀၀) နာရီအချိန်တွင် အမှတ် (၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
လစဉ်အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ပေးသွင်းရမည့်နောက်ဆုံးရက်ဖြစ်ပါသည်။