Farmers Revolution Force မုံရွာ ခရိုင်တပ်ရင်း - ၈

  • Home
  • Myanmar
  • Chaung-u
  • Farmers Revolution Force မုံရွာ ခရိုင်တပ်ရင်း - ၈

Farmers Revolution Force မုံရွာ ခရိုင်တပ်ရင်း - ၈ Armed Force

10/07/2025

မြိုင်-ပခုက္ကူ လမ်းပိုင်းတွင် စစ်တပ် တပ်စွဲထားသော စီမံကိန်းရုံးကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦး အရှင်ဖမ်းမိပြီး လက်နက် ၁၃ လက် သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်-ပခုက္ကူ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စီမံကိန်းရုံးကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၁၂ ဦး အရှင်ဖမ်းမိပြီး လက်နက် ၁၃ လက် သိမ်းဆည်းရရှိခဲ့ပါသည်။

ဇူလိုင်လ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်က စတင်ပြီး မြိုင်မြို့နယ်ရှိ တိုက်ခိုက်ရေးအဖွဲ့များ ပူးပေါင်းကာ မြိုင်မြို့ ပခုက္ကူသွားလမ်းပိုင်းတွင်ရှိသော စီမံကိန်းရုံးတွင် အထိုင်ချထားသော စစ်ကောင်စီ တပ်သားများကို မိမိတို့ မုံရွာခရိုင်တပ်ရင်း(၈)နှင့်အတူ NFTA(မြောက်ပိုင်းကျားငါးကောင်အဖွဲ့)မဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ ခုခံ တိုက်ခိုက်ခဲ့သော်လည်း ည ၇ နာရီ ခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ပါသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်မှ စစ်သုံ့ပန်း ၁၂ ဦး ဖမ်းဆီးရမိကာ ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိထားပြီး ဆေးကုသပေးလျက်ရှိကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ရဲဘော် ၆ ဦး ဒဏ်ရာရရှိခဲ့ပါသည်။

ထို တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂ ဦးဖြစ်သည့် ရဲအုပ် သောင်းထွေးစိုး၊ ရဲအရာခံ ထွန်းမင်းဇော်၊ ရဲတပ်ကြပ် ဇော်ဝင်းနိုင်၊ ရဲ ဒုတပ်ကြပ် တင်မျိုးထွန်း၊ ရဲတပ်သား ဇော်နိုင်၊ ရဲတပ်သား ရဲရင့်အောင်၊ ရဲတပ်သား သန်းတိုးအောင်၊ ရဲဒုတပ်ကြပ် မင်းမင်းထွန်း၊ ရဲတပ်သား မင်းမင်းဇော်၊ ရဲဒုတပ်ကြပ် သက်ကိုကို၊ တပ်ကြပ် ဦးထွန်း၊ တပ်သား မျိုးနိုင်ဝင်း တို့ကို အရှင် ဖမ်းမိခဲ့ပါသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများထံမှ G3 ၁၀ လက်၊ MA3 ၁ လက်၊ MA4 ၁ လက်၊ 79 ၁ လက်၊ G3 ဘောက် ၁၅ ဘောက်၊ MA ဘောက် ၂ ဘောက်၊ G3 ကျည် ၁၃၆ တောင့်၊ ၅.၅၆ ကျည် ၃၇ တောင့်၊ လက်ပစ်‌ဗုံး ၉ လုံး၊ 79 အဖူး ၆ ဖူး၊ ဦးထုပ် ၅ လုံး၊ ဖုန်း ၃ လုံး၊ အီကွက်မန့် ၇ ခု၊ ငွေသား ၂၂ သိန်း တို့ သိမ်းဆည်းရမိခဲ့​ပါသည်။

ယင်း တိုက်ပွဲ ဖြစ်ပွားနေစဉ်တွင်လည်း မြိုင်မြို့မရဲစခန်းမှ စစ်ကူ စစ်ကြောင်းသည် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ၁ ကြိမ်၊ မွန်းလွဲ ၁၂ နာရီခန့်တွင် ၁ ကြိမ်၊ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ၁ ကြိမ် ၊ ၃ ကြိမ်တိတိ စစ်ကူပေးရန် ထွက်လာသော စစ်ကြောင်းများကို တော်လှန်ရေး တပ်ဖွဲ့များ ကြားဖြတ် ဟန့်တား ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ပါသည်။

ဇူလိုင်လ ၁၀. ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့တွင်း စီမံကိန်းရုံးကို တော်လှန်ရေး တပ်ဖွဲ့များ ရှင်းလင်းရေးဆောင်ရွက်စဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါသည်။

အဆိုပါ တိုက်ခိုက်မှုအား မိမိတို့မုံရွာခရိုင်တပ်ရင်း(၈)နှင့်အတူမြိုင်ညီညွတ်ရေးတပ်ပေါင်းစု (9+) ၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့ ၊ တပ်ပေါင်းစု (Good Brother) ၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ ကင်ဒို (ဒရုန်း) ပေါက်၊ အညာမြေပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ Burma Revolution Ranger (BRR)၊ NFTA(မြောက်ပိုင်းကျားငါးကောင်အဖွဲ့)၊အညာမုန်တိုင်းအဖွဲ့၊တော်လှန်ပြောက်ကျားအဖွဲ့၊ Scorpion People Denfece Force တို့ဖြင့် ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ပါသည်။

မြိုင်-ပခုက္ကူ လမ်းပိုင်းတွင် စစ်တပ် တပ်စွဲထားသော စီမံကိန်းရုံးကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦး အရှင...

မုံရွာမြို့နယ်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းအား သိမ်းပိုက်====================================ဖေဖော်ဝါရီလ ၂၇ ရက်...
27/02/2025

မုံရွာမြို့နယ်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းအား သိမ်းပိုက်
====================================
ဖေဖော်ဝါရီလ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်း (ဗောဓိတစ်ထောင်) စခန်းအား ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ သိမ်းပိုက်ခဲ့သည်။

ဗောဓိတထောင် သာသနာ့နယ်မြေတွင် အခြေပြုတပ်စွဲထားသော ယင်း ရန်သူစခန်းအား မုံရွာခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုဖြင့် မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင်လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ဗျူဟာ ၆၄ (၅၊၈၊၉၊၁၀၊၁၁)၊ ဗျူဟာ ၆၁ (၁၂၊၁၇) ၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ဒရုန်းအဖွဲ့၊ BLDF ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ရန်သူ့ဘက်မှ (၁၁) ဦးသေဆုံးပြီး G-3 (၅) လက်၊ U*i (၃) လက်၊ M-79 (၂) လက်၊ G-3 ကျည် (၂၅၇၀) တောင့်၊ 9mm ကျည် (၂၁၂၈) တောင့်၊ ၄၀ မမ ဗုံးသီး (၁၀) လုံး၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ကျည်အိမ် (၆) ခု၊ TV (၁) လုံး သိမ်းဆည်းရမိသည်။

ရဲဘော် ၄ ဦး (မစိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ပါသည်။

တိုက်ပွဲအတွင်း နမခမှ Paramotor (၂) စီး၊ တံတားဦး လေတပ်မှ Mi-35 (၁) စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့ပြီး အမတ-၅၀၈ မှ ၁၀၅ မမ၊ ၁၂၀ မမ တို့ဖြင့် (၁၄) ကြိမ်ခန့် ပစ်ကူပေးခဲ့သည်။

ဗျူဟာ ၆၄
မုံရွာခရိုင်အမှတ်(၈)တပ်ရင်း
Farmers Revolution Force

Address

Chaung-U

Website

Alerts

Be the first to know and let us send you an email when Farmers Revolution Force မုံရွာ ခရိုင်တပ်ရင်း - ၈ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Farmers Revolution Force မုံရွာ ခရိုင်တပ်ရင်း - ၈:

Share

Category