Bagan စာဖတ်အိမ်

Bagan စာဖတ်အိမ် Great Start means good to great for kids,start learning for the first time. This is a chance for Children who are willing to start for their journey begin.

အသက်မွေးမှု ပညာ သင်ယူချင်တဲ့ လူငယ်တို့အတွက်ပညာဒါန သင်တန်းGoogle form ဖြည့်ပြီး စာရင်ပေး အပ်နှံပါ။
10/08/2023

အသက်မွေးမှု ပညာ သင်ယူချင်တဲ့
လူငယ်တို့အတွက်
ပညာဒါန သင်တန်း

Google form ဖြည့်ပြီး စာရင်ပေး အပ်နှံပါ။

12/07/2017

''သမီး ကျောင်းမှာစာသင်ရတာ အဆင်ပြေလား''

''ပြေတယ်ဖေဖေ ဒါပေမယ့် တချို့ ကလေးတွေက သိပ်ဆိုးတယ်''

''ရိုက်မိမှာပေါ့ ''

''ရိုက်ရတာပေါ့ဖေဖေရယ်...''

''တခြားနည်းမရှိဘူးလားသမီးရဲ့''

''သူတို့ ကရိုက်မှ မှတ်တာဖေဖေ
သမီးလည်း ဘယ်ရိုက်ချင်ပါ့မလဲ''

''သမီးရယ် ဒီလိုပဲအရှုံးပေးတော့မှာ လား''

''ရှင်... ''

''သမီးတို့ ကပြောတယ် အိုးကောင်းချင် ရင်နာနာရိုက်တဲ့...
တကယ်တော့ စနစ်တကျဖွဲ့ စည်းထား ထားတဲ့ဘယ်ပစ္စည်းကိုမဆို ပျက်ရင် ညင်သာစွာပြင်ရတယ် ပိုဂရုစိုက်ရ တယ်...
ဆိုင်ကယ်တစ်စီးပျက်ရင်ဖြစ်ဖြစ်
ကားတစ်စီးပျက်ရင်ဖြစ်ဖြစ်
နာနာရိုက်ရုံနဲ့ ပြန်ကောင်းရိုး
ထုံးစံရှိလား.... သူတို့ ကလူတွေပါ...
သမီးထက်နုနယ်တဲ့သူတွေ
သမီးထက်ဥာဏ်နည်းတဲ့သူတွေ...
မေတ္တာနဲ့ မလွှမ်းမိုးနိုင်ဘူးလား''

''ခေတ်အဆက်ဆက် ဒီနည်းနဲ့ ပဲ ဆုံးမလာခဲ့တာလေ''

''ခေတ်အဆက်ဆက်မှားခဲ့တာပေါ့
သမီးရယ်''

''ဖေဖေ လာသင်ကြည့်ပါ
ဖေဖေကိုယ်ချင်းစာတတ်သွားမယ်''

''သမီးမှတ်မိလား... သမီးငယ်ငယ်က
အိပ်ရာထဲသေးပေါက်ချတယ်'

''ဟာ ဖေဖေကလည်း အဲ့ဒါငယ်ငယ်ကပါ''

''ဟုတ်တယ်သမီး ငယ်ငယ်က
အသိဥာဏ်မပြည့်စုံခင်က
သမီးအမှားလုပ်ခဲ့တယ်
ဟုတ်သလား''

'ဘာဆိုင်လို့ လဲ''

''ဆိုင်တယ်သမီး... တကယ်တော့ သမီးမမှားဘူး အဲ့ဒါမမှန်သေးတာ...
အိပ်ယာထဲသေးမပေါက်ရဘူးဆို
တာ... သမီးမသိသေးတာ ...
အဲ့ဒါအမှားမဟုတ်ဘူး...
ဖေဖေတို့ ငယ်ငယ်ကလည်း ဒီလိုပဲ
ဒါကြောင့်ကိုယ်ချင်းစာတယ်
ခွင့်လည်းခွင့်လွှတ်တယ်.. .
နောက်ထပ်ထပ်မဖြစ်စေဖို့ လည်း
အချိန်ယူပြီး ပြင်ဆင်ပေးခဲ့တယ်

သမီးစဉ်းစားကြည့်... ဝလုံးစရေးတတ်ကစကလေးငယ် ဟာ ဝလုံးကို မှန်အောင်ဆွဲတတ်ပါ့မလား...
အဲ့ဒါအမှားလား...

မဟုတ်ဖူးသမီးရဲ့
သူမမှန်သေးတာ... သူမှန်လာဖို့ 
ဆရာမတွေမှာ တာဝန်မရှိဘူးလား''

''ဟုတ်ကဲ့ဖေဖေ''

စကားထောက်ပေးတဲ့အနေနဲ့ ...
ဟုတ်ကဲ့လို့ ဖြေပေးပုံရတယ်...

''သမီးပြောကြည့်စမ်း ဘယ်
ိုကိစ္စမျိုးတွေကိုသမီးရိုက်လဲ''

''အချင်းချင်းရန်ဖြစ်ရင် ရိုက်တယ်ဖေဖေ...''

''ဘယ်သူ့ ကိုရိုက်လဲ ''

''နှစ်ယောက်စလုံးကိုရိုက်တယ်''

''လွန်တဲ့သူကိုပိုရိုက်တာလား''

''ဟုတ်ဖေဖေ သေချာမေးပြီးမှ
လွန်တဲ့သူကို ရိုက်တာ''

''ဖေဖေသာဆိုမရိုက်ဘူး''

''ဖေဖေဆိုဘယ်လိုလုပ်မလဲ''

''သမီးကိုပြန်မေးမယ် သူတို့ ရန်ဖြစ် တော့ သမီးဒေါသမထွက်ဘူးလား''

''ထွက်တာပေါ့ဖေဖေရယ်.. အခြား အာရုံနောက်စရာတွေကလည်း ရှိတော့ တခါတလေစိတ်ကုန်မိတယ်''

''အဖြေကအဲ့ဒါပဲသမီး...
သမီးစိတ်ကရှုပ်ထွေးသွားတော့ ပြသနာတစ်ခုကိုပြေလည်အောင်
ဖြေရှင်းဖို့ သမီးအရညိအသွေး နိမ့်သွားတာ...
နံပါတ် ၁ အချက်...
သမီးလုံးဝဒေါသမထွက်ရဘူး
ဒေါသဟာ ပညာကိုကွယ်စေတယ်
ဆင်ခြင်တုံတရားကို လျော့ပါးစေတယ်...
သမီးအာရုံပြန်ခံကြည့်...
ငါဒေါသထွက်ခဲ့မိလားလို့ ...
အကယ်၍သမီးဒေါသထွက်ခဲ့တယ် ဆိုရင် သေချာပေါက် ဆင်ခြင်တုံတရားလျော့သွားပြီ...''

သမီကနှုတ်ဆိတ်ပြီးနားထောင်နေတယ်...

''တစ်ခါက ဘုန်းကြီးကျောင်း သားနှစ်ယောက်ရန်ဖြစ်တော့ ဆရာတော်စိတ်ဆိုးပြီး...
''တယ် ခွေးနှစ်ကောင်လို ကိုက်နေကြ တယ် ငါရိုက်လိုက်ရ''လို့ ပြောပြီး
သူ့ ကိုယ်သူပြန်ဆင်ခြင်မိသွား
''သုံးကောင်ဖြစ်သွားတော့မယ်''လို့ ..
စကားဆက်လိုက်တယ်... မာန်ကြောင့်ရန်ဖြစ်တယ်... အဲ့ဒိဒေါသစိတ်ကြောင့်ရန်ဖြစ်တယ်
တိရိစ္ဆာန်လို့ သုံးပြီးမှ သူ့ ကိုယ်သူ ပြန်ဆင်ခြင်မိသွားတယ်...
ဒါကြောင့်သူပါသုံးကောင်ဖြစ်တော့
မယ်လို့ ပြောလိုက်တာ.သူ့ ကိုယ်သူ ပြန်ဆုံးမလိုက်တာ...သူလည်းဒေါသထွက်မိသွား
တာကိုး''

ဆရာမကို ဆရာလုပ်တာ ဆရာမ မကြိုက်ဘူး
လို့ များ သမီးပြောချင်နေ လားမသိ... သူ့ မျက်နှာမှာ အလိုမကျ ဟန်များဖြင့် ....

''ဖေဖေမှ ဆရာဘဝကို မဖြတ်သန်းဖူးတာ''

''ဟုတ်တယ်သမီး ဖေဖေဆရာဘဝကို မဖြတ်သန်းဖူးဘူး...
ဒါပေမယ့်ဖေဖေ တပည့်ဘဝကို ဖြတ်သန်းဖူးတယ်....''

''မတူဘူးဖေဖေ ဆရာမဘဝဟာ ဖေဖေပြောသလောက်မလွယ်ဘူး''

''သမီးက ကျောင်းသားတွေအတွက် ဆိုအကြီးအကဲပါ... အကြီးအကဲက ငါ့ကိုနားလည်ကြပါလို့ တောင်း ဆိုသင့်လား... မင်းတို့ အခတ်အခဲကို ငါနားလည်အောင်ကြည့်ပေးမယ်
လို့ ပြောသင့်လား... သမီးစဉ်းစား..
ဖေဖေက အခု ဆရာမတွေအကြောင်း ပြောတယ်... ဆရာမဖြစ်တဲ့ သမီးက ဖေဖေဘာမှ မသိပဲမပြောပါနဲ့ လို့ မြင်တယ်...
ဒီလိုသာဆို ... ပြည်သူဟာ ဦးဆောင် သူအစိုးရကို ဝေဖန်ခွင့်မရှိတော့ဘူး လား... တရားလို တရားခံတွေဟာ တရားရေးဝန်ထမ်းကို ဝေဖန်ခွင့် မရှိတော့ဘူးလား...
လူနာတွေ လူနာရှင်တွေက ကျန်းမာရေးဝန်ထမ်းတွေကို ဝေဖန်ခွင့်မရှိတော့ဘူးလား...
ငါ့သမီးက ပုဂ္ဂလဒိဋ္ဌာန်ကြီးနဲ့ ...
ဆရာမဘဝကို ဆရာမအသိဆုံး
လို့ ပြောရင်... သမီးတို့ မသိချင်ယောင်ဆောင်နေတဲ့ သမီးတို့  အားနည်းချက်တွေကို
ုပြည်သူကဘယ်လိုထောက်ပြရမလဲ''

''ဖေဖေက personal attackဆန်လာတယ်... သမီးတို့ .. အဖွဲ့ အစည်းကို စော်ကားရာရောက် ပါတယ်တယ်ဖေဖေ''

''သမီး... သမီးကဖေဖေ့ကိုပြန်ပြောတယ်.,
ဓလေ့လို ဖြစ်နေတဲ့မိသားစုစည်းမျဉ်း အရ... သမီးတစ်ယောက်က အဖေကို ခွန်းတုံ့ မခံပြန်ပြောခွင့်မရှိ ဘူး... ပြောချင်လည်း မြိုသိပ်ထားရ မယ်... ကြိတ်မှိတ်ခံရမယ်...
ဒါပေမယ့် ဖေဖေက အဲ့ဒိလို အဖေမျိုး မဟုတ်ဘူး.... အသိဥာဏ်ရှိပြီး အရွယ်ရောက်နေတဲ့အမျိုးသမီး
တစ်ယောက်လို သမီးကို ဖေဖေဆက်ဆံတယ်...

အဲ့ဒါဘာကြောင့်လဲ ... သမီးရဲ့အမြင်ကို လွတ်လပ်ရဲရင့်စွာ ပြောရဲဖို့ ဖေဖေခွင့်ပြုထားလို့ ပဲ...
အခုဒီကိစ္စမှာ သမီးဟာ ပညာရေးဝန် ထမ်းတစ်ဦးပါ ဖေဖေကတော့ ပြည်သူတစ်ဦးပါ... သမီးဖေဖေ့ကို ပြေလည်အောင် မဖြေရှင်းပေးနိုင်ဘူး လား...''

''ဟူး... sorryဖေဖေ သမီးနည်းနည်း sensitiveဖြစ်သွားတယ်... လူတော်တော်များများက အားနေ
ဆရာမကိုချည်း လက်ညှိုးထိုး လာတော့
သမီးတို့ မှာလည်း ခံစား ချက်တွေနဲ့ ပါဖေဖေ...''

''အဲ့ဒိဒဏ်ကို သမီးခံနေရဦးမယ်...
ခံနိုင်ရည်ရှိဖို့ လည်းလိုတယ်...
သူတို့ ထိုးတဲ့လက်ညှိုးအောက်မှာ သိမ်ငယ်သွားရင်လည်းမှားတယ်
ဒေါသထွက်နေရင်လည်းမှားတယ်
ကိုယ့်အလုပ်ကိုယ်အကောင်းဆုံး
လုပ်နေဖို့ ကအဓိကပဲ...
သမီးမှတ်မိလား... သမီးဆယ်တန်းတုန်းက အမှတ်ဘယ်လောက်ရအောင်ဖြေပါ
လို့ ဖေဖေမတောင်းဆိုခဲ့ဘူး...
တတ်အောင်သင်ပါလို့ ဖေဖေ အကြံပြု ခဲ့တယ်... ဆယ်တန်းအောင် လက်မှတ်ဟာ ရုပ်ရှင်လက်မှတ်လို ရုံအဝင်မှာပဲ တန်ဖိုးရှိပြီး တစ်ခြမ်းဆုတ်ဖြဲခံရတဲ့ အပေါစား စက္ကူ မဟုတ်ဘူး...
ဒါက သမီးဟာ ဆယ်တန်းပညာကို တတ်မြောက်ပါတယ်ဆိုတဲ့ အမှတ်အသားပဲ....
ပြောချင်တာက ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထား...
အလုပ်အပေါ်
စေတနာနဲ့ ဝါသနာထား
တပည့်တွေအပေါ် မေတ္တာထား...

ဖေဖေလေ... ငါ့သမီးဆရာမလုပ်မယ် ဆိုတော့ သိပ်ကျေနပ်ခဲ့ရတယ်...
ဆရာမတွေဟာ ပေးဆပ်လို့ အကောင်းဆုံး... လူသားတွေပဲလေ
အချိန်ရှိသလောက် ... ပေးဆပ်နေရ တယ်... တပည့်တွေရဲ့ ပညာနဲ့ အကျင့်စာရိတ္တကို မြှင့်တင်ပေးနေရ တယ်... အနာဂါတ်ကို ပုံဖော်တာ ဆရာဆရာမတွေပါ... ဦးသန့် ရဲ့ ဆရာဆရာမတွေဟာ အနာဂါတ် ကမ္ဘာကို ပုံဖော်ခဲ့ဖူးတယ်...
တကယ်ကို ကမ္ဘာ့ အဆင့်...
သမီးရဲ့တပည့်လေးတွေ ဘယ်သူတွေ နိုင်ငံကျော်ကြမလဲ ဘယ်သူတွေ ကမ္ဘာကျော်ကြမလဲ ...
သမီး မမျှော်လင့်ရဲဘူးလား''

''ဟင်းဟင်း ဖေဖေ့စကားတွေ သိပ်ကြီးနေပြီ...''

''သမီးရယ် ဖေဖေတို့ နိုင်ငံကို ဟာ ဥာဏ်ရည်မနိမ့်ပါဘူး...
နိုင်ငံခြားကရိုက်တဲ့ဟာသကားတွေကို အူလှိုက်သည်းလှိုက် ရယ်နိုင်သေးသ ၍
ဖေဖေတို့ ဥာဏ်ရည်ဟာ အဆင့်မှီ နေဦးမှာပါ...''

''စကားပြောလို့ တော့ကောင်းတယ် ဖေဖေ... ဒါပေမယ့် ဒီပညာရေးစနစ် ကို
ပြောင်းဖို့ လွယ်မယ်တော့ မထင်ဘူး...''

''သူများတွေကိုလိုက်ပြောင်းဖို့ 
ထက်... သမီးကိုသမီး ပြောင်းလဲနိုင် အောင်ကြိုးစားပါ...''

''ဖေဖေပြောတာ သမီးက မှားနေတယ် ပေါ့...''

''သမီးတပည့်တွေအတွက်တော့ သမီးကမှားနေတာတွေရှိတယ်
ဖေဖေအတွက်တော့ သမီးက မမှန် သေးတာပါ...
ဖေဖေက မှားနေတယ်လို့ သိပ်မသုံး ချင်ဘူးသမီး...
ပြောင်းလဲပြင်ဆင်ခွင့်ရှိနေသေးမျှ
ဒါဟာ မမှန်သေးတာ...''

****************************

ကျနော့်အတွေးကျနော်ချရေးတာပါ
လက်ခုပ်တီးလည်းပြုံးနေမှာ
ဖြစ်သလို လက်ညှိုးထိုးလည်း
ပြုံးနေမှာပဲဖြစ်တယ်....

သိပ်ကောင်းတဲ့ဝေဖန်မှုများအတွက်
ကျနော်လည်း ပြင်ဆင်ရဲပါတယ်

07/07/2017

We love Reading!

07/06/2017

အညာသား ယဉ်ကျေးမှု

" Barbie On Your Toes "Barbie loves to dance!She loves to leap.She loves to jump.She loves to spin.And she loves all the...
02/06/2017

" Barbie On Your Toes "

Barbie loves to dance!
She loves to leap.
She loves to jump.
She loves to spin.
And she loves all the costumes!

" Do you like one best? " Kelly asks.

Barbie is not sure. She opens her album.....

Barbie is a princess.
She wears a pink tutu.
Her prince wakes her with a kiss!

Barbie is a good swan.
She wears a whit gown.
She is a bad swan, too.
She wears all black.

Barbie is a fairy with a golden crown.
She dances with candy canes and cookies.
Barbie is a magic bird.
She flies and flutters on her toes.

Barbie is a puppet who comes to life.
She bends and moves as if she is on strings.

" I love all my costumes," says Barbie.

" But I love to dance no matter what I wear! "

" Me too! " says Kelly.

လှပတဲ့ ရုပ်ပုံလေးများနဲ့ အတူ လွယ်ကူ ရိုးရှင်း တဲ့ စာကြောင်း လေးတွေက အင်္ဂလိပ်စာ စဖတ်ဖို့ ကြိုးစားသူတွေအတွက် စိတ်ဝင်စားပျော်ရွှင်ဖွယ် အပြည့်ပါ။

အနာဂတ်ရဲ့ သူရဲကောင်းများကို စာဖတ်ဖို့ တိုက်တွန်းလိုက်ရအောင်နော် ။

30/05/2017

The story of George Washington

G Washington အတ္ထုပ္ပတ္တိ ကပေးတဲ့ မှတ်သားဖွယ်ရာများ ကတော့

အမေရိကန်ပြည်ထောင်စု၏
လွတ်လပ်ရေးဖခင်
တပ်မတော်ကို ဖွဲ့စည်းတည်ထောင်သူနှင့် ပထမဆုံးသမ္မတဖြစ်သူ
ဂျော့ဝါရှင်တန် ကို ၁၇၃၂ ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင်ဗာဂျီးနီးယားပြည်နယ် ၌မွေးဖွားခဲ့သည်။

အမေရိကန်လွတ်လပ်ရေးတိုက်ပွဲတွင် စစ်ဦးစီးချုပ်အဖြစ် မိမိတပ်ထက် အင်အားများစွာ ကြီးမားသည့် အင်္ဂလိပ် စစ်တပ်ကို တွန်းလှန်အောင်နိုင်ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် တိုင်းပြည်၏ ပထမဆုံး သမ္မတအဖြစ် ဦးဆောင် လမ်းညွှန်ပြီး အမေရိကန်ပြည်ထောင်စု ကိုစုစည်းခိုင်မာလာစေခဲ့သည်။

ငယ်ရွယ်စဉ် မှစ၍ ကြံ့ခိုင်သန်စွမ်းသူ လူငယ် တစ်ဦးအဖြစ် နေထိုင်ကြီးပြင်းရင်း
တာဝန်ယူလိုစိတ် တာဝန်သိစိတ်ပြင်းပြခဲ့သူ
သက်စွန့်စံဖျား ခရီးများကို စွန့်စားသွားလာပြီး အန္တရာယ်အသွယ်သွယ်ကို အကြောက်အလန့်မရှိ ကျော်ဖြတ်ရဲသူ.....

အမျှော်အမြင်ကြီးမားပြီး ပြတ်သားခိုင်မာ သည့်စိတ်ဖြင့် တိုင်းပြည်ကို ဦးဆောင်ခဲ့ပြီး အဆုံးတစ်နေ့ သမိုင်းတွင်ရစ် ထင်ကျန်ခဲ့သူ.....။

Bagan စာဖတ်အိမ် မှာ လာဖတ်လို့ရပြီနော်။

30/05/2017

စာအုပ်စာပေဟာ ကလေးတွေအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ပါတယ်။

သူကြီးပြင်းခွင့်ရတဲ့ လူမှုပတ်ဝန်းကျင်
ကဲ့သို့ပင် သူဖတ်ခွင့်ရတဲ့ စာအုပ်တွေကလည်း ကလေးငယ်တွေကို အလွန်ကြီးမားစွာ သြဇာလွှမ်းမိုးနိုင်ပါတယ်။

ကလေးတွေ စိတ်အဝင်စားဆုံးကတော့
ပုံပြင်စာအုပ်တွေပါပဲ။ ပုံပြင်ထဲက အကြောင်းအရာ အသစ်အဆန်းတွေက
ကလေးငယ်ရဲ့ စူးစမ်းလေ့လာချင်စိတ် သိချင်တတ်ချင်တဲ့စိတ်တွေကို
နှိုးဆွပေးနိုင်ပါတယ်။

ကလေးငယ်ကို အသိပေးလိုတဲ့ လိုက်နာစေလိုတဲ့ အကြောင်းအရာတွေကို ပုံပြင်ထဲကတစ်ဆင့် လူကြီးမိဘတွေက ဖြည့်စွက်ပြောပြ
ပေးမယ်ဆိုရင် ပိုမိုထိရောက်တာကို တွေ့ရပါလိမ့်မယ်။

စာမဖတ်တတ်ခင် အရွယ်မှာ ကလေးငယ်တွေ စိတ်ဝင်စားလောက်မယ့် စာအုပ်တွေ ကိုသူတို့ နံဘေးမှာ စာအုပ်များချထားခြင်း မှစ၍ သူတို့နဲ့ ရင်းနှီး စေရပါမယ်။
တဖြည်းဖြည်းနဲ့ လူကြီးတွေက ပုံပြင်တွေ ကဗျာတွေ ရွတ်ပြနိုင်ပါတယ်။

အရွယ်ရောက်လာရင် သင့်တော်မယ့် စိတ်ဝင်စားမယ့် စာအုပ်လေးတွေ ဝယ်ပေးသင့်ပါတယ်။
ဒီလိုနဲ့ ကလေးတွေက စာပေကိုချစ်မြတ်နိုးလာမယ် စာအုပ်တွေနဲ့ရင်းနှီးလာပါမယ်။

တစ်ဆင့်ပြီးတစ်ဆင့်နဲ့ စာအုပ်တွေကို ဆက်ပြီးဖတ်လာမယ်ဆိုရင်
ဗဟုသုတတွေရလာရုံသာမက

သူတို့နှစ်သက်သော စာအုပ်ထဲမှ ဇာတ်ကောင်များ အလိုက်
စိတ်ထားဖြူစင်သော
ယဉ်ကျေးသိမ်မွေ့သော
ရိုင်းပင်းကူညီတတ်သော
အမှန်တရားကိုချစ်မြတ်နိုးသော
ရဲစွမ်းသတ္တိရှိသော
လူတော် လူကောင်းလေးတွေ ဖြစ်လာအောင် စာအုပ်စာပေက ကူညီပေးနိုင်ပါတယ် ။

ကလေးငယ်တွေကို စာဖတ်ကျင့်ရအောင် စီစဉ်ဖန်တီးပေးဖို့ လူကြီး မိဘများကို တိုက်တွန်းလိုပါတယ်။
Bagan စာဖတ်အိမ်

Bagan စာဖတ်အိမ် ကိုလာရောက် လေ့လာမယ် ဆိုရင် google map လေးပေးပါမယ်။
30/05/2017

Bagan စာဖတ်အိမ် ကိုလာရောက် လေ့လာမယ် ဆိုရင် google map လေးပေးပါမယ်။

29/12/2016

ကျမ ဘ၀ရဲ့ ဒုတိယမြောက် အိပ်မက် တစ်ခုပါ။
အကြိမ်ကြိမ် အထပ်ထပ် လေ့လာ ဆန်းစစ် စမ်းသပ်မှုတွေ အလွန်၊
ကျမ နှလုံးသားနှင့် အတူ ဖြစ်တည် မွေးဖွားလာခဲ့သော နှစ်သက်မြတ်နိုး တန်ဖိုးထား ရသော ဒုတိယမြောက် အိပ်မက်ကို ၀ိုင်းဝန်း အသက်သွင်းပေးကြပါသော။ ခွန်အားဖြည့်ပေးကြပါသော၊ ချစ်မိတ်ဆွေ အပေါင်းတို့ အားကျေးဇူး အထူးတင်ရှိပါကြောင်း ဒီနေရာမှ နေ၍ အထူးလေးစားစွာ ပြောကြားလိုက်ရပါတယ်။
လေးစားစွာဖြင့်

ကျမ ဘ၀ရဲ့ ဒုတိယမြောက် အိပ်မက် တစ်ခုပါ။အကြိမ်ကြိမ် အထပ်ထပ် လေ့လာ ဆန်းစစ် စမ်းသပ်မှုတွေ အလွန်၊ကျမ နှလုံးသားနှင့် အတူ ဖြစ်တည...
04/09/2016

ကျမ ဘ၀ရဲ့ ဒုတိယမြောက် အိပ်မက် တစ်ခုပါ။
အကြိမ်ကြိမ် အထပ်ထပ် လေ့လာ ဆန်းစစ် စမ်းသပ်မှုတွေ အလွန်၊
ကျမ နှလုံးသားနှင့် အတူ ဖြစ်တည် မွေးဖွားလာခဲ့သော နှစ်သက်မြတ်နိုး တန်ဖိုးထား ရသော ဒုတိယမြောက် အိပ်မက်ကို ၀ိုင်းဝန်း အသက်သွင်းပေးကြပါသော။ ခွန်အားဖြည့်ပေးကြပါသော၊ ချစ်မိတ်ဆွေ အပေါင်းတို့ အားကျေးဇူး အထူးတင်ရှိပါကြောင်း ဒီနေရာမှ နေ၍ အထူးလေးစားစွာ ပြောကြားလိုက်ရပါတယ်။
လေးစားစွာဖြင့်

မနက်ဖြန် သားသား မီးမီးတို့ ကျောင်းစဖွင့်ပြီနော်။
04/09/2016

မနက်ဖြန် သားသား မီးမီးတို့ ကျောင်းစဖွင့်ပြီနော်။

မနက်ဖြန် တနင်္လာ နေ့ သားသား မီးမီး တို့ ကျောင်းစဖွင့်ပြီနော်။
04/09/2016

မနက်ဖြန် တနင်္လာ နေ့ သားသား မီးမီး တို့ ကျောင်းစဖွင့်ပြီနော်။

Address

C-32, HNINSI(ROSE) Road
Bagan

Opening Hours

Saturday 09:00 - 16:00
Sunday 09:00 - 16:00

Telephone

+959787287282

Website

Alerts

Be the first to know and let us send you an email when Bagan စာဖတ်အိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category