21/08/2026
🎯 "ဝေဟင်ဒုံး မြေပြင်ဝုန်း" ကမ်ပိန်း - (၂၁) ရက်မြောက်နေ့
"ဝေဟင်က မျက်လုံးတစ်စုံဟာ ရှေ့တန်းက ရဲဘော်တစ်ယောက်ရဲ့ အသက်ကို ကယ်ဆယ်နိုင်ပါတယ်"
မိဘပြည်သူများအနေနဲ့ အထွေထွေကျပ်တည်းမှုတွေ၊ ကုန်ဈေးနှုန်းကြီးမားမှုတွေကြားမှာ နေ့စဉ်စိန်ခေါ်မှုပေါင်းများစွာနဲ့ ရုန်းကန်ဖြတ်သန်းနေကြရတာကို မိမိတို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ညောင်ဦး ပကဖ) အနေနဲ့ အပြည့်အဝ စာနာနားလည်ရိုသေစွာ အသိအမှတ်ပြုပါတယ်။
ဒီလို ခက်ခဲနေကြတဲ့ကာလမှာ အကူအညီတောင်းခံရတာ အားနာစရာကောင်းမှန်း သိပေမဲ့ ရှေ့တန်းရောက် ရဲဘော်တွေရဲ့ အသက်အန္တရာယ်ဟာ အချိန်နဲ့အမျှ အရေးကြီးနေတာမို့ မိဘပြည်သူများထံ အကူအညီတောင်းခံရခြင်း ဖြစ်ပါတယ်။
🚨 လက်ရှိအခြေအနေနဲ့ အရေးပေါ် လိုအပ်ချက်
စစ်ဆင်ရေးတွေမှာ ရဲဘော်တွေ ဘေးကင်းစွာ အောင်ပွဲဆင်နိုင်ဖို့အတွက် အဓိကလိုအပ်တဲ့ Drone များ ဝယ်ယူရန် ကျပ်သိန်း ၁,၀၀၀ TARGET ထားရှိခဲ့ရာ ဒီနေ့ (၂၁) ရက်မြောက်နေ့မှာ ၅% သာ ရရှိပါသေးတယ်။
ဒါဟာ မိဘပြည်သူတွေ အဆင်မပြေကြလို့ဆိုတာ နားလည်သလို၊ ရှေ့တန်းမှာလည်း နည်းပညာအကူအညီ မရှိမဖြစ် အရေးပေါ် လိုအပ်နေတယ်ဆိုတာကို ပြသနေတာပါ။ ဝေဟင်ကင်းထောက် မပြည့်စုံရင် မြေပြင်ရဲဘော်တွေရဲ့ အသက်အန္တရာယ် ပိုမိုကြီးမားနိုင်ပါတယ်။
** ရည်မှန်းချက် ပြည့်မီရန် လိုအပ်ချက် - ကျပ်သိန်း ၉၇၅ သိန်း**
မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ ပမာဏအနည်းငယ်မှစ၍ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီပေးကြပါရန်၊ မလှူဒါန်းနိုင်ပါကလည်း ဒီကမ်ပိန်းလေး ပြန့်နှံ့သွားအောင် Share ပေးခြင်းဖြင့် ကူညီပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
#ဝေဟင်ဒုံးမြေပြင်ဝုန်း #ညောင်ဦးပကဖ