Gyobingauk City

Gyobingauk City သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်

ကြို့ပင်ကောက်မြို့နယ်၊ သက်ရင်းကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ကျန်းမာရေးမကောင်းတာကြောင့် နှုတ်ထွက်စာတင်
24/11/2024

ကြို့ပင်ကောက်မြို့နယ်၊ သက်ရင်းကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ကျန်းမာရေးမကောင်းတာကြောင့် နှုတ်ထွက်စာတင်

"မှတ်မှတ်ထွေထွေ ရွှေကြို့မြေ"ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အကြောင်းကို "မှတ်မှတ်ထွေထွေ ရွှေကြို့မြေ" ...
22/10/2023

"မှတ်မှတ်ထွေထွေ ရွှေကြို့မြေ"

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အကြောင်းကို "မှတ်မှတ်ထွေထွေ ရွှေကြို့မြေ" သရုပ်ပြဓာတ်ပုံ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

Photo- Crd

21/04/2023

ကြို့ပင်ကောက်သူလေးအတွတ်
ခံစားရေးသားသီဆိုထားတဲ့ "ရွှေကြို့သူ"
သီချင်းလေး အရမ်းကောင်းတယ်

ရွှေ့ကြို့မြေသာစခန်း___________________အရှေ့အနောက် ဝဲ ယာ တင့်တယ်ဟန်နဲ့မဟာနှစ်ဆူ ကိန်းဝပ်စံပယ်နေတဲ့မြို့သာယာဝတီမြို့ဟောင်း...
24/02/2023

ရွှေ့ကြို့မြေသာစခန်း
___________________
အရှေ့အနောက် ဝဲ ယာ တင့်တယ်ဟန်နဲ့
မဟာနှစ်ဆူ ကိန်းဝပ်စံပယ်နေတဲ့မြို့

သာယာဝတီမြို့ဟောင်း အခြံအရံနဲ့
သိုးပို့ရိုးကိုမှ ပန္နပ်ခံထာတဲ့ မြို့

ရန်ကုန်မြို့မှ ၁၂၄ မိုင်အကွာ
၆နာရီ ၃၀ မိနစ်
ပယ်လယ်ရေမျက်နှာပြင် ၈၇ပေအထက်

ဧရာဝတီကို ခါးထစ်ခွင်
ပဲခူးရိုးမကို သိုင်းဆွဲ
ပထမမြန်မာနိုင်ငံတော်ကနေ
ရဲဘော်သုံးကျိပ်အထိ
သမိုင်းအစက်အပျောက်တွေ အဖီဆွဲနေတဲ့မြို့

မြောက်လတ္တီတွဒ် ၁၀ ဒီဂရီ ၆၅မိနစ်
၁၈ဒီဂရီ ၁၅မိနစ်အကြား
အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၇ မိနစ်
၅၀မိနစ်အလယ်
အရှေ့အနောက် ၃၃မိုင် ခရီးတွင်သလို

ကမ္ဘာဦးကတည်းက လှိုင်းဖွဲ့လာကြတဲ့
ရန်ဖက်တွေ ဒီနေရာမှာ ရပ်စဲကြသတဲ့

ကျုံး
မြို့ရိုး
နန်းဦးစေတီ
ပျက်စီးနေတဲ့ သမိုင်းအစအနတွေသီရင်း
စစ်ချီရင်း ဘုရားတည်ခဲ့တဲ့မြေ
ရန်အောင်မြင်ကျစွာဘုရား
ပုဂံကနေ တံတားလို ခင်းလို့ ကျစွာအရှင် ထားခဲ့တဲ့မြို့

မြေနေရာ ခွင့်ပိုင်ပေမယ့်
ကံ မဆိုင်တဲ့အခါ
မြို့ရိုးတိုင်ကိုလည်း လွှင့်ထူမရ

မောင်ဆိုက်ရာ ဒုက္ခအိုးမှာ
သောကဖျာလိပ်လေး ခေါင်းထိုး လိုက်ရဲတဲ့
မအောင်ဖြူလို အချစ်မျိုးလည်း လှရဲ့

မြို့တည်ပြီး သိက္ခာမဆည်တဲ့အခါ
လူ့အသက်ဟာ မြို့ရိုးတံတိုင်းခတ်ဖို့ အတွက်ပဲလား

သပြေတစ်ညွန့် ကြံတစ်ခက်ချွေလို့
ယတြာတွေ ကျေပျက်စေပေါ့
ခုတော့
တဖက်မှာ ဒုက္ခတွေပြေဖို့
တစ်ဖက်က ဘဝ အကြွေလေးတွေ
တမလွန်ကို မထားခဲ့နိုင်တဲ့ သမုဒယပါးပါးလေးဟာ
သံသရာက မောင့်အပါးနား တစ်ဖဝါးမခွာ

တကယ်တော့ သားရယ်
ဘီးလူးဖြစ်ဖြစ် လူဖြစ်ဖြစ်
အမေဟာ အမေပဲပေါ့
ဘယ်သမုဒယကများ ဘယ်လူသားရယ်ဆိုပြီး
ပေါ့ပါးသက်ညှာဖြစ်လို့လည်း

ချောလို့ လှလို့ရယ်လို့ သားကိုမွေးခဲ့တာမှ မဟုတ်တာ
ဆိုးလို့ ကြမ်းလို့ရယ်လို့ ထားရစ်ခံခဲ့ရတဲ့
အမေတစ်ယောက်ရဲ့ ငိုငြီးသံတွေအကြား
လူသားဖြစ်တဲ့
နှလုံးသားကပါ အားနာမိတဲ့အထိ
ဒါကမအောင်ဖြူ တဖြစ်လဲ ဘီလူးမကြီးရဲ့ ရင်နင့်ကြမ္မာ

ကံဦးကနေ ကုန်းရွာအထိ
ဂဲတပစ်စာ ကဲတဲ့ မဲခေါင်ဇာတာ
ဆင်တော်လျော်ရှိန်းကြီး ခလောက်လို့
ခေါင်းလောင်းကြီး တောက်လျှောက်ကျသွားတဲ့ မြောင်းရာကနေစလို့
ဆင်ကို ပိုက်နဲ့ဖမ်းတော့ ဆင်ပိုက်လို့တွင်
ကြခတ်ဝါးရုံကြီးနဲ့ ဖမ်းတော့
ကြခတ်တန်းကြီးလို့လည်း ခေါ်ငင်နေပြန်သတဲ့

ခင်ပျိုတွေရဲ့ နတ်ဘုရား
ဒါက မအောင်ဖြူ
ကြက်တိုက်ရင် နိုင်ဖို့
ဒါက သုံးမြို့ရှင်
မီးသတ်တွေရဲ့ ရဲဘော်
ဒါက ဗိုင်အောင်ဒင်
ခြေရာတတောင် မောင်မဲခေါင်လို
မောက်မာရင် တွန်းလှန်ဖို့ အသင့်ဖြစ်နေတဲ့
ရဲစိတ်ရဲမာန် တလူလူလွှမ်းတဲ့ လူကြမ်းကြီးတွေရဲ့မြို့

ဗိုလ်မင်းခေါင်လို ရဲဘော်သုံးကျိပ်
မျိုးချစ်ဇာနည် တွေ
ဝံသာနုရက္ခိတတရား ပေါက်ဖွားရာမြို့

ဆရာကြီး ဦးရွှေဝိုင်းတို့လို့ အမျိုးသားကျောင်းဆရာတွေ
ဇာတိချက်ကြွေ စာဖတ်ပြီး သေရာ မြို့

အဲ့ဒီလို ပါးစပ်ရာဇဝင်
နှုတ်ရာဇဝင်
မြေရာဇဝင်တွေများတဲ့ ဒီမြို့လေးအကြား
မြို့လည်ချောင်းဟာ ဖြတ်သန်းစီးဆင်း
ရာဇဣနြေ္ဒနဲ့ သက်တော်ရှည်ကြို့ပင်ကြီးခမျာ
ချစ်သူကို စိတ်ကောက်လို့ ခါးထောက်မျှော်ရာက
အခေါ်ရောက်လာခဲ့တဲ့မြို့လည်းဖြစ်တယ် ။

(ဘုန်းဆာယာ)

ကြို့ပင်ကောက်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ============================ကြို့ပင်ကောက်မြို့နယ် သည် မြန်မာနိုင်ငံ၊ ပဲခူး...
06/02/2023

ကြို့ပင်ကောက်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ
============================
ကြို့ပင်ကောက်မြို့နယ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။
မြို့နယ်ရုံးစိုက်ရာမြို့မှာ ကြို့ပင်ကောက်မြို့ဖြစ်သည်။

ကြို့ပင်ကောက်မြို့သည် သာယာဝတီခရိုင်အတွင်း ရန်ကုန်-ပြည် လမ်းမကြီးပေါ်၌ တည်ရှိ၍ ရန်ကုန်မြို့မှ 124 မိုင် ဝေးကွာသည်။ ရှေးအခါက မြို့ပိုင်ရုံးစိုက်ရာ မြို့ကြီးဖြစ်၍ ၁၉၃၄ ၊ ၁၉၃၅ ခုနှစ်တွင် ဇီးကုန်းမြို့နယ်ထဲသို့ ပူးပေါင်း သွတ်သွင်းခဲ့ဖူးသည်။ တစ်ဖန် ၁၉၅၁ ခုနှစ်၌ မြို့ပိုင်ရုံးစိုက်ရာ မြို့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပေသည်။ ကြို့ပင်ကောက်မြို့ဟု အမည်တွင်ရခြင်းမှာ ကောက်ကွေးနေသောကြို့ပင်ကြီး တည်ရှိခြင်းကို အစွဲပြုသမုတ်အပ်သည်ဟု အဆိုရှိလေသည်။

ကြို့ပင်ကောက်မြို့၏ မြူနီစီပယ်အဖွဲ့ကို ၁၈၉၄ ခုနှစ်က စတင်၍ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုမြို့၌ ပြည်သူ့ဆေးရုံ၊ အစိုးရအထက်တန်းကျောင်း၊ မီးရထားဘူတာရုံ၊ ဈေး၊ ဆန်စက်၊ သစ်စက်နှင့် စေတနာ့ဝန်ထမ်း မီးသတ်အဖွဲ့များရှိသဖြင့် မြို့၏ အခြေအနေမှာ စည်ကားသည်။ ထို့ပြင် ကြို့ပင်ကောက်မြို့နယ်၌ သူကြီးပိုင် ၅၂ ပိုင်း ပါဝင်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၁၇,၁၄၃ ယောက်ခန့် နေထိုင်သည်။ မြို့ပေါ်၌ ရေရှားပါး ခက်ခဲမှုကြောင့် ရေကန်ကြီးများ တူးဖော်ထားရလေသည်။အရှေ့ဘက်သို့လားသော် ရိုးမတောင်ခြေခံလျက် မြို့နှင့် ၇ မိုင်ခန့်အကွာ၌ မြို့တွင်းရွာဟု တွင်သော ရွာတစ်ရွာရှိသည်။ ထိုမြို့တွင်းရွာ၌ ရှေးမင်းတစ်ပါး နန်းစံခဲ့ဘူးသည်ဟု အဆိုရှိသည့် ကျုံး ၊ မြို့ရိုး၊ မျှော်စင်နှင့် နန်းဦးစေတီတို့၏ အပျက်အစီးများကို ယခုတိုင် တွေ့မြင်နိုင်သေးသည်။ မြို့တွင်းရွာသို့ ကြို့ပင်ကောက်မြို့မှ မော်တော်ကားလမ်း ပေါက်၏။ အနောက်ဘက်သို့ လားသော် မိုးညိုမြို့နယ် တည်ရှိသည်။ တောင်ဘက်သို့ လားသော် အုတ်ဖိုမြို့နယ်တည်ရှိ၍ မြို့လည်ချောင်းနှင့် ကဝေစုချောင်းခေါ် ဂမုန်းချောင်းတို့ ဖြတ်သန်းစီးဆင်းကြသည်။ ထို့ပြင် မြို့၏ အရှေ့ဘက်၌မဟာလောကသီရိဘုရားကြီးနှင့်မြို့၏အနောက်ဖက်၌ မဟာစန္ဒာသီဟ ဘုရားကြီး ရှိကြသည် သာမက ထိုအရှေ့ဖက်၌ပင် မြို့နှင့် ၁၂ မိုင်ခန့် အကွာတွင် ပုဂံ ကျစွာမင်းကြီး တည်ထားကိုးကွယ်သည်ဟု အဆိုရှိသော ကျစွာ ဘုရားကြီး အထင်အရှားရှိလေသည်။ ထိုကျစွာဘုရားပွဲတော်မှာ တပေါင်းလ၌ ကျင်းပမြဲဖြစ်၍ များစွာ စည်းကားလှပေသည်။စာပေပညာရှင်မောင်ငြိမ်းသူ(ကြို့ပင်ကောက်)ကဗျာဆရာကြီးဦးရွှေဝိုင်းတို့မွေးဖွားရာဇာတိလဲဖြစ်ပါသည်။သမိုင်းကြောင်းအစဉ်အလာကြီးမားတဲ့ပုဂံခေတ်ကျစွာမင်း သံပျင်မင်းသမီး သံပျင်အမတ် မှစ ၍ ဖျာလိပ်နတ်မအောင်ဖြူခြေရာတစ်တောင်ငမဲခေါင်၊ဆင်တော်လော်ရှိန်းမှတ်တမ်းတင်ပုံရိပ်များသာမက ရဲဘော်သုံးကျိတ်ဝင်ဗိုလ်မင်းခေါင် မြို့အတွက်အသက်စွန့်သွားကြသည့် မီးသတ်ရဲဘော်အောင်ဒင်တို့လိုအာဇာနည်သူရဲခေါင်းများလဲပေါ်ထွန်းခဲ့ပါသည်။

သမိုင်းအကျဉ်း
**********
ကြို့ပင်ကောက်မြို့နယ်ကို ၁၈၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးကြို့ပင်ကောက်မြို့ဟု ပေါ်ပေါက်လာပုံမှာ ကြို့ပင်ကောက်မြို့နယ်၊ မြို့တွင်းကျေးရွာထင်ရှားခဲ့စဉ်က ကြို့ပင်ကောက်မြို့၏ အမည်မှာ မထင်ရှားခဲ့ပေ။ သာယာဝတီမြို့ဟောင်းကို အနောက်ဘက်(၉)မိုင်အကွာ သိုးပို့ရိုး၏တောင်ဘက်သည် လှည်းဆိတ်လှေဆိတ်အဖြစ် ခရီးသွားကုန်သည်တို့စခန်းချရာအရပ်ဖြစ်ပြီး သိုးပို့ရိုးမှ ရေသည် အနောက်ဘက်ရှိ မြစ်မခချောင်းသို့ စီးဝင်ရာ သာယာဝတီမင်းများအတွက် သိုးများသယ်ဆောင်ရာတွင် အသုံးပြုသော ရိုးဖြစ်သဖြင့် သိုးပို့ရိုးဟု အမည်တွင်ခဲ့ပါသည်။ အညာအရပ်မှ ကုန်သည်များသည် လှည်း၊ လှေတို့ဖြင့် သယ်ယူရောင်းဝယ် ဖောက်ကားရန် မြေပြန့်အလယ်ဗဟိုနေရာဖြစ်သဖြင့် သွားလာဆုံဆည်းမှုလွယ်ကူပါသည်။ထိုနေရာတွင်လွန်စွာကြီးမားပြီး ကောက်နေသော ကြို့ပင်ကြီးတစ်ပင်ရှိသဖြင့် ၎င်းနေရာကိုအစွဲပြု၍ ကြို့ပင်ကောက်ဟုခေါ်တွင်ခဲ့ပါသည်။ ကြို့ပင်ကောက်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီး ၏စီမံခန့်ခွဲမှုအောက်တွင်ရှိပြီး သာယာဝတီခရိုင်အတွင်း(၈)မြို့နယ်အနက် တစ်မြို့အပါအဝင်ဖြစ်သည်။

တည်နေရာနှင့်အကျယ်အဝန်း
*****************************
ကြို့ပင်ကောက်မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၀ ဒီဂရီ ၆၅ မိနစ်နှင့် ၁၈ ဒီဂရီ ၁၅ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၇ မိနစ်နှင့် ၉၅ ဒီဂရီ ၅၀ မိနစ်အကြားတွင် တည်ရှိပါသည်။အရှေ့မှအနောက်သို့(၃၃)မိုင်နှင့်တောင်မှမြောက်သို့(၈.၃)မိုင်ရှည်လျားပါသည်။ကြို့ပင်ကောက်မြို့နယ် နှင့်မြို့တို့၏ ဧရိယာစတုရန်းမိုင်မှာ (၂၉၇.၁၀) မိုင် ကျယ်ဝန်းပါသည်။

နယ်နိမိတ်
*********
ကြို့ပင်ကောက်မြို့နယ်၏ အရှေ့ဘက်တွင် ကျောက်တံခါးမြို့နယ်နှင့် နယ်နမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် အုတ်ဖိုမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် မိုးညိုမြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ဇီးကုန်းမြို့နယ်တို့နှင့်ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်
******************
ကြို့ပင်ကောက်မြို့နယ်သည် အလျားလေးပုံတစ်ပုံခန့်၏ အရှေ့ဘက်ဒေသတစ်ခုလုံးသည် ပဲခူးရိုးမတောင်၏ တောင်စွယ်တောင်နှာမောင်းများဖြစ်ပြီး သစ်တောကြိုဝိုင်းများနှင့် တောများဖြစ်ကြပါသည်။ တောင်စွယ်တောင်နှာမောင်းများ၏ နယ်နမိတ်လွန်သည်နှင့် သီးနှံစိုက်ပျိုးသော မြေညီလွင်ပြင်ကိုတွေ့ရမည်ဖြစ်ပါသည်။ မြို့နယ်ကို ရန်ကုန်-ပြည်ကားလမ်းနှင့် မီးရထားလမ်းတို့ယှဉ်လျက် မြို့၏ အနောက်ဘက်သုံးပုံတစ်ပုံခန့် အပိုင်မှစ၍ တောင်မှမြောက်သို့ ဖြတ်သန်းလျက်ရှိပါသည်။ ယင်းမီးရထားလမ်းနှင့် ကားလမ်း၏အနောက်ဘက်တွင် လွင်ပြင်များ၊ ချိုင်ဝှမ်းများကိုတွေ့ရမည်ဖြစ်ပါသည်။

ရေဆင်း
*********
ကြို့ပင်ကောက်မြို့နယ်တွင် မြစ်ချောင်းများနည်းပါးသည့်ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်များသည် အရရှေ့မြောက်မှ အနောက်တောင်သို့ စီးဆင်းလျက်ရှိပါသည်။ ထင်ရှားသောမြို့လယ်ချောင်းမှာအရှေ့မှအနောက်သို့စီးဆင်းပါသည်။ ဒေသတွင်းရေအရင်းအမြစ်အများစုမှာ ရေငံများဖြစ်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်
********************
ကြို့ပင်ကောက်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်( ၈၇) ပေအထက်တွင်တည်ရှိပါသည်။

ရာသီဥတု
********
ကြို့ပင်ကောက်မြို့နယ်သည် ပူအိုက်စွက်စိုသောရာသီဥတုရှိပြီး ၊ အမြင့်ဆုံးအပူချိန် (၄၃)နှင့် အနိမ့်ဆုံးအပူချိန်မှာ (၉.၅C)ဖြစ်ပြီးတစ်နှစ်ပတ်လုံးမိုးရေချိန်အများဆုံး(၆၆)လက်မမှအနည်းဆုံး(၄၂)လက်မခန့်ရရှိသည်။

သဘာဝပေါက်ပင်များ
***************
ကြို့ပင်ကောက်မြို့နယ်အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ ကျွန်း၊ ပျဉ်းကတိုး၊ သစ်ရာ၊ အင်ကြင်း၊ ထောက်ကြံ့၊ရှား၊ ယမနေ၊ ပျဉ်းမ၊ ရုံး၊ နဘဲ၊ လယ်ဆ၊ ဆိတ်ချေး၊ အင်၊ ယင်းမာ၊ဇင်ပြွန်း ၊ ဒွနီ၊ ဒွဘုတ် ၊ ဘဂီ ၊ ကြက်ရိုး ၊ ဖန်ခါး ၊ သင်းဝင် ၊ နဂျီ၊ရှားဖြူ၊ ယင်းတိုက်နှင့် စားသုံးပင်များအနေဖြင့် သရက် ၊ မကျီး ၊
ရှောက် ၊ မရမ်း ၊ ကျွဲကော ၊ ပိန္နဲ ၊ မာလကာ ၊ အုန်း ၊ ထန်း တို့ဖြစ်ပါသည်။

တောရိုင်းတိရိစ္ဆာန်များ
***************
ကြို့ပင်ကောက်မြို့နယ်တွင် တွေ့ရှိရသော တောရိုင်း
တိရစ္ဆာန်များမှာ ဆင် ၊ ပြောင် ၊ ကျား ၊ ဆိုင် ၊ ဆက် ၊ ကျားသစ်သမင် ၊ ဒရယ် ၊ မျောက်ညို၊ မောင်ဖင်နီ ၊ ဝက်ဝံ ၊ ဆိတ် ၊ တောဝက် ၊မျောက်လေပွေ ၊ ယုန် ၊ တောဆိတ်၊ ဖွတ် ၊ ဒေါင်း ၊ ကြက်တူရွေး ဗျိုင်းတို့ ဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်လက်ရှိအခြေအနေ
***************************
ကြိုပင်ကောက်မြို့နယ်၏ ဧရိယာထက်ဝက်ကျော်သည်သစ်တောများ ဖုံးလွှမ်းနေပြီး မြို့လည်ချောင်းသည် ပဲခူးရိုးမကိုမြစ်ဖျားခံ၍ အနောက် ဘက်သို့ စီးဆင်းလျှက် ရှိပါသည်။

စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်
***********************
ကြို့ပင်ကောက်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်း တည်ရှိပြီး စီးပွားရေးအရ အချက်အခြာကျသော မြို့နယ်တစ်ခုဖြစ်ပါသည်။မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းလုပ်ငန်းကို အဓိကလုပ်ကိုင် ဆောင်ရွက်ကြပါသည်။ကြို့ပင်ကောက်မြို့နယ်သည်မီးရထားလမ်း၊ ကားလမ်းများဆုံရာ ရန်ကုန်-ပြည်လမ်းမပေါ်တွင်တည်ရှိ၍လမ်းပန်းဆက်သွယ်ရေး ကောင်မွန်သော မြို့နယ်ဖြစ်ပါသည်။မြို့နယ်၏
အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပြီး မကွေးတိုင်းဒေသကြီးသို့ အများဆုံးတင်ပို့ရောင်းချပါသည်။

လူဉီးရေ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ
*****************************
ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၁၄သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း (၁၁၇၄၃၃)ဦး အမျိုးသား (၅၅၇၄၉)ဦး အမျိုးသမီး (၆၁၆၈၄)ဦးရှိကာ ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၉) အုပ်စု၊ ကျေးရွာ (၂၇၃) ရွာဖြင့် ဖွဲ့စည်းထားပါသည်။

ရပ်ကွက်များ
*********
၁။ဈေးချိုတောင်
၂။ဈေးချိုမြောက်
၃။တောင်ရွာမ
၎။မြောက်ရွာမ
၅။ပန်းတင်
၆။သဲကုန်း
၇။အနောက်တောင်
၈။အနောက်မြောက်
၉။နွယ်ခွေ
၁၀။စက်တိုင်ကုန်း

ကျေးရွာအုပ်စုများ
************
၁။မင်းကို
၂။ညောင်ပင်မြင်းစီး
၃။ဘုရားကြီးကုန်း
၎။ဇင်ပြွန်းကုန်း
၅။သရက်ကုန်း
၆။စေတီကုန်း
၇။ကျောက်ဝ
၈။ချောင်းနားစု
၉။အိုးဘိုကုန်း
၁၀။အုန်းနှဲကျောတန်း
၁၁။ရှားပင်တ
၁၂။စစ်ကုန်း(၁)
၁၃။ပျင်တောင်ကွင်း
၁၄။ဆင်နင်းပင်
၁၅။လိန်ပင်ကွင်း
၁၆။ဂုမ္မကွင်း
၁၇။ဥကျကံ
၁၈။ကျွန်းကုန်းကြီး
၁၉။စိုင်ဂေါင်း
၂၀။ဘုကြီး
၂၁။တူးမြောင်း
၂၂။လက်ပံပင်စု
၂၃။အောင်ပင်သာ
၂၄။မယင်းချောင်း
၂၅။ကျွဲသေ
၂၆။ကျခတ္တန်း
၂၇။ကြို့ပင်စခမ်း
၂၈။စစ်ကုန်း(၂)
၂၉။သက်ရင်းကုန်း
၃၀။ကြို့ကုန်း
၃၁။ဖုန်းဆိုးစု
၃၂။ကျွန်းကုန်း
၃၃။ဘွက်ရိုး
၃၄။အုန်းတော
၃၅။ထူးကံ
၃၆။ကံကြီး
၃၇။ကိုင်းယားရှည်
၃၈။လှေတုံး
၃၉။အုတ်တွင်းကုန်း
၄၀။သပြေရုံ
၄၁။ငှက်ကြီးသိုက်
၄၂။ကျွန်းနက်ကုန်း
၄၃။မှန်ပင်ထူး
၄၄။မြို့တွင်း
၄၅။မြို့ကိုင်း
၄၆။ရုံးချောင်း
၄၇။ဥယျာဉ်ကြီး
၄၈။ကံဦး
၄၉။ကုန်းရွာ

ကြို့ပင်ကောက်မြို့နယ်မှကျေးရွာများ(အက္ခရာစဉ်)

က
ကင်ပွန်းချုံရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကညွတ်ကွင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကတက်ကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကတုတ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကဝေကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကိုင်းယားရှည်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကုန်းမြင့်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကံကလေးရွာသစ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကံကလေးရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကံကြီးရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကံဦးရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျခတ္တန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျခတ်တန်းကြီးရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျင်စွယ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျန်တောစုရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျီစုရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျီစုရွာ၊ အုတ်တွင်းကုန်း
ကျောက်စလစ်ကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျောက်ဝရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျောင်းကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျောင်းစုရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျေးတောရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျွန်းကုန်းကြီးရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျွန်းကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျွန်းကုန်းရွာ၊ တူးမြောင်း
ကျွန်းကုန်းရွာ၊ လက်ပံပင်စု
ကျွန်းကုန်းရွာ၊ လိန်ပင်ကွင်း
ကျွန်းကုန်းရွာ၊ အိုးဘိုကုန်း
ကျွန်းကုန်းရွာ၊ ဥက္ကံ
ကျွန်းတောစုရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျွန်းတောရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျွန်းနက်ကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျွဲတဲကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျွဲတဲရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျွဲဘိရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျွဲဘီအနောက်စုရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကျွဲသေရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကြို့ကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကြို့ကုန်းရွာ၊ ဂုမ္မကွင်း
ကြို့ပင်စခမ်း (အနောက်စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကြို့ပင်စခမ်း (အရှေ့စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကြို့ပင်ဝိုင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကွင်းကန့်လန့်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကွင်းကြီးရွာ၊ ကြို့ပင်ကောက်မြို့နယ်
ကွင်းချောင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်

ခုနှစ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ချောင်းခွရွာ၊ ကြို့ပင်ကောက်မြို့နယ်
ချောင်းနားစုရွာ၊ ကြို့ပင်ကောက်မြို့နယ်
ချောင်းနားစုရွာ၊ ကြို့ပင်စခမ်း
ချောင်းနားစုရွာ၊ ထူးကံ
ချောင်းနားရွာ၊ ကြို့ပင်ကောက်မြို့နယ်
ချောင်းပေါက်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ချောင်းမရွာ၊ ကြို့ပင်ကောက်မြို့နယ်

ဂုတ်မကွင်း (အနောက်စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဂုတ်မကွင်း (အရှေ့စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဂုံညင်းတန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဂုံညှင်းတန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဂွေးကောင်းပင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဂွေးချောင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်

ငရစ်ရှိုရွာ၊ ကြို့ပင်ကောက်မြို့နယ်
ငါးကျီးရွာ၊ ကြို့ပင်ကောက်မြို့နယ်
ငါးကျီးရွာ၊ သက်ရင်းကုန်း
ငွေဒါးရရွာ၊ ကြို့ပင်ကောက်မြို့နယ်
ငှက်ကြီးသိုက်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ငှက်ပျောတောရွာ၊ ကြို့ပင်ကောက်မြို့နယ်
ငှက်သိုက်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ငှက်သိုက်ရွာ၊ လိန်ပင်ကွင်း

စစ်ကုန်း (အထက်စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
စစ်ကုန်း (အောက်စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
စစ်ကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
စစ်တောရွာ၊ ကြို့ပင်ကောက်မြို့နယ်
စပါယ်ရုံရွာ၊ ကြို့ပင်ကောက်မြို့နယ်
စမ်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
စမ်းအိုင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
စမ်းအိုင်ရွာ၊ ဇင်ပြွန်းကုန်း
စလင်းတန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
စိန်ကြီးရိုးရွာသစ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
စိန်ချောင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
စိန်တပေါ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
စိန်တွင်းမြိုင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
စိန်ရတနာဆန်စက်ဝန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
စိုင်ဂေါင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
စီကောက်ပင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
စေတီကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
စွယ်တော်ရွာ၊ ကြို့ပင်ကောက်မြို့နယ်

ဆင်နင်းပင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဆင်ပိုက် (အနောက်စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဆင်ပိုက် (အရှေ့စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဆင်ပိုက် (အလယ်စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဆည်တော်ဦးရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဆိတ်ချီးကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဆီဆုံကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်

ဇင်ပြွန်းကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဇီးတောရွာ၊ ကြို့ပင်ကောက်မြို့နယ်

ညောင်ကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ညောင်ညင်ခေါင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ညောင်ညင်ပင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ညောင်တန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ညောင်ပင်မြင်းစီးရွာ၊ ကြို့ပင်ကောက်မြို့နယ်
ညောင်ပင်သာရွာ၊ ကြို့ပင်ကောက်မြို့နယ်
ညောင်ပင်သာရွာ၊ ဇင်ပြွန်းကုန်း
ညောင်ပင်အိုင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ညောင်လှရွာ၊ ကြို့ပင်ကောက်မြို့နယ်
ညောင်ဝိုင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ညောင်ဝိုင်းရွာ၊ အိုးဘိုကုန်း

တင်ဆိပ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
တမံဆယ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
တူးမြောင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
တောင်ကျွန်းကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
တောင်ချောင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
တောင်ဘို့ပြောင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
တောင်ရိုးကွင်း (အနောက်)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
တောင်ရိုးကွင်း (အရှေ့)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
တောရရွာ၊ ကြို့ပင်ကောက်မြို့နယ်

ထန်းကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ထောက်ကြံ့တောရွာ၊ ကြို့ပင်ကောက်မြို့နယ်

ဒန့်ဒလွန်ကွင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဒေါင်းလူးရွာ၊ ကြို့ပင်ကောက်မြို့နယ်

နင်းညန်းဦးရွာ၊ ကြို့ပင်ကောက်မြို့နယ်
နဘဲကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
နှောကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်

ပန်းတင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ပန်းတင်ရွာ၊ အုန်းတော
ပန်းဘဲတန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ပုဏ္ဏရိပ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ပုတိမ်ဝန်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ပေပင်ကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ပျင်တောင်ကွင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်

ဖလန်ကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဖလံပင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဖားစားကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဖုန်းဆိုးစုရွာ၊ ကြို့ပင်ကောက်မြို့နယ်

ဗောဓိကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်

ဘန့်ဘွေးကုန်းချောင်းနားရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဘန့်ဘွေးကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဘန့်ဘွေးကုန်းရွာ၊ စေတီကုန်း
ဘိုရုံစုရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဘီးကွဲရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဘုကြီးရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဘုတလက်ကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဘုရားကြီးကုန်း (အနောက်)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဘုရားကြီးကုန်း (အရှေ့)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဘွက်ရိုးရွာ၊ ကြို့ပင်ကောက်မြို့နယ်

မကျီးကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
မကျီးပင်စုရွာ၊ ကြို့ပင်ကောက်မြို့နယ်
မကျီးပင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
မင်းကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
မင်းကုန်းရွာ၊ အိုးဘိုကုန်း
မင်းဝရွာ၊ ကြို့ပင်ကောက်မြို့နယ်
မင်းအိုရွာ၊ ကြို့ပင်ကောက်မြို့နယ်
မန်ကျည်းကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
မယင်းချောင်းဂွရွာ၊ ကြို့ပင်ကောက်မြို့နယ်
မအူကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
မအူတန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
မြို့ကိုင်းရွာသစ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
မြို့ကိုင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
မြို့တွင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
မှတ်တိုင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
မှန်ပင်ထူးရွာ၊ ကြို့ပင်ကောက်မြို့နယ်

ရခိုင်ပုရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရခိုင်ပုရွာ၊ ဇင်ပြွန်းကုန်း
ရင်းတိုက်ကွင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရင်းတိုက်ပင်တာလမ်းပိုင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရင်းတိုက်ပင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရင်းတောရိုးရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရန်ကြီးအောင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရန်နိုင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရုံးချောင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရုံးပင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရေကျော်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရေကြည်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရေချိုစမ်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရေတွင်းဘိုရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရေပြန်စိန်ကြီးရိုးရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရေသိုးရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရောက်ချောင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရဲတမန်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရွာတန်းရှည်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရွာသစ်ရွာမရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရွာသစ်ရွာ၊ ကျောက်ဝ
ရွာသစ်ရွာ၊ ကျွဲသေ
ရွာသစ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရွာသစ်ရွာ၊ ညောင်ပင်မြင်းစီး
ရွာသစ်ရွာ၊ ရှားပင်တ
ရွာသာကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရွာသာယာရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရွှေပန်းတောရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရွှေရေးကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရှမ်းကုန်းရွာ၊ ကျွန်းကုန်း
ရှမ်းကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရှမ်းကွင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရှမ်းစုရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရှားစီးဘိုရွာ၊ ကျခတ္တန်း
ရှားစီးဘိုရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရှားစီးဘိုရွာ၊ စေတီကုန်း
ရှားပင်တရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရှားဖြူကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
ရှားဖြူကုန်းရွာ၊ မြို့တွင်း

လက်ဆက်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
လက်ပံခုံရွာ၊ ကြို့ပင်ကောက်မြို့နယ်
လက်ပံတောရွာ၊ ကြို့ပင်ကောက်မြို့နယ်
လက်ပံပင်စုရွာ၊ ကြို့ပင်ကောက်မြို့နယ်
လက်ပံဖြူရွာ၊ ကြို့ပင်ကောက်မြို့နယ်
လယ်တီရွာသစ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
လယ်တီရွာ၊ ကြို့ပင်ကောက်မြို့နယ်
လယ်ဦးစုရွာ၊ ကြို့ပင်ကောက်မြို့နယ်
လိန်ပင်ကွင်း (တောင်စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
လိန်ပင်ကွင်း (မြောက်စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
လိပ်ဥကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
လေးတဲရွာ၊ ကြို့ပင်ကောက်မြို့နယ်
လေးအိမ်တန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
လှေတုံးရွာ၊ ကြို့ပင်ကောက်မြို့နယ်

သက်ကယ်ကျင်းကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
သက်ရင်းကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
သခွတ်ကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
သခွတ်ကုန်းရွာ၊ လှေတုံး
သခွပ်ပင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
သင်္ခရိုင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
သစ်နဖား (တောင်)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
သနပ်ကွင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
သန္ဓေကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
သပြုပင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
သပြေတန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
သပြေရုံရွာ၊ ကြို့ပင်ကောက်မြို့နယ်
သရက်ကိုင်းကျိုးရွာ၊ ကြို့ပင်ကောက်မြို့နယ်
သရက်တပင်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
သရက်ပင်ညီအစ်ကိုရွာ၊ ကြို့ပင်ကောက်မြို့နယ်
သရင်းကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
သာစည်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
သာစည်ရွာ၊ စိုင်ဂေါင်း
သာယာကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
သာယာကုန်းရွာ၊ ထူးကံ
သာလှပင်စီ (အနောက်စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
သာလှပင်စီ (အရှေ့စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
သိုက်တူးကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
သိုးဘိုရွာ၊ ကြို့ပင်ကောက်မြို့နယ်
သဲကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
သဲကုန်းရွာ၊ သက်ရင်းကုန်း
သဲခုံရွာ၊ ကြို့ပင်ကောက်မြို့နယ်
သဲတွင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
သံပုရာကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
သံဖြူချောင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်

အင်းလယ်ရွာသစ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
အင်းလယ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
အညာတန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
အထက်စိန်ကြီးရိုးရွာ၊ ကြို့ပင်ကောက်မြို့နယ်
အထက်ထူးကံရွာ၊ ကြို့ပင်ကောက်မြို့နယ်
အထက်မျက်နီကွင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
အနောက်တောင်ရိုးကွင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
အရှေ့တောင်ရိုးကွင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
အလယ်ကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
အလယ်စိန်ကြီးရိုးရွာ၊ ကြို့ပင်ကောက်မြို့နယ်
အိုးဘိုကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
အိုးဘိုစုရွာ၊ ကြို့ပင်ကောက်မြို့နယ်
အုတ်တွင်းကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
အုန်းတောချောင်းနားရွာ၊ ကြို့ပင်ကောက်မြို့နယ်
အုန်းတောရွာ၊ ကြို့ပင်ကောက်မြို့နယ်
အုန်းနှဲကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
အုန်းနှဲကျောတန်း (အနောက်စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
အုန်းနှဲကျောတန်း (အရှေ့စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
အောက်ကိုင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
အောက်ထူးကံရွာ၊ ကြို့ပင်ကောက်မြို့နယ်
အောက်မျက်နီကွင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
အောင်ချမ်းသာရွာ၊ ကြို့ပင်ကောက်မြို့နယ်
အောင်ပင်သာကြီးရွာ၊ ကြို့ပင်ကောက်မြို့နယ်
အောင်ပင်သာလေးရွာ၊ ကြို့ပင်ကောက်မြို့နယ်
အောင်သပြေကုန်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
အေးရွာလေးရွာ၊ ကြို့ပင်ကောက်မြို့နယ်

ဥက္ကံကျောင်းစုရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဥက္ကံရွာမရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဥယျာဉ်ကြီး (အနောက်စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဥယျာဉ်ကြီး (အရှေ့စု)ရွာ၊ ကြို့ပင်ကောက်မြို့နယ်

ဦးသန်းထွန်းဆိုဒ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်
ဦးသူတော်ဆိုဒ်ရွာ၊ ကြို့ပင်ကောက်မြို့နယ်

ဧမတွင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်

Address

Gyobingauk

Website

Alerts

Be the first to know and let us send you an email when Gyobingauk City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share