KNDF ဗဟိုထောက်/ပို့ဌာန - Logistics Unit

  • Home
  • Myanmar
  • Bawlakhe
  • KNDF ဗဟိုထောက်/ပို့ဌာန - Logistics Unit

KNDF ဗဟိုထောက်/ပို့ဌာန  - Logistics Unit KNDF

16/04/2026
07/04/2026

"အသက်ကယ် ပရောဂျက်"

ကရင်နီဒေသမှာရှိကြတဲ့ ရှေ့တန်း၊ နောက်တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်များနှင့် ပြည်သူများ၏ မဆုံးရှုံးသင့်သော အသက်များအချိန်မီ ကယ်ဆယ်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးဆောင်နိုင်ရန်အတွက် KNDF - ဗဟိုကျန်းမာရေးဌာန နှင့် O-1 ဆေးရုံတို့ ပူးပေါင်းပြုလုပ်တဲ့ ရန်ပုံငွေရှာဖွေရေး ပရောဂျက် ဖြစ်သည်။

ရရှိလာတဲ့ ရန်ပုံငွေတွေကို ဘာအတွက်သုံးမလဲ?

ကရင်နီ နယ်မြေစုံ စစ်မြေပြင်မှ ထိခိုက်ဒဏ်ရာရရှိလာသော ရဲဘော်များနှင့် ပြည်သူများအတွက် အရေးပေါ်အသက် ကယ်ဆယ်ခြင်း၊ စက်သုံးဆီဖြည့်တင်းခြင်း၊ အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေအတွက် အကျိုးရှိစွာ အသုံးချသွားမှာ ဖြစ်ပါသည်။

ပရောဂျက် ရည်မှန်းပမာဏ ဘယ်လောက်လဲ?

KNDF - ဗဟိုကျန်းမာရေးဌာန နှင့် O1ဆေးရုံ ရဲ့ (၂) လစာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖြည့်တင်းနိုင်ရန် မြန်မာငွေသိန်း (၂၀၀၀)ကျပ် ရရှိရန် ရည်ရွယ်ထားပါသည်။

လူတဦးတယောက်ချင်းစီအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းသည် လူတဦးတယောက်၏ မွေးရာပါရသင့်သော အခွင့်အရေးဖြစ်ပြီး ဆက်လက်စောင့်ရှောက်မှုပေးနိုင်ရန် ကျန်းမာရေးဝန်ထမ်းများအတွက် ခေတ်မှီစက်ကိရိယာနဲ့ဆေးဝါးဖြည့်တင်းနိုင်ရေးသည်လည်း အရေးကြီးသော အစိတ်အပိုင်းဖြစ်သောကြောင့် အသက်ကယ်ပရောဂျက်မှာ ပါဝင်ပေးကြဖို့ ထောက်ပို့ပြည်သူများအား လေးစားစွာတောင်းဆိုအပ်ပါသည်။

ပရောဂျက်ကာလ
ဧပြီလ (၆)ရက်နေ့မှ ဧပြီလ (၂၇)ရက်နေ့ထိ

အသက်ကယ်ပရောဂျက်ကို ဘယ်လိုပါဝင်နိုင်လဲ?

KNDF - Central Health Department
O1 Medical Team - Karenni
To Comrades-ရဲဘော်များသို့ အစရှိတဲ့Page တွေမှာ ပါဝင်အားဖြည့်နိုင်ပါသည်။

တန်ဖိုးရှိတဲ့အသက်တွေ မဆုံးရှုံးဖို့ "အသက်ကယ်"ပရောဂျက် မှာ နိုင်တဲ့အားတဲ့ ပါဝင်အားဖြည့်ကူကြဖို့ တောင်းဆိုချင်ပါသည်။



01/02/2026

၂၅ ကြိမ်မြောက် သိန်း(၁)ထောင်ကျပ် နှင့် ဆုမဲပေါင်းများစွာ
ကံထူးရှင်များအတွက် သတင်းစကား ပါးလိုက်ပါပြီဗျို့..

ထီလက်မှတ်ရောင်းချမှုု့ကိုတော့ ယနေ့ည မြန်မာစံတော်ချိန်
ည (၁၂)နာရီအထိ ရောင်းချပေးမှာဖြစ်လို့ ..

သိန်း(၁)ထောင်ကျပ် ကံထူးရှင်ဖြစ်နိုင်မယ့် အခွင့်အရေးကို လက်မလွတ်လိုက်ရလေအောင် အခုပဲပြေးလာလိုက်တော့နော်..

ဒါနဲ့….ထောက်ပို့ထီမှာ ကံစမ်းရင်းထောက်ပို့မှ မဟုတ်ပါဘူးနော်..ပူးပေါင်းရောင်းကြတဲ့ တပ်ရင်းတပ်ဖွဲ့များနဲ့ ကိုယ်
ထောက်ပို့ချင်တဲ့ အဖွဲ့အစည်းများထံမှာ တိုက်ရိုက် ဝယ်ယူပြီးလည်း ထောက်ပို့နိုင်ပါတယ်ဗျ…

၂၅ ကြိမ်မြောက် ထီလက်မှတ် ဝယ်ယူဖို့ ငွေလွှဲထားသော်လည်း အချိန်မီမပို့ပေးနိုင်ခဲ့ပါက ၂၆ ကြိမ်မြောက်
ထီလက်မှတ်များကို ပို့ပေးသွားမှာဖြစ်ကြောင်းလည်း
လေးစားစွာနဲ့ မေတ္တာရပ် အသိပေးအပ်ပါတယ်ခင်ဗျာ😍

အစဉ်လာမပျက် ၂၅ ကြိမ်မြောက် ထီဖွင့်ပွဲကိုလည်း
ဖေဖော်ဝါရီလ (၂)ရက်နေ့မှာ ဖွင့်ပေးမှာဖြစ်ကြောင်းလည်း
အသိပေးအပ်ပါတယ်ခင်ဗျာ…

၂၅ ကြိမ်မြောက်ရဲ့ သိန်း(၁)ထောင်ကျပ် ကံထူးရှင်က
ဘယ်သူဖြစ်မလဲဆိုတာလဲ မန့်ခဲ့ပေးကြအုံးနော်..

#ထောက်ပို့
#သိန်း၁၀၀၀
#စစ်ကျွန်ဘဝလွတ်မြောက်ဖို့ထောက်ပို့ထီကိုထိုးကြစို့
#၂၅ကြိမ််မြောက်

01/02/2026

📣 "Star for Stars" ကမ်ပိန်းမှ ရရှိငွေ (၄၈) သိန်းကျော်အား ရဲဘော်များအတွက် ထောက်ပံ့နိုင်ခဲ့

SSNDF/ KNDF B - 102 တပ်ရင်းအတွက် mini starlink တပ်ဆင်နိုင်ရန် ရည်ရွယ်၍ "Star for Stars" ကမ်ပိန်းကို ၂၀၂၅၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့ထိ ပြုလုပ်ခဲ့ပါတယ်။ ကမ်ပိန်းတားဂတ်မှာ သိန်း (၇၀) ကျပ်ဖြစ်ပြီး Fundraising by YTUSU မှ 4,818,952 ကျပ် ရရှိထောက်ပံ့နိုင်ခဲ့ပါတယ်။

တားဂတ်မပြည့်ခဲ့သော်လည်း ရဲဘော်များအတွက် mini starlink တစ်လုံး ဝယ်ယူတပ်ဆင်နိုင်မည့် အိပ်မက်ကတော့ အ​ကောင်အထည် ပေါ်လာနိုင်ပြီပဲ ဖြစ်ပါတယ်။ ကမ်ပိန်းမှာ ပါဝင်ပေးခဲ့ကြတဲ့ ထောက်ပို့ပြည်သူတစ်ဦးချင်းစီရော၊ Post တွေကို RCS လုပ်ပြီး ကူညီပေးခဲ့ကြတဲ့ တော်-လှန်ပြည်သူအားလုံးရော ကျေးဇူးအထူးတင်ရှိလိုက်ရပါတယ်။ နောင်လာမယ့် ကမ်ပိန်းတွေမှာလည်း ပါဝင်ပေးပြီး တလရပန်းတိုင်ရောက်တဲ့အထိ အတူတကွ ဆက်လက်ကြိုးစားသွားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။



01/02/2026

အချစ်ရှိရင် အမုန်းရှိမယ်
အသွားရှိရင် အပြန်ရှိမယ်
အလင်းရှိရင် အမှောင်ရှိမယ်
တစ်ဖက်က တစ်ခုခုလှုပ်ရှားလာတဲ့အခါ မျက်နှာချင်းဆိုင်ကသူက တန်ပြန်လှုပ်ရှားမှု တခုလုပ်ရတာဟာ သဘာဝပါပဲ။
ကျွန်တော်တို့ကို မညှာစတမ်းဖိနှိပ်ထိပါးလာတာ ကို တန်ပြန်ခုခံကာကွယ်ရမှာ ကျွန်တော်တို့အလုပ်ဖြစ်ပါတယ်။
ရဲဘော်တွေရဲ့ ခုခံတန်ပြန်မယ့်လက်တွေထဲ လိုအပ်တဲ့ ကိရိယာတွေ ထည့်ပေးပါ။
တော်လှန်ရေး ရေချိန် ကြာမြင့်လာတာနဲ့အမျှ
‌တစ်ဖက် ရန်သူရဲ့ လက်နက်အင်အားကြီးလာတာနဲ့အမျှ ရဲ​​ေဘာ်အင်အားလိုအပ်ချက် ဒီအင်အားအတွက် ဖြည့်ရမယ့်ခဲယမ်း ဒါတွေဟာ နေ့စဉ်နဲ့ လိုအပ်ပါတယ် အခုချိန်မှာလိုအပ်နေဆဲပါ။
အမြဲတမ်းပြောနေကျစကားပါပဲ
ကျွန်တော်တို့မှာ ခွန်အားရှိတယ်
တန်ပြန်ခုခံဖို့အတွက် ကိရိယာတွေဖြည့်ပေးပါ။
"တန်ပြန် စစ်ဆင်ရေး" ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
🕛ကမ်ပိန်းကာလ ဇန်နဝါရီလ၂၀ ရက်နေ့ မှဖေဖော်ဝါရီ လ ၂၀ရက်နေ့ထိ

ဆုမဲအနေနဲ့ကတော့

🔲ပထမဆု ဆိုင်ကယ် wave 110

🔲ဒုတိယဆု Laptop Lenovo Thinkbook

🔲တတိယဆု Phone Redmi Note 15 Pro

🔲အခြားဆုမဲ ၁၅ ဆု

ပါဝင်မှာဖြစ်ပါတယ်

#20/1/2026

01/02/2026

" ဘာပဲဖြစ်ဖြစ် ချိတ်ဆက် ICOM 12 လုံး Challenge "

ဆက်သွယ်ရေးစက် ( ICOM ) တစ်လုံး - ၈၀၀,၀၀၀ ကျပ်

Challenge Target လေးကတော့ ဆက်သွယ်ရေးစက် ICOM 12 လုံးဖြစ်ပါတယ် ခင်ဗျာ။

Challenge ရက်လေးကတော့ ၂ ပတ်သာဖြစ်ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပရှိ ထောက်ပို့ပြည်သူများအားလုံး မိမိတို့၏ တတ်နိုင်သော ငွေပမဏ အကန့်အသတ်မရှိ ပါဝင်အားဖြည့် ကူညီနိုင်ပါကြောင်း သတင်းပါး ပါရစေ။

ပါဝင်အားဖြည့် ကူညီလို့ရမည့် Payment တွေကတော့ Kpay, Wavepay, SDB, NUG နှင့် နိုင်ငံခြား Banking တွေကနေလည်း ထောက်ပို့အားဖြည့် ကူညီလို့ရပါတယ် ခင်ဗျာ...


#သျှမ်းတောင် #ကရင်နီ
#ဘာပဲဖြစ်ဖြစ်ချိတ်ဆက်

20/01/2026

UAV များသည် ယနေ့ခေတ်စစ်ပွဲများ၏ လမ်းကြောင်းကို ပြောင်းလဲနိုင်သည့် အရေးပါသော နည်းပညာတစ်ရပ်ဖြစ်လာပါသည်။ စစ်မြေပြင်အခြေအနေကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ခြင်းကြောင့် သတင်းအချက်အလက်များ ပိုမိုတိကျလာပြီး စစ်ရေးဆုံးဖြတ်ချက်များကို အားကောင်းစေသည်။ ထို့အပြင် လူမပါဝင်ဘဲ တာဝန်များကို ဆောင်ရွက်နိုင်သဖြင့် စစ်သည်များ၏ အသက်အန္တရာယ်ကို လျှော့ချပေးနိုင်သည်။ ကုန်ကျစရိတ်နည်းခြင်း၊ လိုအပ်သလို လွယ်ကူစွာ အသုံးချနိုင်ခြင်းတို့ကြောင့် UAV များသည် ခေတ်သစ်စစ်ပွဲများတွင် မဖြစ်မနေလိုအပ်သော အရေးပါမှုကြီးမားသည့် အင်အားတစ်ရပ်အဖြစ် ရပ်တည်နေပါသည်။



19/12/2025
06/11/2025

ဖရူဆို- ထားလဲ -နန်းဖဲ - ဘောလခဲ လမ်းမကြီးအား အသုံးပြုသွားလာခြင်း မပြုလုပ်ကြပါရန်

၂၀၂၅ ခုနှစ် ၊နိုဝင်ဘာလ (၅)ရက်
စာအမှတ် KNDF/ ၁ /၂၀၂၅ (၀၁၀)
ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှာ ဖရူဆို- ထားလဲ - နန်းဖဲ လမ်းမကြီးဖက်သို့ ဦးတည်၍ စစ်ရေးလှုပ်ရှားမှုများ ရှိလာသောကြောင့် ‌မြေပြင်စစ်ရေးအခြေအနေအရ အဆိုပါလမ်းမကြီးအား နိုဝင်ဘာလ (၆)ရက်နေ့မှစ၍ အသုံးပြု ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြပါရန် အများပြည်သူများအား အသိပေးအပ်ပါသည်။

ဖရူဆိုမြို့နယ် ၊ မာခရော်ရှေ့ကျေးရွာဘက် မှ စစ်ကောင်စီတပ်များမှာ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၃) ရက်နေ့မှစ၍ ထားလဲဖက်သို့ မျက်နှာမှုကာ စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြန်လည်ပြုလုပ်လာခဲ့ပြီး မိမိတို့တော်လှန်ရေးတပ်များနှင့် ထိတွေ့ တိုက်ပွဲငယ်များ ဖြစ်ပွားနေပါသည်။

အထက်ပါ မြေပြင်စစ်ရေးအ‌ခြေအနေများကြောင့် ဖရူဆို- ထားလဲ-နန်းဖဲ လမ်းမကြီးအပါအဝင် လမ်းမကြီးအပေါ် ဖြတ်သန်း သွားလာရသည့် လမ်းသွယ်များအားလုံးကို ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၆)ရက်နေ့မှစ၍ အသုံးပြုသွားလာခြင်း လုံးဝ မပြုလုပ်ကြပါရန် နှင့် ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း အများပြည်သူများအား အသိပေးအပ်ပါသည်။

ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF

29/10/2025

ေးကိုမြင်တာနဲ့RCSပေးကြ‌ဖို့ပထမဦးစွာအကူအညီတောင်းပါတယ်ဗျ

မကြာခင် ဆောင်းဝယ်လာတော့မယ်နော်။တစ်ခြားနေရာတွေတော့ မသိပေမယ့် ကရင်နီဆောင်းကတော့ တကယ့်ကို အသားထဲထိစိမ့်နေအောင် ချမ်းတာပါ။ကရင်နီဆောင်းကြုံဖူးတဲ့ သူတွေဆို သိပါတယ်။ဆိုတော့ ကျွန်တော်နှင့်အတူ ဗျူဟာ ၄ မှာ ရှိတဲ့ ရော်ဘဲတွေကို အနွေးဓာတ်(မေတ္တာ)လေး တွေ မျှဝေပေးကြရအောင်လေးနော်🫶🤍

အနွေးဓာတ်လေးတွေကို ဘယ်လို ဝေမျှပေးကြမလဲ??

အနွေးထည်တစ်ထည် = ၅ သောင်း နှုန်းနဲ့
ရော်ဘဲ တွေအတွက် မျှဝေပေးလို့ရပါတယ်။
စုစုပေါင်း အထည်၁၀၀၀လိုပါတယ်ဗျ။
ဆိုတော့ တစ်ယောက်ကို တစ်ထည်နိုင်သည်ဖြစ်စေ
၅ ထည်နိုင်သည်ဖြစ်စေ ကိုယ်တတ်နိုင်သလောက်
ပါဝင်ပေးလို့ရပါပြီဗျို့။ရော်ဘဲ တွေအတွက်
အနွေးထည်လေးတွေမျှဝေပေးချင်တယ်ဆိုရင်အခုပဲ လာပြီးပါဝင်ပေးလို့ရပါပြီဗျို့💪💪

ရှေ့က Challenge တွေမှာ ပါဝင်ပေးခဲ့သလိုပဲ အခု ရောဘဲ"အနွေးဓာတ်လေးတွေ မျှဝေကြမယ်" ဆိုတဲ့ အင်တိုက်အားတိုက်ပါဝင်ပေးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျ။ ။


#အနွေးဓာတ်လေးတွေမျှဝေကြမယ်

Address

Bawlakhe

Telephone

+959755943113

Website

Alerts

Be the first to know and let us send you an email when KNDF ဗဟိုထောက်/ပို့ဌာန - Logistics Unit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category