မီးလျှံကြားက ပျံလွှား -BPDF

  • Home
  • Myanmar
  • Budalin
  • မီးလျှံကြားက ပျံလွှား -BPDF

မီးလျှံကြားက ပျံလွှား -BPDF Fight for Democracy

ရှမ်း​မြောက် စစ်​ကောင်စီနဲ့ ကိုးကန့်တပ် တိုက်ပွဲဖြစ် စစ်​ကောင်စီကားနှစ်စီးပျက်စီး9 Feb 2022-Kachinwaves ရှမ်းပြည်မြောက်ပ...
09/02/2022

ရှမ်း​မြောက် စစ်​ကောင်စီနဲ့ ကိုးကန့်တပ် တိုက်ပွဲဖြစ် စစ်​ကောင်စီကားနှစ်စီးပျက်စီး

9 Feb 2022-Kachinwaves

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုးမုန်းရွာအဝင်တွင် ဖေဖော်ဝါရီလမှ ၈ရက်နေ့ည ၈နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်(MNDAA)တို့မှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီယာဥ်တန်း သည် နမ့်ဖတ်ကာမှ တက်လာသည့်အချိန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကားနှစ်စီး ပျက်စီးကာ ထိုနှစ်စီးမှ တစ်စီးမှာ ချောက်ထဲကျနေကြောင်း ဒေသခံတစ်ဦး ကပြောသည်။

ရှမ်းပြည်မြောက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်၊ကေအိုင်အေ တပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလျှက်ရှိနေသည်။
Crd

09/02/2022

ဒီနေ့ဟာ နွေဦးတော်လှန်ရေးရဲ့ပထမဆုံး သွေးမြေကျခဲ့ရတဲ့နေ့ပါ။
လက်ဗလာနဲ့ငြိမ်းချမ်းစွာဆန္ဒပြတဲ့ နေပြည်တော်မှ မမြသွဲ့သွဲ့ခိုင်ဦးခေါင်းကို ကျည်အစစ်သုံးပစ်ခဲ့တဲ့နေ့ပါ။
သူမဟာ 9-2-2021မှာ ဦးခေါင်းကျည်မှန်ခဲ့ရပြီး 19-2-2021မှာ ကျဆုံးခဲ့ရပါတယ်။
နွေဦးတော်လှန်ရေးရဲ့သွေးမြေစကျခဲ့မှု တနှစ်ပြည့်နေ့ဖြစ်ပါတယ်။

08/02/2022

လာမယ့်၆လအတွင်း စစ်ကိုင်းတိုင်းထဲကနယ်မြေအချို့ကို ဖက်ဆစ်တပ် လက်လွှတ်ကိုလွှတ်ရပါတော့မယ်။
ပြည်သူတွေအားတင်းထားကြပေးပါ။

ပြည်သူများမှ ပေးပို့လာသော၂.၂.၂၂နေ့ ဘုတလင်မြို့နယ် သပိတ်စစ်ကြောင်း😍😍😍
02/02/2022

ပြည်သူများမှ ပေးပို့လာသော
၂.၂.၂၂နေ့ ဘုတလင်မြို့နယ် သပိတ်စစ်ကြောင်း
😍😍😍

29/01/2022

ဘုတလင်မြို့နယ်တွင်း စစ်ရှောင်စခန်းတစ်ခုလျှင် ကြက်ဥ အလုံး၁၃၀နှုန်းဖြင့် စစ်ရှောင်စခန်း၆နေရာသို့ မီးလျှံကြားကပျံလွှားအဖွဲ့မှ သွားရောက်လှူဒါန်း
🙏🙏🙏

👉ပြည်သူ့အတွက်👈
#မီးလျှံကြားကပျံလွှား

အာဏာသာမသိမ်းရင်....အာဏာသာမသိမ်းရင်ဆိုပြီး တချို့တွေကစုတ်တသသဖြစ်မိနေကြရှာတယ်။တကယ်တော့ အာဏာသာမသိမ်းဘဲ နာဂစ်ဖွဲ့စည်းပုံနဲ့သ...
29/01/2022

အာဏာသာမသိမ်းရင်....အာဏာသာမသိမ်းရင်ဆိုပြီး တချို့တွေကစုတ်တသသဖြစ်မိနေကြရှာတယ်။
တကယ်တော့ အာဏာသာမသိမ်းဘဲ နာဂစ်ဖွဲ့စည်းပုံနဲ့သာတိုင်းပြည်ရှေ့ဆက်သွားရင် လူနည်းစုတိုင်းရင်းသားတွေအနိုင်ကျင့်ခံနေရမှုကို မြေပြန့်ကဗမာလူမျိုးအများစု သိရှိကြမှာမဟုတ်ပါဘူး။
ဒီဖွဲ့စည်းပုံအတိုင်းသမာရိုးကျသွားရင် ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ထူထာင်နိုင်ဖို့ အနည်းဆုံး၂၅နှစ်အချိန်ယူရမယ်။(ဒါတောင်ဖြစ်လာဖို့အာမခံချက်မရှိ)

၈၈လူထုတိုက်ပွဲကနေ ရွှေရည်စိမ်ဒီမိုကရေစီအတုအယောင်ကို အကျိုးအဖြစ်ခံစားခဲ့ကြရတယ်။
ဒီ2021လူထုတိုက်ပွဲကတော့ ဖက်ဒရယ်ဒီမိုကရေစီစစ်စစ်ဆီဦးတည်နေတာပါ။
ပေးဆပ်ရတဲ့အရင်းအနှီးအရမ်းကြီးမားလွန်းပြီး ရရှိလာမယ့်ရလဒ်ဟာလည်း အနာဂတ်မျိုးဆက်အဆက်ဆက်အတွက် အင်မတန်ကြီးမားမှာပါ။
ဒီဖက်ဆစ်တပ်နဲ့ဖက်ဆစ်စနစ်ကိုသာအလုံးစုံဖြိုချနိုင်ခဲ့ရင် အနာဂတ်နိုင်ငံတော်မှာ စစ်ပွဲတွေ၊စစ်ရှောင်တွေဆိုတာတွေ လုံးဝမြင်တွေ့ရတော့မှာမဟုတ်တော့ဘူး။

အချုပ်ဆိုရသော် အာဏာသိမ်းမှုကြောင့်သာ လူမျိုးစုကြီးဗမာတွေနဲ့တိုင်းရင်းသားတွေကြား နားလည်မှု၊စာနာမှုနဲ့ညီညွှတ်မှုတို့ကို အခိုင်အမာရရှိစေပါတယ်။
အာဏာသိမ်းမှုကြောင့်သာ တပ်မတော်ဟာတိုင်းပြည်ကာကွယ်နေတဲ့အဖွဲ့အစည်းမဟုတ်ဘဲ စစ်ခေါင်းဆောင်တွေရဲ့အကျိုးစီးပွားကာကွယ်နေတဲ့အဖွဲ့အစည်းအဖြစ် မင်းသားမျက်နာဖုံးလုံးဝကွာကျသွားခဲ့ပါတယ်။
နောက်ဆုံးဒီအာဏာသိမ်းမှုကြောင့်ပဲ ခွင့်တူညီမျှကိုအမှန်တကယ်အခြေခံတော့မယ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်စစ်စစ်ကို ပိုင်ဆိုင်ခွင့် "ရကိုရကြပါတော့မယ်"။

အကောင်းတရားတွေရရှိဖို့ အဆိုးဆုံးတွေကို ကြံ့ကြံ့ခံဆက်လက်ဖြတ်ကျော်ကြပါစို့✊✊✊

27/01/2022

27.1.22 ညနေပိုင်း
ဘုတလင်မြို့ ကောင်းသန့်မွန် လက်ဖက်ရည်ဆိုင်တွင် အရပ်သားနှစ်ဦး ခွေးဆွဲခံရ

အမည် နဲ့ နေရပ်များကို ဆက်လက်စုံစမ်းနေပါသည်

Edit ကံသာရွာသားများဟု ကနဦးသတင်းရရှိ

#မီးလျှံကြားကပျံလွှား

27/01/2022

အသံတိတ်သပိတ်အတွက်ကြေညာတဲ့ ပြင်ဦးလွင်က မောဓနုဆိုင် ချိတ်ပိတ်ခံရ
~~~~~
■ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဖွင့်လှစ်ထားတဲ့ မောဓနု ရှမ်းရိုးရာစားသောက်ဆိုင်ဟာ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသံတိတ်သပိတ် ဆင်နွဲဖို့ ဆိုင်ပိတ်မှာဖြစ်ကြောင်း ကြေညာခဲ့တဲ့အတွက် စစ်ကောင်စီက ဆိုင်ကို နိုင်ငံပိုင်သိမ်းဆည်းတယ်ဆိုပြီး ဇန်နဝါရီလ ၂၆ ရက်နေ့က လာရောက်ချိတ်ပိတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆိုင်ရှင် ဖမ်းဆီးခံရပြီးနောက် ဆိုင်ကိုပါ လာရောက်ချိတ်ပိတ်ခဲ့ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။

“မောဓနုကို စစ်သားတွေ၊ ရဲတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လာပြီးချိတ်ပိတ်သွားတာ။ ကားတွေလည်း သိမ်းသွားတယ်။ လူတွေလည်း ဖမ်းခံရတယ်၊ နောက်ထပ်လည်း ဒီမှာ နှစ်ဆိုင်လောက် သိမ်းခံရတယ် ကြားတယ်"

မန္တလေးမြို့မှာလည်း အသံတိတ်သပိတ်မှာ မပါဝင်ကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စည်ပင်ဝန်ထမ်းတွေက ဒီနေ့ ဈေးဆိုင်တွေကို လိုက်လံစည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဆိုင်ပိတ်မယ်လို့ ကြေညာခဲ့တဲ့ ချမ်းအေးသာစံမြို့နယ်အတွင်းက Blue BBQ အကင်ဆိုင်ပိုင်ရှင်ဟာ ဇန်နဝါရီလ ၂၅ ရက်နေ့က ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်းမှာ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ အသံတိတ်သပိတ်ကို ပြီးခဲ့တဲ့နှစ် မတ်လ ၂၄ ရက်နဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွေက ပြုလုပ်ခဲ့ကြသလို အခုလာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်ပြုလုပ်ဖို့ ပြင်ဆင်နေကြတာပါ။

ဒီအတွက် အာဏာသိမ်းစစ်ကောင်စီကလည်း နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးဖို့ကြိုးစားနေတာလို့ ရန်ကုန်နဲ့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
- Unicode
-----------------

- Zawgyi
-----------------

RFA

Photo: Citizen Journalist

27/01/2022

ကျောက်ဆည် မြို့မရဲစခန်း ဗုံးပစ် တိုက်ခိုက်ခံရ

ဧရာဝတီ၊ ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ မြို့မ ရဲစခန်းအား ဇန်နဝါရီ ၂၆ ရက် ည ၇ နာရီခန့်အချိန်တွင် လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုရှိနိုင်သည်ဟု ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F)က သတင်းထုတ်ပြန်သည်။

“ဗုံးပစ်သွင်းခဲ့တာပေါ့။ အရင်လိုတော့ သေနတ်အတွဲလိုက် မဆွဲတော့ဘူး။ ထိခိုက်မှုတွေ ရှိနိုင်တယ်၊ အသေး စိတ်တော့ မသိရသေးဘူး။ ရဲဘော်တွေလည်း အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု K.D.D.F က ပြော သည်။

အဆိုပါ ဖြစ်စဉ်အပေါ် ကျောက်ဆည်မြို့နယ် အုပ်ချုပ်ရေး အသိုင်းအဝိုင်းကမူ လက်ပစ်ဗုံး ထုခံရသည့် ဖြစ်စဉ်မှန်သော်လည်း ထိခိုက်မှု မရှိဟု ပြောသည်။

ကျောက်ဆည်မြို့ပေါ်ရှိ ရဲမှူးတဦး၏ နေအိမ်ကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက ဗုံးထုတိုက်ခိုက်ခဲ့သလို ဇန်နဝါရီလ ၁၂ ရက်က တံတားဦးမြို့နယ်၊ အောင်သာကွင်းရှိ မန္တလေး လေ ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး အရပ်ဝတ်ဖြင့် ကျေးရွာအတွင်း ဝင်ရောက် သတင်းယူနေစဉ် K.D.D.F) မှ ပစ်ခတ် တိုက်ခိုက်ခဲ့သေးကြောင်း သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီ

27/01/2022

ဘုတလင်​မြို့နယ် မြို့ပေါ်ရွာတွင်
စခ သုံးဆယ်ကျော် ရောက်ရှိနေ

မနက်က မုံရွာမြို့နယ် ကြီးဗဒုံကျေးရွာကို မွှေနှောက်ခဲ့တဲ့ စခ ၅၀ ကျော်ဟာ တောင်ဖက် ပလ္လင်ကုန်း မင်းတဲ ဖက်ကို တဝက်ခန့် မြောက်ဖက် ဘုတလင်မြို့နယ် မြို့ပေါ်ရွာကို တဝက်ခန့် ခွဲပြီး ရွေ့လျားနေပါတယ်

လက်ရှိအချိန်ထိ မြို့ပေါ်ရွာမှာ ရှိနေပြီး
ဘယ်ဖက်ကို ဆက်သွားမယ်ဆိုတာ မသိရသေးဘူးလို့
ဒေသခံတစ်ယောက်က ဆိုပါတယ်

Crd

24/01/2022

1.တပ်ဖျောက်ခြင်း
2.တိုက်ပွဲတုဖန်တီးခြင်း
3.ရဟတ်ယဉ်လာရာလမ်းကြောင်းအားစုံစမ်းပြီး အထက်အမြင့်ပေအနိမ့်ဝန်းကျင်တွင်ပစ်ချခြင်း။

ဒီနည်းလမ်းသုံးသွယ်နဲ့ လေကြောင်းအသာစီးယူနေတဲ့ရန်သူကို ရင်ဆိုင်နိုင်ပါကြောင်း။
ပထမနှစ်ချက်က ပြည်သူ့ကာကွယ်ရေးတပ်သားများအထိအခိုက်လျော့နည်းစေရန် ရည်ရွယ်တယ်။

Address

Bandula
Budalin

Website

Alerts

Be the first to know and let us send you an email when မီးလျှံကြားက ပျံလွှား -BPDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share