အင်းနက်ကျေးရွာစာကြည့်တိုက်

  • Home
  • Myanmar
  • Innet
  • အင်းနက်ကျေးရွာစာကြည့်တိုက်

အင်းနက်ကျေးရွာစာကြည့်တိုက် 2015 ကတည်းက စာကြည့်တိုက်အဆောက်အဦကိုတ?

စာဖတ်ပါ******သူငယ်ချင်း (၁)စာအုပ်တွေ ဝယ်ပြီ ဖတ်ပြီး စုနေတာကောင်းပါတယ် မင်းဝယ်ထားတဲ့ စာအုပ်တွေ့က ၂၀၀၀မှ ၁၀၀၀၀ ကြာ စာအုပ်ေ...
28/06/2018

စာဖတ်ပါ
******

သူငယ်ချင်း (၁)
စာအုပ်တွေ ဝယ်ပြီ ဖတ်ပြီး စုနေတာ
ကောင်းပါတယ် မင်းဝယ်ထားတဲ့ စာအုပ်တွေ့က
၂၀၀၀မှ ၁၀၀၀၀ ကြာ စာအုပ်တွေကွ
စာအုပ်တွေရဲ့တန်ဖိုးဟာရွှေလုပ်ထားလို့ ရတယ်
ရွှေလုပ်ထားရင် မင်းဘဝအတွက် မရှိ ဝမ်းစား ရှိ တန်ဆာ ပေါ့
စာအုပ်တွေ ဝယ်တာရပ်တော့ပါလာ
မင်း ဝယ်ထားတဲ့ စာအုပ်တွေကို ကုန်အောင် ဖတ်ပါအုန်း
အခုလို ရေရှည်တဲ့အတွက် အကြံအဥာဏ်ပေးတာ
ကျေးဇူးတင်ပါတယ် သူငယ်ချင်း
ရွှေဆိုတာ စုတာဟာ ကောင်းပင်မဲ့ ရွှေများလာရင် ကိုယ်ရဲ့ အသက်ကို နုတ်ယူဖို့ ဝန် မလေးတဲ့လောဘသားတွေ သိရင် ငါအသက်ကို
ထိခိုက်လာနိုင်တယ် ရွှေကဝယ်ထားရင် ပြန် ရောင်းလို ရတယ်
စာအုပ်က ပြန်ရောင်မရပင်မဲ့ စာကြည်တိုက်မှာ လှူဒါန်းလိုရတယ်
ဒါပင်မဲ့ ငါ စာအုပ်ဝယ်တာ ပြန်ရောင်ဖို မဟုတ်ပါဘူး ငါ သိသမျှ ဗဟုသုတတွေကို ပြန်လည်း မျှဝေတာကို ငါ ဝမ်းသာနေတာပါ
လူပြည်ရောက်တုန် လူရဲ့ ကျင့်ဝတ်တွေနဲ့ ငါနေတတ်အောင်
ငါ စာများများဖတ်မှ ငါ နေတတ်လာမှာ စာအုပ်တစ်ခုအုပ်မှာ
ငါ ဖတ်တစ်ခုကို ငါ အမြဲတမ်း သတိရတယ် သူများတွေ့ထက်
သိခြင်း တတ်ခြင်း တော်ချင်ရင် စာများများဖတ်တဲ့ စာပေဆိုတာ
လူတစ်ယောက်အတွက် စိတ်ဓာတ်ခွန်အားတွေ အသိတရားတွေ
အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်အမှားကို ဝေဖန်ပိုင်ခြားတတ်လာတယ် ဒါဟာ စာတွေ့ ငါ ဖတ်လို မင်းကို ပြောတတ်တာပါငါ စာမဖတ်ရင် ဒီလို ငါ ဘယ်ပြောမတတ်မလဲ သူငယ်ချင့်းဲ့

သူငယ်ချင်း(၂)
မင်းစကားတွေက သိပ်ကို တန်ဖိုးရှိလိုက်တာကွ
ငါ မင်းလို စကားတွေ့ ပြောတတ်ချင်လိုက်တာ
အချစ်နဲ့ပက်သက်ရင် ပြောပြတတ်တယ်
အလုပ်နဲ့ပက်သက်လာရင်လဲ မင်းနာလည်းအောင် ပြောပြတတ်
သင်ပြတတ်တယ် အလုပ်ထဲမှာ အဆင်မပြေမူတွေ ကြုံလာတိုင်း
အားပေးတတ်တယ်
ဟာသတွေကို လည်း အားရပါးရ ပြောပြီး ရီနေအောင် လုပ်ပြတတ်တယ်
အိမ်ထောင်ရေးနဲ့ ပက်သက်လာရင် နားလည်းအောင် ပြောတတ်ဆိုတတ်တယ် ကလေးတွေကို ဆုံးမတဲ့အခါ ပညာသာပါပါ
ပြောဆိုဆုံးမတတ်တယ်
စိတ်ဓာတ်ကျနေသူကိုလည်း စိတ်ဓာတ်ခွန်အားရှိအောင် ပြောပြပေးတယ် မိဘနဲ့ ပက်သက်တဲ့အခါ ကိုယ်ရဲ့စိတ်နဲ့ မိဘ နေရာရဲ့ စိတ်ကို သူတစ်ပါး သိသာမြင်သာလာအောင် ပြောတတ်တယ်
မင်းကို အားကျလိုက်တာ မင်း ဒါတွေ့ကို ဘယ်လို လုပ်ပြီး သိတာလဲ သူငယ်ချင်း ငါ စာဖတ်တယ်လေ
စာဖတ်ပါ ဒါဟာ မင်းမသိသေးတဲ့အချက်တွေ့
ကိုယ်ရဲ့ အားသာချက် အားနည်းချက် တွေ့ကို မြင်လာပြီး ပြုပြင်တတ်လာလိမ်မယ် ဒါဟာ စာဖတ်ခြင်းရဲ့ ကျေးဇုးတရားတွေပေါ
ဘယ်လို အခြေအနေမျိုးရှိပါစေ ဒုက္ခတွေ့ရောက်နေလို လူအယောက်တစ်ရာနဲ့ တိုင်ပင်တာထက် စာအုပ်တစ်အုပ်ကို ကောက်ပြီး ထိုင်းပြီးဖတ်လိုက်တာနဲ့ တူညီတယ် သူငယ်ချင်း
ဟိုးအယောက်တစ်ရာမှာ မင်းကို မုန်းတဲ့သူ ရှိနေရင်မင်းမသိဘူး
စာအုပ်မှာ မင်းကို မုန်းတဲ့ သူဆိုတာ လုံးဝ မရှိပါဘူး
စာအုပ်ဆိုတာ ကိုယ်ဘဝရဲ့ စစ်မှန်တဲ့မိတ်ဆွေ့ပဲ သူငယ်ချင်း
ဒါကြောင် စာအုပ် စာပေ လူမိတ်ဆွေ့ တဲ့ ဆိုးရိုးစကားတောင်ရှိသေးတယ်

စာဖတ်ကြပါ သူငယ်ချင်းတို့ 
•••••••••••••••

နောင်နောင်N&P

20/05/2018

အနာဂတ်​ မျိုးဆက်​သစ်
ညီ/မငယ်​များကို ​လေးစား စွာဖြင့်
ဆက်​လက်​ ကြိုးစားသွားကြပါ. . . ။
"အင်းနက်​​ကျေးရွာ အသိပညာ စာကြည့်​တိုက်
တနင်္ဂ​နွေ အပတ်​စဉ်​ က​လေးစာဖတ်​ဝိုင်း
ထာဝစဉ်​ တည်​ရှိ​နေမည်​။

မန္တ​လေးတိုင်း​ဒေသကြီး၊ သပိတ်​ကျင်းမြို့နယ်​၊တ​ကောင်းမြို့၊ အင်းနက်​​ကျေးရွာအုပ်​စု၊အင်းနက်​​ကျေးရွာ အသိပညာစာကြည့်​တ...
29/04/2018

မန္တ​လေးတိုင်း​ဒေသကြီး၊ သပိတ်​ကျင်းမြို့နယ်​၊
တ​ကောင်းမြို့၊ အင်းနက်​​ကျေးရွာအုပ်​စု၊
အင်းနက်​​ကျေးရွာ အသိပညာစာကြည့်​တိုက်
အပတ်​စဉ်​ တနင်္ဂ​နွေ က​လေးစာဖတ်​ဝိုင်းသို့
အင်းနက်​​ကျေးရွာအုပ်​စုအုပ်​ချုပ်​​ရေးမှူးနှင့်
စာ​ပေချစ်​သူများမှလာ​ရောက်​ပူး​ပေါင်း ပါဝင်
ဆွေး​နွေး​ပေးကြပါသည်​။
*က​လေးမျာဖြင့်​ ​ပျော်​ရွှင်​စရာ
*တနင်္ဂ​နွေ​နေ့ကို ​ရောက်​လို့လာ
*ပုံ​ပြော စာဖတ်​ကြမယ်​ကွာ

(19.4.2018)​နေ့

တနင်္ဂ​နွေ အပတ်​စဉ်​ က​လေးစာဖတ်​ဝိုင်းတ​ကောင်းမြို့၊ အင်းနက်​​ကျေးရွာ၊အသိပညာစာကြည့်​တိုက်​ အပတ်​စဉ်​တနင်္ဂ​နွေ က​လေးစာဖတ်...
22/04/2018

တနင်္ဂ​နွေ အပတ်​စဉ်​ က​လေးစာဖတ်​ဝိုင်း

တ​ကောင်းမြို့၊ အင်းနက်​​ကျေးရွာ၊
အသိပညာစာကြည့်​တိုက်​ အပတ်​စဉ်​တနင်္ဂ​နွေ က​လေးစာဖတ်​ဝိုင်း
ဖြစ်​​မြောက်​ ​အောင်​မြင်​နိုင်​​ရေးအတွက်
အင်​နက်​​ကျေးရွာ အုပ်​စုအုပ်​ချုပ်​​ရေးမှူးမှ
အဓိက ပံ့ပိုးကူညီ​ဆောင်​ရွက်​​ပေးပြီး
စာ​ပေချစ်​သူ ညီအစ်​ကို​မောင်​နှမများမှ
တတ်​ညီလက်​ညီ အားဖြည့်​လုပ်​​ဆောင်​ကြ
ပါသည်​။
ယ​နေ့စာကြည့်​တိုက်​သို့ မြို့နယ်​​တောအုပ်
အဖွဲ့မှ အလှူ​ငွေ တစ်​​သောင်းခွဲကျပ်​တိတိ
ပါဝင်​ ကူညီသွားကြပါသည်​။

အသိပညာစာကြည့်​တိုက်
တာဝန်​ခံ

အင်းနက်​​ကျေးရွာအုပ်​စုအသိပညာ စာကြည့်​တိုက်​ တနင်္ဂ​နွေ အပါတ်​စဉ်​က​လေးစာဖတ်​ဝိုင်း စတင်​အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​...
18/03/2018

အင်းနက်​​ကျေးရွာအုပ်​စု
အသိပညာ စာကြည့်​တိုက်​ တနင်္ဂ​နွေ အပါတ်​စဉ်
က​လေးစာဖတ်​ဝိုင်း စတင်​အ​ကောင်​အထည်​​ဖော်
ဆောင်​ရွက်​​နေပါသည်​။ ရှိသမျှအင်​အား​လေးဖြင့်
အနာဂတ်​ကြယ်​ပွင့်​​လေးများကို တိမ်​​မှောင်​​တွေ
ဖယ်​ရှား​ပေးဖို့ စာကြည့်​တိုက်​သို့ သွားကြစို့. . ။
မှတ်​ချက်​။ ။လိုအပ်​ချက်​များရှိ​နေပါသည်​။
ကျ​နော်​ စွမ်းသ​လောက်​ကြိုးစားသွားပါမည်​။
ကူညီ​ဖေးမ​ပေးမည့်​ ​စေတနာရှင်​များစွာ လိုအပ်​ပါ
သည်​။
#09257254026

အင်းနက်​​ကျေးရွာစာကြည့်​တိုက်​   ပြန်​လည်​ပြင်​ဆင်​ ပြုပြင်​အ​ကောင်​ထည်​​ဖော်​လာ​ရောက်​ကူညီ​ပေးကြ​သော ညီ/မငယ်​များအားအထ...
09/03/2018

အင်းနက်​​ကျေးရွာစာကြည့်​တိုက်
ပြန်​လည်​ပြင်​ဆင်​ ပြုပြင်​အ​ကောင်​ထည်​​ဖော်
လာ​ရောက်​ကူညီ​ပေးကြ​သော ညီ/မငယ်​များအား
အထူးပင်​​ကျေးဇူးတင်​ရှိလျက်​. . .
Capacity Building @ Tagaung

08/03/2018
စာ​ပေသည်​ အဖိုးတန်​ ရတနာတစ်​ပါးပါ။
04/03/2018

စာ​ပေသည်​ အဖိုးတန်​ ရတနာတစ်​ပါးပါ။

2015 ကတည်းက စာကြည့်တိုက်အဆောက်အဦကိုတ�

04/03/2018

စာကြည့်တိုက်နှင့်လူမျိုး
-------------------------------
ဆောင်းပါးရှင် တက္ကသိုလ် ခိုင်ချစ်

စင်စစ် စာကြည့်တိုက်သည် နှယ်နှယ်ရရကိစ္စမဟုတ်ပေ။ဒေသတစ်ခု၏စာသင်ကျောင်းတစ်ကျောင်း(သို့မဟုတ်) ဘုန်းကြီးကျောင်းတစ်ကျောင်းကဲ့သို့အရေးပါ အရာရောက်လေသည်။စာသင်ကျောင်းတို့၊ဘုန်းကြီးကျောင်းတို့ ကို ဂရုစိုက်သကဲ့သို့ စာကြည့်တိုက်ကို ဂရုစိုက်ရမည်ဖြစ်လေသည်။
စာကြည့်တိုက်သည် လူမျိုးတိုင်း၌ ရှားပါးသောပစ္စည်းဖြစ်၏။စာကြည့်တိုက်ကို နားလည်သော စာကြည့်တိုက် ကိုနားလည်သော၊စာကြည့်တိုက်၏တန်ဖိုးကိုသိနားလည်သော လူမျိုးသည် အလွန်အဆင့်မြင့်ပြီး အလွန်တိုး တက်မည်ဖြစ်လေသည်။စာကြည့်တိုက်ကိုစိတ်ဝင်စားပြီး စာကြည့်တိုက် အစဉ်တိုးတက်ရေးကို လိုလိုလားလား လုပ်ဆောင်သူတို့သည် ထိဒေသ၊ထိုရွာ၏ အဆင့်မြင့် လူမျိုးများပင်ဖြစ်သည်။
ယနေ့ခေတ်ကား လူတိုင်းလိုလို စာတတ်ကြ၏။ထို့ကြောင့် စာတတ်သူများစာဖတ်ကြစေရန် နိုင်ငံတော်မှ လည်း လမ်းညွှန်ဆောင်ရွက်ပေး၏။စာချစ်သူ၊စာပေ၏တန်ဖိုးကိုသိနားလည်သူ အချို့ကလည်း စာကြည့်တိုက် များဖြစ်မြောက်လာရေးကို အလေးထားဆောင်ရွက်လာကြ၏။
သက်ဆိုင်ရာပုဂ္ဂိုလ်များကလည်း ကျေးရွာ၊ရပ်ကွက်၏ အင်္ဂါရပ်ပြည့်စုံစေရန်အလို့ငှာ စာကြည့်တိုက်များတည် ဆောက်ပြီး ဆိုင်းဘုတ်၊နာမည်လှလှလေးတွေနှင့်သားသားနားနား လုပ်ဆောင်လာကြ၏။ဤသို့အားဖြင့် ကျွန် တော်တို့နိုင်ငံ၏ အချို့အချို့သော ကျေးလက်ရွာများတွင် မိုးဦးကျ မှိုများကဲ့သို့ စာကြည့်တိုက်တို့ အလျှိုအလျှို ပေါ်ပေါက်လာကြ၏။အငယ်၊အလတ်၊အကြီး၊ဆူကြုံနိမ့်မြင့် အဆင့်အတန်းမျိုးစုံတွေ့မြင်လာကြရ၏။ကောင်း လေစွ။လက်တစ်ကမ်းစာအုပ်တွေရှိလာတော့ စာဖတ်ကြတော့မည်။စာဖတ်သော လူမျိုးဖြစ်တော့မည်။
သို့သော် မှန်းချက်နှင့်နှမ်းထွက်မကိုက်ဟုဆိုရချေတော့မည်လား။ကျွန်တော်တို့ လူမျိုးကား စာနှင့်အလွန်စိမ်း သေးသည်တကား။စာကြည့်တိုက်ဟူသော ပညာဘဏ်တိုက်တို့နှင့် မတန်သေးဟု နဖူးမနာပါးမနာဆိုရပေတော့ မည်။
‘’စာကြည့်တိုက်ဖြစ်မြောက်ရေး ‘’တစ်ယောက်တစ်လက်ဝိုင်းလို့ကူ စာကြည့်တိုက်ကြီးထူလိုက်ကြလေပြီ။ဖြစ် မြောက်ရေးကော်မတီတို့ဖွဲ့စည်းပြီး ၊စာကြည့်တိုက်တွင် စာအုပ်တွေလည်း ဟိုကသည်ကရလာ၏။ကျေးရွာ လူငယ်မောင်မယ် အပေါင်းတို့ကလည်း လွန်းထားထားတို့၊ပုညခင်တို့၊မင်းမြတ်သူရတို့ကို အခါအားလျော်စွာ ကြားဖူးဖတ်ဖူးကြတော့ စာကြည့်တိုက်သို့အပြေးအလွှားရောက်လာကြ၏။လူကြီးသူမများကလည်း ၀ိပသနာ စာအုပ်များကို ၀ယ်စရာမလိုတော့ဘဲ ငှားဖတ်နိုင်ကြတော့မည်။စာကြည့်တိုက်သည် ဘုန်းကြီးကျောင်းကဲ့သို့ အေးအေးလူလူ နားခိုစရာကလေးဖြစ်ပေတော့မည်။စာကြည့်တိုက်ဖြစ်ပြီ။စာကြည့်တိုက်ယန္တရား လည်ပတ်ပြီ။
သို့သော် နှစ်လ၊သုံးလ၊လေးလ။သိပ်မကြာ။စာအုပ်ငှားသည်များ ပြန်မပေး။ဖြစ်မြောက်ရေးကော်မတီဝင်များ ကလည်း စိတ်မပါလက်မပါဖြစ်လာကြသမို့ ရံပုံငွေကလည်း ပျောက်၊စာကြည့်တိုက်လည်း ကျွန်းထိုးမှောက်ခုံ လဲ လေတော့၏။သိပ်မကြာ။သက်တမ်းကား ကြောက်ခမန်းလိလိအလွန်လျင်မြန်လှ၏။အစမ်းစာမေးပွဲ၌ပင် အရှုံးကြီးရှုံးလေပြီတကား။ဤကား ကျွန်တော်တို့စာကြည့်တိုက်များ၏ နိဒါန်းတည်း။
နောက်တော့ ကြက်ကြည့်၊ငှက်ကြည့်စာကြည့်တိုက်၊၀က်အိမ်၊ဆိတ်အိမ် စာကြည့်တိုက်၊ယခုကဲ့သို့ မုန်တိုင်း ထန်သောကာလ၌ကား ကင်းရုံဘာညာ စသည်ဖြင့် လုပ်လိုက်ကြသေး၏။သက်ဆိုင်သူများ ပြုံးမိကြမလား၊ ဆဲ ရေးကြလေမလား။ဤသည်မှာ အမှန်ဖြစ်ပါ၏။အများကြီးတွေ့ဖူးပါ၏။၂၁ ရာစုနှစ် ကျွန်တော်တို့၏ စာကြည့်တိုက်သမိုင်းကား မှောင်အတိကျလျှက်ပါတည်း။သည်တော့ စာကြည့်တိုက်ဟူသည် အဘယ်နည်း။ စာကြည့်တိုက်ဆိုသည်မှာ ဟန်ပြမဟုတ်။အင်္ဂါရပ်တစ်ခုသာမဟုတ်၊ရွာတက္ကသိုလ်၊ပညာဘဏ်တိုက်ဖြစ်၏။ စာကြည့်တိုက်ဆိုသည်မှာ တစ်နှစ်မဟုတ်၊နှစ်နှစ်မဟုတ်၊ရွာရှိသရွေ့ လူရှိသရွေ့ မရှိမဖြစ်ရှိနေရမည့် အရာ ဖြစ် လေသည်။
‘’ဖြစ်မြောက်ရေး’’ကိုတော့ ရွာတိုင်းလုပ်နိုင်ကြသည်ဟု ယုံပါ၏။သို့သော် ‘’ရေရှည်တည်တံ့ရေး၊စဉ်ဆက်မပြတ် တိုးတက်ရေး’’ကိစ္စကျတော့ လွယ်မယောင်နှင့်ခက်ပြီး ၊တိမ်မယောင်နှင့်နက်လေသည်။သို့သော် စာကြည့်တိုက် ၏ အနှစ်သာရဟူသည် ‘’ဖြစ်မြောက်ရေး’’ ကာလ မဟုတ်ရကား ‘’စာကြည့်တိုက်ရေရှည်တည်တံ့ရေး’’ စဉ်ဆက် မပြတ်တိုးတက်ရေး’’ ကို မလုပ်မဖြစ် လုပ်ရပါမည်။
“ဖြစ်မြောက်ရေး’’ သည် ခေတ်မီသူ၊ပရဟိတ စိတ်ရှိသူအချို့ ၀ိုင်းဝန်းလိုက်ကြလျှင် ဖြစ်လာ၏။’’ရေရှည် တည်တံ့ရေး၊စဉ်ဆက်မပြတ်တိုးတက်ရေး’’ကိစ္စမှာကားနံပါတ်(၁) တာဝန်ရှိသူသည် Librarian ဟုခေါ်သော စာကြည့်တိုက်မှုးကောင်းတစ်ယောက်သည် သာမန်ကျောင်းအုပ်ဆရာတစ်ယောက်ထက်မညံ့သော အသိ ပညာရှိသူ၊အရည်အချင်းရှိသူဖြစ်၏။စာကြည့်တိုက်မှုးအရည်အချင်း မရှိလျှင် ထိုစာကြည့်တိုက်သည် စာကြည့် တိုက်အဖြစ်နှင့်တော့ ရှိတော့ရှိနေမည်။သို့သော် ထိုစာကြည့်တိုက် မတိုးတက်နိုင်။
စာကြည့်တိုက်မှုး တစ်ယောက်၏ နံပါတ်(၁)တာဝန်(သို့မဟုတ်) အရည်အချင်းသည် “စာအုပ်များကိုချစ်တတ် ရန်’’ ပင်ဖြစ်၏။စာချစ်သူဖြစ်ဖို့ပင်ဖြစ်၏။နံပါတ်(၂)ကား စာဖတ်သူများ၏ အလိုဆန္ဒကို အတတ်နိုင်ဆုံးဖြည့် ဆည်းပေးတတ်ရေးပင်ဖြစ်၏။နံပါတ်(၃) ကား စာဖတ်သူများတိုးပွားလာရေး လုပ်ဆောင်မှုပင်ဖြစ်၏။ဤကား သာမန်စာကြည့်တိုက် တတိုက်အဖို့ အကျဉ်းမျှသာဖြစ်ပါလိမ့်မည်။
စာကြည့်တိုက်တတိုက်၏ နံပါတ်(၂)တာဝန်ရှိသူများမှာကား စာကြည့်တိုက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်လူကြီးများဖြစ်၏။ကော်မတီဝင်လူကြီးမင်းများသည်
(၁) စာကြည့်တိုက်မှုးကောင်းကိုရွေးချယ်တတ်ရမည်။

(၂) ရွေးချယ်ထားခြင်းခံရသော စာကြည့်တိုက်မှုးသည် အချိန်ပိုင်း စေတနာဝန်ထမ်းဖြစ်စေ၊အခကြေးငွေဖြင့် ခန့်ထားခြင်းခံရသော အချိန်ပြည့် စာကြည့်တိုက်လခစားဝန်ထမ်းဖြစ်စေ၊စာကြည့်တိုက်မှုး၏ အကြံဥာဏ်သည် အခရာကျကြောင်း ကော်မတီဝင်များသိရမည်။စာကြည့်တိုက်မှုး၏ လမ်းညွှန်ချက်များကို ကော်မတီဝင်အချင်း ချင်းဆွေးနွေးညှိနှိုင်းပြီး အတည်ပြုပေးရမည်။လိုက်နာဆောင်ရွက်ပေးရမည်။
(၃)ကော်မတီဝင်များ၏ အရည်အချင်းမှာ စာကြည့်တိုက်မှုးကဲ့သို့ပင် စာပေကိုစိတ်ဝင်တစား၊တန်ဖိုးထားတတ် သူများ၊စာချစ်သူများဖြစ်ဖို့င်ဖြစ်၏။စာပေကိုစိတ်ဝင်စားတန်ဖိုးထားသောသူ အများစုဖြင့်သာ ကော်မတီကိုဖွဲ့ ထားသင့်ပြီး အုပ်ချုပ်မှုသြဇာညောင်းသောရွာမိရွာဖ မပါမဖြစ် ပါရပါလိမ့်မည်။(ထင်းချောင်းများကို ထင်း ချောင်း ဖြင့်စည်း၍ မရနိုင်သည်နိုင်သည်မှာ သဘာဝ ဥပမာ အမှန်ဖြစ်ပါသည်။ပျော့ပျောင်းနူးညံ့ပြီး မာကျောကျစ်လျစ် သော ကြိုးကောင်းကောင်းဖြင့် စည်းမှသာ ထင်းစည်းကောင်းကောင်းရနိုင်ပါသည်။
(၄) ကော်မတီဝင်များသည် စာကြည့်တိုက်ရံပုံငွေတိုးတက်ရေးကိစ္စအလေးပေးဆောင်ရွက်ရမည်။လိုအပ်လျှင် စည်းမျဉ်းရေးဆွဲရလိမ့်မည်။ရံပုံငွေရှိမှ စာအုပ်လစဉ် ၀ယ်နိုင်ပါမည်။လစဉ်စာအုပ်ဝယ်နိုင်သောစာကြည့်တိုက် သည် ခေတ်မီစာကြည့်တိုက်ဖြစ်ပြီး ၊စဉ်ဆက်မပြတ်တိုးတက်သော စာကြည့်တိုက်ဖြစ်ပါသည်။အမှန်မှာ စာကြည့်တိုက်ဟူသည် ယင်းသို့ သာဖြစ်သင့်ပါသည်။ဒါမှ ‘’စာကြည့်တိုက်။’’
တိုးတက်သောလူမျိုးသည်စာဖတ်ကြ၏။စာဖတ်ကြ၍ စာဖတ်သောလူမျိုးသည်တိုးတက်ပါသည်။(တရုတ်စကား ပုံ) စာအုပ်နှင့်တန်သောလူ၊စာကြည့်တိုက်နှင့်တန်သော ရွာ၊စာဖတ်သောလူမျိုးဖြစ်ရန်မှာ ကျွန်တော်တို့လူမျိုး ၊ကျွန်တော်တို့တိုင်းပြည်၏ အမြင့်၊အနိမ့်၊အဆင့်အတန်းပင် ဖြစ်ပါကြောင်း။

crd -တက္ကသိုလ်ခိုင်ချစ်

Address

အင်းနက်​​ကျေးရွာ
Innet
1995

Opening Hours

Tuesday 12:00 - 15:00
Wednesday 12:00 - 15:00
Thursday 12:00 - 15:00
Friday 12:00 - 15:00
Saturday 12:00 - 15:00
Sunday 12:00 - 15:00

Telephone

09257254026

Website

Alerts

Be the first to know and let us send you an email when အင်းနက်ကျေးရွာစာကြည့်တိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category