ကျုံစလူကျေးရွာအုပ်စု - 𝐊𝐲𝐨𝐧 𝐒𝐚 𝐋𝐮 𝐕𝐢𝐥𝐥𝐚𝐠𝐞 𝐓𝐫𝐚𝐜𝐭

  • Home
  • Myanmar
  • Bogale
  • ကျုံစလူကျေးရွာအုပ်စု - 𝐊𝐲𝐨𝐧 𝐒𝐚 𝐋𝐮 𝐕𝐢𝐥𝐥𝐚𝐠𝐞 𝐓𝐫𝐚𝐜𝐭

ကျုံစလူကျေးရွာအုပ်စု - 𝐊𝐲𝐨𝐧 𝐒𝐚 𝐋𝐮 𝐕𝐢𝐥𝐥𝐚𝐠𝐞 𝐓𝐫𝐚𝐜𝐭 ကျေးရွာအုပ်စုအတွင်းမှ ဒေသဖွံ့ဖြိုးရေး၊ သတင်းအချက်အလက်နှင့် နည်းပညာများဖြန့်ဝေရာ စာမျက်နှာ

25/09/2025
ကျုံစလူ - စိန်ဟိုင်း ကျေးရွာများသို့ ဆက်သွယ်သော လေးအိမ်တန်း ဆင်သေကွေ့ ကျေးရွာရှိ သစ်တောက်မ ချောင်းကူးတံတားအား တံတားအကျယ်...
24/09/2025

ကျုံစလူ - စိန်ဟိုင်း ကျေးရွာများသို့ ဆက်သွယ်သော လေးအိမ်တန်း ဆင်သေကွေ့ ကျေးရွာရှိ သစ်တောက်မ ချောင်းကူးတံတားအား တံတားအကျယ် ၈ ပေမှ ၁၂ပေ သို့ တိုးချဲ့ ပြုပြင် ပြီးစီးမှုကို နန်းဦးစေတီတော် ဘုရားကြီးကျောင်း ဆရာတော် ဥူးပါမောက္ခမှ ဦးဆောင်၍ ဒေသခံ ဆရာတော်များ ပင့်ဖိတ်ကာ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရစာယ်ခဲ့ပြီး ဆိုင်ကယ်များ သွားလာနိုင်စေရန် 23-9-2025 အင်္ဂါနေ့၌ ဖွင့်လှစ်ခဲ့ပေသည်။ ၃ တန်အောက်ယဥ်များနှင့် ကားများသွားလာနိုင်စေရန် ယခု လာမည့် 29-9-2025 တနင်္လါနေ့၌ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပေသည်။

မောင်လှိုင်ရဲကျော် + မအိသူသူကျော် (ခေတ္တစင်္ကာပူရောက်)  မိသားစုမှ  ဘိုကလေးမြို့နယ်၊ ကျုံစလူကျေးရွာအုပ်စု၊ ကျုံစလူကျေးရွာ...
13/09/2025

မောင်လှိုင်ရဲကျော် + မအိသူသူကျော် (ခေတ္တစင်္ကာပူရောက်) မိသားစုမှ ဘိုကလေးမြို့နယ်၊ ကျုံစလူကျေးရွာအုပ်စု၊ ကျုံစလူကျေးရွာ နန်းဦးစေတီတော် ဘုရားကြီးကျောင်းဆရာတော် ဥူးပါမောက္ခ၏ ဦးဆောင်မှုဖြင့် ကျုံစလူ-စိန်ဟိုင်း ကျေးရွာများသို့ ဆက်သွယ်ထားသော ဆင်သေကွေ့တံတားအား ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စအဝဝတို့အားဆောင်ရွက်ရာ၌ မော်တော်ယဥ်များ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်စေရန်အတွက် တံတားအကျယ် ၈ ပေမှ ၁၂ ပေသို့ တိုးချဲ့ ပြုပြင်တည်ဆောက်နိုင်ရန်အတွက် အလှူငွေ ၁သိန်း ကျပ် လှူဒါန်းခြင်းအား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

(ကျုံစလူ၊ ဘိုကလေး၊ ဧရာဝတီ)

ရန်ကုန်မြို့နေ ဦးဝင်းဌေး + ဒေါ်ဥမ္မာမျိုး - သား မောင်စွမ်းပြည့်ဝင်း + မသဲစုလှိုင်၊ မောင်ရဲမင်းနိုင် + မဆုမြတ်မျိုး - မြ...
13/09/2025

ရန်ကုန်မြို့နေ ဦးဝင်းဌေး + ဒေါ်ဥမ္မာမျိုး - သား မောင်စွမ်းပြည့်ဝင်း + မသဲစုလှိုင်၊ မောင်ရဲမင်းနိုင် + မဆုမြတ်မျိုး - မြေးဖြစ်သူ သမီးလေး မစုပြည့်သဒ္ဒါမိသားစုမှ ဘိုကလေးမြို့နယ်၊ ကျုံစလူကျေးရွာအုပ်စု၊ ကျုံစလူကျေးရွာ နန်းဦးစေတီတော် ဘုရားကြီးကျောင်းဆရာတော် ဥူးပါမောက္ခ၏ ဦးဆောင်မှုဖြင့် ကျုံစလူ-စိန်ဟိုင်း ကျေးရွာများသို့ ဆက်သွယ်ထားသော ဆင်သေကွေ့တံတားအား ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စအဝဝတို့အားဆောင်ရွက်ရာ၌ မော်တော်ယဥ်များ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်စေရန်အတွက် တံတားအကျယ် ၈ ပေမှ ၁၂ ပေသို့ တိုးချဲ့ ပြုပြင်တည်ဆောက်နိုင်ရန်အတွက် အလှူငွေ သိန်း ၅၀ ကျပ် လှူဒါန်းခြင်းအား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

(ကျုံစလူ၊ ဘိုကလေး၊ ဧရာဝတီ)

08/09/2025
ဘိုကလေးမြို့နယ်၊ ကျုံစလူကျေးရွာအုပ်စု၊ ကျုံစလူကျေးရွာ နန်းဦးစေတီတော် ဘုရားကြီးကျောင်းဆရာတော် ဥူးပါမောက္ခ၏ ဦးဆောင်မှုဖြ...
06/09/2025

ဘိုကလေးမြို့နယ်၊ ကျုံစလူကျေးရွာအုပ်စု၊ ကျုံစလူကျေးရွာ နန်းဦးစေတီတော် ဘုရားကြီးကျောင်းဆရာတော် ဥူးပါမောက္ခ၏ ဦးဆောင်မှုဖြင့် ကျုံစလူ-စိန်ဟိုင်း ကျေးရွာများသို့ ဆက်သွယ်ထားသော ဆင်သေကွေ့တံတားအား ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စအဝဝတို့အားဆောင်ရွက်ရာတွင် မော်တော်ယဥ်များ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်စေရန်အတွက် တံတားအကျယ် ၈ ပေမှ ၁၂ ပေသို့ တိုးချဲ့ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး တံတား ဖြစ်မြောက်ရန်အတွက်

🚩 ကျုံစလူကျေးရွာနေ ကိုဝင်းမောင်မောင် + မသူဇာမွန် (လူမွန်ဆန်စက်မိသားစု) မှ အလှူငွေ ကျပ် သိန်း ၅၀ အားလည်းကောင်း၊

🚩 ရန်ကုန်မြို့နေ ဦးဝင်းဌေး + ဒေါ်ဥမ္မာမျိုး - သား မောင်စွမ်းပြည့်ဝင်း + မသဲစုလှိုင်၊ မောင်ရဲမင်းနိုင် + မဆုမြတ်မျိုး - မြေးဖြစ်သူ သမီးလေး မစုပြည့်သဒ္ဒါမိသားစုမှ အလှူငွေ ကျပ် သိန်း ၅၀ စုစုပေါင်း ငွေကျပ် သိန်း ၁၀၀ ဖြင့် စတင် ဆောက်ရွက်လျက် ရှိပေသည်။

(ကျုံစလူ၊ ဘိုကလေး၊ ဧရာဝတီ)

20/08/2025

သူတို့ လိမ်နေတာ ငါတို့သိတယ်။
သူတို့ လိမ်နေတာ သူတို့လဲ သိတယ်။
သူတို့ လိမ်နေတာကို ငါတို့ သိနေတယ်ဆိုတာ
သူတို့လဲ သိတယ်။
သူတို့ လိမ်နေတာကို ငါတို့ သိတာ သူတို့ သိနေကြောင်း ငါတို့လဲ ပြန်သိတယ်။

ဒါပေမယ့် …. သူတို့ လိမ်နေတုန်းပဲ ...

အလက်ဇန္ဒာအီဆေဗစ်ချ်ဆိုဂျန်နစ္စန်
၁၉၇၀ စာပေဆိုင်ရာနိုဗယ်ဆုရရုရှစာရေးဆရာ

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

We know that they are lying.
They know we know they’re lying.
They know that they are lying.
They know that we know they’re lying.
And they know that we know they know that we know they’re lying.

And yet… they keep lying.

Aleksandr Isayevich Solzhenitsyn
Nobel Prize-winning Russian writer, Literature 1970

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျုံစလူကျေးရွာအုပ်စု ပြည်လုံးချမ်းသာ ဆုတောင်းပြည့် နန်းဦးစေတီတော်မြ...
03/08/2025

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျုံစလူကျေးရွာအုပ်စု ပြည်လုံးချမ်းသာ ဆုတောင်းပြည့် နန်းဦးစေတီတော်မြတ်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်၊

နန်းဦးစေတီတော် ဘုရားကြီးကျောင်းတိုက်၏ နာယကဆရာတော်ဥူးပါမောက္ခ၏ ကျေးဇူးရှင်ထေဆရာဖြစ်သော

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဟင်္သါမဟာဗောဓိ စာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသ ဆရာတော်အရှင်သူမြတ်၏ သက်တော် (၈၂) နှစ်ပြည့် ဝိဇာတမင်္ဂလာနှင့် အဂ္ဂမဟာပဏ္ဍိတ ဝိသဋ္ဌဂုဏပူဇာမင်္ဂလာအခမ်းအနားအား ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြားတောရလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းဒေါင့်ရှိ ရွှေကျင်နိကာယ သာသနလင်္ကာရ ဗိမာန်တော်ကြီးအတွင်း - ယနေ့ သာသနာတော်နှစ် ၂၅၆၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း (၁၀)ရက်၊ ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃ရက်၊ တနင်္ဂနွေနေ့ ရက်မြတ်အခါသမယ၌ ကျက်သရေမင်္ဂလာပြည့်စုံစွာဖြင့် ကျင်းပပြုလုပ်ပူဇော်ခဲ့ကြပြီး အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်အရှင်သူမြတ်များ ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊ သာသနာရေးဝန်ကြီးဌာနအကြီးအကဲများ၊ အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာနမှ အနုပညာရှင်များ ၊ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအကဲများနှင့် အဖွဲ့ဝင်များ (ယခင် ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌဦးကံဝင်း) ၊ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ပြည်လုံးချမ်းသာ ဆုတောင်းပြည့်နန်းဦးစေတီတော်မြတ်ကြီး၏ နာယကအဖွဲ့ဝင် လူကြီးမင်းများဦးဆောင်သော အကျိုးတော်ဆောင် အဖွဲ့များ၊ ဆရာတော်ဘုရားကြီး၏ တပည့်ရဟန်းရှင်လူများ စသော ဌာနဆိုင်ရာအသီးသီးတို့မှ သံဃဿပူဇာ မင်္ဂလာအခမ်းအနားအား ကြွရောက်ချီးမြှင့်ပူဇော်ခဲ့ကြပေသည်။ ဘိုကလေးမြို့နယ် ကျုံစလူကျေးရွာအုပ်စု ပြည်လုံးချမ်းသာဆုတောင်းပြည့် နန်းဦးစေတီတော်မြတ်ကြီး ဘုရားကြီးကျောင်းဆရာတော် ဥူးပါမောက္ခမှ အခမ်းအနားဖြစ်မြောက်ရန် စီမံကွပ်ကဲရေးဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ပါဝင်ပူဇော်ဆောင်ရွက်ခဲ့ပေသည်။

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု...
သာဓု သဓု သာဓုပါဘုရား.... 🙏🙏🙏

သွေးလွန်တုတ်ကွေးရောဂါ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ (ကျုံစလူ)ယနေ့ သြဂုတ်လ ၂ရက်၊ ၂၀၂၅ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပု...
02/08/2025

သွေးလွန်တုတ်ကွေးရောဂါ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ (ကျုံစလူ)

ယနေ့ သြဂုတ်လ ၂ရက်၊ ၂၀၂၅ ခုနှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျုံစလူကျေးရွာအုပ်စု၊ ကျုံစလူကျေးရွာ၌ ကျေးလက် ဒေသဏ္ဍရ ကျန်းမာရေးအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ၊ မိခင်နှင့်ခလေးစောင့်ရှောက်ရေးအဖွဲ့များနှင့် ကျန်းမာရေးကော်မတီအဖွဲ့ဝင်များပူးပေါင်းကာ သွေးလွန်တုတ်ကွေးရောဂါ နှင့်ဆက်စပ်၍ ကာကွယ် တားဆီး ကုသရေး လုပ်ငန်းစဥ်များကို ကျေးရွာနေ ပြည်သူများအား အသိပညာပေး ဟောပြောခဲ့ပေသည်။

(ကျုံစလူ၊ ဘိုကလေး၊ ဧရာဝတီ)

🙏🙏🙏
14/05/2025

🙏🙏🙏

Address

Kyon Sa Lu Village Tract
Bogale
155897

Telephone

+959799893259

Website

Alerts

Be the first to know and let us send you an email when ကျုံစလူကျေးရွာအုပ်စု - 𝐊𝐲𝐨𝐧 𝐒𝐚 𝐋𝐮 𝐕𝐢𝐥𝐥𝐚𝐠𝐞 𝐓𝐫𝐚𝐜𝐭 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category