Gaingar Quarter ဂင်္ဂါရပ်ကွက်

Gaingar Quarter ဂင်္ဂါရပ်ကွက် Gaingar Quarter Gaingar quarter

သားသမီး ငွေ ဘယ်လောက်ရှိရှိအလိုက်သိမှ မိဘ စားရတာပါသားသမီး မကြွယ်ဝလည်းသိတတ်ရင် မိဘ စိတ်ချမ်းသာရတတ်ပါတယ်သားသမီး ပညာဘယ်လောက်...
24/01/2025

သားသမီး ငွေ ဘယ်လောက်ရှိရှိ
အလိုက်သိမှ မိဘ စားရတာပါ

သားသမီး မကြွယ်ဝလည်း
သိတတ်ရင် မိဘ စိတ်ချမ်းသာရတတ်ပါတယ်

သားသမီး ပညာဘယ်လောက်တတ်တတ်
ရိုသေတတ်မှ မိဘအပေါ် ဂါရဝရှိတာပါ

သားသမီး ပညာမတတ်လည်း
ဂါရဝရှိရင် ရိုသေရမှန်း သိပါတယ်

အများအမြင်မှာ
သားသမီး ကောင်းစားနေတာမြင်ရင်
သူ့မိဘ အဆင်ပြေတယ် မထင်သင့်သလို
အဆင်မပြေတဲ့ သားသမီးမြင်တိုင်း
သူ့တို့မိဘတွေ ဒုက္ခရောက်မယ် မထင်ပါနဲ့

အဓိကက
ဂါရဝရှိ အလိုက်သိရင်
မပြည့်စုံရင်နေပါ
ဘယ်မိဘမှ စိတ်ဆင်းရဲရမည် မဟုတ်ပါ …။

လယ်ယာမြေနှင့်ပတ်သက်၍ ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး၊ အမွေဆက်ခံ၊ လှူဒါန်း၊ စွန့်လွှတ်မှုများအတွက် စာချုပ်ခြင်း၊ စာချုပ်မှတ်...
19/01/2025

လယ်ယာမြေနှင့်ပတ်သက်၍ ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး၊ အမွေဆက်ခံ၊ လှူဒါန်း၊ စွန့်လွှတ်မှုများအတွက် စာချုပ်ခြင်း၊ စာချုပ်မှတ်ပုံတင်ခြင်း
****************************************

ပုံစံ ၇ ရှိတဲ့ လယ်ယာမြေကို ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး၊ အမွေဆက်ခံ၊ လှူဒါန်း၊ စွန့်လွှတ်ခြင်းများ တရားဝင်ပြုလုပ်ရာမှာ ရပ်ကျေးလယ်စီရှေ့မှောက် စာချုပ်ချုပ်ဆို အခွန်ဆောင်ပြီးရင် စာချုပ်ကို မြေစာရင်းဌာန (လယ်စီအင်းရုံး)မှာ မှတ်ပုံတင်ရပါတယ်။

ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး၊ အမွေဆက်ခံ၊ လှူဒါန်း၊ စွန့်လွှတ် ပြုလုပ်မည့်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များက..
(၁) အမှန်တကယ် စာချုပ်ချုပ်ဆိုဆောင်ရွက်မည့် ဧရိယာကို မြေစာရင်းဝန်ထမ်းနဲ့ တစ်နှစ်အတွင်း မြေတိုင်းတာစိစစ်ထားတဲ့ သက်သေခံမြေပုံ (၂) ပုံနှင့် မြေရာဇဝင်ထုတ်ယူရပါမယ်။ (၁၀၅/၁၀၆)
(၂) ပုံစံ ၇ မူရင်းနှင့် သက်သေခံမြေပုံ
(၃) ကာယကံရှင်များနှင့် အသိသက်သေ နှစ်ဦး လက်မှတ်ရေးထိုးထားတဲ့ စာချုပ်မူရင်း။
(၄) ကာယကံရှင်များနှင့် အသိသက်သေများ နိုင်ငံသားဖြစ်ကြောင်း အထောက် အထား။ (နိုင်ငံသားစိစစ်ရေးကဒ်များ)

ဒီအချက်အလက်တွေ ပြည့်စုံရင် သက်ဆိုင်ရာ ရပ်ကျေးလယ်စီအဖွဲ့ရှေ့မှောက်မှာ တင်ပြရမှာ ဖြစ်ပါတယ်။ ရပ်ကျေးလယ်စီအဖွဲ့က တင်ပြချက်ကို စိစစ်ရာမှာ လယ်ယာမြေက သူတို့ရပ်ကျေးနယ်နိမိတ်အတွင်း ဟုတ်မဟုတ်၊ ပုံစံ ၇ ရှိသူမှန်မမှန်/ ဟုတ်မဟုတ်၊ နိုင်ငံသားများ ဟုတ်မဟုတ်၊ မြန်မာစာနဲ့ရေးထားတဲ့စာချုပ် ဟုတ်မဟုတ်၊ တံဆိပ်ခေါင်းခွန် ပြည်စုံအောင် ကပ်နှိပ်ထားခြင်း ရှိမရှိ၊ ဧရိယာနှင့် မြေရာဇဝင် မှန်မမှန်၊ ပေါင်နှံခြင်း/ငှားရမ်းခြင်းအတွက် သတ်မှတ်ကာလ ပါမပါ၊ နိုင်ငံခြားသားများ ပါဝင်ပတ်သက်ခြင်း ရှိမရှိ၊ ပြဿနာအရှုပ်အရှင်းနှင့် ကန့်ကွက်ခြင်း ရှိမရှိတို့ကို စိစစ်မှာ ဖြစ်ပါတယ်။ ဒီအချက်တွေကို စိစစ်ပြီး မှန်ကန်ရင် စာချုပ်နဲ့ သက်သေခံမြေပုံပေါ်မှာ ရပ်ကျေးလယ်စီအဖွဲ့ ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် (၃)ဦး (အနည်းဆုံး သုံးဦး) လက်မှတ်ရေးထိုးပြီး ရပ်ကျေးလယ်စီအဖွဲ့ ရုံးတံဆိပ် ရိုက်နှိပ်ပေးမှာဖြစ်ပါတယ်။ ရပ်ကျေးလယ်စီရုံး မှတ်တမ်းစာအုပ်မှာ မှတ်တမ်းရေးသွင်းခြင်း၊ စာချုပ်မိတ္တူများ ထားရှိခြင်းပြုလုပ်ပြီး မူရင်းများကို ကာယကံရှင်ကို ပြန်လည်ပေးအပ်မှာ ဖြစ်ပါတယ်။

ဒီအဆင့်တွေ ပြီးသွားရင် စာချုပ်ကို မှတ်ပုံတင်ရတော့မှာ ဖြစ်ပါတယ်။ စာချုပ်မှတ်ပုံတင်တယ်ဆိုတာ တရားဝင် သက်သေ အထောက်အထားအဖြစ် အာမခံချက်ရယူတာဖြစ်ပြီး၊ ဌာနဆိုင်ရာက အာမခံချက်ပေးခြင်း ဖြစ်ပါတယ်။ စာချုပ်ကို တရားဝင် ဖြစ် မဖြစ်၊ ချုပ်ဆိုသူတို့ မှန် မမှန် စစ်ဆေးပြီး မှတ်ပုံတင်ကာ အာမခံချက်ပေးခြင်းပဲ ဖြစ်ပါတယ်။

စာချုပ်ကို မှတ်ပုံတင်မယ်ဆိုရင် မြို့နယ်မြေစာရင်းရုံးကို အောက်မှာပါတဲ့ ပုဂ္ဂိုလ် ကိုယ်တိုင် သို့မဟုတ် တရားဝင်ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူက သွားရောက် လျှောက်ထားရမှာ ဖြစ်ပါတယ်...
(၁) အရောင်းအဝယ် စာချုပ်စာတမ်း ဖြစ်ရင် ဝယ်ယူသူ၊
(၂) လဲလှယ်ခြင်း စာချုပ်စာတမ်း ဖြစ်ရင် လဲလှယ်သူများ၊
(၃) ပေးကမ်းခြင်း စာချုပ်စာတမ်း ဖြစ်ရင်လက်ခံသူ
(၄) ပေါင်နှံခြင်း စာချုပ်စာတမ်း ဖြစ်ရင် ပေါင်နှံသူ သို့မဟုတ် ပေါင်နှံခြင်းကို လက်ခံသည့် အစိုးရဘဏ် သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရက သတ်မှတ်သောဘဏ်မှ တာဝန်ရှိသူ တစ်ဦး
(၅) ငှားရမ်းခြင်း စာချုပ်စာတမ်းဖြစ်ရင် ငှားယူသူတို့ ဖြစ်ပါတယ်။

ဒီလိုလာရောက်တဲ့နေရာမှာ ယူဆောင်လာရမယ့် အထောက်အထားတွေက...
(၁) ရုံးခွန်တံဆိပ်ခေါင်း ကပ်နှိပ်ထားတဲ့ လျှောက်လွှာပုံစံ၊ (ပုံစံပူးတွဲတင်ပြထားပါတယ်)
(၂) မှတ်ပုံတင်လိုတဲ့ စာချုပ်စာတမ်းမူရင်း
(၃) နိုင်ငံသားဖြစ်ကြောင်း အထောက် အထားမူရင်း (နိုင်ငံသားစိစစ်ရေးကဒ်)
(၄) လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ မူရင်းနှင့် သက်သေခံမြေပုံ၊
(၅) သက်ဆိုင်ရာနှစ်အတွက် ရေးကူးထုတ်ပေးထားတဲ့ ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း အမှန်တကယ် ဆောင်ရွက်မည့် ဧရိယာ သက်သေခံမြေပုံ

ဒီအချက်အလက် အပြည့်အစုံနဲ့ မြေစာရင်းရုံးကို စာချုပ်မှတ်ပုံတင်ပေးဖို့ တင်ပြရမှာဖြစ်ပါတယ်။ ဒီတင်ပြချက်တွေကို မြေစာရင်းရုံးက စိစစ်ပြီး မှန်ကန်ရင် စာချုပ်မှတ်ပုံတင်ပေးမှာ ဖြစ်ပါတယ်။ ဌာနက စိစစ်ဆောင်ရွက်ရမည့် အချက်များကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ညွှန်ကြားထားပြီး ညွှန်ကြားချက်များကို လေ့လာနိုင်အောင် ပူးတွဲ တင်ပြလိုက်ပါတယ်။

crd to Myo Min Htun

19/01/2025
14/01/2025

အလုပ်မရှိအကိုင်မရှိ ထင်မနေနဲ့
အားနေ ဖဲရိုက်တယ်
တို့ရပ်ကွက်ထဲမှာဆို ဇိုး
မကုန်ရင် အိမ်မပြန်ဘူး

26/04/2023

Tribal headquarters

ဂင်္ဂါ ဒီဇင်ဘာ ၂၃နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ လမ်းညွန်ချက်နှင့်အညီ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပ...
23/12/2021

ဂင်္ဂါ ဒီဇင်ဘာ ၂၃
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ လမ်းညွန်ချက်နှင့်အညီ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းအရ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညောင်ဦးမြို့နယ်
လဝကမှုး ဒေါ်လှမြတ်မြတ်ထွန်း ဦးစီးသော ဝန်ထမ်းများမှ ဒီဇင်ဘာ ၂၃ ရက်ယနေ့ ဂင်္ဂါရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေး။
သို့ဖြစ်ပါ၍ ၁၆ နှစ်အထက် တစ်ကြိမ်မှ မပြုလုပ်ဖူးသူ နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်လိုသူများ အိမ်ထောင်စုစာရင်း မှုရင်း/မိတ္တူတစ်စောင် ဖခင် မှတ်ပုံတင်မှုရင်း-မိတ္တူတစ်စောင်/ မိခင် မှတ်ပုံတင် မှုရင်း-မိတ္တူတစ်စောင်/ ဖြူမဲ ဓါတ်ပုံ (၅)ပုံ ကျောင်းသား/သူဖြစ်ပါက ကျောင်းထောက်ခံစာ ယူလာပေးပါရန်နှင့် ပြုလုပ်လိုသူများ ဘုရားနှစ်ဆူအတွင်း လာရောက် လုပ်ဆောင်ကြပါရန် အသိပေးနိုးဆော်ပါတယ်။

ဂင်္ဂါ ရပ်ကွက်

🥀မင်္ဂလာရှိသောညချမ်းအချိန်အခါလေးပါ🥀🥀 သတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေ🥀🥀 မေတ္တာရေချမ်းသွန်းကာဖြန်းငြိမ်းချမ်းကျပါစေ🥀🥀 ...
29/11/2021

🥀မင်္ဂလာရှိသောညချမ်းအချိန်အခါလေးပါ🥀

🥀 သတ္တဝါများစွာ
ဘေးရန်ကွာချမ်းသာကြပါစေ🥀

🥀 မေတ္တာရေချမ်းသွန်းကာဖြန်း
ငြိမ်းချမ်းကျပါစေ🥀

🥀 သက်ရှည်ကျန်းမာစိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ🥀

🥀 ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာဖြင့်
ကောင်းစွာအိပ်စက်နိုးထနိုင်ကြပါစေ🥀

🥀 ကောင်းမှူအစုစုနေ့စဉ် ပြု ၍
ကြည်နူးချမ်းမြေ့နိုင်ကြပါစေ🥀

🥀 ဘေးရန်ခပ်သိမ်းရှောင်ခွာငြိမ်း၍
အေးချမ်းသာယာရှိနိုင်ကြပါစေ 🥀

🥀 စိုးရိမ် သောက ဗျာပါဒများ
ကင်းစင်ငြိမ်းအေးနိုင်ကြပါစေ 🥀

🥀 ဆင်းရဲ ဒုက္ခအနန္တတို့သည်မြူ မျှမတင်
ကင်းစင်လွင့်ပျောက်ချမ်းသာရောက်နိုင်ကြ
ပါစေ🥀

🥀 နှလုံးစိတ်ဝမ်းကြည်ရွှင်လန်း၍
ကောင်းသော လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေ 🥀

🥀 စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း
ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့်ပြည့်စုံနိုင်ကြပါစေ🥀

Address

Bagan-Chauk Main Road
Bagan

Website

Alerts

Be the first to know and let us send you an email when Gaingar Quarter ဂင်္ဂါရပ်ကွက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Gaingar Quarter ဂင်္ဂါရပ်ကွက်:

Share