မင်းဂံရွာ

မင်းဂံရွာ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မင?

29/09/2022
21/11/2021

မင်းဂံ (ဘုတ်) ရွာလေး သို့ အလည်တခေါက်

ယနေ့တောင်ကျရေမြင်ကွင်း
30/08/2021

ယနေ့တောင်ကျရေမြင်ကွင်း

 #ဟိုတောင်ဆီမှာမိုးများရွာတော့  #လွမ်းစိတ်ဝေပေါ့
19/08/2021

#ဟိုတောင်ဆီမှာမိုးများရွာတော့
#လွမ်းစိတ်ဝေပေါ့

ဒီနေ့က နေ စပြီး စားတော့ မယ်။တစ်ရက်ကို ငှက်ပျောသီး (၃)လုံး စားပေးခြင်းဖြင့် ရရှိမည့် အကျိူးကျေးဇူးများ…(၁) အသက် ၄၀ကျော်လာ...
18/08/2021

ဒီနေ့က နေ စပြီး စားတော့ မယ်။

တစ်ရက်ကို ငှက်ပျောသီး (၃)လုံး စားပေးခြင်းဖြင့် ရရှိမည့် အကျိူးကျေးဇူးများ…

(၁) အသက် ၄၀ကျော်လာသည် နှင့် ရိုးတွင်းချဉ်ဆီ လျော့လာပြီး အရိုးအဆစ် နာကျင်လာတတ်ပါတယ်။ ဒါကြောင့် မနက် နေ့ ည ငှက်ပျော် သီးမှည့် (၃) လုံး စားပေးပါ …။

(၂) အစာအိမ် ကင်ဆာသမားများနှင့် အရိုး ကင်ဆာ သမားများ ငှက်ပျောသီး စားပေးခြင်းဖြင့် ရောဂါကို မြန်မြန် သက်သာစေမှာပါ …။

(၃) စိတ်ဖိစီးပြီး စိတ်ညစ်မှု ဝေဒနာဖြစ်လျှင် ငှက်ပျော် သီးမှည့် စားပေးပါ …။

(၄) ကျောက်ကပ် အားနည်း ကျောက် ကပ် နာကျင်မှု အတွက် ပိုတက်စီယံ ကြွယ်ဝသော ဌက်ပျောသီးကို နေ့စဉ် စားပေးပါ …။

(၅) အူမကြီး မြန်ဆန်စွာ အလုပ် လုပ်နိုင်ရန် နေ့စဉ် ငှက်ပျောသီး စားပါ …။

(၆) မျက်စိမှုန်ခြင်း မျက်စိ တိမ် ကပ်ခြင်းများ အတွက် နေ့စဉ် ငှက်ပျောသီး စားပါ …။

(၇) ဝမ်းချူပ်ပြီး အပူအပုတ် ကိန်းအောင်းနေလျှင် ညစဉ် ငှက်ပျောသီး စားပေး ပါ …။

(၈) ပင်ပန်းနွမ်းနယ်ပြီး အင်အားမရှိ ဖြစ်နေလျှင်လည်း ငှက်ပျောသီး တစ်နေ့ ၃လုံး စားပေးပါ …။

(၉) လေးဘက်နာ အဆစ်အမြစ် ကိုက်ခဲနေ လျှင် လည်း ငှက်ပျောသီး စားပေးပါ …။

တတိယလှိုင်းဟာ အရှိန်လျော့လာပြီပြောရမယ် လူသေနှုန်းပြန်လျော့လာတယ် ဒါပေမယ့် လျော့တာပဲ ရှိတာ လုံးဝ မသေတာမျိုးတော့မဟုတ်သေးဘူး...
10/08/2021

တတိယလှိုင်းဟာ အရှိန်လျော့လာပြီပြောရမယ် လူသေနှုန်းပြန်လျော့လာတယ် ဒါပေမယ့် လျော့တာပဲ ရှိတာ လုံးဝ မသေတာမျိုးတော့မဟုတ်သေးဘူး အသေအပျောက်ကတော့ ရှိနေတုန်းပဲ ဒီနေရာမှာပြောချင်တာက ကိုဗစ်ဟာ သေနိုင်တာမှန်ပေမယ့် သေသွားတာတွေ အကုန်လုံးဟာ ကိုဗစ်တစ်ချက်တည်းကြောင့်တော့မဟုတ်ဘူး ဘေးပတ်ဝန်းကျင်ရဲ့ အနေအထားပေါ်မှာ အများကြီးမူတည်လိမ့်မယ်လို့ ထင်တယ် မိသားစု ဂရုစိုက်မှု ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု စိတ်ဖိစီးမှု စသည်ဖြင့်ပေါ့

အဲဒီအရာတွေထဲမှာမှ မိသားစုရဲ့ ဂရုစိုက်မှုဟာ တော်တော်လေး အရေးပါမယ်လို့ထင်တယ် တချို့တလေ မိဘနဲ့ သားသမီး သားသမီးနဲ့ မိဘပေမယ့် ကိုဗစ်ဖြစ်နေတာကို လူမမာလို မအောက်မေ့ပဲ အချုပ်သားလိုမျိုး နေရာ တစ်နေရာမှာထားပြီး ခွေး​ကျွေးသလို စားခွက်လေးထိုးပေး စားပြီးတဲ့ချိန်မှ ပြန်လာယူ ဆေးတိုက်ချိန်မှာတောင် ငါတို့ကူးလိမ့်မယ်ဟဲ့ဆိုပြီး ဆေးလုံးလေးနဲ့ ရေခွက်လေး ချပြီး ပြန် စတဲ့အပြုမူမျိုးတွေဟာ ဘယ်လောက်ပဲ ဆေးတွေ အစားအစာတွေ လာချပေးထား,ထား စိတ်ပိုင်းဆိုင်ရာအရ စိတ်ဓာတ်ကျသွားပါပြီ သေဖို့ ၅၀%သေချာသွားပါပြီ

နောက် ကိုဗစ်ရောဂါဟာ step by step ဖြည်းဖြည်းချင်း မသိမသာ ပြောင်းလဲလာပြီး သေမယ့်အဆင့်မှာမှ အသဲအသန်ဖြစ်လာတယ်လို့ထင်တယ် ဒီအနေအထားမျိုးမှာ လူနာစောင့်က အရမ်းဂရုစိုက်ပြီး အရမ်းအကင်းပါးဖို့လိုပါတယ် ကူပါကယ်ပါ အော်နေတဲ့အနေအထားမျိုးမှာမှ ဂရုစိုက်ရမှာမဟုတ်ပဲ စဖြစ်ကတည်းက အမြဲလိုလို အရိပ်တကြည့်ကြည့်နဲ့ ဘာတွေပြောင်းလဲသွားလဲ ဒီနေ့ဘာတွေကျွေးလို့ ဘာတွေတိုးတက်လာလဲ ဘာတွေဆုတ်ယုတ်သွားလဲ အမြဲကြည့်နေမှရပါမယ် အသဲအသန်ဖြစ်မှ ပြုစုမယ်ဆိုရင်တော့ နောက်ကျသွားပါပြီ

ဆေးတိုက်ချိန် ဆေးလာတိုက် အစာစားချိန် အစာကျွေးဆိုတဲ့ အဆင့်လောက် ပြုစုမှုမျိုးနဲ့ မဖြစ်နိုင်ပါဘူး သေမယ်ဆိုရင်တောင် ငါရော လိုက်သေမယ်ဆိုပြီး နေ့ရော ညရောပြုစု ကိုယ့်တိုင်လည်း အားရှိအောင်ကြိုတင် စားပြီး ဘယ်တော့မှ သတိမလွတ်တဲ့ ကာကွယ်မှုမျိုးနဲ့ ပြုစုမယ်ဆိုရင် လူနာအသက်ရှင်ဖို့ ၉၀ရါနှုန်းသေချာပါတယ်

လူနာစောင့်ဟာ လူနာစောင့်နဲ့တူရပါမယ် အချုပ်ခန်းစောင့်တဲ့လူလိုမဖြစ်ရပါဘူး လူနာက စားမယ် ဆေးသောက်မယ် နာတယ်ကျင်တယ်အော်မှ ထကျွေး ထပြုစုရမယ့် အခြေနေမဟုတ်ပါဘူး အဲလို ပြောနေမယ့်ရောဂါမျိုးလည်းမဟုတ်ပါဘူး လူနာစောင့်က ထကျွေးမှ အတော်ကို ချော့ကျွေးမှစားမှာပါ လူနာဟာ စားချင်စိတ်မရှိသလို တကယ်လည်းမစားနိုင်ပါဘူး ပျို့တောင်ထွက်ပါတယ် ဒါကြောင့် စိတ်ရှည်သည်းခံပြီး နည်းနည်းနဲ့ များများအားရှိတာကို ခဏခဏကျွေးရပါမယ်

အိပ်ယာထကနေ အိပ်ယာဝင်ထိ အစာစားချိန် ဆေးသောက်ချိန် လမ်းလျှောက်ချိန် စတာတွေကို အချိန်ဇယားဆွဲထားပြီး လူနာ လိုက်နာနိုင်အောင် စိတ်ရှည်ရှည်နဲ့ တိုက်တွန်းပါ စိတ်ချမ်းသာအောင်ထားပါ စိတ်ကြည်လင်အောင် အဝတ်အစားကအစ တစ်ရက်တစ်စုံ လဲပေးပါ လူနာရဲ့ နေရာထိုင်ခင်းတွေ အမြဲသန့်ရှင်းနေအောင်ထားပါ

အဓိကပြောချင်တာက လူနာအားမငယ်စေဖို့ မိသားစုရဲ့ ဂရုစိုက်မှု အရမ်းအရေးပါ,ပါတယ် ဒါပေမယ့် တစ်မိသားစုလုံး အနီးကပ်ပြုစုမယ်ဆိုရင် တစ်မိသားစုလုံး ကူးနိုင်လို့ မိသားစုဝင်ထဲက တစ်ယောက်သပ်သပ် အနီးကပ်ဆုံးပြုစုပြီး ကျန်တဲ့မိသားစုဝင်တွေကလည်း အနီးနားမှာ အားပေးစကားပြောပေးကြမယ်ဆိုရင် အသက်ရှင်ဖို့ သေချာသလောက်ပါပဲ

ဒါကြောင့် သေသွားမှ အတူလိုက်သေချင်တယ်ဆိုပြီး ဝမ်းမနည်းကြပါနဲ့ မသေခင် အတူလိုက်သေမယ့် စိတ်ဓာတ်မျိုးမွေးပြီး ပြုစုကြပါ
crd #
KHIN U REAL NEWs

ဒီ ပိုးက air ပိုး မဟုတ် ပါဘူးdrop..ပိုးပါ...အကောင်ကြီးလို့..3ပေအကွာ မှာ ပြုတ်ကျ ပါတယ်.....ပြုတ်ကျပီး 2ပေ အကွာ မှာ သေပါတယ...
20/07/2021

ဒီ ပိုးက air ပိုး မဟုတ် ပါဘူး
drop..ပိုးပါ...
အကောင်ကြီးလို့..3ပေအကွာ မှာ ပြုတ်ကျ ပါတယ်.....
ပြုတ်ကျပီး 2ပေ အကွာ မှာ သေပါတယ်
အာ့ကြောင့် ခပ် ခွာ ခွာ နေ ပါ..

ဒီ အကောင်က..ကိုယ်တွင်း မှာ
အဆုတ် တခု က လွဲ ပီး ဘယ်နေရာ ကို မှ
ဒုက္ခ မပေးပါဘူး..

အဆုတ် ကို တွယ်ကပ် မိ တာ နဲ့ သူက ကိုက် ပီ...

ကိုက် တဲ့ နေရာ ကနေ အရည် လေးတေ ထွက်ပါတယ်
အရည်လေးတေ ပြည့်လာရင်
အသက်ရှူ မဝ တာ ဖြစ်လာပါ တယ်...

ဒီရောဂါ ပိုးက မျက်လုံး..နှာခေါင်း..နား ပါးစပ်..ကနေ အဆုတ် ထဲ ဝင် တတ်တာကြောင့်..
လက် နဲ့ ထိတွေ့ မကိုင်တွယ် ပါ နဲ့ ...

Mask သေချာ တပ်ပါ..
လက်ဆေးပါ ဆိုတာ..ဒီနေရာတေ က တဆင့်
ကိုယ်တွင်း ပိုး ဝင်တာ မို့လို့ပါ..

နား နားကပ်. .မျက်လုံးနဲ့ နီး..ပါးစပ် နဲ့ ပြောရ တဲ့..
Mobile Phone တေ ကို ..အိမ်အပြင်ထွက် တာနဲ့ ..
လုံးဝ သတိထားပါ...
အမှတ်တမဲ့ သတိမမူ ပေါ့ဆ တာကြောင့်
ကူးစက်နိုင်ခြေ အမြင့်ဆုံး ပါ...

ရေများများသောက် ရင်..အစာအိမ်ထဲ ရောက်ရင်
ဒီပိုးက သေပါတယ်...

အဆုတ်ထဲ လေပြည့် တဲ့ အထိ ဝ ဝ ရှူ ကြည့်ပါ.
အားပြည့် သွားသလို ခံ စားရ ရင် good condition ပါ..
အဆုတ်ထဲ လေ ဝ ဝ ရှူ လို့ ..မော သလို.. အသက်ရှူ ကျပ် သလို . ဖြစ်လာရင်...သတိထား ပါ..

ကိုယ်ခံ အား ကောင်း မှ ခံ နိုင် ရည် ရှိ ပါမယ်

crd
Creditစာသား photo

ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတဲ့ အစားအစာ ၁၄ မျိုး တချို့အစားအစာတွေကို စားခြင်းအားဖြင့် ကိုယ်ခံအားစနစ်ကို ပိုမိုအားကောင်း...
08/07/2021

ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတဲ့
အစားအစာ ၁၄ မျိုး

တချို့အစားအစာတွေကို စားခြင်းအားဖြင့်
ကိုယ်ခံအားစနစ်ကို ပိုမိုအားကောင်းစေနိုင်ပါတယ်။

၁။ရှောက်၊ သံပရာမျိုးဝင်အသီးများ

အအေးမိဖျားနာတဲ့အခါ ဗီတာမင်စီ လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဗီတာမင်စီက ကိုယ်ခံအားစနစ်ကိုအ​ထောင်အကူပြုပါတယ်။ဗီတာမင်စီက ကူးစက်ရောဂါတွေကို တိုက်ဖျက်ဖို့ အဓိကသော့ချက်ဖြစ်တဲ့ သွေးဖြူဥထုတ်လုပ်မှုကိုတိုးမြှင့်စေပါတယ်။ရှောက်၊ သံပရာမျိုးဝင်အသီးများအားလုံးမှာ ဗီတာမင်စီ ပေါကြွယ်ဝပါတယ်။
စပျစ်သီး၊လိမ္မောသီး၊သံပုရာသီး၊လီမွန် စတဲ့အသီးတွေမှာ ဗီတာမင်စီ ပေါကြွယ်ဝပါတယ်။
ကျွန်တော်တို့ ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်သလို ၊ သိုလှောင်ပြီးလည်း သိမ်းမထားနိုင်တာမို့ နေ့စဉ် ဗီတာမင်စီပါဝင်တဲ့ အစားအစာတွေကို စားသင့်ပါတယ်။

၂။ငြုတ်ပွနီ

ငရုတ်ပွနီသီးတွေမှာ ဗီတာမင်စီ အပြင် အမြင်အာရုံနဲ့ အရေပြားကျန်းမာရေးကို အထောက်အကူပေးတဲ့ ဘီတာကယ်ရိုတင်းတွေပါဝင်နေပါတယ်။

၃။ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်များနဲ့ သတ္တုဓာတ်တွေပါဝင်ပါတယ်။အထူးသဖြင့် ဗီတာမင်အေ၊ဗီတာမင်စီ၊ဗီတာမင်အီး၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ အထူးသတိထားရမှာက ချက်တဲ့အခါ နူးအိအောင်မချက်ရပါ။ အစိမ်းရောင် ပြောင်းတဲ့အထိမချက်ရပါ။အာဟာရဓာတ်တွေ ဆုံးရှုံးနိုင်ပါတယ်။

၄။ကြက်သွန်ဖြူ

ကြက်သွန်ဖြူ မှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Manganese၊ဗီတာမင်ဘီစစ်၊ဗီတာမင်စီ၊ဗီတာမင်ဘီဝမ်း အစရှိတဲ့ ဓာတ်များစွာပါဝင်ပါတယ်။ကြက်သွန်ဖြူ အစိမ်းကို ဝါးစားခြင်း၊ထောင်းစားခြင်း
အားဖြင့် ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။

၅။ချင်း

​ဂျင်းမှာ ကင်ဆာရောဂါကာကွယ်ပေးတဲ့၊ဓာတ်၊မူးဝေတာသက်သာစေတဲ့ ဓာတ်နဲ့ နာကျင်ကိုက်ခဲတာကိုသက်သာ၊ပိုးသေစေတဲ့ အစွမ်းသတ္တိတွေရှိပါတယ်။

၆။ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်မှာ vitamin C ၊ဘီတာကယ်ရိုတင်းနဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေပါဝင်တာမို့ ကိုယ်ခံအားကို ကောင်းစေပါတယ်။

၇။ဒိန်ချဉ်၊ကီဖာ

ဗီတာမင်ဒီနဲ့ပရိုဘိုင်အိုတစ်ပေါကြွယ်ဝတဲ့ ဒိန်ချဉ်နဲ့ ကီဖာက ကိုယ်ခံအားတက်စေပါတယ်။

၈။ဗာဒံစေ့၊နေကြာစေ့

အစေ့အဆန်တွေစားသုံးတာကနေ ဗီတာမင်အီးနဲ့ ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းတွေရရှိကာ ကိုယ်ခံအားကောင်းစေပါတယ်။ ဆားပါဝင်မှုတော့ သတိထားရပါမယ်။

၉။နနွင်း

အရောင်သက်သာစေတဲ့ဓာတ်တွေ ပါဝင်တဲ့ နနွင်းဟာ မီးဖိုချောင်မှာ မရှိမဖြစ်လိုအပ်သလို ကိုယ်ခံအားတက်ဖို့ ကူညီပေးနိုင်ပါတယ်။

၁၀။Green Tea

လက်ဖက်စိမ်းရေနွေးကြမ်းမှာပါဝင်တဲ့ powerful antioxidant ဖြစ်တဲ့
epigallocatechin gallate (EGCG)နဲ့ amino acid L-theanineကြောင့် ကိုယ်ခံအားတက်စေပါတယ်။

၁၁။သင်္ဘောသီး

သာင်္ဘေသီးမှာ အစာချေအင်ဇိုင်း papain၊
ဗီတာမင်စီ၊ပိုတက်စီယမ်၊ဖောလိတ်ပါဝင်မှုကြောင့် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

၁၂။ကီဝီသီး

folate၊potassium၊, vitamin K၊vitamin Cပါဝင်မှုများတဲ့ ကီဝီသီးဟာ ကိုယ်ခံအားတက်ဖို့ ကူညီနိုင်ပါတယ်။

၁၃။ကြက်သား

ကြက်သားက ကိုယ်ခံအားတက်စေတဲ့ အသားတစ်မျိုးပါပဲ။ဗီတာမင်ဘီစစ် ပေါကြွယ်ဝစွာပါဝင်ပါတယ်။

၁၄။အခွံမာရှိသော စားကောင်းသည့် ရေသတ္တဝါများ

ရေသတ္တဝါတွေမှာ ဇင့်ဓာတ်ပေါကြွယ်ဝစွာပါတာမို့ ကိုယ်ခံအားတက်ဖို့ ကူညီနိုင်တာပါ။

ဟမ်စိုင်း(ဆေး-မန်း)

ရပ်ကွက်ထဲ ရွာထဲ လမ်းထဲမှာ ဖျားနာ အနံ့ပျောက်သူတွေအများအပြား‌တွေ့လာ‌ရပါတယ် ..အဓိက ကူးစက်ခံရတဲ့ အကြောင်းအရင်းက​တော့အပြင်ခဏသ...
06/07/2021

ရပ်ကွက်ထဲ ရွာထဲ လမ်းထဲမှာ ဖျားနာ အနံ့ပျောက်သူတွေအများအပြား
‌တွေ့လာ‌ရပါတယ် ..

အဓိက ကူးစက်ခံရတဲ့ အကြောင်းအရင်းက​တော့

အပြင်ခဏသွားတုန်း တပ်ခဲ့တဲ့ မတ်စ်(Mask)တွေကို
အိမ်ပြန်ရောက်ချိန် အကောင်းတိုင်းရှိ သေးတာဘဲဆိုပြီး
အိမ်မှာ ကြုံရာချိတ်ထားလိုက်ကြပါတယ်
စားပွဲပေါ်.. စင်ပေါ် တင်ထားတတ်ကြပါတယ်...

အပြင်ပြန်ထွက်ရင်ပြန်တပ်သုံးလိုက်
အိမ်ပြန်ရောက်ရင် ပြန်ထားလိုက်နဲ့ ကောင်းသေးတာဘဲဆိုပြီး
အကြိမ်ကြိမ် ထပ်ခါတလဲလဲ အသုံးပြုနေကြတဲ့အတွက်ကြောင့် အပြင်က ကပ်ပါလာတဲ့ ရောဂါပိုးကူးစက်ခံရခြင်းဖြစ်ပါတယ်

အပြင်ကပြန်လာတိုင်း အိမ်အပြင်ရှိအမှိုက်ပုံးထဲတစ်ခါထဲ
စွန့်ပစ်လိုက်ပါ တစ်ကြိမ်စီသာအသုံးပြုပါ

သုံးနာရီကြာတိုင်း မတ်စ်(Mask) အသစ်တခု
လဲ တပ် ‌ပေး ကြပါ
လက် ကိုခဏ ခဏ ဆေးပါ အထူးဂရုစိုက်ပေးကြပါ
ကပ်‌ရောဂါဘေး ကင်းဝေးချမ်းသာကြပါစေ🙏

# Crd

 #မိုးဦးကျလေပြီ #ထွန်ယက်၍ထားပါ #စိုက်ပျိုးရန်အသင့်ဖြစ်ပါစေ
12/06/2021

#မိုးဦးကျလေပြီ
#ထွန်ယက်၍ထားပါ
#စိုက်ပျိုးရန်အသင့်ဖြစ်ပါစေ

 #နေညိုချိန်တိမ်တောက်
08/06/2021

#နေညိုချိန်တိမ်တောက်

 #ကဆုန်လပြည့် #ဗုဒ္ဓနေ့ #ညောင်ရေသွန်း #ဆုဖွားပွင့်စံဤလေးတန်မှတ်ရန်ကဆုန်လပြည့်
28/05/2021

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့
#ညောင်ရေသွန်း
#ဆုဖွားပွင့်စံဤလေးတန်မှတ်ရန်ကဆုန်လပြည့်

Address

မင်းဂံရွာ ပုသိမ်ကြီးမြို့နယ် မန္တလေးတိုင်း
Bok
02

Alerts

Be the first to know and let us send you an email when မင္းဂံရြာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share