Sri Ram Temple Bogalay

Sri Ram Temple Bogalay Welcome

21/03/2026
02/04/2023
16/10/2021
18/06/2020

ဘဝရှုံးသမား မြတ်မဟာရာမ။

၁။ Sita ကို လက်ထပ်ဖို့ရန် ဇနကဘုရင်ကြီး၏ ‌သတ်မှတ်ချက်အရ Lord Shiva ၏ Titanium Bow ကို ချိုပြီး မဂ်လာယူခဲ့ရတယ်။ (ဒီမှာ မိဘပေးစာတာ ဟုတ်ဘူးနော် ကိုယ့်ယူမဲ့ ဇနီးကို ကိုယ်တိုင် ရွေးချယ်ခဲ့တာ။Pre Weeding တွေဘာတွေ ရိုက်ဖို့ဝေး ဒိတ်ဒိတ်ကျဲ ဘုရင်တွေကြားမှာ Struggle လုပ်ခဲ့ရတာ။ အခုခောတ် လို fri request လေပို့ပြီး မုသာတစ်ထောင် စာသီကုံခဲ့တာ ဟုတ်ဘူးး)

၂။ မဂ်လာဆောင်ပြီး တစ်နှစ် မကြာဘူး ပျော်မွေ့ဖို့ဝေး ခမည်းတော် Dashrath ဘုရင်ကြီး၏ ကတိ မပျက်အောင် ဘုရင်ဖြစ်ဖို့ 12 နာရီအလိုမှာ တော်နှင်ဒဏ် 14 နှစ် Suprise လက်ဆောင်ရခဲ့တယ်။သူတစ်ယောက်တည်း အတွက်ဒဏ်ရတာကို နောင်တော် Laxman နှင့် ဇနီး Sita မှာအတူ လိုက်ပြီး အေးတူ ပူမျှ ပါရမီ ဖြည့်ခဲ့ကြတယ်ဆိုတာလည်း ယနေ့ခောတ် အတွက် ထူးဆန်းစရာ ဖြစ်နေပေ။
(အခုခောတ်မှာ သူဌေး သားသမီး ဘဲ ဖြစ်ပါစေ တော်နှင်ဒဏ် မပြောနဲ့ အိမ်က ‌မောင်းထုတ်ရင်တောင် လူသတ်မှု ဖြစ်သွားနိုင်တယ်။ ဇနီးလိုက်ဖို့ ဝေး နောက်လင်ကို online booking ပါ လုပ်လိုက်မါ။အားလုံး မဆိုပေ။)

၃။ တောထဲတောင်မှာ လူနေမှုပတ်ဝန်ကျင်နဲ့ဝေး ဘုရင်ကြီးသား အိမ်ရှေ့မင်းသား ကျွန်တော်ရဲ့ Shree Ram လောကဓံခံခဲ့ရတာ အရှေ့တောင်အာရှသားတွေ ဘယ်နားလည်ပါလိမ့်မယ်။Ayodhaya နေပြည်တော်ကနဲ့ Ganaga ဟိုဘက်ခြမ်းကို ကူးတယ်။ ထိုနောက် Paryag Raj ( Hilahabad) နားက Chitrakoot ဆိုတဲ့ တောအုပ်ကလေးမှာ တဲလေး ထိုပြီး ၁၁ နှစ်နေခဲ့တယ်။(လုပ်ကိုင်စရာ လယ်မရှိ။ယာမရှိ။တောထဲမှာ Sadhu လိုနေပြီး။ ကျင့်ကြံအားထုတ် နေခဲ့ရတာပါ။ အခုခောတ်မိန်းမတွေ မြို့ထဲ သွားဖို့အရေး လိုင်းကားစီဖို့ မျက်နှာတွန့်ကြတာ တောထဲနေ ဖို့ ဝေးလာ ဝေး ။အားလုံး မဆိုလိုပြန်ပါ။)

၄။၁၁ နှစ်မြောက်မှာ တရက်သော်အခါဝယ် မဟာရာဇာဓိပတိ။ မဟာပဏ္ဍိတ။မဟာရာဇာ ရာဝဏ၏ လက်ချက်ကြောင့် သူအသက်ထက်ဆုံး ချစ်ရစွာသော် သူ့ဇနီး တော် တော်လယ်ကြောင်တောင်မှာ ပြန်ပေးဆွဲခံလိုက်ရတယ်။လာခိုးသူက လည်း Pushpak Viaman ခေါ် လေယာဉ်နဲ့။ ညီကို နှစ်ယောက်လုံး လေယာဉ်တောင် မြင်ဘူးကြမှာဟုတ်ဘူး။မျက်နှာငယ် စိတ်ဆင်းရဲ ပေါင်များစွာ နဲ့ ကျန်ခဲ့သော် ကျုပ်တို့ရဲ့ရာမ။

၅။ ပြန်ပေးဆွဲသွားတဲ့ ဇနီးကို မရှာလည်းရတာဘဲ။ဒါပေမဲ့ သစ္စာ ဆိုတာကို ကမ္ဘာရှေးဉီးစွာ သိခဲ့ကြတဲ့ ဝေဒယဉ်ကျေးမှုဘောင်က လူတယောက်အတွက်က အရေးကြီးတာပေါ့။ဇနီးကို ရှာရင် ရှာရင် Chitrakoot ကနဲ့ မိုင်ပေါင်း ၅၆၀ ဝေးသည့် dankarnaya တောအုပ်ကြီးထိ GPS မပါ ။ ဖနပ်မပါ။နေပူ။ မိုးရွာ မရှောင် ရောက်လာခဲ့ကြတယ်။

၆။ထိုနောက် Dankarnaya တောအုပ်ကြီးမှ တစ်ဆင့် Kishgindha ထိုမှ Apes တွေရဲ့ အကူညီနဲ့ အရပ်လေးဘက်ဖြန့်ပြီး ရှာရာ နောက်ဆုံး Lanka deep မှာ ရာဝဏ ရှိမှာ ဆိုတာ သိသွားရှာတယ်။Dankarnaya ကနှင့် Lanka Deepa နယ်စပ် ပယ်လယ်ကြားထိပ် Ramasharam ထိ 925 mile ဝေး ခရီးကို by foot သွားခဲ့ ကြတယ်။ (ကြားမှာ ဇာတ်လမ်းတွေအများကြီး skip လုပ်ထားတယ်။ hanuman,sugriv,Bali,jamvant,Jatayu)

၇။ နယ်စပ်ကမ်းခြေရောက်တယ်။ တံတားထိုးတယ်။ သံတမန် နှစ်ခေါက်လွှတ်တယ်။ စစ်မတိုက်ဘူး ငါ့ဇနီးပြန်ပေးပါ။ငါ့ဇနီးကို ခေါ်ပြီးပြန်ပါ့မယ်။ မရတော့ စစ်တိုက်တယ်။ နှစ်ယောက်လုံး တိုက်ပွဲကျတယ်။ဟနုမန် ပြန်ကယ်တယ်။ပြန်တိုက်တယ်။နိုင်တယ်။ King Ravana မသေခင်မှာတောင် သူနောင်တော်ကို ဘာပြောလဲသိလား။ Laxman နောင်တော် Ravan က အရမ်းပညာတတ်ဘုရင် ဟုတ်တယ်။ သူမသေခင်လေ သူရှိဘာ ပညာရမလဲ မေးကြည့်လိုက်တဲ့။ အဲ့ဒါ ကို Shree Ram လို့ခေါ်တယ်။

To be continued....


Address

ှဗိုလ်ချုပ်အောင်ဆန်းလမ်း ၃ရပ်ကွက်ဘိုကလေးမြို့ ဧရာဝတီတိုင်းဒေသကြီး
Bogale
9.11.2017THU

Website

Alerts

Be the first to know and let us send you an email when Sri Ram Temple Bogalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share