Koungbaung Dynasty Of Burma Myanmar

Koungbaung  Dynasty Of   Burma  Myanmar page တွင်မိသားစုပိုင်ဆွေတော်မျိုးတော်ပိုင် သမိုင်းဝင်သတင်းအချက်အလပ်များသာစီစဥ်ဖော်ပြပေးပါသည်။

သီပေါမင်းတရားကြီ၏စစ်ညီလာခံKing Thibaw's military council
08/01/2025

သီပေါမင်းတရားကြီ၏စစ်ညီလာခံ

King Thibaw's military council

06/01/2025

ကျေးဇူတင်ရှိပါတယ် Cele Gabardine

နှစ်ပေါင်း(၁၃၀)ကျော်ပြီဖြစ်တဲ့ သီပေါမင်းရဲ့ စတုတ္ထသမီးတော်ဆောင်ဆီသို့...

၁၉၁၆ တွင် သီပေါမင်း နတ်ရွာစံပြီး သုံးနှစ်အကြာ ပထမကမ္ဘာစစ်ပြီးဆုံးပြီးနောက်တွင် ဗြိတိသျှအစိုးရက မိဖုရား စုဘုရားလတ်နှင့် သမီးတော်များကို ရန်ကုန်သို့ ပြန်လာခွင့်ပြုခဲ့ပါတယ်...
မယ်တော်နတ်ရွာစံသွားပြီးနောက် တတိယသမီးတော်နှင့် စတုတ္ထသမီးတော်တို့က မန္တလေးသို့ ပြောင်းရွှေ့ခဲ့ကြပါတယ်...

သမီးတော်များထဲတွင် စတုတ္ထသမီးတော်က ထက်မြက်ပြီး မင်းသမီး၏ စာတမ်းကြောင့် ဗြိတိသျှအစိုးရ၏ အထူးစောင့်ကြည့်မှုကိုခံရသလို မြန်မာနန်းတွင်းအသိုင်းအဝိုင်းနှင့် အဆက်သွယ်ဖြတ်ရန် မော်လမြိုင်သို့ ပြောင်းရွှေ့ထားခြင်းခံခဲ့ရပါတယ်...
ရွှေ့ပြောင်းမှုကို လက်မခံသည့် မင်းသမီးအား ပင်စင်ငွေရုပ်သိမ်းသည့်အတွက် သားတော် သမီးတော်များကို လုပ်ကိုင်ကျွေးမွေးရန် ခက်ခဲလာသဖြင့် လက်လျှော့လိုက်ပြီး ဗြိတိသျှအလိုကျ မော်လမြိုင်သို့ပြောင်းခဲ့ပါတယ်...
မင်းသမီးသည် ဆွေတော်မျိုးတော်များနှင့်ဝေးကွာရာ အောက်အရပ်တွင် နေပျော်ဟန် မရှိခဲ့ပါဘူး...
တစ်ဖက်တွင်လည်း အိမ်ထောင်ရေးမသာယာခဲ့သည့်အတွက် စိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်ပြီး အသက် (၄၉)နှစ်အရွယ်မှာပဲ မင်းသမီး မပျော်တဲ့ ဒီအိမ်တော်ကြီးမှာ ကံတော်ကုန်ခဲ့ပါတယ်...

မော်လမြိုင်မြို့သူမြို့သားများကတော့ ဘုရင့်သမီးတော်ရဲ့ စျာပနအခမ်းအနားကို ရဟန်းရှင်လူ ထောင်ပေါင်းများစွာနှင့် မြို့လုံးကျွတ်လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်...
ရန်ကုန်မြို့ရှိ မယ်တော်ဖြစ်သူ စုဖုရားလတ်ရဲ့အုတ်ဂူနဲ့လည်း အတူထားခွင့်မပြုခဲ့တာကြောင့် မော်လမြိုင်မြို့ ကျိုက်သလ္လန်ဘုရားသွားရာလမ်းမှာပဲ အုတ်ဂူပြာသာဒ်ကို ပြုလုပ်ခဲ့ပါတယ်...

စတုတ္ထသမီးတော် ထာဝရလဲလျောင်းရာ အုတ်ဂူပြာသာဒ်ဟာဆိုရင် ဘဝအနိမ့်အမြင့်ကို ကြမ်းတမ်းစွာဖြတ်သန်းခဲ့ရတဲ့ ဘုရင့်သမီးတော်တစ်ပါးရဲ့ ဘဝပုံရိပ်ကို သတိရမိစေပါတယ်...

#ဆယ်လီကမ္ဘာ #ဆယ်လီသတင်း #သီပေါမင်း #စုဖုရားလတ် #သီပေါမင်းရဲ့စတုတ္ထသမီးတော်

27/12/2024

မင်းတုန်းမင်း၏ မိဖုရားများနှင့် သားတော် ၊ သမီးတော်များ စာရင်း

မင်းတုန်းမင်းတရားကြီး

မင်းတုန်းမင်းကို ခမည်းတော် သာယာဝတီမင်း နှင့် မယ်တော် သီရိသုစန္ဒာမလ္လာသီတောင်ဆောင်တော် ကျောက်မောမြို့စားမိဖုရားတို့က မြန်မာသက္ကရာဇ် ( ၁၁၇၆ ) ခုနှစ် ၊ ဝါဆိုလပြည့်ကျော် ( ၄ ) ရက် ၊ အင်္ဂါနေ့ မွန်းလွဲ (၂ ) ချက်တီးချိန်မှာ ဖွားမြင်သည် ။

ငယ်နာမည် မောင်လွင် ၊ မွေးနံတော် အင်္ဂါသားဖြစ်သည် ။ အင်္ဂါသားဖြစ်၍ မောင်စံလွင်ဟူ၍လည်းကောင်း ၊ ထိပ်တင်စံလွင် ဟူ၍လည်းကောင်း ၊ ထို့နောက် “မင်းရဲဇေယျ“ဖြစ်ပြီး လွှတ်တော်တက်ရသည့်အခါတွင် ”သုသီရိမဟာဓမ္မရာဇာ” မင်းသား ဘွဲ့တော်ဖြင့် လွှတ်တော်တက်ခဲ့ရသည် ။

မင်းသားဘဝတွင် မင်းတုန်းမြို့သို့ အသုံးခံကျွေးစားရသဖြင့် မင်းအဖြစ်သို့ရောက်သော် ”မင်းတုန်းမင်း“ဟု ခေါ် သည် ။

မြန်မာသက္ကရာဇ် ( ၁၂၁၄ ) ခုနှစ် ( ခရစ်နှစ် ၁၈၄၆ ၊ နိုဝင်ဘာလ ၇ ရက် ) တွင် ရွှေဘိုမင်း ခေါ် သာယာဝတီမင်း နတ်ရွာစံတော်မူခဲ့သည် ။

ထိုနှစ်မှာပင် သားတော် ပုဂံမင်းသား အမရပူရမြို့ ခမည်းတော်နန်းကို နန်းတက်စိုးစံခဲ့သည် ။

မင်းတုန်းမင်း သည် အမရပူရမြို့တော် နန်းတက်ပြီး နောက် မြန်မာသက္ကရာဇ် ( ၁၂၂၁ ) ခုနှစ်တွင် မန္တလေးမြို့၌ မြို့နန်းတည်ပြီး မြန်မာသက္ကရာဇ် ( ၁၂၂၂ ) ခုနှစ် ( အေဒီ ၁၈၆၀ ) တွင် မြို့တော်ကို ရတနာပုံမြို့တော်ဟူ၍ အမည် သတ်မှတ်ပြီး မန္တလေးရတနာပုံရွှေမြို့တော်တွင် ထီးနန်းစံတော်မူသည် ။

သက္ကရာဇ် ၁၂၁၄ ခုနှစ် (ခရစ်နှစ် ၁၈၅၂ခုနှစ်)တွင် မင်းပြုသော သီရိမဟာ သီဟ ဓမ္မရာဇာ ခေါ် မင်းတုန်းမင်း ၏ မိဖုရားများနှင့် သားတော် ၊ သမီးတော် များ စာရင်းဖြစ် သည် ။

စဉ် ၊ အမည်ဘွဲ့

၁ စကြာဒေဝီမိဖုရားခေါင်ကြီး
သီရိပဝရမဟာရာဇိန္ဒာဓိပတိ ရတနာ ဒေဝီ
မိဖုရားခေါင်ကြီး
ရွှေဘိုမင်း မိဖုရားခေါင်ကြီး၏ သမီးတော်

၂ မြောက်နန်းမိဖုရား(ခင်သဲ)
မြောက်နန်း မိဖုရား မင်္ဂလာ အိမ်တော်ပါ

၃ ပထမ အနောက်နန်း မိဖုရား
သီရိမဟာ သုစန္ဒာ ဒေဝီ
အနောက်နန်း မိဖုရား
ရွှေဘိုမင်း၏ မြောက်ဆောင်တော်မိဖုရား
သမီးတော် / ပင်းတလဲ မြို့စား ၂ပါး

၄ ဒုတိယ အနောက်နန်း မိဖုရား
အနောက်နန်း မိဖုရား
ပထမ အနောက်နန်း မိဖုရား ၏ ညီမတော်

၅ အလယ်နန်း မိဖုရား (ဆင်ဖြူမရှင်)
အလယ်နန်း မိဖုရား
ရတနာပူရ စတုတ္ထ စစ်ကိုင်းမင်း၏ မိဖုရားခေါင်ကြီး
၏ သမီးတော်
၁) သမီးတော် သီရိသုရတနာဒေဝီ ၊
၂) သမီးတော် ၊
၃) သားတော် မြန်အောင်မင်းသား ၊
၄) သမီးတော် သီရိပဘာ ရတနာဒေဝီခေါ်
တပင်တိုင် မြတောင်မင်းသမီး (စုဖုရားလတ်)၊
၅) သားတော် ပန်းချီမင်းသား ၊
၆) သမီးတော် ရမည်းသင်း မင်းသမီး

၆ စိန်းတုံးမိဖုရား
မင်းတရားကြီး မယ်တော်၏ ညီမတော်ရင်း
မိထွေး၏ သမီးတော်

၇ လောင်းရှည် မိဖုရား
သီရိမဟာ မင်္ဂလာသုပဘာဒေဝီ
၁) သမီးတော် ချွန်တောင်မင်းသမီး ၊
၂) သမီးတော် အမတော်ပုခန်းကြီးစုဘုရားကြီး ၊
၃) သားတော် သုသီရိမဟာဓမ္မရာဇာ
ခေါ် သီပေါမင်းသား ၊
၄) မိတ္ထီလာ စုဘုရားကလေး

၈ မကွေး မိဖုရား
ရွှေဘိုမင်း၏ သမီးတော် ဖြစ်သည်
၁) သားတော် လယ်ကိုင်းမင်းသား ၊
၂) သမီးတော် မင်းခင်း မင်းသမီး ၊
၃) သမီးတော် ပြင်စည်မင်းသမီး

၉ တောင်ဆောင်တော် မိဖုရား
၁) သမီးတော် ၊
၂) သားတော် ၊
၃) သားတော် ၊
၄) သားတော် မင်းရဲညွန့် ခေါ် မောင်မျိုးညွန့် ၊
၅) သားတော် မိုးညှင်းမင်းသား မောင်မျိုးအံ့ ၊
၆) သမီးတော် မိုးညှင်းမင်းသမီး

၁၀ ပထမ မြောက်ဆောင်တော် မိဖုရား
ပဘာဒဝေီ
၁) သားတော် သုသီရိမဟာ ဓမ္မရာဇာ
ခေါ် မလွန်မင်းသား မောင်မျိုးရင် ၊
၂) သမီးတော် ၊
၃) သားတော် ပြင်စည်မင်းသား သတိုးမင်းရဲ ၊
၄) သားတော် ဝန်းသိုမင်းသား သတိုးမင်းရဲ သီဟသူ

၁၁ ဒုတိယ မြောက်ဆောင်တော် မိဖုရား
နန္ဒာဒေဝီ
၁) သမီးတော် ကန္နီ မင်းသမီး မမျိုးရင် ၊
၂) သမီးတော် မဘဲ မင်းသမီး ၊
၃) သားတော် မက္ခရာ မင်းသား မောင်မျိုးတူ ၊
၄) သမီးတော် ကြံညှပ်မင်းသမီး ၊
၅) သမီးတော် ဆင်ယဉ်မင်းသမီး ၊
၆) သားတော်

၁၂ ပထမ တောင်ရွှေရေးဆောင် မိဖုရား ၁) သားတော် သုမဟာ သီရိဓမ္မရာဇာ
ခေါ် မြင်ကွန်းကိုယ်တော်ကြီး မောင်မျိုးဧ ၊
၂) သားတော် သတိုးမင်းလှ ဇေယျသူ
ခေါ် မြင်းခုံတိုင် မင်းသား မောင်မျိုးထင်

၁၃ ဒုတိယ ရွေရေးဆောင် မိဖုရား
၁) သားတော် ၊
၂) သမီးတော် ၊
၃) သမီးတော်

၁၄ စားပွဲတောင်မိဖုရား
၁) သမီးတော် ၊
၂) သမီးတော် ပင်းမင်းသမီး ၊
၃) သားတော် ၊
၄) သမီးတော် မိုးမိတ်မင်းသမီး

၁၅ ဒုတိယ မြောက်ရွှေရေးဆောင် မိဖုရား
၁) သားတော် ညောင်ရမ်းမင်းသား မောင်မျိုးပုံ ၊
၂) သားတော် ညောင်အုပ်မင်းသား မောင်မျိုးယုံ ၊
၃) သမီးတော် ကျောက်ဆောက် မင်းသမီး

၁၆ ခုနစ်ရွာ မိဖုရား
၁) သားတော် မဟာသီရိဓမ္မာရာဇာ
ခေါ် သုံးဆယ်မင်းသား မောင်မျိုးထွေး ၊
၂) သမီးတော် ၊
၃)သားတော် ၊
၄) သားတော် ၊
၅) သမီးတော် မြင်ကွန်းမင်းသမီး ၊
၆) သမီးတော် ၊
၇) သားတော် ပင်လယ်မင်းသား ၊
၈) သမီးတော် တောင်သာမင်းသမီး ၊
၉) သမီးတော် ပန်းထိမ်း မင်းသမီး ၊
၁၀) သားတော် သတိုးမင်းရဲမင်းထင်
ခေါ် သန္တီမင်းသား ၊
၁၁) သမီးတော် မြို့ကြီးမင်းသမီး ၊
၁၂) သားတော် ပင်းယမင်းသား ၊
၁၃) သမီးတော် မင်းထပ် မင်းသမီး

၁၇ လင်ပန်းမိဖုရား
သီရိသုစန္ဒာဒေဝီ
၁) သမီးတော် သုသီရိ မြတ်စွာ ရတနာ ဒေဝီ
ခေါ် တပင်တိုင် စလင်း မင်းသမီး ၊
၂) သားတော် ၊
၃) သားတော် ၊
၄) သတိုးဗညားကျန်း
ခေါ် ကျပင်းမင်းသား ၊
၅) ဗညားလော
ခေါ် ယနောင်မင်းသား

၁၈ ရေပွဲတိုက်စား မိဖုရား
၁) သားတော် မိုင်တုံမင်းသား သတိုးမင်းရဲမင်းခေါင်

၁၉ သက်ပန်း မိဖုရား
သီရိသုပဘာဒဝေီ
၁) သားတော် ရွှေဂူမင်းသား ၊
၂) သားတော် မိုးလှိုင်းမင်းသား ၊
၃) သားတော် တောင်ညိုမင်းသား

၂၀ မိုးနဲ မိဖုရား
၁) သမီးတော်

၂၁ လက်ပံစဉ် မိဖုရား
၁) သမီးတော် ယင်းတော် မင်းသမီး ၊
၂) သမီးတော် ကသာ မင်းသမီး ၊
၃) သားတော် မြင်စိုင်း မင်းသား

၂၂ ဆယ်ရွာ မိဖုရား
၁) ကျောက်ရစ် မင်းသမီး

၂၃ ကုပ်ကိုလှ မိဖုရား
၁) သားတော် ကသာ မင်းသား

၂၄ လှိုင်ကျွန်း မိဖုရား
၁) သားတော် ၊
၂) သမီးတော် တောင်တွင်းချောင်း မင်းသမီး ၊
၃) သမီးတော် ဟင်္ဂမော် မင်းသမီး

၂၅ သနစစ် မိဖုရား
၁) သားတော် ၊
၂) သားတော် ၊
၃) သားတော် ကောလင်း မင်းသား

၂၆ တမာပင် မိဖုရား
၁) သမီးတော် ကွတ်ရွာ မင်းသမီး

၂၇ ပြူကန် မိဖုရား
၁) သမီးတော် စောလှ မင်းသမီး ၊
၂) သားတော် ခေါ်သန္တီမင်းသား ၊
၃) သမီးတော် ယင်းဝဲ မင်းသမီး

၂၈ တောင်ပြုံး မိဖုရား
၁) သားတော်

၂၉ ထီးလှိုင် မိဖုရား
၁) သားတော် သာဂရ မင်းသား

၃၀ သရစိမျး မိဖုရား
သီရိသုနန္ဒာမဟေ
၁) သမီးတော် သီရိသုမလ္လာဝတီ
ခေါ် နောင်မွန် မင်းသမီး ၊
၂) သားတော် ငရနဲ မင်းသား ၊
၃) သမီးတော် သုသီရိ စန္ဒာဝတီ
ခေါ် တိုင်တား မင်းသမီး ၊
၄) သမီးတော် သုသီရိ ကေသာဝတီ
ခေါ် တိုင်တား မင်းသမီး

၃၁ လဲချား မိဖုရား
၁) သမီးတော် ၊
၂) သားတော် ၊
၃) သားတော်

၃၂ ထနောင်းတိုင် မိဖုရား
သီရိသုပဘာမဟေ
၁) သားတော်

၃၃ ငါးပင်စည် မိဖုရား
၁) သမီးတော်

၃၄ ငစွန် မိဖုရား
၁) သမီးတော် လမိုင်း မင်းသမီး ၊
၂) သမီးတော် မြို့လှ မင်းသမီး ၊
၃) သမီးတော် ထရံကာ မင်းသမီး

၃၅ ရှာပုလဲ မိဖုရား
၁) သားတော် ထီးလင်း မင်းသား

၃၆ ကျောက်တလုံး မိဖုရား
၁) သမီးတော် ညောင်လှ မင်းသမီး

၃၇ မယ်ထားအို
၁) သမီးတော်

၃၈ ကြေးမြင် မိဖုရား
၁) သားတော် ပျည်းမနား မင်းသား

၃၉ ဆင်တဲ မိဖုရား
၁) သားတော်

၄၀ ရွာသစ် မိဖုရား
၁) သားတော်

၄၁ မိကျောင်းတက် မိဖုရား
၁) သားတော်

၄၂ ကျောက်ရဲ မိဖုရား

၄၃ မြင်စည်မိဖုရား

၄၄ ဘလဲ့ပ မိဖုရား

၄၅ မန်ကျည်းပင်စောက် မိဖုရား
၁) သမီးတော် မိုင်းညောင် မင်းသမီး

စုစုပေါင်း မိဖုရား ၄၅ ပါး မှ သားတော် ၅၅ ပါး ၊ သမီးတော် ၅၃ပါး ၊ ပေါင်း ၁၀၈ ပါး ရှိသည် ။

နန်းရ မိဖုရား ၄ ပါး ၊ အဆောင်ရ မိဖုရား ၄ ပါးရှိသည် ။

မိဖုရားနှင့် ကိုယ်လုပ်တော်များတွင် ဒေဝီ ဘွဲ့ခံ မိဖုရား လတ် ၊ ဟေသီ ဘွဲ့ခံ မိဖုရားငယ် ၊ ဝတီ ဘွဲ့ခံ ကိုယ်လုပ် တော်ကြီး ၊ သီရီ ဘွဲ့ခံ ကိုယ်လုပ်တော်လတ် ၊ မင်းတပ် ဘွဲ့ခံ ကိုယ်လုပ်တော်ငယ် စသည်တို့ အဆင့် အမျိုးမျိုး ရှိ သည် ။

ကုန်းဘောင်ခေတ်မတိုင်မီ မိဖုရားများကို နန်းရမိဖုရား ၊ မိဖုရားငယ် ၊ ကိုယ်လုပ်တော်ဟူ၍ ယေဘူယျ ၃ မျိုး ခွဲနိုင် သည် ။ ၁၈ ရာစုနှောင်းပိုင်းမှစ၍ ကုန်းဘောင်မင်းများသည် ဆောင်တော်မိဖုရား ၊ ရွှေရေးဆောင် မိဖုရားများကို ထည့်သွင်းခဲ့သည် ။

နန်းရ ( ၄ ) ပါးရှိသည် ~
၁။ တောင်နန်းစံ မိဖုရား
၂။ မြောက်နန်းစံ မိဖုရား
၃။ အနောက်နန်းစံ မိဖုရား
၄။ အလယ်နန်းစံ မိဖုရား

ထိုနန်းရ မိဖုရား ( ၄ ) ပါးအပြင် အဆောင်ရ မိဖုရား ( ၄ ) ပါး လည်း ရှိသည် ။

အဆောင်ရ မိဖုရား ( ၄ )ပါးမှာ-
၁။ တောင်ဆောင်တော် မိဖုရား
၂။ မြောက်ဆောင်တော် မိဖုရား
၃။ အနောက်ဆောင်တော် မိဖုရား
၄။ အရှေ့ဆောင်တော် မိဖုရား

ထိုနန်းရ ( ၄ ) ပါးနှင့် အဆောင်ရ ( ၄ ) ပါး ၊ စုစုပေါင်း မိဖုရား ( ၈ ) ပါးတို့သည် အာဏာရှိကြပါသည် ။

ကိုယ်လုပ်တော်မိဖုရားများတွင် တန်းလျားရမိဖုရား ၊ တန်းလျားမရသော မိဖုရားဟူ၍လည်း ခွဲခြားထားပါ သည် ။

နဂါးဗိုလ်မောင်မောင်သက် ရေးသားထားသော သမိုင်း ပုံရိပ်စာအုပ် တွင်မူ .....

မင်းတုန်းမင်းကြီးတွင် မိဖုရား( ၆၉ ) ပါးရှိသည် ။ သားတော် ( ၅၅ ) ပါး ၊ သမီးတော် ( ၆၀ ) စုစုပေါင်း သားတော် သမီးတော် ( ၁၁၅ ) ပါး ရှိပါသည် ~ ဟု ဖော်ပြ ထား ပေ သည် ။

နဂါးဗိုလ်ထိပ်တင်ထွေး ၏ ရတနာသီခ ကုန်းဘောင်မဟာရာဇဝင်အကျဉ်း တွင် ပါရှိသော မင်းတုန်းမင်းတရားကြီး ၏ မိဖုရားများနှင့် သားတော်သမီးတော်များစာရင်းကို PDF File ကို Download လုပ်ပြီးဖတ်ရှုလေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါသည် ။

Download

https://yadi.sk/i/VSR5zn_-SHtR8A?fbclid=IwAR2gJ99jXTbi5AjWeWax5iZFqGIQZW8kpaLmJmigFfCDsI9GkFEEr6yCJKs

ကိုးကား

• မြန်မာရာဇဝင်ချုပ် နှင့် ရွှေနတ်တောင်ဘုရားသမိုင်း ၊ ဆရာလွန်း ၊ ၁၉၁၁ ၊ သူရိယသတင်းစာ ပုံနိုပ်တိုက် ၊ ၁၅ ၊ဗိုလ်ကွက်သစ် ၊ ရန်ကုန်မြို့အရှေ့ပိုင်း ၊ စာမျက်နှာ ၁၂၈ - ၁၃၅
• နဂါးဗိုလ်မောင်မောင်သက် ရေးသားထားသော
သမိုင်း ပုံရိပ်စာအုပ်

13/03/2024

The daughter of the H.R.H Fourth Princess Ashin Hteik Su Myat Phyar Galay & Ko ko Naing
Princess Hteik Su Phya Gyi

7.12.1948နေ့တော်ဘုရားကလေးရေးဆွဲခဲ့သောကုန်းဘောင်မင်းဆက်(၁၁)ဆက်မြောက်သီပေါမင်းတြားကြီးနှင့်အရှင်နန်းမတော်မြတောင်မနဘုရားခေါ...
02/03/2024

7.12.1948နေ့
တော်ဘုရားကလေးရေးဆွဲခဲ့သော
ကုန်းဘောင်မင်းဆက်(၁၁)ဆက်မြောက်
သီပေါမင်းတြားကြီးနှင့်အရှင်နန်းမတော်
မြတောင်မနဘုရားခေါင်ကြီးစုဘုရားလတ်တို့၏မြန်မာနိုင်ငံရှိမြစ်တော်များ
(၁၉)ပါး။မြေးတော်(၇)ပါးမှတရားဝင်
မွေးဖွားသန့်စင်ကြကုန်သောအနွယ်တော်များ၏အမည်နှင့်မွေးသက္ကရာဇ်
များစတင်၍ပြုစုထည့်သွင်းပြီးဒီထက်မကသေချာအောင်၎င်းတို့၏ဓါတ်ပုံနှင့်
တကွတင်ပြနိုင်ရန်ကြိုးစားစုဆောင်ပြီနောက်ဆုံးအဆင့်ပုံနှင်တကွတင်ပြခဲ့ပါ
သည်။ဤဇယားအားအခြေခံ၍ကျန်သူများမှဆက်လက်လုပ်သူများလုပ်နိုင်
ရန်တော်ဘုရားကြီး၏သားတော်
စူလစန္ဒကုမာရအနေဖြင့်ပြုစုထားပေး
ခဲ့ပါသည်။
*အရှင်နှစ်ပါး၏မြစ်တော်*
Myo Naing@Thulasandakumarya

Credit -Myo Naing@Thulasandakumarya

The Family Tree of Aung Khaing, the son of the Hteik. Su Phyar Htwe Husband Taw Phyar Myat Gyi
02/03/2024

The Family Tree of Aung Khaing, the son of the Hteik. Su Phyar Htwe Husband Taw Phyar Myat Gyi

တော်ဘုရားကလေးမှတော်ဘုရားကြီး၏မျိုးဆက်အဖြစ်တရားဝင်ဇယားကို(2.7.1987)နေ့စွဲဖြင့်သားတော်နှစ်ပါးဆက်ခံခွင့်ရှိရန်လုပ်ဆောင်ပေးခ...
01/03/2024

တော်ဘုရားကလေးမှတော်ဘုရားကြီး၏မျိုးဆက်အဖြစ်တရားဝင်ဇယား
ကို(2.7.1987)နေ့စွဲဖြင့်သားတော်နှစ်ပါး
ဆက်ခံခွင့်ရှိရန်လုပ်ဆောင်ပေးခဲ့သည်မှာ၎င်းတွင်ပါဝင်သောအမည်နာမ
များတရာဝင်အများကအသိမှတ်ပြုသည့်နိုင်ငံသားစီစစ်ရေးကပ်ပြားတွင်ပါဝင်စေရန်အထောက်အထားဖြစ်စေလို့ဌါပြု
လုပ်ပေးထားသောတခုတည်းသောစာ
ရွက်စာတမ်းဖြစ်ခဲ့ပါသည်။နောက်မှ၎င်း
စာစတမ်းများရှိခဲ့သည်ကိုသိရှိရရှိခဲပါသည်။
တော်ဘုရားလေးမှဖခင်အမည်ပြောင်းဘို့ခဏခဏပြောကြးနေသဖြင့်၎င်းထံသွားရောက်တွေ့စုံမည်ကိုပင်ကြောက်လာခဲ့သည်မှာအမှန်ပင်ဖြစ်နေပြီးနောက်
ဘဝတခုအပြောင်းအလည်းဖြစ်နိုင်စေရန်အကြောင်းတခုဖြစ်ပေါ်လာသည်မှာ
(11/Dec/1989)နေ့စွဲများဖြင့်အကြောင်းအရာ။ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဥ်ဝင်ရောက်ယှ၌ပြိုင်မည့်ကိုာ်စားလှယ်လောင်းများ၏
နိုင်ငံသားစီစစ်ရေးကိစ္စ။
ရွေးကောက်ပွဲကော်မရှင်၏(၁၆.၁၁.၈၉)
ရက်စွဲပါကြေညှာချက်အမှတ်(၃၂၈)အရဝင်ရောက်ယှ၌ပြိုင်မည့်လွှတ်တော်ကိုယ်စားလှယ်များ၏နိုင်ငံသားစီစစ်ရေးလုပ်ငန်းကိုအချိန်မှီဆောလျှင်စွာဆောငအရွကမကြရန်ညှန်ကြားထားပြီးဖြစ်ပါသည်။
သို့ပါ၍သင်္ဃန်းကျွန်းမြိူ့နယ်ဇ/တောင်
ရပ်ကွက်စေဇယန္တာလမ်းအမှတ်ည၄၅၁
နေဦးမျိုးနိုင်သည်လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကော်ပွဲတွင်
(ကွန်မြူနစ်ဆန့်ကျင်ရေးဆိုရှယ်လစ်ဆန့်ကျင်ရေးအာနာရှင်ဆန့်ကျင်ရေး)
လွတ်လပ်သောဒီမိုကရေစီအဖွဲ့ချုပ်မှ
ဝင်ရောက်ယှဥ်ပြိုင်အရွေးခံမည်ဖြစ်ပါ
၍ယင်း၏နိုင်ငံသားစီစစ်ရေးလုပ်ငန်းကို
ဆောလျှင်စွာဆောင်ရွက်ပေးပါရန်မေတ္တာရပ်ခံအကြောင်းကြားပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန
လူဝင်မှုကြီးကြပ်ရေးနှင့်ပြညအသူ့အင်းအားဦးစီးဌာန
(အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဌာနခွဲ)
စာအမှတ်|၁၀၂/မ-၃(၂-ခ)၁၁၂၁၂/အမတ

ရက်စွဲ|၁၉၈၉ခုဒီဇင်ဘာလ ၂၆ရက်
အကြောင်းအရာ။အမည်ဖြည့်စွက်ပေးရန်လျှောက်ထာခြင်း။
ရည်ညွှန်းချက်။ရန်ကုန်တိုင်းဦးစီးဌာနရုံး၏၂၆.၁၂.၈၉ရက်စွဲပါစာအမှတ်
၁၀၂/မ-၁(၇၃၂၈)/အမတ
ရန်ကုန်တိုင်းသင်္ဃန်းကျွန်းမြို့နယ်
ဇ/တောင်ရပ်ကွက်ဝေဇယန္တာလမ်း
အမှတ်(ည/ည၄၅၁)နေ
ဦးမြင့်သိန်း(ခ)ဦးမျိုးနိုင်က၎င်းကိုင်ဆောင်သောအမျိုးသားမှတ်ပုံတင်ကပ်ပြား(H/RGN.၀၁၂၉၅၂)တွင်ဖေါ်ပြထားသောဦးမြင့်သိန်း(ခ)ဦးမျိုးနိုင်အမည်မှဦးမြင့်သိန်း(ခ)ဦးမျိုးနိုင်(ခ)
စူလစန္ဒကုမာရအမည်သို့ဖြည့်စွက်ပေး
ရန်လျှောက်ထားချက်ကိုခွင့်ပြုလိုက်ပြီး
ဖြစ်ပါ၍သက်ဆိုင်ရာသင်္ဃန်းကျွန်းမြို့နယ်ဦးစီးဌာနမှုးရုံးမှပုံစံ(၁၀)ပိုအသုံးပြု၍
ညွှန်ကြားချက်နှင့်အညီဆောင်ရွက်ပေးရေးအတွက်ထပ်ဆင့်ညွှန်ကြားပေးပါရန်
အကြောင်းကြားအပ်ပါသည်။
အကြောင်းအရာ။မိဘအမည်ပြောင်းလဲ
ပေးရန်လျှောက်ထားခြင်း။
ရည်ညွှန်းချက်။ရန်ကုန်တိုင်းဦးစီးမှူးရုံး၏ ၂၆.၁၂.၈၉ရက်စွဲပါစာအမှတ်
၁၀၂/မ-၁(၇၃၂၉)/အမတ
ရန်ကုန်တိုင်းသင်္ဃန်းကျွန်းမြို့နယ်ဇ/တောင်ရပ်ကွက်ဝေဇယန္တာလမ်းအမှတ်
(ည/၄၅၁)နေဦးမြင့်သိန်း(ခ)ဦးမျိုးနိုင်(ခ)စူလစန္ဒကုမာရက၎င်းကိုင်ဆောင်
သောအမျိုးသားမှတ်ပုံတင်ကပ်ပြား
(H/RGN-RGN၀၁၂၉၅၂)တွင်ဖေါ်ပြထားသောမိဘအမည်(ဦးစိန်လှိုင်)မှ
(တော်ဘုရားကြီး)သို့ပြောင်းလည်းပေးရန်လျှောက်ထားချက်ကိုခွင့်ပြုလိုက်ပြီ
ဖြစ်ပါ၍သက်ဆိုက်ရာသင်္ဃန်းကျွန်းမြို့
နယ်ဦးစီးဌာနမှူးရုံးမှပုံစံ(၁၀)ကိုအသုံးပြု
၍ညှ်န်းကြားချက်နှင့်အညီဆောင်ရွက်ပေးရေးအတွက်ထပ်ဆင့်ညွှန်းကြားပေးပါရန်အကြောင်းကြားပါသည်။
ဦးမြင့်သိန်း(ခ)ဦးမျိုးနိုင်(ခ)စူလစန္ဒကုမာရ
(ဘ)တော်ဘုရားကြီး
၁၂/သဃက(နိုင်)၀၁၂၄၃၇
၂၉.၁၂.၁၉၈၉ရက်စွဲဖြင့်ထုတ်ပေးသည်။

*ကျေးဇူးတင်လေးစားလျှက်*
မြင့်သိန်း(ခ)မျိုးနိုင်(ခ)စူလစန္ဒကုမာရ

Credit ---မြင့်သိန်း(ခ)မျိုးနိုင်(ခ)စူလစန္ဒကုမာရ

7.12.1948 Taw Phyar Galay himself Valid with dates of 7.12.1948 A drawn up genealogical chart.Credit --U Myo NaingH.R.H....
28/02/2024

7.12.1948
Taw Phyar Galay himself
Valid with dates of 7.12.1948
A drawn up genealogical chart.

Credit --U Myo Naing
H.R.H.Prince Sula Sandakumara

မိတ္ထီလာတော်ဖုရားလေး(သီပေါဘုရင်၏ တူမတော်)မိတ္ထီလာတော်ဖုရားလေး အား လောင်းရှည်မိဖုရားကြီး၏ သမီးတော်အငယ်ဆုံးဖြစ်သော မိတ္ထီလ...
28/02/2024

မိတ္ထီလာတော်ဖုရားလေး
(သီပေါဘုရင်၏ တူမတော်)

မိတ္ထီလာတော်ဖုရားလေး အား လောင်းရှည်မိဖုရားကြီး၏ သမီးတော်အငယ်ဆုံးဖြစ်သော မိတ္ထီလာစုဖုရားမှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး မွေးချင်းလေးဦးအနက် အငယ်ဆုံးသော သမီးတော်ဖြစ်လေသည်။

မယ်တော်ဖြစ်သူ မိတ္ထီလာစုဖုရား မင်းသမီးကြီးသည် သက်တော် ၃၆နှစ်အရွယ် ဖြင့်ပင် ကံကုန်ခဲ့ရ၍ မိတ္ထီလာတော်ဖုရားလေး အပါအဝင် ကျန်ရစ်သော သားသမီးလေးဦး မှာ မိကြီးတော် ပခန်းကြီးစုဖုရား ၏ စောင့်ရှောက် မှုဖြင့် ကြီးပြင်းခဲ့ရသည်။

မယ်တော်မင်းသမီးကြီး ကံတော်ကုန်စဥ်က ထူးဆန်းသော ဖြစ်ရပ်ဆန်းများ ကြုံခဲ့ရသည်ကို ထိုခေတ်အခါက မျက်မြင်ပုဂ္ဂိုလ်များ၏ ပြောကြားချက် လက်ဆင့်ကမ်းဖြင့် သိရှိရ သည်လည်းရှိလေ၏။ မိတ္ထီလာမင်းသမီးကြီးသည် စံအိမ်တော်၌ ရုတ်တရက် မေ့လဲကာဖြင့် မျောသွားရာမှ ပြန်၍ အသက်မလည်လာတော့ဘဲ ကံကုန်ခဲ့ခြင်း ဖြစ်လေ၏။

ထိုအဖြစ်ပျက် တို့ မိတ္ထီလာစံအိမ်တော်၌ ဖြစ်ပေါ်နေစဥ် တပါး အရပ်၌ မြင်းရထားတစင်းပေါ်သို့ တက်၍ လိုက်ပါနေသော မင်းသမီးကြီးကို လူအချို့ တွေ့မြင်ရ၍ "တော်တော် ဘုရား အဘယ်ကိုကြွပါမည်လဲဖျား" ဟုအမေးရှိကြသည်ကို "ရွှေကြက်ယက်သို့ဘုရားဖူးကြွမည်" ဟုပြန်လည်ပြောဆိုခဲ့ပြီး မင်းသမီးကြီးလိုက်ပါလေသော ထိုရထား နေရာမှ စတင်ထွက်ခွာသည်နှင့် မိတ္ထီလာစံအိမ်တော်ဆီမှ မင်းသမီးကြီး ကံကုန် ၍ ငိုကြွေး ကြလေသော အသံတို့ဆူပူစွာ ထွက်ပေါ်လာသည်ကို ထူးဆန်းစွာ ကြုံခဲ့ရကြောင်း ပြောစမတ်ပြုခဲ့ကြဖူးသည်။

မိတ္ထီလာတော်ဖုရားလေး အရွယ်ရောက်သည့် အခါတွင် အိမ်ရှေ့စံ ကနောင်မင်း၏ သမီးတော်ဖြစ်သော ထိပ်ခေါင်တင်စိုး မင်းသမီးကြီး၏ သားတော် ထိပ်တင်ညွန့်နှင့် လက်ဆက်ခဲ့သည်။

သို့သော် မိတ္ထီလာတော်ဖုရားလေး သည် သူ၏မြောက်သားတော် (ကြင်ယာတော်) နဲ့ သားသမီးထွန်းကားခဲ့ခြင်းမရှိပေ။

(ဖော်ပြထားသောပုံမှာ နားထွင်းမင်္ဂလာပွဲ၌ ဃနမတ္တက အဆင်တန်ဆာ ဟုယူဆရသော အဆင်တန်ဆာကို ဆင်မြန်းထားသည့် မိတ္ထီလာတော်ဖုရားလေး ၏ပုံဖြစ်သည်။)

ကိုးကား

မိတ္ထီလာအနွယ်တော်များ၏ပြောကြားချက်များ

ကုန်းဘောင်အလွန်
မောင်သန်းဆွေ (ထားဝယ်)

A document written by the fourth daughter Ashin Hteik Su Myat Phyar GalayCredit by Taw Myat Soe fourth daughter Ashin Ht...
21/02/2024

A document written by the fourth daughter Ashin Hteik Su Myat Phyar Galay
Credit by Taw Myat Soe fourth daughter Ashin Hteik Su Myat Phyar Galay Great Great Grand Son

အိမ်ရှေ့တော်ဘုရားနှင့်ဆောင်ရသခင်ကြီးခင်ဖော့တို့၏မြစ်၊သတိုးမင်းရဲဒိဗ္ဗဘွဲ့ခံလင်းပင်မင်းသားကြီးနှင့်ရေနံသာခင်ခင်ကြီးတို့၏မ...
06/02/2024

အိမ်ရှေ့တော်ဘုရားနှင့်ဆောင်ရသခင်ကြီး
ခင်ဖော့တို့၏မြစ်၊သတိုးမင်းရဲဒိဗ္ဗဘွဲ့ခံလင်းပင်မင်းသားကြီးနှင့်ရေနံသာခင်ခင်ကြီးတို့၏မြေး၊
မစ္စတာဟားဗတ်ဘယ်လာမီနှင့်လင်းပင်ထိပ်တင်
မလတ်တို့၏သ္မီးရတနာနတ်မယ်၏ရှာဖွေတွေရှိရ
သောဆွေတော်စဉ်မျိုးတော်ဆက်ဓာတ်ပုံများ
Credit -ကိုညီညီ

Address

Dagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959421181246

Website

Alerts

Be the first to know and let us send you an email when Koungbaung Dynasty Of Burma Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Koungbaung Dynasty Of Burma Myanmar:

Share