ညောင်ဦးခရိုင် ပကဖ

ညောင်ဦးခရိုင် ပကဖ ညောင်ဦးခရိုင်မှ ပြည်သူများ စစ်ကျွန်ဘဝမှ လွတ်မြောက်စေဖို့

ညောင်ဦးခရိုင် ပကဖ ရဲ​ဘော်​တွေအတွက် ကူညီ​ထောက်ပို့​ပေးပါဦးခင်ဗျာ
26/05/2026

ညောင်ဦးခရိုင် ပကဖ ရဲ​ဘော်​တွေအတွက် ကူညီ​ထောက်ပို့​ပေးပါဦးခင်ဗျာ

26/04/2026

ငါတို့ ဘာကြောင့် တော်လှန်ရေး လုပ်လဲ (၁)
…………………………………………………………….

လက်နက်ကိုင်တော်လှန်ရေး ဘာကြောင့်လုပ်လဲ ဆိုတဲ့ မေးခွန်းကို တော်လှန်ရေး (၅) နှစ်‌ ကျော်တဲ့ အခါ သေသေချာချာ ထပ်မံ သုံးသပ်ကြည့်ဖို့လိုလာပါတယ်။ တော်လှန်ရေးအစ မှာ အားလုံးဟာ တက်ကြွစွာ ပူးပေါင်း ပါဝင်ခဲ့ပေမယ့် ကာလ တချို့ ကြာလာတဲ့ အခါ ပင်ပန်းမှု တချို့၊ အခက်အခဲ တချို့ရှိလာပါတယ်။ ဒီ အချိန်မှာ လာရင်းကိစ္စဖြစ်တဲ့ တော်လှန်ရေးရဲ့ မူလ ရည်ရွယ်ချက်တွေ၊ ကိုယ့်မူလ ပန်းတိုင်တွေကို မမေ့မလျော့နေစေဖို့ အတွေးအခေါ်ပိုင်း၊ လုပ်ဆောင်ချက်ပိုင်း ပြန်လည် သုံးသပ်ဖို့လိုပါတယ်။ တချို့ ရည်မှန်းချက်တွေဟာ မူ အားဖြင့် မဟုတ်ဘဲ လက်တွေ့ အကောင်အထည် ဖော်မှုပိုင်းမှာပါ အသက်ဝင်နေဖို့လိုပါတယ်။ တော်လှန်ရေး ဘာကြောင့်လုပ်လဲ လို့ မေးရင် အကြမ်းဖက် စစ်တပ်ရဲ့ ရက်စက်မှု၊ အကြမ်းဖက်မှု၊ မတရားမှုတွေ ကို လက်မခံနိုင်တာကြောင့်လို့ အများစု ဖြေနိုင်ပါတယ်။ တော်လှန်ရေးဟာ မမှန်ကန်မှုတွေ၊ မတရားမှုတွေကို ချေမှုန်းတိုက်ထုတ်ရုံ တခုတည်းနဲ့ လုံလောက်ရဲ့လားမေးဖို့လိုပါတယ်။ ဒီ (၅) နှစ် အတွေ့အကြုံ နဲ့ ဒီမေးခွန်းကို ဖြေဖို့ တစုံ တရာ လုံလောက်လာပြီ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်၊ စစ်အာဏာရှင်စနစ် နဲ့ အာဏာရှင်စနစ် ပုံစံ မျိုးစုံကို ချေမှုန်းတိုက်ထုတ်ရုံ နဲ့ တော်လှန်ရေးက မလုံလောက်ပါဘူး။ မတရားမှု ကို လက်မခံလိုမှု တခုတည်း နဲ့ လုံလောက်မှု မရှိပါဘူး။ ဆိုးရွားတဲ့ စစ်အာဏာရှင်စနစ် နဲ့ မတရားမှုတွေကို တိုက်ထုတ်ပြီးတဲ့နောက်မှာ အစားထိုး တည်ဆောက်မှု ရှိရပါတယ်။ ဒီနိုင်ငံကို ဘယ်လို ပုံဖော်မလဲ၊ စနစ်ဟောင်းနေရာမှာ စနစ်သစ် ကို ဘယ်လို အစားထိုးမလဲ အဲဒါတွေ ရှိနေဖို့လိုပါတယ်။ အဟောင်းကို အသစ် နဲ့ အစားထိုးတဲ့ နေရာမှာလည်း စာတွေ့သာမကဘဲ လက်တွေ့မြေပြင်မှာပါ ကျင့်သုံးဖို့လိုပါတယ်။ တော်လှန်ရေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးဖြစ်ပါတယ်။

ဘာအတွက်ကြောင့် တော်လှန်တယ်ဆိုတာကို မှန်မှန်ကန်ကန် သိရှိ ကျင့်သုံးထားဖို့ အရေးကြီးပါတယ်။ အခြေခံ လူ့အခွင့်အရေးတွေ၊ တရားမျှတမှုတွေ အတွက် တိုက်ပွဲဝင်တာ ဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံ သစ် တည်ထောင်ဖို့ အတွက် တိုက်ပွဲ ဝင်နေကြခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကြားနေရတဲ့ စကားတခွန်းရှိပါတယ်။ စစ်သင်တန်းမှာ လူ့အခွင့်အရေး မရှိဘူးဆိုတာ။ ဒီအချက်ဟာလည်း လွန်စွာ မှားယွင်းပါတယ်။ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးနှိမ်ထားတဲ့ တပ် တတပ် နဲ့ ဖက်ဒရယ်ရော၊ ဒီမိုကရေစီရေး ထူထောင်နိုင်မှာ မဟုတ်ပါဘူး။ အမိန့်စည်းကမ်းလိုက်နာမှုက တပိုင်း၊ လူ့အခွင့်အရေးတွေကို အဆုံးထိ ပိတ်ပင်လိုက်မှုက တပိုင်းပါ။ အဲဒီလို ပိတ်ပင်လိုက်မှုကပဲ ဖက်ဆစ် ဗီဇ နဲ့ အာဏာရှင် ဗီဇ ကို ပေါ်ထွန်းလာစေမှာ ဖြစ်ပါတယ်။ တော်လှန်ရေးဟာ နောက်ထပ် အာဏာရှင်တွေ မွေးထုတ်ရေးမဟုတ်ပါဘူး။ ပြည်သူကို အလုပ်အကျွေးပြုမယ့်သူတွေ၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ် ကို ယုံကြည်တဲ့သူတွေ၊ လူ့အခွင့်အရေးကို အခြေအနေ အရပ်ရပ်အောက်မှာ ကာကွယ်စောင့်ရှောက်သူတွေကို မွေးထုတ်ပြီး လူ့အဖွဲ့အစည်းသစ်၊ နိုင်ငံသစ်၊ စနစ်သစ် တခု ကို မွေးထုတ်ဖို့အတွက် ဖြစ်ပါတယ်။ စပါတာ စစ်တပ်လို တိုက်ခိုက်ရေးသီးသန့်ပဲ သိတဲ့ တပ် မွေးထုတ်ဖို့မဟုတ်ပါဘူး။ နောက် ဒီတော်လှန်ရေးသမားတွေဟာ နိုင်ငံရေးအရ အာဏာရှင်စနစ်ကို မကျေနပ်ရာက ဆန့်ကျင်ရာကနေ ပေါက်ဖွားလာခြင်းဖြစ်ပါတယ်။ နိုင်ငံရေး အခြေခံ ဗီဇ ရှိတဲ့ တပ်သားတွေလည်း ဖြစ်ပါတယ်။ နိုင်ငံရေး လုပ်ခြင်း နဲ့ နိုင်ငံရေး ဗီဇ ရှိခြင်း၊ နိုင်ငံရေး နိုးကြားမှု ရှိခြင်းဟာလဲ မတူပါဘူး။ နိုင်ငံရေးဗီဇ နဲ့ နိုးကြားမှု ရှိတဲ့ တော်လှန်ရေးသမားတွေကို နိုင်ငံရေးအတွေးအခေါ် လက်နက်တပ်ဆင်ပေးလိုက်ရင် တော်လှန်ရေးဟာ ရှေ့ကို ထိထိရောက်ရောက် တက်သွားမှာဖြစ်ပါတယ်။ တော်လှန်ရေးဟာ အမြင့်ဆုံး ပန်းတိုင်ကို ရည်မှန်းထားရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ထူထောင်တဲ့ ဖခင်ကြီးတွေက အမေရိကန် ကို အားလုံးမော်ကြည့်ရတဲ့ တောင်ကုန်းပေါ်က မြို့ အဖြစ် ရည်ရွယ်ထူထောင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ တော်လှန်ရေးမှာလည်း ထူထောင်မယ့် စနစ်သစ် နဲ့ ပြည်သစ်ကို အမြင့်ဆုံး မျှော်မှန်း ထူထောင်ဖို့လိုပါတယ်။ အမြင့်ဆုံး ရည်မှန်းချက် ရဲ့ နောက်မှာ အမြင့်မားဆုံး တောင်းဆိုမှုတွေ၊ အားထုတ်မှုတွေ၊ ကျင့်ကြံရမှာတွေ၊ စွန့်လွှတ်ရမှာတွေ ပါလာပါတယ်။ မြန်မာပြည်သစ်ကို အာရှတိုက်မှာ ဒီမိုကရေစီ ရှေ့တန်းအရောက်ဆုံး၊ လူ့အခွင့်အရေး အပြည့်ဝ ဆုံးနိုင်ငံ အဖြစ် ထူထောင်နိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ အာရှ တိုက်တွင်းမှာ ဒီမိုကရေစီ ပြည့်ပြည့်ဝဝ ရှိနေတဲ့ နိုင်ငံ၊ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေထဲမှာ အဲဒီလို ပြည့်ပြည့်ဝဝ ရှိနေတဲ့ နိုင်ငံမျိုး နည်းပါးပါတယ်။ လက်ရှိ တော်လှန်ရေးသာ အောင်မြင်သွားမယ်ဆိုရင် အားလုံးက မော်ကြည့်ရမယ့် ဒီမိုကရေစီ၊ ဖက်ဒရယ် နိုင်ငံသစ် ဖြစ်လာမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် ငါတို့ဘာကြောင့် တော်လှန်ရေး လုပ်နေသလဲ ဆိုတော သေချာ စဉ်းစား ကျင့်သုံးကြဖို့လိုပါတယ်။ တော်လှန်ရေးဟာ ဖက်ဒရယ်ရေး နဲ့ ဒီမိုကရေစီရေး၊ အခြေခံ လူ့အခွင့်အရေးတွေ အတွက် တိုက်ပွဲဝင်ကြခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ အထက်အဆင့်ဆင့်ရဲ့ အမိန့်ပေးမှုတို့၊ မူဝါဒ တို့ ဆိုတာ နဲ့လည်း မဆိုင်ပါဘူး။ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ဆိုတာ ကိုယ်တိုင်ကျင့်သုံးရမှုပါ။ သူ့သဘောဆောင် သူလည်ပတ်နေတာဖြစ်ပါတယ်။ ကျင့်စဉ်ပိုင်းဖြစ်ပါတယ်။ ဒီလို ကျင့်စဉ်ပိုင်း ကျင့်သုံးသူတွေ များလာလေ။ တော်လှန်ရေး မူလ ရည်ရွယ်ချက်တွေ ပိုမို နီးစပ်လာလေပဲ ဖြစ်တယ်။ တဘက်က ကြည့်ရင်လည်း အဲဒီလို အခြေအနေ ကို ကျင့်သုံးနိုင်မယ့် ပညာရေး ရေခံမြေခံ၊ ယဉ်ကျေးမှု ရေခံမြေခံ၊ စီးပွားရေးအရ ရေခံမြေခံ နည်းပါးနေသေးတယ်ဆိုတာကလည်း မှန်ကန်ပါတယ်။ အဲလို ကန့်သတ်ချက်တွေ၊ အားနည်းချက်တွေရှိနေတဲ့ အတွက် တော်လှန်ရေးမှာပါဝင်သူတွေ ရဲ့ အခန်းကဏ္ဍက လွန်စွာ အရေးကြီးလာခြင်းဖြစ်ပါတယ်။ အကန့်အသတ်တွေ၊ ဖြစ်နိုင်ခြေတွေ၊ မဖြစ်ဖြစ်အောင် လုပ်ရမယ့် အရာတွေကို သိရှိပြီးတဲ့ နောက်မှာ ငါတို့ ဘာကြောင့်တော်လှန်ရေးလုပ်လဲ ဆိုတာကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားပြီးတဲ့ သူတွေက ခြေလှမ်းမှန်မှန် နဲ့ ရှေ့ဆက်သွားလိုပါတယ်။

အဲဒီလိုမှ မဟုတ်ရင် မြောက်ကိုရီးယားလို၊ ရုရှားလို သက်ဦးဆံပိုင် အာဏာရှင် စနစ်နောက်ကိုပဲ နောက်ကြောင်း ပြန်လှည့်သွားမှာဖြစ်ပါတယ်။ အခုကို စစ်အာဏာရှင်တွေ အနေနဲ့ လိမ်ညာနေတာတွေ၊ ဗုံးကြဲသတ်ဖြတ်နေတာတွေ၊ လူတွေကို လမ်းလည်ခေါင်မှာ ပစ်သတ်ပြီး ဥပဒေကနေ ကင်းလွှတ်နေတာတွေ၊ စစ်ရာဇဝတ်ကောင်တွေကို အတုအယောင် ရွေးကောက်ပွဲကနေ အတုအယောင် အစိုးရ အဖွဲ့ထဲ ထည့်ထားတာတွေ၊ အခြေခံ လူ့အခွင့်အရေးတွေ၊ စီးပွားရေး အခွင့်အလမ်းတွေကို ပိတ်ပင်တာတွေ၊ လက်ဝါးကြီး အုပ်တာတွေ လုပ်ဆောင်နေပါတယ်။ အင်တာနတ် အသုံးပြုမှုကို ကန့်သတ်တာ၊ ဖေ့ဘုတ်သုံးတာကို ပိတ်တာ၊ အနုပညာဖန်တီးမှုတွေကို ကန့်သတ်တာမျိုးတွေ စတင် လုပ်ဆောင်နေပါပြီ။ ဒီအခြေအနေ ကြာလာရင် မြောက်ကိုရီးယားလို သတ်မှတ်ထားတဲ့ ဆံပင်ပုံစံ၊ သတ်မှတ်ထားတဲ့ လူနေမှုပုံစံ ထဲမှာပဲ အတင်းသွတ်သွင်းတော့မှာ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက် လုပ်ဆောင်မှု အောင်မြင်နိုင်မလား ကြည့်ရအောင်။

မြန်မာ လူထု ရဲ့ ရုန်းကန်မှု ကို ကြည့်ရင် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် မျိုးစုံကို လက်မခံဘူးဆိုတာ တွေ့ရပါတယ်။ သက်ဦးဆံပိုင် ပဒေသရာဇ် စနစ်ကို ကိုလိုနီစနစ်က အမြစ်ဖြုတ်ခဲ့သလို ပဒေသရာဇ် စနစ်ကို ပြည်သူတွေက ပြန်လည် ရွေးချယ်မှု မရှိခဲ့ပါဘူး။ လွတ်လပ်ရေး ခေတ်ဦးမှာ ပစ္စည်းမဲ့အာဏာရှင် ကွန်မြူနစ် စနစ်ကို ပြည်သူတွေက ရွေးချယ်ခဲ့ခြင်း မရှိဘဲ ဒီမိုကရေစီကိုပဲ ရွေးချယ်ခဲ့ကြတာပါ။ ၁၉၆၂ အာဏာသိမ်းပြီးတဲ့နောက်မှာ ဆိုရှယ်လစ် အရေခြုံ တပါတီ စစ်အာဏာရှင်စနစ်ကိုလည်း ပြည်သူတွေကို ဆန့်ကျင် ခဲ့ကြပြီးဖြစ်ပါတယ်။ ၂၀၁၀ နောက်ပိုင်းမှာလည်း ဒီမိုကရေစီရေး အတွက် ပုံစံမျိုးစုံ နဲ့ တိုက်ပွဲဝင်ခဲ့ကြပြီး ၂၀၂၁ အာဏာသိမ်းမှုနောက်မှာတော့ လက်ရှိ နွေဦးလက်နက်ကိုင် တော်လှန်ရေးပါ ဆင်နွဲပြီး ဒီမိုကရေစီ နဲ့ ဖက်ဒရယ် အတွက် တိုက်ပွဲဝင်လာကြပါတယ်။ ဒီအချက်တွေကို ကြည့်ရင် ဒီ လူ့အဖွဲ့အစည်း တခုလုံးဟာ အာဏာရှင် ပုံစံ အသီးသီးကို ဆန့်ကျင်ပြီး ရှေ့ကို မှန်မှန်ချီတက် တိုက်ပွဲဝင်နေတာတွေ့ရပါလိမ့်မယ်။ မြန်မာ့သမိုင်း ဖြစ်စဉ် ကြီးမှာ ဒီမိုကရေစီ ပန်းတိုင် ကို ရှေ့သို့ မှန်မှန်ချီတက်လာတာပဲ ရှိပြီး နောက်ကြောင်း ပြန်လှည့်သွားတာမျိုး မတွေ့ရပါဘူး။

ဒီသမိုင်းဖြစ်စဉ်ကြီးကို ရှေ့ကို မြန်မြန် ရွေ့သွားစေဖို့အတွက်ဆိုရင် တော်လှန်ရေးမှာ ပါဝင်သူတွေ အနေနဲ့ ငါတို့ ဘာကြောင့် တော်လှန်သလဲ ဆိုတာကို ကျေကျေလည်လည် ပြန်လည် သုံးသပ်ဖို့၊ ရည်မှန်းချက်တွေကို မြင့်မြင့်မားမား ထားပြီး မူ အားဖြင့် မဟုတ်ဘဲ လက်တွေ့ဘဝ ထဲထိ ယူဆောင်လာဖို့၊ ဒီမိုကရေစီကို ကျင့်စဉ် တခု အဖြစ်ပါ ကျင့်သုံးဖို့လိုပါတယ်။ ဒီလို ရုန်းကန် တည်ဆောက် ကျင့်ကြံ နိုင်မယ်ဆိုရင် အာရှ နိုင်ငံတွေအားလုံးက မော်ကြည့်ရမယ့် ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံသစ်ကို မကြာခင် မွေးဖွားလာနိုင်တော့မှာ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

စစ်တိုက်ရေး၊ ရင်းမြစ်စုစည်းမှု နှင့် ဖက်ဒရယ်by PDF insightစစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် ပုံစံမျိုးစုံကို ချေမှုန်...
03/04/2026

စစ်တိုက်ရေး၊ ရင်းမြစ်စုစည်းမှု နှင့် ဖက်ဒရယ်
by PDF insight
စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် ပုံစံမျိုးစုံကို ချေမှုန်းဖို့အတွက်ဆိုရင် လက်ရှိ ဆင်နွှဲနေတဲ့ နွေဦးလက်နက်ကိုင်တော်လှန်ရေး အောင်မြင်ဖို့လိုပါတယ်။ တော်လှန်ရေး အောင်မြင်ဖို့ အရေးကြီးဆုံး အချက်က စစ်အောင်နိုင်ရေး ဖြစ်ပါတယ်။ စစ်အောင်နိုင်ဖို့အတွက်ဆိုရင် စစ်တိုက်ဖို့လိုပါတယ်။ စစ်တိုက်ဖို့အတွက် ရင်းမြစ်တွေ စုစည်းဖို့လိုပါတယ်။ တစ်ချိန်တည်းမှာ နွေဦးတော်လှန်ရေးရဲ့ ကြွေးကြော်သံ တစ်ခုဟာ ဖက်ဒရယ်အရေးဖြစ်ပါတယ်။ ဖက်ဒရယ်ဆိုတာ ဗဟိုချုပ်ကိုင်မှုလျော့ချထားမှု၊ အာဏာခွဲဝေကျင့်သုံးမှုလို့ အရိုးရှင်းဆုံး နားလည်လို့ရပါတယ်။ စစ်တိုက်ရေး ရင်းမြစ်စုစည်းရေးဟာ ဗဟိုချုပ်ကိုင်မှု ဖြစ်ပြီး ဖက်ဒရယ်အရေးဟာ ဗဟိုချုပ်ကိုင်မှုလျော့ချရေး ဖြစ်ပါတယ်။ ဒီအရေး (၂) ရပ်ကို ဘယ်လို ဟန်ချက်ညီအောင် လုပ်ဆောင်မလဲဆိုတာ လက်ရှိ တော်လှန်ရေးရဲ့ လက်ငင်းလိုအပ်ချက် ဖြစ်လာပါတယ်။

ကမ္ဘာ့သမိုင်းကို ကြည့်လိုက်ရင် အအောင်မြင်ဆုံး စစ်တပ်တွေဟာ ဗဟိုချုပ်ကိုင်မှုကို စနစ်တကျ စီမံ နိုင်တဲ့ တပ်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံကို စုစည်းခဲ့ပြီး ပထမဆုံးဧကရာဇ်ဖြစ်တဲ့ ရှီဟွန်တီ၊ မွန်ဂို အင်ပါယာ ထောင်ခဲ့တဲ့ ဂျင်ဂျစ်ဂန်၊ ပရှပ်ရှား စစ်တပ်၊ နောက် အမေရိကန်တော်လှန်ရေး ဆင်နွဲခဲ့တဲ့အမေရိကန် စစ်တပ် ဒါတွေဟာ ဗဟိုချုပ်ကိုင်မှုနဲ့ ထူထောင်ခဲ့ရတာဖြစ်ပါတယ်။ နောက်ကွယ်က ဖြစ်တဲ့ နိုင်ငံရေးသဘောတရားအရ ဆိုရင်လဲ ဘာကြောင့် တိုက်ခိုက်ရသလဲ ဆိုတဲ့ သဘောတရားပိုင်း တစ်သားတည်းဖြစ်မှုကို တည်ဆောက်ခဲ့ရပါတယ်။ စစ်တိုက်ရေး အတွက် လိုအပ်တဲ့ ရင်းမြစ်တွေကိုလဲ စုစည်း အသုံးပြုရပါတယ်။ ဒုတိယကမ္ဘာစစ် ကာလ ဒီမိုကရေစီ နိုင်ငံတွေ နဲ့ ဖက်ဆစ် အာဏာရှင် ဝန်ရိုးစွန်း နိုင်ငံတွေရဲ့ ရင်းမြစ် စုစည်းမှုကို ကြည့်လို့ရပါတယ်။ ဒီမိုကရေစီနိုင်ငံတွေဟာ လွတ်လပ်ခွင့်ကို အာမခံပေးကြပေမယ့်လဲ နိုင်ငံအတွက် အရေးကြီးတဲ့ စစ်ကာလ အရောက်မှာ တိုင်းပြည်ရဲ့ ရင်းမြစ်တွေကို စနစ်တကျ စီမံ အသုံးပြုခဲ့ပါတယ်။ စစ်ရေးအတွက် အရေးကြီးတဲ့ ကုန်စည်တွေ ဖြစ်တဲ့ သံ၊ ရေနံ၊ ရာဘာ စတာတွေကို အကန့်အသတ်နဲ့ အသုံးပြုခဲ့သလို စားနပ်ရိက္ခာတွေကိုလဲ ရာရှင်စနစ် နဲ့ ကန့်သတ် အသုံးပြုခဲ့ကြပါတယ်။ တဖက်မှာ ဖက်ဆစ် ဂျာမနီ နိုင်ငံ ဟာ အဲဒီလို ရင်းမြစ် စုစည်းမှုကို နောက်ကျပြီးမှ လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ ပြည်သူကို လိုလား ထောက်ခံလွန်းလို့မဟုတ်ပါဘူး။ အာဏာရှင်တွေ ဖြစ်တဲ့အတွက် ပြည်သူတွေကို စုစည်းနိုင်မှု အားနည်းလို့ပါ။ ဒီမိုကရေစီနိုင်ငံတွေကတော့ ပြည်သူ့ ထောက်ခံပူးပေါင်းမှု အပြည့်အဝ ရရှိတာကြောင့် ရင်းမြစ် စုစည်းမှုကို နှိုင်းရအားဖြင့် မြန်မြန်ဆန်ဆန်၊ ကျေကျေလည်လည် လုပ်ဆောင်နိုင်ကြပါတယ်။ တစ်နည်းအားဖြင့် ပြောရင် ပြည်သူ့ထောက်ခံအား ကြီးမားတဲ့ အတွက် ရင်းမြစ်စုစည်းမှု၊ ဗဟိုချုပ်ကိုင်မှုကို လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။ ရင်းမြစ်စုစည်းမှု နှေးတဲ့အတွက် စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းမှာ ဝန်ရိုးတန်းနိုင်ငံတွေဟာ မဟာမိတ်တွေထက် နှောင့်နှေးခဲ့ပါတယ်။ သူတို့အနေနဲ့ နောက်ကျပြီးမှ လိုက်လံ ပြင်ဆင်ပေမယ့် အချိန်မမှီတော့ပါဘူး။ အသေးစိတ် အချက်အလက်ဖြစ်တဲ့ လက်နက်ထုတ်လုပ်မှု၊ တင့်၊ လေယာဉ်ထုတ်လုပ်မှု အချက်အလက်တွေကို အွန်လိုင်းမှာ အလွယ်တကူ ရှာကြည့်နိုင်ပါတယ်။

မြန်မာ့ နွေဦးတော်လှန်ရေးမှာလဲ စစ်အောင်နိုင်ဖို့အတွက်ဆိုရင် ရင်းမြစ်တွေကို စုစုစည်းစည်းနဲ့ ဗဟိုက ကောင်းမွန်စွာ စီမံ အသုံးပြုနိုင်ဖို့လိုပါတယ်။ ဒေသတစ်ခုက ရင်းမြစ် ရရှိနေပေမယ့် အဲဒီ ဒေသမှာ အဲဒီ ရင်းမြစ်ကို အသုံးပြုရေးထက် တခြား ဒေသမှာ အသုံးပြုဖို့ လိုအပ်တဲ့ အခြေအနေ မျိုးလဲ ရှိနိုင်ပါတယ်။ ဥပမာ မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်းကနေ လစဉ် ဒေါ်လာ သန်း ၂၀ ဖိုး ရင်းမြစ်တွေ ရရှိနေပေမယ့် တစ်နိုင်ငံလုံး စစ်မဟာဗျူဟာ အရ၊ ရန်သူကို အထိနာဆုံး ချေမှုန်းနိုင်တာ နိုင်ငံရဲ့ ပဲခူးတိုင်းနဲ့ မကွေး တိုင်း ဖြစ်လို့ ပဲခူးနဲ့ မကွေး ကို ဦးစားပေး အသုံးပြုရမှု အခြေအနေမျိုးဖြစ်ပါတယ်။ နောက် ရန်ကုန် လို နေပြည်တော်လို မြို့ပြ ဒေသတွေမှာ နယ်မြေ စိုးမိုးမှု မရှိသလောက် ဖြစ်လို့ စစ်ဆင်ရေးတွေ ရပ်ထားလို့ မရပါဘူး။ အဲဒီလို နယ်မြေတွေ အတွက်ကိုလဲ ရင်းမြစ်တွေကို ဗဟိုက စီမံ ဖြန့်ဝေပေးလို့ရပါတယ်။ အဲဒီလို ဒေသတွေမှာ နာဂဒေသ၊ ပဲခူးရိုးမ ဒေသ၊ ရန်ကုန်၊ ဧရာဝတီ၊ နေပြည်တော် ဒေသတွေက အကျုံးဝင်ပါတယ်။ အဲဒီ အတွက် ရရှိလာတဲ့ ရင်းမြစ်တွေကို စုစည်းပြီး မလွယ်မြောက်သေးတဲ့ နယ်မြေတွေ၊ စစ်ရေးအရ ဦးစားပေးရမယ့် နယ်တွေ အတွက် အသုံးပြုဖို့လိုအပ်ပါတယ်။

တစ်ဖက်က ကြည့်ရင် နွေဦးတော်လှန်ရေး ရဲ့ လက်တွေ့မူ ဖြစ်တဲ့ ဖက်ဒရယ်အရေးနဲ့ အညီ ပြည်နယ်၊ ယူနစ် ဖယ်ဒရယ်တွေ ပေါ်ပေါက်လာပါတယ်။ ပြည်ထောင်စုနဲ့ ပြည်နယ်ကြား၊ ဖက်ဒရယ်နဲ့ ယူနစ်တွေကြား အာဏာခွဲဝေမှုတွေ၊ ရင်းမြစ်ခွဲဝေမှုတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ လက်တလော ထုတ်ပြန်ထားတဲ့ NUG, CRPH, KIO, KNU, KNPP, CNF တို့ ပါဝင်တဲ့ "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF)" ရဲ့ ထုတ်ပြန်ချက်မှာလဲ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ အနေဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်း နေထိုင်ကြသော ပြည်သူလူထုက ပိုင်ဆိုင်ကြပြီး ဖက်ဒရယ်နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)" မူကို ကိုင်စွဲမည် ဖြစ်ပါသည်။ လို့ ဖော်ပြထားပါတယ်။ ဆိုလိုတာက ဗဟို အစိုးရနဲ့ ပြည်နယ်/ယူနစ်/CU တို့ကြား အာဏာကို မျှဝေ အသုံးပြုမယ်လို့ ဆိုလိုပါတယ်။ ဗဟိုက အကုန်ယူ၊ ပြည်နယ်က ဘာမှ မယူနဲ့ဆိုတဲ့ လက်ရှိ စစ်အာဏာရှင်တွေရဲ့ ပုံစံ မဟုတ်သလို ပြည်နယ်က အကုန်ယူ ဗဟိုက ပြည်နယ်ပေးတာ ယူဆိုတဲ့ လျော့တိလျော့ရဲ လွန်းပြီး လက်တွေ့ လိုအပ်ချက်နဲ့ မကိုက်တဲ့ ပုံစံလဲ မဟုတ်ပါဘူး။ ရင်းမြစ်ပိုင်းနဲ့ ပတ်သတ်ရင် ဗဟို အစိုးရနဲ့ ပြည်နယ် အစိုးရ တို့ဟာ မျှဝေ အသုံးပြုကြမှာ ဖြစ်ပါတယ်။ ဒါမှလဲ တပြည်လုံး လွတ်မြောက်ရေးကို စနစ်တကျ လုပ်ဆောင်နိုင်မှာ ဖြစ်သလို ပြည်နယ်၊ ယူနစ်တွေရဲ့ အရေးကိုလဲ ပြည်နယ် အစိုးရ တွေက ကောင်းမွန်စွာ စီမံနိုင်မှာ ဖြစ်ပါတယ်။

ဗဟိုချုပ်ကိုင်မှု လုပ်ဆောင်တဲ့ အခါ စစ်ရေးလိုအပ်ချက်အရ လုပ်ဆောင်ရခြင်းဖြစ်ပြီး ဆိုးကျိုးတွေ အနေနဲ့ ကောင်းမွန်စွာ မကိုင်တွယ်တတ်ရင် လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးတွေကို ထိပါးခံရနိုင်မှုမျိုးတွေ ရှိနိုင်ပါတယ်။ အဲဒီလို မဖြစ်ဖို့အတွက်လဲ လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ပေးဖို့လိုပါတယ်။ တပ်ဟာ စစ်အောင်နိုင်ရေးအတွက် ဖွဲ့စည်းပုံပိုင်း၊ စုဖွဲ့မှုပိုင်းမှာ စုစုစည်းစည်းနဲ့ ဗဟိုချုပ်ကိုင်မှု ရှိဖို့လိုပါတယ်။ အဲလို စုစည်းထားတဲ့ တပ်ဟာ ပြည်သူကို စောင့်ရှောက်ရမယ် ဆိုတဲ့ နိုင်ငံရေးအတွေးအခေါ်ကို ကိုင်စွဲပြီး တိုက်ပွဲဝင်ဖို့လိုပါတယ်။ အဲလို တိုက်ပွဲ ဝင်နိုင်ဖို့အတွက် ရင်းမြစ်တွေကို ဗဟိုက စုစည်းပြီး စီမံဖို့လိုပါတယ်။ အဲဒီလို စီမံတဲ့ အခါ ပြည်နယ်၊ ယူနစ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေ၊ ဒီမိုကရေစီရေးတွေကို ထိခိုက်ခံလို့မဖြစ်ပါဘူး။ အဲဒီလို အရာအားလုံး ဟန်ချက်ညီနေမှ တော်လှန်ရေးဟာ ရှေ့ရောက်ပြီး အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

02/04/2026

စစ်တိုက်ရေး၊ ရင်းမြစ်စုစည်းမှု နှင့် ဖက်ဒရယ်
………………………………………………………
စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် ပုံစံမျိုးစုံကို ချေမှုန်းဖို့အတွက်ဆိုရင် လက်ရှိ ဆင်နွှဲနေတဲ့ နွေဦးလက်နက်ကိုင်တော်လှန်ရေး အောင်မြင်ဖို့လိုပါတယ်။ တော်လှန်ရေး အောင်မြင်ဖို့ အရေးကြီးဆုံး အချက်က စစ်အောင်နိုင်ရေး ဖြစ်ပါတယ်။ စစ်အောင်နိုင်ဖို့အတွက်ဆိုရင် စစ်တိုက်ဖို့လိုပါတယ်။ စစ်တိုက်ဖို့အတွက် ရင်းမြစ်တွေ စုစည်းဖို့လိုပါတယ်။ တစ်ချိန်တည်းမှာ နွေဦးတော်လှန်ရေးရဲ့ ကြွေးကြော်သံ တစ်ခုဟာ ဖက်ဒရယ်အရေးဖြစ်ပါတယ်။ ဖက်ဒရယ်ဆိုတာ ဗဟိုချုပ်ကိုင်မှုလျော့ချထားမှု၊ အာဏာခွဲဝေကျင့်သုံးမှုလို့ အရိုးရှင်းဆုံး နားလည်လို့ရပါတယ်။ စစ်တိုက်ရေး ရင်းမြစ်စုစည်းရေးဟာ ဗဟိုချုပ်ကိုင်မှု ဖြစ်ပြီး ဖက်ဒရယ်အရေးဟာ ဗဟိုချုပ်ကိုင်မှုလျော့ချရေး ဖြစ်ပါတယ်။ ဒီအရေး (၂) ရပ်ကို ဘယ်လို ဟန်ချက်ညီအောင် လုပ်ဆောင်မလဲဆိုတာ လက်ရှိ တော်လှန်ရေးရဲ့ လက်ငင်းလိုအပ်ချက် ဖြစ်လာပါတယ်။

ကမ္ဘာ့သမိုင်းကို ကြည့်လိုက်ရင် အအောင်မြင်ဆုံး စစ်တပ်တွေဟာ ဗဟိုချုပ်ကိုင်မှုကို စနစ်တကျ စီမံ နိုင်တဲ့ တပ်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံကို စုစည်းခဲ့ပြီး ပထမဆုံးဧကရာဇ်ဖြစ်တဲ့ ရှီဟွန်တီ၊ မွန်ဂို အင်ပါယာ ထောင်ခဲ့တဲ့ ဂျင်ဂျစ်ဂန်၊ ပရှပ်ရှား စစ်တပ်၊ နောက် အမေရိကန်တော်လှန်ရေး ဆင်နွဲခဲ့တဲ့အမေရိကန် စစ်တပ် ဒါတွေဟာ ဗဟိုချုပ်ကိုင်မှုနဲ့ ထူထောင်ခဲ့ရတာဖြစ်ပါတယ်။ နောက်ကွယ်က ဖြစ်တဲ့ နိုင်ငံရေးသဘောတရားအရ ဆိုရင်လဲ ဘာကြောင့် တိုက်ခိုက်ရသလဲ ဆိုတဲ့ သဘောတရားပိုင်း တစ်သားတည်းဖြစ်မှုကို တည်ဆောက်ခဲ့ရပါတယ်။ စစ်တိုက်ရေး အတွက် လိုအပ်တဲ့ ရင်းမြစ်တွေကိုလဲ စုစည်း အသုံးပြုရပါတယ်။ ဒုတိယကမ္ဘာစစ် ကာလ ဒီမိုကရေစီ နိုင်ငံတွေ နဲ့ ဖက်ဆစ် အာဏာရှင် ဝင်ရိုးစွန်း နိုင်ငံတွေရဲ့ ရင်းမြစ် စုစည်းမှုကို ကြည့်လို့ရပါတယ်။ ဒီမိုကရေစီနိုင်ငံတွေဟာ လွတ်လပ်ခွင့်ကို အာမခံပေးကြပေမယ့်လဲ နိုင်ငံအတွက် အရေးကြီးတဲ့ စစ်ကာလ အရောက်မှာ တိုင်းပြည်ရဲ့ ရင်းမြစ်တွေကို စနစ်တကျ စီမံ အသုံးပြုခဲ့ပါတယ်။ စစ်ရေးအတွက် အရေးကြီးတဲ့ ကုန်စည်တွေ ဖြစ်တဲ့ သံ၊ ရေနံ၊ ရာဘာ စတာတွေကို အကန့်အသတ်နဲ့ အသုံးပြုခဲ့သလို စားနပ်ရိက္ခာတွေကိုလဲ ရာရှင်စနစ် နဲ့ ကန့်သတ် အသုံးပြုခဲ့ကြပါတယ်။ တဖက်မှာ ဖက်ဆစ် ဂျာမနီ နိုင်ငံ ဟာ အဲဒီလို ရင်းမြစ် စုစည်းမှုကို နောက်ကျပြီးမှ လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ ပြည်သူကို လိုလား ထောက်ခံလွန်းလို့မဟုတ်ပါဘူး။ အာဏာရှင်တွေ ဖြစ်တဲ့အတွက် ပြည်သူတွေကို စုစည်းနိုင်မှု အားနည်းလို့ပါ။ ဒီမိုကရေစီနိုင်ငံတွေကတော့ ပြည်သူ့ ထောက်ခံပူးပေါင်းမှု အပြည့်အဝ ရရှိတာကြောင့် ရင်းမြစ် စုစည်းမှုကို နှိုင်းရအားဖြင့် မြန်မြန်ဆန်ဆန်၊ ကျေကျေလည်လည် လုပ်ဆောင်နိုင်ကြပါတယ်။ တစ်နည်းအားဖြင့် ပြောရင် ပြည်သူ့ထောက်ခံအား ကြီးမားတဲ့ အတွက် ရင်းမြစ်စုစည်းမှု၊ ဗဟိုချုပ်ကိုင်မှုကို လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။ ရင်းမြစ်စုစည်းမှု နှေးတဲ့အတွက် စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းမှာ ဝင်ရိုးတန်းနိုင်ငံတွေဟာ မဟာမိတ်တွေထက် နှောင့်နှေးခဲ့ပါတယ်။ သူတို့အနေနဲ့ နောက်ကျပြီးမှ လိုက်လံ ပြင်ဆင်ပေမယ့် အချိန်မမှီတော့ပါဘူး။ အသေးစိတ် အချက်အလက်ဖြစ်တဲ့ လက်နက်ထုတ်လုပ်မှု၊ တင့်၊ လေယာဉ်ထုတ်လုပ်မှု အချက်အလက်တွေကို အွန်လိုင်းမှာ အလွယ်တကူ ရှာကြည့်နိုင်ပါတယ်။

မြန်မာ့ နွေဦးတော်လှန်ရေးမှာလဲ စစ်အောင်နိုင်ဖို့အတွက်ဆိုရင် ရင်းမြစ်တွေကို စုစုစည်းစည်းနဲ့ ဗဟိုက ကောင်းမွန်စွာ စီမံ အသုံးပြုနိုင်ဖို့လိုပါတယ်။ ဒေသတစ်ခုက ရင်းမြစ် ရရှိနေပေမယ့် အဲဒီ ဒေသမှာ အဲဒီ ရင်းမြစ်ကို အသုံးပြုရေးထက် တခြား ဒေသမှာ အသုံးပြုဖို့ လိုအပ်တဲ့ အခြေအနေ မျိုးလဲ ရှိနိုင်ပါတယ်။ ဥပမာ မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်းကနေ လစဉ် ဒေါ်လာ သန်း ၂၀ ဖိုး ရင်းမြစ်တွေ ရရှိနေပေမယ့် တစ်နိုင်ငံလုံး စစ်မဟာဗျူဟာ အရ၊ ရန်သူကို အထိနာဆုံး ချေမှုန်းနိုင်တာ နိုင်ငံရဲ့ ပဲခူးတိုင်းနဲ့ မကွေး တိုင်း ဖြစ်လို့ ပဲခူးနဲ့ မကွေး ကို ဦးစားပေး အသုံးပြုရမှု အခြေအနေမျိုးဖြစ်ပါတယ်။ နောက် ရန်ကုန် လို နေပြည်တော်လို မြို့ပြ ဒေသတွေမှာ နယ်မြေ စိုးမိုးမှု မရှိသလောက် ဖြစ်လို့ စစ်ဆင်ရေးတွေ ရပ်ထားလို့ မရပါဘူး။ အဲဒီလို နယ်မြေတွေ အတွက်ကိုလဲ ရင်းမြစ်တွေကို ဗဟိုက စီမံ ဖြန့်ဝေပေးလို့ရပါတယ်။ အဲဒီလို ဒေသတွေမှာ နာဂဒေသ၊ ပဲခူးရိုးမ ဒေသ၊ ရန်ကုန်၊ ဧရာဝတီ၊ နေပြည်တော် ဒေသတွေက အကျုံးဝင်ပါတယ်။ အဲဒီ အတွက် ရရှိလာတဲ့ ရင်းမြစ်တွေကို စုစည်းပြီး မလွယ်မြောက်သေးတဲ့ နယ်မြေတွေ၊ စစ်ရေးအရ ဦးစားပေးရမယ့် နယ်တွေ အတွက် အသုံးပြုဖို့လိုအပ်ပါတယ်။

တစ်ဖက်က ကြည့်ရင် နွေဦးတော်လှန်ရေး ရဲ့ လက်တွေ့မူ ဖြစ်တဲ့ ဖက်ဒရယ်အရေးနဲ့ အညီ ပြည်နယ်၊ ယူနစ် ဖယ်ဒရယ်တွေ ပေါ်ပေါက်လာပါတယ်။ ပြည်ထောင်စုနဲ့ ပြည်နယ်ကြား၊ ဖက်ဒရယ်နဲ့ ယူနစ်တွေကြား အာဏာခွဲဝေမှုတွေ၊ ရင်းမြစ်ခွဲဝေမှုတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ လက်တလော ထုတ်ပြန်ထားတဲ့ NUG, CRPH, KIO, KNU, KNPP, CNF တို့ ပါဝင်တဲ့ "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF)" ရဲ့ ထုတ်ပြန်ချက်မှာလဲ
“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ အနေဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်း နေထိုင်ကြသော ပြည်သူလူထုက ပိုင်ဆိုင်ကြပြီး ဖက်ဒရယ်နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)" မူကို ကိုင်စွဲမည် ဖြစ်ပါသည်။ ” လို့ ဖော်ပြထားပါတယ်။ ဆိုလိုတာက ဗဟို အစိုးရနဲ့ ပြည်နယ်/ယူနစ်/CU တို့ကြား အာဏာကို မျှဝေ အသုံးပြုမယ်လို့ ဆိုလိုပါတယ်။ ဗဟိုက အကုန်ယူ၊ ပြည်နယ်က ဘာမှ မယူနဲ့ဆိုတဲ့ လက်ရှိ စစ်အာဏာရှင်တွေရဲ့ ပုံစံ မဟုတ်သလို ပြည်နယ်က အကုန်ယူ ဗဟိုက ပြည်နယ်ပေးတာ ယူဆိုတဲ့ လျော့တိလျော့ရဲ လွန်းပြီး လက်တွေ့ လိုအပ်ချက်နဲ့ မကိုက်တဲ့ ပုံစံလဲ မဟုတ်ပါဘူး။ ရင်းမြစ်ပိုင်းနဲ့ ပတ်သတ်ရင် ဗဟို အစိုးရနဲ့ ပြည်နယ် အစိုးရ တို့ဟာ မျှဝေ အသုံးပြုကြမှာ ဖြစ်ပါတယ်။ ဒါမှလဲ တပြည်လုံး လွတ်မြောက်ရေးကို စနစ်တကျ လုပ်ဆောင်နိုင်မှာ ဖြစ်သလို ပြည်နယ်၊ ယူနစ်တွေရဲ့ အရေးကိုလဲ ပြည်နယ် အစိုးရ တွေက ကောင်းမွန်စွာ စီမံနိုင်မှာ ဖြစ်ပါတယ်။

ဗဟိုချုပ်ကိုင်မှု လုပ်ဆောင်တဲ့ အခါ စစ်ရေးလိုအပ်ချက်အရ လုပ်ဆောင်ရခြင်းဖြစ်ပြီး ဆိုးကျိုးတွေ အနေနဲ့ ကောင်းမွန်စွာ မကိုင်တွယ်တတ်ရင် လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးတွေကို ထိပါးခံရနိုင်မှုမျိုးတွေ ရှိနိုင်ပါတယ်။ အဲဒီလို မဖြစ်ဖို့အတွက်လဲ လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ပေးဖို့လိုပါတယ်။ တပ်ဟာ စစ်အောင်နိုင်ရေးအတွက် ဖွဲ့စည်းပုံပိုင်း၊ စုဖွဲ့မှုပိုင်းမှာ စုစုစည်းစည်းနဲ့ ဗဟိုချုပ်ကိုင်မှု ရှိဖို့လိုပါတယ်။ အဲလို စုစည်းထားတဲ့ တပ်ဟာ ပြည်သူကို စောင့်ရှောက်ရမယ် ဆိုတဲ့ နိုင်ငံရေးအတွေးအခေါ်ကို ကိုင်စွဲပြီး တိုက်ပွဲဝင်ဖို့လိုပါတယ်။ အဲလို တိုက်ပွဲ ဝင်နိုင်ဖို့အတွက် ရင်းမြစ်တွေကို ဗဟိုက စုစည်းပြီး စီမံဖို့လိုပါတယ်။ အဲဒီလို စီမံတဲ့ အခါ ပြည်နယ်၊ ယူနစ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေ၊ ဒီမိုကရေစီရေးတွေကို ထိခိုက်ခံလို့မဖြစ်ပါဘူး။ အဲဒီလို အရာအားလုံး ဟန်ချက်ညီနေမှ တော်လှန်ရေးဟာ ရှေ့ရောက်ပြီး အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

02/04/2026
02/04/2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဆီသို့
31/03/2026

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဆီသို့

18/03/2026

“မန်းတစ်တိုင်းလုံးက စစ်တပ် ထိန်းချုပ်နယ်မြေ ဖြစ်သွားတာလား”

မီဒီယာတချို့နဲ့ စစ်ကောင်စီဝါဒဖြန့်ချယ်နယ်တွေက သုံးနှုန်းနေတဲ့ အသုံးနှုန်းတစ်ခုနဲ့ပတ်သက်ပြီး ပြောစရာကရှိလာပြန်ပါပြီ။ တကောင်းမြို့ကျပြီးတဲ့နောက် မန္တလေးတိုင်းတစ်ခုလုံးကို စစ်တပ်ထိန်းချုပ် ဆိုတဲ့ Narrative ဖြစ်ပါတယ်။

စစ်ရေးခွဲခြမ်းစိတ်ဖြာမှု/ Military Analysis မှာ ထိန်းချုပ်မှု (Control) ဆိုတာ ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။

(၁) အုပ်ချုပ်ရေးယန္တရား ထိန်းချုပ်မှု (Administrative Control)
မြို့ပေါ်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ တရားရုံးတွေ လည်ပတ်နေခြင်း၊ စစ်တပ်က တပ်စွဲထားခြင်းနဲ့ စစ်ဆေးရေးဂိတ်တွေ၊ အခွန်ကောက်ခံမှုတွေ ရှိနေခြင်းကို ဆိုလိုပါတယ်။ ဒါကို မီဒီယာတွေက အစိုးရရဲ့ ထိန်းချုပ်မှု/ State Control လို့ သတ်မှတ်တတ်ကြတယ်။

(၂) နယ်မြေစိုးမိုးမှု (Territorial Influence)
ကျေးလတ်ဒေသတွေမှာ တော်လှန်ရေးကွန်ရက်တွေ ရှိနေခြင်း၊ ထောက်ပံ့ရေးလမ်းကြောင်းတွေကို စိုးမိုးထားခြင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ အခြေပြုနေခြင်းတို့ ဖြစ်တယ်။ ဒါကို အားပြိုင်ရာနယ်မြေ/ Contested Area လို့ ခေါ်ဆိုနိုင်တယ်။ မြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားတယ်ဆိုတာ ဒေသတစ်ခုလုံးကို ထိန်းချုပ်ထားတယ် လို့ အဓိပ္ပာယ်မရပါဘူး။

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခပုံစံဟာ မြို့ပေါ်ထိန်းချုပ်မှုနဲ့ ကျေးလတ်တော်လှန်ရေး / Urban control vs Rural resistance ဆိုတဲ့ ပုံစံဖြစ်တယ်။ မြို့ကြီးတချို့နဲ့ မြို့ပေါ်ဧရိယာကို အကြမ်းဖက်စစ်တပ် ကထိန်းချုပ်တယ်။ မြို့နယ်တချို့နဲ့ ကျေးလတ်တွေကတော့ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ကြား အပြန်အလှန်စိုးမိုးဖို့ ကြိုးစားနေတဲ့ ဧရိယာဖြစ်တယ်။ တချို့သောနယ်မြေတွေမှာတော့ တော်လှန်ရေးအင်အားစုတွေက လွှမ်းမိုးထားပါတယ်။ စစ်ကိုင်း၊ မကွေးမှာဆို ဒီလိုပုံစံဟာ သိသာထင်ရှားစွာ မြင်နိုင်ပါတယ်။ မြို့ပေါ်မှာ စစ်တပ်တွေရှိမယ်။ မြို့ပြင်ထွက်လိုက်ရင် တော်လှန်ရေးတပ်တွေနဲ့ တွေ့ရမယ်။ ဒါဟာ Urban control vs Rural resistance ဆိုတဲ့ ပုံစံပါ။

ရှမ်းပြည်မြောက်ပိုင်း၊ ကချင် ဒေသတချို့နဲ့ ရခိုင်ဒေသတွေမှာတော့ တစ်မြို့လုံးကို တိုင်းရင်းသားလက်နက်ကိုင် (EROs) တွေက အလုံးစုံ သိမ်းပိုက်ထားတာမျိုး ဖြစ်တယ်။

မန္တလေးတိုင်းကိုပြန်ကြည့်ရင်တော့ မြင်းခြံ၊ မလှိုင်၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန် နယ်တွေကို ပြောက်ကျားစစ်လှုပ်ရှားနေတဲ့ဇုန်/ guerrilla maneuver zone လို့သတ်မှတ်နိုင်ပါတယ်။ ယခုတကောင်းဟာလည်း မြို့ပေါ်ဧရိယာတွေကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ဖယ်ပေးလိုက်ရပေမယ့် မြို့အပြင်တွေမှာ ခြေကုပ်ရယူထားပြီး ပြောက်ကျားစစ်ဆင်နွှဲဖို့ ပြင်နေပါတယ်။
ဆိုတော့ မန္တလေးတိုင်းအတွင်းမှာ ပြောက်ကျားစစ်ဆင်မှု၊ ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်နေတဲ့ တော်လှန်ရေးစိုးမိုးနယ်မြေတွေ ရှိနေပါသေးတယ်။
လက်ရှိ မီဒီယာတွေမှာ အသုံးများတဲ့ Narrative က "ဘယ်သူက မြို့ကို သိမ်းထားသလဲ" ဆိုတဲ့အချက်ပေါ်မှာပဲ အခြေခံပြီးထုတ်လေ့ရှိတာဆိုတော့ "တကောင်းမြို့ကျပြီး မန္တလေးတိုင်းတစ်ခုလုံးကို စစ်တပ်ထိန်းချုပ်" ဆိုတဲ့ ပုံစံ ဖြစ်သွားတယ်လို့ ယူဆလို့ရပါတယ်။ ဒါပေမဲ့ အုံကြွမှုအခြေခံစစ်ပွဲ (Insurgency War) တွေမှာတော့ လက်တွေ့အခြေအနေက အလွှာလိုက်ထိန်းချုပ်မှု/ Layered Control ဖြစ်နေတတ်ပါတယ်။ ဥပမာအားဖြင့် - မြို့ပေါ် စစ်ကောင်စီထိန်းချုပ်၊ မြို့ပြင် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ဆိုတဲ့ပုံစံမျိုး၊ ဒါမှမဟုတ် နေ့ခင်းဘက် အဖွဲ့ A က ထိန်းချုပ်၊ ညကျ အဖွဲ့ B က ပြောက်ကျားစစ်လှုပ်ရှား ဆိုတဲ့ပုံစံမျိုးပါ။

ပြောက်ကျားစစ်/ Guerrilla War ရဲ့ သဘောတရားအရ နယ်မြေတစ်ခုကို အမြဲတမ်း သိမ်းပိုက်ထားဖို့ထက် "လှုပ်ရှားစစ်" (Mobility) ကို ပိုပြီး ဦးစားပေးပါတယ်။ မော်စီတုန်းရဲ့ စစ်မဟာဗျူဟာ၊ ဗီယက်နမ်စစ်ပွဲနဲ့ အာဖဂန်နစ္စတန်အုံကြွမှုတွေမှာကြည့်ရင် "မြို့တွေကို ထိန်းချုပ်ထားနိုင်ရုံနဲ့ အပြည့်အဝ စိုးမိုးနိုင်တာမဟုတ်ဘူး" ဆိုတာ တွေ့နိုင်ပါတယ်။

ဒီတော့ မန္တလေးတိုင်းဟာ စစ်ကောင်စီအပြည့်အဝ ထိန်းချုပ်ထားတဲ့နယ်မြေ မဟုတ်ဘဲ အပြန်အလှန် စိုးမိုးရန် ကြိုးပမ်းနေတဲ့ စစ်တလင်း/ Contested Battlespace ဖြစ်နေဆဲပါ။ မြို့ပေါ်မှာ စစ်တပ်ရဲ့ အုပ်ချုပ်ရေး ရှိနေနိုင်ပေမဲ့ နယ်ဘက်တွေမှာတော့ တော်လှန်ရေး ပြောက်ကျားအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေက အားကောင်းနေဆဲ ဖြစ်ပါတယ်။ ဒါကို မြင်းခြံ၊ မလှိုင်၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန် နယ်တွေကိုကြည့်ရင် မြင်သာပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

ဘုံရန်သူကို တိုက်ထုတ်ရာမှာ ကိုယ့်ဘက်သားတွေ အားမလျော့စေချင်၊ ညှိနှိုင်းဖြေရှင်း တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေကြောင်း သ...
17/03/2026

ဘုံရန်သူကို တိုက်ထုတ်ရာမှာ ကိုယ့်ဘက်သားတွေ အားမလျော့စေချင်၊
ညှိနှိုင်းဖြေရှင်း တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေကြောင်း သမ္မတ နဲ့အတူ ကျနော်တို့အားလုံး မျှော်လင့်နေပါတယ်

နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၏ မေတ္တာရပ်ခံတိုက်တွန်းချက်

၂၀၂၆ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့

နှစ်ဖက် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNTJP/ MNDAA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA) ခေါင်းဆောင်များအနေဖြင့် ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သတင်းကြားသိရသည့်အတွက် အထူးဝမ်းမြောက်ရပါသည်။
တော်လှန်ရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ ဖြစ်သည့်အားလျော်စွာ တော်လှန်ရေးမျက်နှာကို ရှေးရှုလျက် တော်လှန်ရေးအကျိုး မထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှုကို ဆောင်ရွက်နိုင်ကြလိမ့် မည်ဟု ယုံကြည်ပါသည်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဒူဝါလရှီးလ
နိုင်ငံတော်ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ

ပုဂံညောင်ဦး ကျောက်ပန်းတောင်း ခရီးသွားဆောင်းပါး
15/02/2026

ပုဂံညောင်ဦး ကျောက်ပန်းတောင်း ခရီးသွားဆောင်းပါး

Latest news & insightful features on Myanmar

Address

Bagan

Alerts

Be the first to know and let us send you an email when ညောင်ဦးခရိုင် ပကဖ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share