ဂေါ်ရ်ခါးလူငယ်လူမှုကူညီရေးအသင်းဗန်မော်မြို့ Gurkha Youth Assocition Bha Maw

  • Home
  • Myanmar
  • Bamaw
  • ဂေါ်ရ်ခါးလူငယ်လူမှုကူညီရေးအသင်းဗန်မော်မြို့ Gurkha Youth Assocition Bha Maw

ဂေါ်ရ်ခါးလူငယ်လူမှုကူညီရေးအသင်းဗန်မော်မြို့ Gurkha Youth Assocition Bha Maw Unity and peace TNA , Helping all Nepali brother's & sisters in Thailand and try to make unity with all the community.

Passport for  Thailand Only! ထိုင်းတစ်နိုင်ငံတည်းသားအသုံးပြုခွင့် ရမည့် မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်။• သန်းပေါင်းများ...
25/09/2025

Passport for Thailand Only!

ထိုင်းတစ်နိုင်ငံတည်းသားအသုံးပြုခွင့် ရမည့် မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်။

• သန်းပေါင်းများစွာသော မြန်မာရွေ့ပြောင်းအလုပ်သမားများသည်၊ ထိုင်းနိုင်ငံတွင်း၌ထုတ်ပေးထားသည့် မည်သူမည်ဝါဖြစ်ကြောင်းထောက်ခံစာ ( Certificate of Identity) ( CI) ကိုင်ဆောင်ထားကြသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများသည်။ အာဏာသိမ်း မြန်မာစစ်အစိုးရတစ်ဖြစ်လဲ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ မှ အလုပ်လုပ်ခွင့် ရ နိုင်ငံကူးလက်မှတ် ( Passport for Job) ( PJ) ထုတ်ပေးမည်ဟု ကြေငြာချက်ထုတ်ပြန်ပြီးနောက်။ အများနည်းတူ တစ်ခြားနိုင်ငံများသို့ သွားရောက်လည်ပတ်၊ လုပ်ကိုင်၍ ရရှိမည်ဟုမျော်လင့်ချက်ဖြင့် ငွေကြေးအမြောက်အများပေးပြီး လုပ်ဆောင်နေကြရသည်။
• ထို့အတူ နည်းအမျိူးမျိူး ဖြင့် မြန်မာပတ်စ်ပို့ (အနီ) များနှင့် ဗီဇာသက်တမ်းကုန် သွားသည့် မြန်မာနိုင်ငံသားများအအနေနှင့် လည်း မည်သူမည်ဝါဖြစ်ကြောင်းလက်မှတ် ( CI) မလုပ်ဘဲ အဆိုပါပတ်စ်ပို့ များတွင် သက်တမ်းတိုး လုပ်နိုင်ခဲ့ကြသည်။
• သို့သော်လည်း ယနေ့မှ စပြီး ထိုင်းနိုင်ငံထဲတွင် ပတ်စ်ပို့ သက်တမ်းတိုးမည့် သူများ၊ CI မှ PJ အလုပ်လုပ်ခွင့် ရ ပတ်စ်ပို့ အနီရောင် ပြောင်းမည့် သူများအနေနှင့် ထိုင်းတစ်နိုင်ငံတည်းသားအသုံးပြုခွင့် ရမည့် မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်။ သာ ရရှိတော့မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသားရွေ့ပြောင်းအလုပ်သမားများ အနေနှင့် အလိမ်မခံဖို့ လိုပါသည်။

ထိုင်းနိုင်ငံတွင်းရှိရွေ့ပြောင်းအလုပ်မသားများအတွက် လွန်စွာစိုးရိမ်ပါသည်။ အလုပ်သမားရေးလှုပ်ရှားသူများ/ အလုပ်သမားများအနေနှင့် လွန်စွားစိုးရိမ်းနေကြပါသည်။ အလုပ်သမားများ စည်းလုံးညီညွတ်ဖို့ လိုပါမည်။

ဓါတ်ပုံ။ ဖဘမှ။
Cr: Original

09/09/2025
23/12/2024

ခေတ်ပျက်ထဲမှာ ဉစ္စာပစ္စည်းမကြွားနဲ့
ခေတ်ပျက်ထဲမှာ နေစရာ/နေရာကောင်းမကြွားနဲ့
ခေတ်ပျက်ထဲမှာ စားကောင်းသောက်ဖွယ်မကြွားနဲ့
ခေတ်ပျက်ထဲမှာ ပျော်ရွှင်မှုမကြွားနဲ့။

တချို့တွေ ဘာဉစ္စာပစ္စည်းမှမရှိကျတော့ဘူး
တချို့တွေ အိုးအိမ်ပြာကျနေစရာ/နေရာမရှိကျတော့ဘူး
တချို့တွေ စာကောင်း‌/သောက်ကောင်းထက်
မသေထမင်း/မသေဟင်း စားပြီးအသက်ဆက်နေကျရတာ
တချို့တွေ မပျော်နိုင်ရှာဘူး/အပူမီးကိုယ်စီ
တောက်လောင်/ဝမ်းနည်းငိုကြွေး အမြဲပူပင်
သောက ရောက်နေရတာ။

ခဗျား လူပီသ/တယ်ဆို
ခဗျား မကြွားမိပါစေနဲ့
တချို့ဘဝတွေကို စာနာ/သနား
အားနားတတ်ပါစေ။

ဦးအောင်သင်းစာပေ

#စာပေ
#စာပေများ
#ဆရာအောင်သင်းစာပေ

Written by Gummaw" #တန်ဖိုးကြီးတဲ့အတွက်နောက်ဆုံးပန်းတိုင်ထိအသက်ရှင်ပေးကြပါဆိုပြီးPDFတွေကိုတောင်းဆို...ကျွန်တော်တို့ KIA ...
20/12/2024

Written by Gummaw"
#တန်ဖိုးကြီးတဲ့အတွက်နောက်ဆုံးပန်းတိုင်ထိအသက်ရှင်ပေးကြပါဆိုပြီးPDFတွေကိုတောင်းဆို...
ကျွန်တော်တို့ KIA မှာ ဆယ်တန်းအောင်ပညာတတ်တွေ ဗိုလ်လောင်းသင်တန်းတက်ကြတယ်။ မြို့ပြအုပ်ချုပ်ရေး DGA ကနေဖွင့်တဲ့ Salang Kaba အုပ်ချုပ်ရေးမှူးသင်တန်းမှာ တက်တဲ့လူငယ်တွေ ပိုများတယ်။
Army ဘက်မှာ အားနည်းလာတော့ တစ်အိမ်တစ်ယောက်မလုပ်မနေရ စာနဲ့ခေါ်တယ်။ မလာဘူးဆိုရင်ဖမ်းတယ်။ ကိုယ့်အသိစိတ်ဓာတ်နဲ့ KIA ရဲဘော်လုပ်ဖို့ KIA တပ်ထဲဝင်လာတဲ့ လူတွေကအင်မတန်ရှားပါးလာပါတယ်။ ရဲဘော်အများစုဟာ စစ်ရှောင် သားသမီးတွေများတယ်။
အမှန်အတိုင်းဝန်ခံတာပါ။
နွေဦးတော်လှန်ရေးမှာ ပြည်မဘက်မှ အမှန်တရားကို မြတ်နိုးသော ချမ်းသာပြီးပညာတတ်တဲ့ အတိုင်းအဝိုင်းက လူငယ်တွေ၊ ပညာမတတ်တဲ့ အညတရ ဆင်းရဲသား Gen Z တွေ အလွှာပေါင်းစုံအဆင့်အတန်းပေါင်းစုံ စိတ်တူကိုယ်တူ ခံယူချက် ရည်မှန်းချက်တူညီတဲ့ လူငယ်မြောက်များစွာ စစ်အာဏာရှင်အမြစ်ပြတ်ခြေမုန်းဖို့ နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်တွေဆီမှာ နိမ့်ချစွာစစ်ပညာသင်ကြားဖို့ ရောက်လာခဲ့ကြတယ်။
ဘာသာမတူ လူမျိုးမတူ တဲ့ ကျွန်တော်တို့ နယ်မြေမှာ အာဏာရှင် တော်လှန်လိုတဲ့ စိတ်တစ်ခုတည်းနဲ့ စွန့်စားပြီးလာခဲ့ကြတယ်။ သူတို့ကိုကြည့်လိုက်ရင် ကျွန်တော် တို့ကို အားကိုးတဲ့မျက်လုံးတွေနဲ့ပါ..တိုင်းပြည်ကစုတ်ပြတ်သတ်နေတော့ တန်ဖိုးရှိတဲ့ လူငယ်တွေ တောခိုလာကြတယ်။
သူတို့ တွေအလီလီရောက်လာကြတော့ ကျွန်တော်တို့ ကချင်တွေအတွက်အားတက်စရာတွေ ဖြစ်လာကာ KIA တပ်ထဲ ဝင်တဲ့ ကချင်လူငယ်တွေ တစ်ဖန်ပြန်လည် များပြားလာခဲ့ကြတယ်။
ကျေးဇူးတင်ပါတယ်..
ပြည်မဘက်က Gen Z များရယ်...
ပြည်မဘက်က Gen Z တွေကို ကျွန်တော်တို့ KIA တွေက စစ်ပညာသင်ပေးမယ် လာခဲ့ကြပါလို့ တကူးတက လုံးဝ မခေါ်ပါဘူး။ တစ်ချို့ Gen Z တွေ လမ်းစရိတ်တောင် ချေးငှားပြီးလာကြတယ်။ တစ်ချို့Gen Z တွေ ကြည့်လိုက်ရင် မင်းသားရှုံး တယ်။ မေးကြည့်လိုက်တော့ဆေးကျောင်းသား ဒုတိယနှစ်တဲ့...ကျွန်တော့လို အခါတစ်ရာဖြေတောင် ဆေးကျောင်းမရောက်နိုင်တဲ့လူဆိုတော့ သူတို့ကိုတွေ့ပြီးအံ့တွေသြမိတာအမှန်ပါ။တစ်ချို့Gen Z တွေ အုပ်စုလိုက် ရောက်လာကြတယ်။
ဒါကျွန်တော်တို့ယူခဲ့တဲ့ စားစရာအခြောက်အခြမ်းရိက္ခာထုတ်တွေပါတဲ့. ဒါကကျွန်တော်တို့ စားဖို့ တတ်နိုင်သလောက်စုပြီးယူလာခဲ့ပိုက်ဆံလက်ခံပေးပါတဲ့ လာအပ်ကြတယ်။ကျွန်တော်တို့ တော်လှန်ရေးမပြီးမချင်းမပြန်ဘူး စစ်ပညာဘဲကောင်းကောင်းသင်ပေးပါတဲ့..ဘယ်နားနေနေရတယ်။
ကျောတစ်ခြမ်းအိပ်ရရင် ရပြီတဲ့..ဘယ်လောက်တောင် စစ်ခွေးတွေကိုအမြစ်ပြတ် သတ်ချင်သလဲဆိုတာသူတို့မျက်လုံးတွေကသက်သေပါ။
ပညာကောင်းကောင်းသင်နေရမဲ့အချိန် တစ်ခါမှမရောက်ဖူးတဲ့ နယ်မြေမှာ သူတို့မာနတွေခဝါချကာ စစ်ပညာ သင်ကြား ပေးဖို့ အားကိုးစွာရောက်လာကြတော့..ကျွန်တော်တို့ KIA ရဲဘော်တွေ စံပြဖြစ်အောင်ပိုပြီး သတိထားနေရတော့တယ်။ ..
တစ်ခါမှ မမျော်လင့်ဖူးတဲ့ လူတွေနဲ့တွေ့ဆုံရင်း သူတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေကို လေးစားကာ အား လျော့လာတဲ့ ကျွန်တော်တို့ KIA ရဲဘော်တွေရဲ့တော်လှန်ရေး စိတ်ဓာတ်တွေကိုပြန်လည်မြင့်တင်နိုင်ခဲ့တာအမှန်ပါ..
ကျေးဇူးတင်တယ် ....
ပြည်မဘက်က Gen Z တို့ရယ်..
ဘာစစ်သင်တန်းမှမတက် ခဲ့တဲ့ ပွဲဦးထွက် ကလေးမြို့ ချင်း PDF များ ၊ကယား PDF များ၏ လက်သံပြောင်ချက်ကို ကျွန်တော့မလေးစားဘဲမနေနိုင်ခဲ့ဘူး။ ကိုယ့်ရပ်ကိုယ်ရွာကို ရရာတူမီးသေနပ်များ စွဲကိုင်ကာအသက်ပေး ကာကွယ် ခဲ့ကြတယ်။
PDF အားလုံးရဲ့ရှေ့ဆောင်လမ်းပြတွေပါ။ ရင်ထဲအသည်းထဲမှ လေးစားစွာဂါဝရပြုလိုက်ပါတယ်။ အခု ကောလင်း PDF များကတော့ လာမစမ်းကြပါနဲ့... တူမီးသေနပ်အဆင့် မဟုတ်တော့ဘူး...စစ်ခွေးတွေ ပြုတ်ပြုတ်ပြုန်း နေပြီ။ မြောက်ပိုင်း PDF များကိုတော့ KIA ၏လမ်းညွန်မှုအောက်မှာနည်းဗျူဟာကျကျ နာခံစွာ လက်တွဲ လုပ်ဆောင် နိုင်တော့ ရန်သူများအထိနာနေကြတာ အားလုံးသိပြီးဖြစ်မှာပါ။ ယခုပိုပိုပြီး လက်စောင်းထက်လာတော့မှာပါ။
မြောက်ပိုင်း PDF များ လက်စောင်းထက်နေပေမဲ့ မန္တလေးမြို့နဲ့ ဒီပဲယင်းတွေမှာ PDF တွေသွေးမြေကျနေတာကို တွေ့မြင်ရတော့ ရင်နာနာနဲ့ ကြည့်နေရတယ်။ မင်းတို့ရဲ့ ဓမ္မဘက်ရပ်တည်ကာ အသက်ပေးတိုက်ပွဲဝင်ပေးခဲ့တဲ့ သမိုင်း ကျန်ရစ်တော့မယ်ဆိုပေမဲ့ ဘယ်သူ့သားတွေလဲ ? မိဘတွေဘယ်လောက်မျှော်မှန်းထားတဲ့ သားကောင်းရတနာတွေလဲ? မိဘများနှင့်ထပ်တူရင်ကွဲကြရတာ တစ်နိုင်ငံလုံးပါ။
မင်းတို့တွေကို ငါတို့ဘယ်တော့မှမမေ့ဘူး၊
ပညာကောင်းကောင်းမသင်ခဲ့ရတဲ့ အညတရ PDF များကတော့ ဒီတော်လန်ရေးမှာ ပိုပြီးဆရာကျပါတယ်။
သူတို့တွေမှာ ဘာသံယောဇဉ်မှမရှိဘူး..ကြည့်လိုက်ရင် လူမိုက်ကြီးတွေလို ရဲရင့်တယ် ...မိုက်ရူးရဲတယ် ရှေ့ထွက်ရဲတယ် အော်ရဲတယ်။ တိုက်ရဲတယ်။ သေရဲတယ် ။သူတို့ရဲ့သတ္တိတွေကြောင့်ကျန်တဲ့ PDF တွေအတွက် ရဲရင့်မှုပိုစေတယ် ဆိုတာ ကြားသိရတော့ အညတရ PDF များကိုအချစ်ပိုရပြန်တယ်။ ပညာမတတ်ပေမဲ့နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းကြီး တွေ ပါ။ ဆက်ပြီးဦးဆောင်ပေးဖို့မျှော်လင့်ပါတယ်။
တိုက်ပွဲအတွေ့ အကြုံနည်းပေမဲ့ ချက်ချင်းစစ်မြေ ပြင် ရောက်သွား ကြတဲ့ PDF ညီအစ်ကိုများအားလုံး ကို အထူး သတိထားစေလိုပါတယ်။
ကျွန်တော်တို့ လက်နက်ချင်းယှဉ် ပြိုင်တိုက်ခိုက်ကြတဲ့ တိုက်ပွဲဟာ လူထုဆန္ဒပြတာနဲ့ လုံးဝ မတူပါဘူး။ ငါညီတို့က ဆန္ဒပြတဲ့အချိန် မှာ ဆရာကျမှာပါ။ ရှေ့ထွက်အော်နိုင်သူဟာ အလိုလိုခေါင်းဆောင်ဘဲ..ခွေးတွေ လာရင်အုပ်စုလိုက်ပြေးတယ်။
တစ်ခါတစ်လေပျော်စရာတောင်ကောင်းနေအုံးမယ် ။တစ်ကယ့်တိုက်ပွဲ စစ်မြေပြင်မှာ စစ်ခွေးတွေကညှာမှာမဟုတ်ဘူး..သူသေကိုသေထိုးသတ်ကြရတာလေ...ဒါကြောင့် မိမိတစ်ဦးတည်းချွန်ထွက်ပြီး Power Ranger လုပ်နေလို့မရဘူး ။ အသံထွက်လို့မရဘူး..မိမိနင်းနေတဲ့မြေကြီး...နင်းထားတဲ့သစ်ရွက်လုပ်သံကအစ သတိထားရတယ်။အချိန်မရွှေးနေရာမရွှေးအသက်ထွက်သွားနိုင်တယ်။ရန်သူများထက်လက်ဦးမှုရယူရမယ်။
လုံခြုံမှုရှိရမယ်။ဦးဆောင်သူများ၏ ဗျူဟာကိုကောင်းစွာနာခံဖို့ကအရေးကြီးတယ်။နှုတ်လုံရမယ်။လူငယ်သဘာဝ ထင်ပေါ်ကျော်ကြားမှု Media ပေါ်အလျင်စလိုတင်ပြမှုတွေကိုလည်းအထူးသတိထားဆင်ခြင်ရမှာဖြစ်တယ်။
အရမ်းစိုးရိမ်လို့ပါ ငါ့ညီတို့ရယ်..
မင်းတို့ထက်လူအင်အား လက်နက်အင်အားအဆမတန်တာလွန်ယုံမက နှစ်ပေါင်းများစွာစနစ်တကျ train လုပ်ပြီး သား အုပ်မြစ်ခိုင်နေပြီဖြစ်တဲ့မြန်မာ့တပ်မတော်ဆိုတဲ့စစ်ခွေးတွေနဲ့ ယဉ်ပြိုင်တိုက်ခိုက်ရတာဂုဏ်ယူလိုက်စမ်းပါ။ မင်းတို့က ရက်တိုသင်တန်းနဲ့ တင်စစ်ခွေးတွေကိုထိုးသတ်ရတာ တန်ပါတယ်။
ပိုပြီးအားတက်စရာကောင်းတာက မင်းတို့ဘက်မှာသန်း ၅၀ သောပြည်သူတွေရှိတယ်။ အများပြည်သူတွေရဲ့ ဆုတောင်းမေတ္တာပို့သမှုနဲ့ အားပေးထောက်ခံပေးမှုကြောင့် မင်းတို့ရဲ့ တော်လှန်ရေးဘယ်တော့မှမရှုံးဘူး...အဆုံးမှာဓမ္မဘက်ကနိုင်စမြဲပါ။
မင်းတို့ကိုပြည်သူတွေကချစ်လွန်းလို့ ဘယ်သူက မွေးမွေးငါတို့သားတွေပါတဲ့..
ငါတို့တွေတိုက်တဲ့နေရာခြင်းသာမတူပေမဲ့ တိုက်နေတဲ့ဘုံရန်သူကတစ်ခုတည်းပါ။တစ်ချို့ တာဝန်အရပြန်သွားတဲ့ ညီငယ်တွေကို စကားမှာချင်တယ်...တော်လှန်ရေးကာလမို့ ဧည့်ဝတ်မကျေခဲ့ရင် ခွင့်လွတ်ပေးပါနော်...အောင်မြင်မှုတွေနဲ့ အတူပြန်ဆုံကြမယ်...
ကျေးဇူးပြုပြီးနောက်ဆုံးပန်းတိုင် အထိအသက်ရှင်ပေးကြပါနော်..တိုင်းပြည်သစ်ကြီးအတွက် မင်းတို့တွေ သိပ်တန်ဖိုးကြီးတယ်။
@ဂွန်မော်
Crd

ကချင်စစ်မျက်နှာက ဗန်းမော် စစ်ဆင်ရေး (ရုပ်/သံ) ဧရာဝတီ၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၄ ဗန်းမော်၊ မံစီဒေသ စစ်ဆင်ရေးသည် အင်အားများပြားသော ...
19/12/2024

ကချင်စစ်မျက်နှာက ဗန်းမော် စစ်ဆင်ရေး (ရုပ်/သံ)

ဧရာဝတီ၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၄

ဗန်းမော်၊ မံစီဒေသ စစ်ဆင်ရေးသည် အင်အားများပြားသော ရန်သူကို တိုက်ခိုက်ရသည်ဖြစ်၍ အချိန်တို ပြီးစီးနိုင်မည်ဟု ခန့်မှန်းရန် ခက်ခဲပါသည်။ သို့သော်လည်း ထင်မှတ်ထားသည်ထက်လည်း ပို၍ မြန်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ KIA ပူးပေါင်းအင်အားများက အောင်ပွဲရသည်အထိ ဗန်းမော်စစ်ဆင်ရေးကို ဆင်နွှဲသွားမည်ဆိုသည်ကတော့ ယုံမှားသံသယရှိရန် မလိုအပ်ပေ။

ထို့ပြင် ဗန်းမော် စစ်ဆင်ရေးသည် ကချင်ပြည်နယ်တွင်းမှ နောက်ဆုံးစစ်ဆင်ရေးလည်း ဖြစ်လိမ့်မည် မဟုတ်သေးပေ။ ဗန်းမော် စစ်ဆင်ရေးသည် ပိုမိုကြီးသည့် အောင်ပွဲများအတွက် နောက်တဆင့် တက်လှမ်းလိုက်ခြင်းဖြစ်၏။

ဗန်းမော်စစ်ဆင်ရေးအောင်ပွဲသည် ကချင်စစ်မျက်နှာတွင်သာမက စစ်ကိုင်းတိုင်း စစ်မျက်နှာအတွက်ပါ အလှည့်အပြောင်းကြီးတရပ် ဖြစ်ပေါ်လာလိမ့်မည်ဖြစ်၏။
https://youtu.be/ahNLLHDOrjc

#မြန်မာ #ဧရာဝတီ #ကချင် #ဗန်းမော် #မံစီ #တရုတ်
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

https://youtu.be/ahNLLHDOrjc

ဧရာဝတီ၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၄ ဗန်းမော်၊ မံစီဒေသ စစ်ဆင်ရေးသည် အင်အားများပြားသော ရန်သူကို တိုက်ခိုက်ရသည်ဖြစ်၍ အချ.....

17/12/2024

KIA ထိုးစစ်ဆင်နေတဲ့ ဗန်းမော်မြို့ စစ်ရေးအခြေအနေ
----------------
ကချင်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီစခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ KIA ဆီကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၈၈ တပ်စွဲထားတဲ့ နမ့်ဖားရပ်ကွက်က ဗန်းမော်တက္ကသိုလ်ကို KIA နဲ့ ပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ဒီဇင်ဘာ ၁၂ရက်နေ့ညနေပိုင်းက သံချပ်ကာယာဉ်တစ်စီးကို သိမ်းပိုက်ရရှိထားတယ်လို့ တိုက်ပွဲအခြေအနေကိုသိရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့ပေါ်က စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ စုပေါင်းရုံး၊ မြို့နယ်ရဲစခန်း စတဲ့နေရာတွေကိုလည်း KIA တပ်တွေက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုနဲ့ စစ်ကောင်စီတပ်လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မြို့တွင်းက ပါရာဒိုက်ဟိုတယ်၊ ချယ်ရီတန် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ခွန်သာရပ်ကွက်နဲ့ စာတိုက်ရုံး အနီးတဝိုက်တို့မှာလည်း နေအိမ်တွေ မီးလောင်ပျက်စီးနေတာတွေကို မြင်တွေ့ခဲ့တယ်လို့လည်း ဗန်းမော်မြို့ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြို့ခံတွေကဆီကနေ သိရပါတယ်။

ခုဆိုရင်တော့ ဗန်းမော်မြို့သူ၊ မြို့သားတွေအားလုံးနီးပါးဟာ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေး၊ တိမ်းရှောင်နေကြပါတယ်။ ဗန်းမော်မြို့က ပြည်သူတွေဟာ ရေလမ်းနဲ့ ကုန်းလမ်း လမ်းကြောင်းနှစ်ခုကနေ မြို့ကိုစွန့်ခွာလာခဲ့ကြတာပါ။

စစ်လှေနဲ့တဆင့် ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး ကုန်းလောနဲ့ ဒေါ့ဖုန်းယန်ဘက်ကို ထွက်ပြေးကြသူတွေ ရှိသလို တချို့ကလည်း ညောင်ပင်သာလမ်းကနေတဆင့် မံစီဘက်ကို ထွက်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

နီးစပ်ရာကျေးရွာတွေနဲ့ မြို့ပေါ်တွေကို တိမ်းရှောင်ကြသူတွေ ရှိသလို တိုက်ပွဲနဲ့ဝေးတဲ့ ယာခင်းတွေနဲ့ မြစ်ချောင်းဘေးတွေမှာ ယာယီမိုးကာတဲထိုးပြီး စစ်ရှောင်နေကြသူတွေလည်း အများအပြား ရှိနေပါတယ်။

ဗန်းမော်မြို့မှာတော့ အသက်အရွယ်ကြီးရင့်သူအချို့နဲ့ အိမ်စောင့်ဖို့ကျန်ခဲ့သူတချို့သာ ကျန်ရှိပြီး အများစုက ထွက်ခွာလာတာကြောင့် ဗန်းမော်မြို့တွင်းက နေအိမ်နဲ့ ဈေးဆိုင်တွေကို အုပ်စုဖွဲ့ပြီး ဖောက်ထွင်း၊ ခိုးယူမှုတွေလည်း ရှိနေတယ်လို့ မြို့ကနေစွန့်ခွာလာသူတွေက ပြောကြပါတယ်။

သတင်း၊ ရိုက်ကူး - Pau

Cr: Myanmar Now

ကျွန်တော့်ကို ဗုဒ္ဓဘာသာလား လို့မေးရင် ကျွန်တော်က ဗုဒ္ဓဘာသာ မဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့...  ဗုဒ္ဓဘာသာ မဖြစ်နိုင်လို့ပါ...
07/10/2023

ကျွန်တော့်ကို ဗုဒ္ဓဘာသာလား လို့မေးရင် ကျွန်တော်က ဗုဒ္ဓဘာသာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့... ဗုဒ္ဓဘာသာ မဖြစ်နိုင်လို့ပါ။

ဘာလို့မဖြစ်နိုင်တာလဲဆိုတော့...
လောကမှာ ဗုဒ္ဓဘာသာဆိုတာ တကယ်မရှိလို့ပါ။

တကယ်တော့ ဗုဒ္ဓဘာသာဆိုတာ လူတွေဖန်တီးထားတာသပ်သပ်ဖြစ်ပြီး အမှန်စင်စစ် ဗုဒ္ဓကိုယ်တိုင်က ဘာသာတရားတစ်ခုကို မဖန်တီးခဲ့ပါဘူး။

သူက အမှန်တရားတွေကို ပြောခဲ့တယ်။ သဘာဝတရားတွေကိုပြောခဲ့တယ်။ အဲဒါကို မိမိကိုယ်တိုင် ဝေဖန်ပိုင်းခြားပြီးမှ လက်ခံကျင့်သုံးဖို့ တိုက်တွန်းခဲ့တယ်။

ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ယုံကြည်ဖို့ အားကိုးဖို့ ဆုံးမခဲ့တယ် ။

သူပြောခဲ့တာတွေက ပညာတစ်ခုထဲကိုသာ ရိုးရှင်းစွာအခြေခံခဲ့တာပါ။

သူဟာ ဘာသာတရားတွေထဲက God ထာဝရဘုရားသခင်လို အကိုးကွယ်ခံ မဟုတ်သလို ဘယ်သူ့ကိုမှလည်း ကယ်တင်ပေးမှာမဟုတ်ပါဘူး။

သူ့ကို မကိုးကွယ်လို့လည်း
ဘာအပြစ်မှမရှိပါဘူး။

အပြစ်ရှိခြင်း မရှိခြင်းက
ကိုယ်နဲ့ပဲဆိုင်ပြီး ကောင်းတာလုပ်ရင် ကောင်းတာဖြစ်လာပြီး မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။

ဘယ်ဟာက ကောင်းတာ၊ ဘယ်ဟာက ဆိုးတာ ဘယ်လိုပိုင်းခြားလဲ၊ ဘယ်လိုတွေးခေါ်လဲ၊ ဘယ်လိုကျင့်သုံးရမလဲ ဆိုတာတွေ ပြောပြခဲ့ပါတယ်။

လက္ခံတာ/ မခံတာ၊
ကျင့်သုံးတာ/ မသုံးတာနဲ့
အကျိုးရလာဒ်တွေကတော့ ကာယကံရှင်နဲ့ပဲ ဆိုင်ပါတယ်။

"ဗုဒ္ဓသည် ဗုဒ္ဓဝါဒကို မသင်ကြားခဲ့ပါ။
ဗုဒ္ဓသည် ဓမ္မကိုသာ သင်ကြားခဲ့ပါသည်"

( ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာကြီး_ဦးဂိုအင်ကာ )

20/09/2023

#ပိုက်ဆံရှိကြောင်းမကြွားပါနဲ့

ဆေးရုံရောက်ရင် ပိုက်ဆံဟာ
စက္ကူနဲ့ တူသွားတယ်။

အလုပ်ကောင်းကြောင်း မကြွားပါနဲ့
သင်ပြုတ် သွားတာနဲ့
နောက်တစ်ယောက်ချက်ချင်း အစားထိုးတယ်။

ရာထူးကြီးကြောင်း မကြွားပါနဲ့
အသက်၆၀ပြည့်ရင် အော်တိုပြုတ်သွားတယ်။

အိမ်ကြီးအိမ်ကောင်းဆိုပြီး မကြွားပါနဲ့
သင်မရှိတော့တာနဲ့
တခြားလူဟာဖြစ်သွားတယ်။

ရွှေ ငွေ လက်ဝတ်ရတနာတွေ
ပေါများပါတယ်လို့ မကြွားလိုက်ပါနဲ့
သေသွားရင် ချက်ချင်း ဖြုတ်ယူကြတယ်။

ကားကောင်းစီးနိုင်ကြောင်း မကြွားပါနဲ့
သင်ထွက်သွားတာနဲ့ ကားသော့က
တခြားလူလက်ထဲ ရောက်သွားတယ်။

သင်ကြွားနိုင်တဲ့ တစ်ခုတည်းသောအရာက
သင့် #ကျန်းမာရေး ပါ။

တခြားလူတွေ ထွက်သွားချိန်မှာ
သင် ရေနွေးကြမ်းသောက် နေပူစာလှုံရင်း
ဘဝကိုခံစား ကုသိုလ်တရားတွေ
လုပ်နေနိုင်ပါတယ်။

ကိုယ့်ကိုကိုယ် ကောင်းကောင်းဆက်ဆံပါ
သင့်ရဲ့ ကိုယ်အင်္ဂါပစ္စည်း အစိတ်အပိုင်းတွေက အဆမတန် စျေးကြီးလို့ပါ။

ပြီးတော့ အပိုပစ္စည်းလည်း မရှိလို့ပါ။

မနက်စာကို ဘုရင်လိုစားတဲ့
ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် အာဟာရရှိတဲ့ အစားအစာတွေကို စားပေးဖို့ကလည်း
အဓိကျပါတယ်။

ကိုယ်ကာယ လေ့ကျင့်ခန်းတခုခုလုပ်ရင်း
ဆီလျှော့ ဆားလျှော့ အချိုလျှော့ စားခြင်းဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြပါစို့...။

-to-Original writer

16/09/2023

" Khay Mar Budathoki Khay Mar Budathoki ခေမားမှာ လိုအပ်ချက်လေးတွေ‌ရှိနေသေးတယ်ပေ့ါနော်။ အခုရသွားတဲ့ဆုကလည်း မျှော်လင့်ထားတဲ့အတိုင်းရရှိခဲ့လို့ ထိုက်တန်ပါတယ်။ ရှေ့ဆက်ပြီးတော့ ကြော်ငြာလေးတွေရိုက်မယ်။ အနုပညာလမ်းကြောင်းမှာပဲ ဆက်ပြီးလျှောက်လှမ်းသွားဖို့ရှိပါတယ် " Miss Universe Myanmar Second Runner Up ဆုရရှိခဲ့တဲ့ ဗန်းဗော်ကိုယ်စားပြုအလှမယ် ခေမား

#ခေမား

Address

Sai Pan Gon Nam Pha
Bamaw

Telephone

+959400541658

Website

Alerts

Be the first to know and let us send you an email when ဂေါ်ရ်ခါးလူငယ်လူမှုကူညီရေးအသင်းဗန်မော်မြို့ Gurkha Youth Assocition Bha Maw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ဂေါ်ရ်ခါးလူငယ်လူမှုကူညီရေးအသင်းဗန်မော်မြို့ Gurkha Youth Assocition Bha Maw:

Share