ဗန်းမောက်မြို့

ဗန်းမောက်မြို့ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဗန်းမောက်မြို့, City Hall, Banmauk.

ဗန်းမောက်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာခရိုင်တွင် တည်ရှိသည်။ ဗန်းမောက်မြို့နယ်တွင် တိုင်းလျမ်(ခေါ်)ရှမ်းနီ လူမျိုး၊ ကနန်းလူမျိုး၊ ကတူးလူမျိုးများ နေထိုင်ကြသည်။ မိရိုးဖလာအားဖြင့် တောင်သူလုပ်ငန်းကို လုပ်ကိုင်ကြပြီး၊ ၁၉၇၅ ခုနှစ်နောက်ပိုင်းတွင် ရွှေတူးဖော်ရေးလုပ်ငန်းကို တဖြည်းဖြည်းလုပ်ကိုင် လာကြသည်။ သတ္ထုရိုင်းပေါများစွာ ထွက်သောဒေသ ဖြစ်သည်။ သံရိုင်းများ၊ ခဲတွင်များ၊ ဘော်တွင်းများ၊ ကြေး

တွင်းများရှိသည်။ ရွှေဖြူလည်းထွက်သည်။

နာမည်ကြီးဘုရားမှာ မြို့၏ အနောက်မြောက်ဖက်ရှိ ဇလုံတောင်ဘုရား ဖြစ်သည်။ နာမည်ကြီးဆရာတော်မှာ ရဟန္တာအရှင်မြတ် ဝေသုခီဆရာတော် ဖြစ်သည်။ ဥမင်လိုဏ်ဘုရား နှင့် မြို့အနီး တောင်ဖက်အရပ်ရှိ ကျုံးတောင်ဘုရား တို့မှာ ထင်ရှားသည်။ ကျွန်းသစ် ထုတ်လုပ်ရာ အထူးဒေသဖြစ်သည်။ စပါးတင်ပို့သော ဒေသလည်း ဖြစ်သည်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူက အများစုဖြစ်သည်။

07/06/2026

လအူလအယ် sna ရှမ်းမျိုးမစစ်ကောင်က မိန်းမတစ်ယောက်ကိုတောင် တာဝန်မယူနိုင်တာ ကိုယ်ပိုင်အုပ်ချုပ်ဦးမတဲ့လား?🤔🫣😆🤣😂

ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရူးနေကြတဲ့ SNA ရှမ်းမျိုးမစစ်ကောင်တွေ ရှမ်းလူမျိုးတွေ ဒုက္ခရောက်နေတာ ဘယ်လောက်လှူပြီးပြီလဲ။ ဝအဖွ...
07/06/2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရူးနေကြတဲ့ SNA ရှမ်းမျိုးမစစ်ကောင်တွေ ရှမ်းလူမျိုးတွေ ဒုက္ခရောက်နေတာ ဘယ်လောက်လှူပြီးပြီလဲ။ ဝအဖွဲ့၊ SSPP, KIA, AA မြောက်ပိုင်းညီနောင်အဖွဲ့တွေက လှူဒါန်းနေကြပြီနော်။😊

06/06/2026

SNA နဲ့ ပေါင်းတဲ့ကောင်တွေ ကြည့်ထား၊ တနေ့ မင်းတို့အလှည့်လာမယ်၊ မင်းတို့ကို အခု ခနလေး ပျော်ခွင့် ပေးထားတုန်း ဝအောင် ပျော်ထားကြ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စိတ်ကူးယဉ်နေကြပေါ့။🤣

စကစဖက်က ရာပြည့်နဲ့ SNA က စဝ်စိုင်ကံတို့ BGF ပြည်သူ့စစ်ပြောင်းဖို့ ညှိနေတဲ့ကိစ္စက သိပ်အဆန်းကြီးမဟုတ်ဘူး၊ တစ်နေ့ဒီလိုလာမယ်...
06/06/2026

စကစဖက်က ရာပြည့်နဲ့ SNA က စဝ်စိုင်ကံတို့ BGF ပြည်သူ့စစ်ပြောင်းဖို့ ညှိနေတဲ့ကိစ္စက သိပ်အဆန်းကြီးမဟုတ်ဘူး၊ တစ်နေ့ဒီလိုလာမယ်ဆိုတာ ကြိုသိပြီးသားပဲ။ ဆွေးနွေးပွဲမှာ SNA က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တောင်းတယ်။

စကစကတော့ သူတို့ရှေ့ကနေ အသေခံကာပေးမယ့် ပသစလုပ်ဖို့ ပြန်တောင်းဆိုတယ်။ ကိစ္စကတော့ ရှင်းနေတာပဲ။ SNA က နဂိုကတည်းက စစ်တပ်က ဘာမှမပေးရင်တောင် ပသစ လုပ်ဖို့ ရည်ရွယ်ချက်က ရှိပြီးသားပါ။ ခေါင်းဆောင်ပိုင်းတွေက မြို့ပေါ်မှာနေပြီး ဇိမ်ခံချင်လို့ သွားပေါင်းတာလေ။

ဒီကောင်တွေ ပြည်နယ်ရမယ်၊ မြို့ရမယ် ထင်နေတာကိုက သောက်ရူးအတွေး တွေးနေတာ။ လက်နက်အင်အား လူအင်အား တောင့်တင်းတဲ့ ‘ဝ’ ကိုတောင် မင်းတို့ပထွေး မအလက အခုထိ ပြည်နယ်မပေးသေးတာ။ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ရှမ်းနီလို့ မပါသလို၊ NCA ထဲမှာလည်း အသိအမှတ်ပြုမခံရတဲ့အဖွဲ့ကို ၂၀၀၈ ကိုကျော်ပြီး ပြည်နယ်ပေးမယ်ဆိုတာ ဆင်လီးခွေးမျှော် မျှော်နေသလိုပဲ။

မင်းတို့ထက်အရင် ပေါ်တဲ့ KNU ကခွဲထွက်တဲ့ BGF တွေတောင် မင်းတို့ပထွေးဆီက နေရာမရတာ၊ အခုမှသွားပေါင်းတဲ့ ခိုင်းဖတ်အဆင့်ကို ဘယ်ကလာ မြို့တစ်မြို့ အပိုင်ပေးမလဲ။ အများဆုံးရ စီးပွားရေးလုပ်ကွက်လေး ဟပေးပြီး အရိုးအရင်းလေး ပစ်ကျွေးမှာပဲ။

နေပြည်တော်သွားပြီး ဗမာစစ်ဗိုလ်ချုပ်တွေရဲ့ဘောကို ပြောင်နေအောင် ယက်နေရုံနဲ့ ဘာမှထူးလာမှာမဟုတ်ဘူး။ ဘာရှမ်းနီ တပ်မတော်တွေ ဘာတွေ လုပ်မနေနဲ့။ မင်းတို့အဖေ အတုယောင်အစိုးရတစ်ရပ်မှာ တပ်မတော်နှစ်ခုဆိုတာ မရှိဘူး။ ပသစပဲ လုပ်မလား၊ သူပုန်ပဲ လုပ်မလား တစ်ခုခုတော့ ရွေးရမှာပဲ။ ကိုယ်ပိုင်နယ်မြေအကြောင်း မပြောခင် အရင်ဆုံး ရှမ်းနီတပ်မတော် ဆိုတဲ့ နာမည်ကို ပသစ ဆိုပြီး အရင်ပြောင်းခေါ်ဖို့ ညှိလိုက်ကြဦး။

စကစ အကြံက ရှင်းတယ်။ ကချင်ကို စစ်ရေးအရ မနိုင်တော့လို့ SNA နဲ့ လှည့်တိုက်ပေးပြီး သွေးခွဲတာ။ အခု PDF တွေ အားကောင်းလာတော့ သူတို့ကို ကာကွယ်ပေးမယ့် အသုံးချခံသက်သက် လိုချင်လို့ ခေါ်သုံးတာ။ ဒါဟာ ဖက်ဒရယ်ကို ဖော်ဆောင်မယ်ဆိုတဲ့ စကစရဲ့ ပထမဆုံး စမ်းသပ်ချက်ပဲ။ SNA ပြီးရင် ပအိုဝ်း လာလိမ့်ဦးမယ်။ ဒါပေမဲ့ သူတို့တောင်းတဲ့ နယ်မြေက ကိုးကန့်လို အရမ်းကျယ်လွန်းနေတယ်။

ကချင်ပြည်နယ်ဆိုတာ ရှမ်းပြည်နယ်မှ မဟုတ်တာ၊ ပင်လုံစာချုပ်ကို ပြန်လေ့လာကြည့်။ တကယ်လို့များ စကစက ခွင့်ပြုပေးလိုက်ရင်တောင် ဘာသာစကား၊ ခံယူချက်နဲ့ လူမျိုးရေးမတူညီမှုတွေကြောင့် ဂူတစ်ဂူထဲ အတူမအောင်းနိုင်ဘဲ ပြဿနာတွေ ကြီးလာပြီး ပြည်တွင်းစစ်မီး ပိုတောက်ဖို့ပဲ ရှိတယ်။ စစ်ခွေးနဲ့ပေါင်းပြီး ကိုယ့်ပြည်သူကို ပြန်သတ်နေရင် ခရီးက ဝေးဦးမှာပဲ။ စခဘောင်ထဲက သွားရင် ရှမ်းနိုင်ငံရေး သေသွားနိုင်တယ်။

မြေပြင်မှာ SNA ဘာလုပ်နေလဲ အကုန်သိနေတာပဲ။ အမျိုးသားလုံခြုံရေးဆိုတာ အလကား၊ ကိုယ်ကျိုးစီးပွားသက်သက်ပဲ။ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းကနေ မြစ်ကြီးနား-မန္တလေး လမ်းကြောနဲ့ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ဂိတ်ကြေး အများဆုံးတောင်းနေတဲ့ သူပုန်အသစ်တွေပဲ။

အင်းတော်ကြီးဘက်တောင် နယ်မြေမစိုးမိုးနိုင်ဘဲ ဖားကန့်၊ လုံးခင်းဘက်မှာဆို ဒူးလေးအဖွဲ့နဲ့ ရှမ်းပသစတွေပေါင်းပြီး နေ့ခင်းကြောင်တောင်ကို ဓားပြတိုက်နေကြတယ်။ အရင်က ဘယ်ကမှန်းမသိ ပေါ်လာပြီး အခုတော့ လူသတ်၊ မုဒိမ်းကျင့်၊ ဓားပြတိုက်၊ ပြည်သူအချင်းချင်း နှိပ်စက်နေတာကို အရသာခံနေတဲ့ အဖွဲ့ဖြစ်နေပြီ။ အပေါ်ကကောင်တွေက သူဌေးဖြစ်ပြီး အောက်ခြေတပ်သားတွေက တစ်လ ၃၀၀၀၀ တည်းနဲ့ အသေခံရမှာ။

အမှန်တရားဘက်က မရပ်တည်ချင်ရင်နေ၊ စခဖင်တော့ သွားမယက်ကြနဲ့။ တိုင်းပြည်နဲ့ ပြည်သူအပေါ် သစ္စာဖောက်ပြီး သတ်ဖြတ်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းဆီက ဘာများ သွားမျှော်လင့်နေတာလဲ။ လူမျိုးရေးဗန်းပြပြီး ကိုယ်ကျိုးရှာနေတဲ့ ဒီ SNA ဟာ ရှမ်းနီလူမျိုးကို လုံးဝ ကိုယ်စားမပြုဘူး။ ဒါကြောင့် ဒေသခံတွေက "SNA ရှိနေသရွေ့ ကိုယ့်ဇာတိမြေ ဟုမ္မလင်းကို လုံးဝမပြန်ဘူး" လို့ ပြောနေကြတာ။

အွန်လိုင်းမှာဆို မှတ်ပုံတင်မှာ ရှမ်းနီဆိုတာ တစ်ယောက်မှမရှိဘူး၊ ရှမ်းဗမာ ကပြားပဲရှိတယ်၊ ရှမ်းနီ၊ ကရင်နီ၊ ရိုဟင်ဂျာဆိုတာ လူမျိုးလိမ်တွေ၊ ရှမ်းဆို ရှမ်းပေါ့လို့ပါ အပြောခံနေရပြီ။ မြန်မာနိုင်ငံမှာ ရှမ်းဆိုရင် ရှမ်းတစ်မျိုးပဲရှိတယ်။ SNA တွေဆိုတာ ရှမ်းလည်းမဟုတ်၊ ဗမာလည်းမဟုတ်တဲ့ လအူလအယ် လအော်လအယ် ဘဝနဲ့ သူများကျွေးတာစားနေရတာ။

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ဆိုရင် နိုင်ငံအပျက်မခံ၊ လူမျိုးအထိမခံဘဲ ကျရာနေရာကနေ တော်လှန်သွားခဲ့တာ။ အခု SNA ကတော့ အကြွေးပြန်တောင်းနေသလို ကျွန်ခံပြီး တောင်းနေရတယ်။ တကယ်လို့ SNA ကသာ အုပ်ချုပ်ခွင့်ရသွားရင် ရှမ်းနီပြည်သူတွေအတွက် မတွေးဝံ့စရာပဲ။ ဒီလောက် ထောက်ပြနေတာဟာ နိုင်ငံအတွက် တော်လှန်နေတဲ့ တကယ့် ရှမ်းနီရဲဘော်တွေကို ပြောတာ မဟုတ်ဘူး။ စခဘောငုံပြီး ကိုယ်ကျိုးရှာနေတဲ့ SNA ခေါင်းဆောင်တွေကို ပြောတာ။

စစ်ခွေးကျွန်ဖြစ်ရတာကို အရသာခံနေတဲ့ လုပ်ရပ်ကြောင့် ရှမ်းနီလူမျိုးတွေရဲ့ ဘဝ ရင်နာစရာဖြစ်ရပြီ။ သစ္စာဖောက် စစ်ခွေးနဲ့ပေါင်းရင် ချီးအနံ့ပဲထွက်မယ်။ အချည်းနှီးမျှော်လင့်ချက်တွေနဲ့ စစ်တပ်ခိုင်းဖတ်အဆင့် ဝင်လုပ်တာဟာ လူမျိုးအတွက် ဂုဏ်သိက္ခာကျစရာပဲ။ နိုင်ငံရေးအမြင်ညံ့လို့ အသုံးချခံရတာ သက်သက်ပဲ။🤣🤣🤣

ပေါက်မြို့နယ် ကုက္ကိုလ်စုရွာနှင့် ရေပြာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရွာ ...
05/06/2026

ပေါက်မြို့နယ် ကုက္ကိုလ်စုရွာနှင့် ရေပြာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရွာ ရဲစခန်းနှင့် ကုက္ကိုလ်စုရွာတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူခဲ့ကြောင်း ယနေ့ (ဇွန်လ ၅ ရက်) တွင် စစ်အုပ်စု လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က လူမှုကွန်ရက် တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည်။

ရေပြာရွာ ရဲစခန်းသည် ပေါက်မြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ပုသိမ်-မုံရွာလမ်းမကြီးပေါ်၌ရှိပြီး ကုက္ကိုလ်စုရွာသည် စစ်အုပ်စုလက်အောက်ခံ ပျူစောထီတပ်ဖွဲ့ဝင် အများအပြားရှိနေသည့် ကျေးရွာတစ်ခုလည်းကြောင်း၊ စစ်အုပ်စုအတွက် အရေးပါသည့် ရေပြာရဲစခန်းနှင့် ကုက္ကိုလ်စုရွာတို့ကို PDF နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ (၂) ရက်၌ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဇွန်လ ၅ ရက်) တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ကုက္ကိုလ်စုရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် ပျူစောထီးတပ်ဖွဲ့ဝင် (၂၀) ဦးထက်မနည်းရှိနေပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရပြီး စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု များခဲ့ကြောင်း သိရသည်။

လုပ်ကြံသတင်းအမှားမဟုတ်ပါ။ ဗန်းမောက်မြို့အနီးက ကတူးကျေးရွာက ဒေသခံတစ်ယောက်ကို SNA တပ်ဖွဲ့ဝင်တွေက ပစ်သတ်လိုက်ပြီး နောက်ထပ်တ...
05/06/2026

လုပ်ကြံသတင်းအမှားမဟုတ်ပါ။ ဗန်းမောက်မြို့အနီးက ကတူးကျေးရွာက ဒေသခံတစ်ယောက်ကို SNA တပ်ဖွဲ့ဝင်တွေက ပစ်သတ်လိုက်ပြီး နောက်ထပ်တစ်ယောက်ကိုလည်း ခေါင်းစွပ်စွပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ်။ ဒီပစ်ခတ်ခံရပြီး သေဆုံးမှုကိုတော့ အဖြစ်မှန်အသေးစိတ်တွေကို ဆက်လက်စုံစမ်းနေဆဲပါ။ ခေါင်းစွပ်ပြီး ဖမ်းသွားတာကတော့ မျက်မြင်များ၏ သတင်းပေးချက်အရ သိရပါတယ်။

ဗန်းမောက်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းတွေကနေ ရွာထဲကို လယ်လုပ်ပြန်ကြတဲ့ လူငယ်တွေ၊ ရွာသားတွေကို ရွာအပြင်ထွက်ခွင့် မပေးတော့ဘူးလို့ သိရတယ်။

မြို့နယ်တာဝန်ရှိသူတွေက စစ်ရှောင်တွေကို လုံခြုံတဲ့နေရာတွေမှာ နေရာတကျ စနစ်တကျ စီစဉ်ပေးပြီးသားပါ။ ဒါပေမဲ့ နာမည်ကောင်းလိုချင်၊ သူတော်ကောင်း လုပ်ချင်နေကြတဲ့ သူတချို့က စစ်ကောင်စီနဲ့ SNA တို့ လက်အောက်ကို ရောက်နေတဲ့ ရွာတွေဆီကို ပြန်ကြဖို့ စစ်ရှောင်တွေကို စည်းရုံး ပို့ဆောင်ခဲ့ကြတယ်။ အခုလို ပြဿနာတွေ၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေနဲ့ အသက်အန္တရာယ်တွေ ကြုံလာရတဲ့ အချိန်မှာတော့ အဲဒီလို ခေါ်သွင်းခဲ့တဲ့ သူတွေဟာ အကုန်လုံး အသံတိတ်ပြီး ပျောက်ကုန်ကြပါပြီ။

သိက္ခာတော်ရ ဝါရင့်ဆရာတော်ကြီးတွေ ကိုယ်တိုင်ကတောင် မြေပြင်အခြေအနေတွေ မငြိမ်သေးလို့ လူငယ်တွေ၊ အမျိုးသမီးငယ်တွေ ရွာထဲကို လုံးဝ ပြန်မလာကြနဲ့ဦး၊ ရောက်တဲ့အရပ်မှာ အဆင်ပြေအောင် လုပ်စားနေကြပါ လို့ အတိအလင်း သတိပေး မိန့်ကြားထားခဲ့တာပါ။ ဒီလို မိန့်ကြားထားတဲ့ကြားကနေ ကိုယ့်သဘောနဲ့ကိုယ် လူတတ်လုပ်ပြီး စစ်ရှောင်တွေကို အန္တရာယ်တွင်းထဲ တွန်းပို့ခဲ့တဲ့ အဲဒီကာယကံရှင်တွေအနေနဲ့ အခုဖြစ်လာသမျှ နောက်ဆက်တွဲ ပြဿနာတွေ၊ ပြည်သူတွေရဲ့ အသက်အန္တရာယ်တွေအတွက် နှုတ်ဆိတ်မနေဘဲ မဖြစ်မနေ တာဝန်ခံကြဖို့ လိုပါတယ်။

05/06/2026

ဆင်ပေါင်ဝဲမှာ KTV မှပြန်လာတဲ့ စကစလက်ပါးစေ အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးတို့ကို PDF ပစ်ခတ်ရှင်းလင်း

မကွေးဒေသ၊ ဆင်ပေါင်ဝဲမြို့နယ်မှာ KTV မှပြန်လာတဲ့ အကြမ်းဖက်စစ်တပ်လက်ပါးစေ အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးတို့ကို PDF ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့ပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၅ ရဲ့ ဇွန် ၅ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

သာဂရ-ကိုးပင် လမ်းပိုင်းတနေရာမှာ KTV မှ သောက်စားမူးရူးပြီးပြန်လာတဲ့ စစ်တပ်လက်ပါးစေ အကျဉ်းဦးစီးအရာရှိ သက်စိုးနဲ့ ထောင်တန်းစီးကိုယ်တိုင် မောင်းနှင်လာတဲ့ကားကို မေ ၁ ရက်မှာ ရှောင်တခင်စစ်ဆေးရာ မောင်းနှင်ထွက်ပြေးတဲ့အတွက် လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် (၅) တပ်ရင်းမှ PDF ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် လက်ပါးစေများထံမှ MA5 ပစ္စတို တလက်နဲ့ ကျည်ဘောက် ၃ ခု သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

04/06/2026

အက်ဒနစ် အဲယ် အဲယ်... ဒီပုံစံနဲ့ ဘယ်လိုအုပ်ချုပ်မလဲ😆🤣

SNA ထိန်းချုပ်နယ်မြေသို့ ပြန်လည်ဝင်ရောက်သည့် စစ်ရှောင်များ လွတ်လပ်ခွင့် ဆုံးရှုံးပြီး စားဝတ်နေရေး အကျပ်အတည်းများ ဆိုးရွာ...
03/06/2026

SNA ထိန်းချုပ်နယ်မြေသို့ ပြန်လည်ဝင်ရောက်သည့် စစ်ရှောင်များ လွတ်လပ်ခွင့် ဆုံးရှုံးပြီး စားဝတ်နေရေး အကျပ်အတည်းများ ဆိုးရွားစွာ ရင်ဆိုင်နေရ

SNA ထိန်းချုပ်ထားသော ကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် စစ်ဘေးရှောင်ပြည်သူများသည် သွားလာခွင့် ကန့်သတ်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းနှင့် စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုစသည့် ဆိုးရွားသော အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် မိမိတို့၏ မူလနေရပ် နေအိမ်များတွင် နေထိုင်ခွင့်မရဘဲ သတ်မှတ်ထားသည့် ကျေးရွာများတွင်သာ စုပေါင်းနေထိုင်ကြရပြီး စာသင်ကျောင်းလဲ ဖွင့်ခွင့်မပေးကြောင်း သိရသည်။ ထို့ပြင် ရွာပြင်ထွက်၍ ဟင်းရှာ၊ ထင်းခွေခြင်းများကို လုံးဝ ပြုလုပ်ခွင့်မရသလို ခရီးသွားလာရာတွင်လည်း အဆင့်ဆင့် ခွင့်ပြုချက်တောင်းခံကာ လက်မှတ်ထိုးနေရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ဆိုသည်။ စားသောက်ကုန် ကုန်ဈေးနှုန်းများမှာလည်း အလွန်မြင့်မားနေသဖြင့် ငွေကြေးမပြည့်စုံသူများအတွက် ရှင်သန်ရပ်တည်ရန် များစွာ ခက်ခဲလျက်ရှိသည်။

ယင်းကဲ့သို့ ကျပ်တည်းနေသည့်ကြားမှ "ယခင်က PDF အဖွဲ့များကို ထမင်းပို့ကျွေးခဲ့သည်" ဟူသော စွပ်စွဲချက်များဖြင့် SNA တပ်ဖွဲ့ဝင်များ၏ ကြမ်းတမ်းစွာ ဆက်ဆံမှုများကိုပါ ခံနေကြရသည်ဟု သိရသည်။

ဒေသခံများကို အတင်းအဓမ္မ ခိုင်းစေခြင်း၊ ငွေကြေးနှင့် ပစ္စည်းများ တောင်းခံခြင်းများကို ပြုလုပ်လျက်ရှိရာ မဖြစ်မနေ ပေးဆောင်နေကြရကြောင်း လွတ်မြောက်လာသူ တစ်ဦးက ပြောကြားသည်။

ဤကဲ့သို့ ဖိနှိပ်မှုများကြောင့် စစ်ရှောင်စခန်းများမှ ထွက်ပြေးလွတ်မြောက်လိုသူ များပြားလာသော်လည်း လက်ရှိတွင် လမ်းခရီးများကို တင်းကျပ်စွာ ပိတ်ဆို့စောင့်ကြည့်နေသောကြောင့် ထွက်ပြေးရန် အလွန်ခက်ခဲသွားပြီ ဖြစ်‌ကြောင်းသိရသည်။

"PDF တွေ ထိန်းချုပ်ထားတဲ့ စစ်ရှောင်စခန်းတွေဘက်မှာ နေခဲ့ရတုန်းက တောထဲတောင်ထဲ ဟင်းရှာ၊ ထင်းခွေပြီး လွတ်လွတ်လပ်လပ် ရုန်းကန်ရှာဖွေ လုပ်ကိုင် စားသောက်လို့ ရခဲ့တယ်။ အခု SNA လက်အောက်မှာတော့ အဲဒီလို လွတ်လပ်ခွင့်မျိုး လုံးဝမရှိတော့ဘူး" ဟု ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိ မိုးတွင်းကာလတွင် သွားလာရေး ပိုမိုခက်ခဲလာမှုနှင့်အတူ လွတ်လပ်ခွင့် ဆုံးရှုံးခြင်း၊ အသက်အန္တရာယ် စိုးရိမ်ရခြင်းနှင့် စီးပွားရေး ကျပ်တည်းမှုဒဏ်များကို စစ်ရှောင်ပြည်သူများအနေဖြင့် နေ့စဉ်နှင့်အမျှ အဆမတန် ပိုမိုခံစားနေကြရကြောင်း သတင်းရရှိပါသည်။

ဖောင်းပြင်အခြေစိုက် SNA တပ်မဟာ (၇၅၃) မှ ရဲဘော် (၃) ဦး ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ရောက်ဖောင်းပြင်မြို့အနီး အခြေစိုက်ထားသေ...
03/06/2026

ဖောင်းပြင်အခြေစိုက် SNA တပ်မဟာ (၇၅၃) မှ ရဲဘော် (၃) ဦး ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ရောက်

ဖောင်းပြင်မြို့အနီး အခြေစိုက်ထားသော စစ်ကောင်စီတပ်ရင်း (၃၆၈) ၏ ကွပ်ကဲမှုအောက်တွင်ရှိသည့် SNA တပ်မဟာ (၇၅၃) မှ ရဲဘော် (၃) ဦးသည် အမှတ် (၁) စစ်ဒေသ၊ မော်လိုက်ခရိုင် အမှတ် (၃) တပ်ရင်းထံသို့ လာရောက်ပူးပေါင်းကာ အလင်းဝင်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ SNA ရဲဘော်များသည် ပြီးခဲ့သည့် မေလ (၁၈) ရက်နှင့် (၂၀) ရက်နေ့တို့တွင် မော်လိုက်ခရိုင် အမှတ် (၃) တပ်ရင်း၏ လှုပ်ရှားထိန်းချုပ်ရာနယ်မြေအတွင်းရှိ တော်လှန်ပြည်သူများ၏ ရင်ခွင်သို့ အသီးသီး ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

အလင်းဝင်ရောက်လာသည့် အဆိုပါ SNA ရဲဘော် (၃) ဦးသည် လက်ရှိအချိန်တွင် ၎င်းတို့ နေထိုင်လိုရာ ရပ်ရွာဒေသများ၌ ကောင်းမွန်အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း သိရသည်။

Address

Banmauk
02131

Website

Alerts

Be the first to know and let us send you an email when ဗန်းမောက်မြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category