11/08/2022
11.8.2022
ပင်းခါး ကာယသုခ ပညာရိပ်မြုံစာကြည့်တိုက်ဓမၼဒါနအလှူရှင်-၆၆
----------------------------------------------------------------------------
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ဗန်းမောက် မြို့နယ်၊မံလူအုပ်၊ပင်းခါးကျေးရွာ၊ ကာယသုခ ကျောင်းတိုက်တွင် ဖော်ဆောင်လျှက်ရှိသော `ပင်းခါး ကာယသုခ ပညာရိပ်မြုံစာကြည့်တိုက််အတွက်် ကိုပြည်ငြိမ်း၊ ရန်ကင်း၊ရန်ကုန်မြို့မှ စာပေဝါသနာရှင်များ အသိပညာတိုးစေရန်အတွက်
၁. ဆာဒကို နှင့် စကၠူကြိုးကြာငှက်တစ်ေထာင်စာအုပ်(၁၀)အုပ်တို့ကို လှူဒါန်းခဲ့ပါသည်။
ဓမၼဒါန အလှူရှင် ကိုပြည်ငြိမ်း မိသားစုတို့သည် ဤကုသိုလ်ကောင်းမှုကြောင်း ပညာအရာ၌ သာရိပုတၲရာအရှင်မြတ်ကဲ့သို့ ပညာဉာဏ်ထက်မြက်သူ ဘဝဆက်၀တိုင်းဖြစ်နိုင်ပါစေ။ကိုယ်စိတ်နှစ်ဖြာအေးချမ်းပါစေ။ မကောင်းသောဘေးရန်အ ပေါင်းကင်းေဝးပါစေ။ မိမိပြုလုပ်သမျှသော အလုပ်ကိစၥများလည်း ကြံတိုင်အောင်ဆောင်တိုင်းပြီးမြောက်နိုင်ပါစေ။
သာသနာကောင်းကျိုး ဘာသာကောင်းကျိုး ဆထက်ထမ်းပိုးသယ်ပို့နိုင်ပါေစ။ ကပ်ကြီးသုံးပါးလည်းကျော်လွှာနိုင်ပါစေ။ နိဗၺာန်ချမ်းသာမြတ်လည်းလွယ်ကူစွာရရှိနိုင်ကြပါစေ၊ ရှုမြင်ရသူနတ်နှင့်လူတို့သာဓု ခေါ်ဆိုနိုင်ပါစေသော်။
ကျေးဇူးတင်လွှာ
-------------------------
ကျွန်တော်တို့ ပင်းခါး ကာယသုခ ပညာရိပ်မြုံစာကြည့် တိုက်အတွက်စာအုပ်များကို လှူဒါန်းပေးသော ကိုပြည်ငြိမ်း မိသားစု အား ပင်းခါး ကာယသုခ ပညာရိပ်မြုံစာကြည့်တိုက် ကော်မတီအဖွဲ့ကိုယ်စားအထူးပင်ကျေးဇူးတင်အပ်ပါသည်။
နှိုးဆော်လွှာ
-----------------
ပင်းခါး ကာယသုခ ပညာရိပ်မြုံစာကြည့်တိုက်သို့ စာအုပ်ဖြစ်စေ,ဂျာနယ်ဖြစ်စေ,သတင်းစာဖြစ်စေ,စာအုပ်စင်ဖြစ်စေ,စာကြည့်ခုံဖြစ်စေ, အခုတည်ဆောက််မည့်စာကြည့် တိုက်ကိုဖြစ်စေ လှူဒါန်းနိုင်ကြောင့် အသိပေးနှိုးဆော်အပ်ပါသည် အလှူရှင်အပေါင်းတို့.......။
မှတ်ချက်-လှူဒါန်းမည့်အလှူရှင်များအနေ့ဖြင့် message နှင့် comment တွင်လည်း အလှူရှင်အမည်နှင့် နေရပ်စသည့်တို့ကို ပြည့်စုံစွာဖြင့်ေပးပို့နိုင်ပါသည်။