National Rifle Alliance - NRA-Myanmar အမျိုးသားရိုင်ဖယ်လ်အသင်း မြန်မာ

  • Home
  • Myanmar
  • Aungban
  • National Rifle Alliance - NRA-Myanmar အမျိုးသားရိုင်ဖယ်လ်အသင်း မြန်မာ

National Rifle Alliance - NRA-Myanmar အမျိုးသားရိုင်ဖယ်လ်အသင်း မြန်မာ This page is for People who do not like the military coup and fight against this junta.

We're matching on! We're are the warriors.We stand shoulder to shoulder.Faithful always, We shall remain.Though many are...
10/04/2022

We're matching on! We're are the warriors.
We stand shoulder to shoulder.
Faithful always, We shall remain.
Though many are born, few are "made".
Crd words
Edited by PK (phaykyaw)

(၇၄) နှစ်ပြည့်၊ ယင်းအကြိမ်မြောက် ချင်းအမျိုးသားနေ့အား ကြိုဆိုဂုဏ်ပြုပါ၏။NRA-Myanmar
20/02/2022

(၇၄) နှစ်ပြည့်၊ ယင်းအကြိမ်မြောက် ချင်းအမျိုးသားနေ့အား ကြိုဆိုဂုဏ်ပြုပါ၏။

NRA-Myanmar

ကျွန်တော်တို့ ပြိုင်တူတွန်းရင် ရွေ့ပါတယ်။*(၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက်ကျွန်ုပ်တို့၏ သဝဏ်လွှာ*▪ မွန်အမျိုးသားနေ...
16/02/2022

ကျွန်တော်တို့ ပြိုင်တူတွန်းရင် ရွေ့ပါတယ်။

*(၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက်
ကျွန်ုပ်တို့၏ သဝဏ်လွှာ*

▪ မွန်အမျိုးသားနေ့ဟာ မွန်လူမျိုးတို့ အထွဋ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ် ။ သာသနာသက္ကရာဇ် (၁၁၁၆)ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁)ရက်၊ တနင်္လာနေ့မှာ သမလကုမ္မာနဲ့ ဝိမလကုမ္မာ မွန်မင်းသားညီနောင်နှစ်ပါးတို့ ဟံသာဝတီမင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့တဲ့နေ့ကို အစွဲပြုပြီး "မွန်အမျိုးသားနေ့" သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ် ။

▪ (၁၉၄၆)ခုနှစ်၊ ဒီဇင်ဘာ(၂)ရက်၊ မြန်မာသက္ကရာဇ် (၁၃၀၈)ခုနှစ်၊ နတ်တော်လဆန်း(၉)ရက်နေ့မှာ မွန်မျိုးချစ်ခေါင်းဆောင်များ၊ ရဟန်းသံဃာတော်များနဲ့ မွန်ပညာရှင်တွေ စုပေါင်းပြီး မွန်ပြည်နယ်၊သံဖြူဇရပ်မြို့ ပငကျေးရွာမှာ ညီလာခံကျင်းပပြုလုပ်ကာ ဟံသာဝတီမွန်နေပြည်တော်ကို စတင်တည်ထောင်တဲ့နေ့ဖြစ်တဲ့ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို "မွန်အမျိုးသားနေ့" အဖြစ် တညီတညွတ်တည်း သတ်မှတ်ခဲ့ကြပြီး၊ (၁၉၄၇)ခုနှစ်က စတင်ကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ဟာ အခုနှစ်ဆိုရင် (၇၅) ကြိမ်မြောက် ဖြစ်ပါတယ် ။

▪ သမိုင်းကြောင်းအရ "မွန်အမျိုးသားနေ့" ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးမရရှိခင်အချိန်ကာလကတည်းက ကျင်းပလာခဲ့ကြတာဖြစ်ပါတယ်။ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့တိုင်းမှာ ပြည်တွင်း၊ပြည်ပမှာရှိတဲ့ မွန်လူမျိုးတွေဟာ ဒေသအလိုက် မွန်အမျိုးသားနေ့ကို ကျင်းပလေ့ရှိကြပါတယ် ။

▪ ကျင်းပတဲ့နေရာအလိုက် အမျိုးသားနေ့အခမ်းအနားကျင်းပပုံဟာ ကွဲပြားကြပါတယ်။ မွန်အမျိုးသား အလံတော်ကို အလေးပြုခြင်း၊ ဟောပြောပွဲ ကျင်းပခြင်း၊ စာပေယဉ်ကျေးမှုပြိုင်ပွဲများ ကျင်းပခြင်း၊ အားကစား ပြိုင်ပွဲများ ကျင်းပခြင်း၊ ထမနဲထိုးပွဲများ ကျင်းပခြင်း၊ ရဟန်းသံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း ၊ ပျော်ပွဲရွှင်ပွဲများကျင်းပခြင်းတွေ ပြုလုပ်လေ့ရှိကြပါတယ်။

▪ တစ်ချိန်က ယဉ်ကျေးမှုအစဉ်အလာ ကြီးမားခဲ့ပြီး ကိုယ်ထီးကိုယ်နန်းကိုယ်ကြငှန်းနဲ့ ဝင့်ထည်စွာနေလာခဲ့တဲ့ လူမျိုးဖြစ်ခဲ့တဲ့ မွန်လူမျိုးတွေဟာ မွန်အမျိုးသားနေ့မှာ တစ်ချိန်က မွန်လူမျိုးတို့ရဲ့ သမိုင်းကြောင်းရာဇဝင်ကို ပြန်လည်အောက်မေ့တမ်းတကြပါတယ်။ မွန်လူမျိုးတို့ရဲ့အမျိုးသားဆိုင်ရာ ရပိုင်ခွင့်အတွက်လည်း နည်းအမျိုးမျိုးနဲ့ ယနေ့တိုင် ရုန်းကန်လှုပ်ရှားနေ​ကျဆဲ ဖြစ်ပါတယ်။
Crd words
Edited by 👉
PS: ထို့ကြောင့် ကျွန်တော်တို့တတွေ အတူတူပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်ကြပါစို့ ညီနောင်အပေါင်းတို့။
PK (phaykyaw)

06/02/2022

ဗိုလ်မှုးချုပ် စောဖေါဒို၏ တော်လှန်ရေး ဘဝ ဖြတ်သန်းမှုနှင့် အားပေးတိုက်တွန်းစကား

 $တော်လှန်ရေးအနုပညာ$ဘယ်လက်က  ‌ဂစ်တာကော့စ်ကိုင်ဖို့ညာလက်က မောင်းခလုတ်ဆွဲဖို့ငါ့ဦးနှောက်ထဲမှာ အာဏာရှင်နိမ်နှင်းဖို့နှလုံးသ...
29/01/2022


$တော်လှန်ရေးအနုပညာ$

ဘယ်လက်က ‌ဂစ်တာကော့စ်ကိုင်ဖို့

ညာလက်က မောင်းခလုတ်ဆွဲဖို့

ငါ့ဦးနှောက်ထဲမှာ အာဏာရှင်နိမ်နှင်းဖို့

နှလုံးသားက ငါ့ဝါသနာ ဖန်တီးဖို့...

Crd SCL
Header By PK (phaykyaw)

¥Revolution's Art¥

Left hand to handle guitar's cord

Right hand to click switch

In my brain is to vanquish junta

My heart be to create my own hobbies.

Translated By
PK (phaykyaw)

Jan - 31 ကရင့်တော်လှန်ရေးနေ့မကြာမီ ကျရောက်မည့်ကရင့်တော်လှန်ရေးနေ့ ( ၇၃)  နှစ်မြောက် " ကရင့်တော်လှန်ရေးနေ့ " ကို ကြိုဆိုဂ...
26/01/2022

Jan - 31 ကရင့်တော်လှန်ရေးနေ့
မကြာမီ ကျရောက်မည့်
ကရင့်တော်လှန်ရေးနေ့ ( ၇၃) နှစ်မြောက်
" ကရင့်တော်လှန်ရေးနေ့ " ကို ကြိုဆိုဂုဏ်ပြုပါ၏။

ကရင်တွေ မိမိကိုယ်ကို
ကရင်မှန်းသိသောနေ့သည်။
ကရင်ပြည်ရသောနေ့ပဲ... စောဘဦးကြီး

စောဘဦးကြီး၏ ဂုဏ်ရည် (၇)ပါး

၁။ ပညာစွန့်
(Bar At Law)ဖြင့် ဗြိတိသျှ အင်ပါယာတစ်ခုလုံး ရှေ့နေလိုက်ခွင့်ရသော်လည်း လူမျိုးနှင့် တိုင်းပြည် သံယောဇဉ်ကြောင့် မိမိတိုင်းပြည်ပြန်လာခဲ့...။

၂။ သားမယားစွန့်
စစ်အတွင်း မိသားစု လုံခြုံရေးကြောင့် အင်္ဂလန်ပြန်သွားသည့် ဇနီး၊ သားသမီး နောက်သို့ မလိုက်ပဲ ကရင့်နိုင်ငံရေး လိုအပ်ချက်အရ ကရင်ဘဝထဲတွင် မိမိဘဝကို မြုပ်နှံခဲ့ ။

၃။ ရာထူးကိုစွန့်
၁၉၄၇ အောက်တိုဘာလ KNU မော်လမြိုင် ညီလာခံ ဆုံးဖြတ်ချက်အရ ကရင်ပြည်နယ်မရရှိပါက အစိုးရ အဖွဲ့အတွင်းရှိ ကရင်ခေါင်းဆောင်များ မိမိရာထူးမှ နုတ်ထွက်ရန် ဆိုသော ကရင်ပြည်သူတို့၏ ဆုံးဖြတ်ချက်ကို ကရင့်နိုင်ငံရေး အတွက် ဝန်ကြီးရာထူးမှ နှုတ်ထွက်ခဲ့။

၄။ ကရင်ပြည်သူတို့အား နိုင်ငံရေး လမ်းပြခဲ့
၁၉၄၇ ပင်လုံ ကတိကဝတ်မှ လွဲချော်ခဲ့သည့် ၁၉၄၇ အခြေခံဥပဒေကို ဆန့်ကျင်ပြီး ကရင် ပြည်သူတို့အား ဒီမိုကရေစီ နည်းကျကျ နိုင်ငံရေး လမ်းပြခဲ့ ပြီး ကရင့်ကြွေးကြော်သံ မူချပေးခဲ့။

(က) ကရင်တစ်ကျပ် ဗမာ တစ်ကျပ် ချက်ခြင်းပြ
(ခ) ကရင်ပြည်ချက်ချင်းပေး
(ဂ) လူမျိုးရေး အဓိကရုဏ်း မလိုမရှိ
(ဃ)ပြည်တွင်းစစ်အလိုမရှိ

ကရင့်နိုင်ငံရေး၏ အန္တိမ ရည်မှန်းချက်ကို ၁၉၅၀ ဇူလိုင် (၁၇)(၁၈)၊ ဖာပွန်ကွန်ဂရက် တွင် လမ်းညွှန်ခဲ့သည့်စကား -

- ကရင့်တော်လှန်ရေးသည် ပထမဆုံးနှင့် နောက်ဆုံး အကြိမ်ဖြစ်သည်။
- ကရင်တွေ ရန်ကုန်ဆင်းပြီး လည်စင်းမခံသ၍ ကရင့်တော်လှန်ရေးဘယ်တော့မှ မရှုံးဘူး။

ကရင်ပြည် ရရှိနိုင်သည့် နည်းလမ်း (၃) သွယ်…
- ရန်သူက ပေး၍ရခြင်း။
- ရန်သူကို တိုက်၍ရခြင်း။
- ပြည်ပအခြေအနေတွန်းပို့မှုကြောင့် ရခြင်း။

စောဘဦးကြီး မူ(၄)ချက်
(က) လက်နက်ချက်စကား အလျဉ်းမပြောရ။
(ခ)ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည်။
(ဂ) ကရင့်ကြမ္မာ ကရင်ဖန်တီးနိုင်ရမည်။
(ဃ) ကရင်ပြည်အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည်။

၅။ အကြီးအမားဆုံး စည်းရုံးနိုင်စွမ်းအား
၁၉၄၈ ဖေဖော်ဝါရီလ (၁၁) ကရင်လူထု ဆန္ဒပြပွဲ ဦးဆောင်နိုင်ခဲ့။ တစ်ပြည်လုံး လူအင်အား (၄) သိန်းကျော် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၆။ စီးပွားကိုစွန့်
မအူပင်ဘဏ် ဖောက်ထွင်းမှုတွင် ကရင့် လူငယ်(၁၉)ဦးပါသည့် ကိစ္စ ကရင့်ဂုဏ်သိက္ခာ ထိန်းသိမ်းရေးအတွက် မိမိကိုယ်တိုင် ပိုင်ဆိုင်သည့် လယ်ဧက (၁၀၀၀)ဖြင့် ပေးလျော်ရန် ကတိပေးခဲ့။

၇။ အသက်ကိုစွန့်
၁၉၅၀ သြဂုတ်လ (၁၂)၊ ကေ့ာကရိတ်မြို့နယ်၊
ထို့ကော်ကိုးရွာ(ယခု ဝေနော်တယာ)ဝန်းကျင်တွင် ကရင့်တော်လှန်ရေးအတွက် အသက်စွန့်ခဲ့။
Crd photo and words
Edited by PK

Our Desire,We are the Alliance with All Anti-dictatorship Organization.NRA-MYANMARCrd photos
26/01/2022

Our Desire,

We are the Alliance with All Anti-dictatorship Organization.

NRA-MYANMAR
Crd photos

17/01/2022

အမှောင်အမိုက်ကင်းသော တိုင်းပြည်ဆီသို့

Game အတော်များများမှာမြင်ဖူးကြတဲ့ ဒီစကားလုံး (Loading)လို ဖြစ်နေတဲ့ 2022ခုနှစ် နှစ်သစ်ကို တို့ ဘယ်လိုကြိုဆိုရင်ကောင်းမလဲ...
31/12/2021

Game အတော်များများမှာမြင်ဖူးကြတဲ့ ဒီစကားလုံး (Loading)လို ဖြစ်နေတဲ့ 2022ခုနှစ် နှစ်သစ်ကို တို့ ဘယ်လိုကြိုဆိုရင်ကောင်းမလဲ? မိတ်ဆွေတို့!
NRA-Myanmar

မေတ္တာပေး၍ မေတ္တာပြန်ရ၏။Our heads are bloody, But unbowed.Crd little photo-creator
25/12/2021

မေတ္တာပေး၍ မေတ္တာပြန်ရ၏။
Our heads are bloody,
But unbowed.
Crd little photo-creator

Address

Aungban
06022

Telephone

+959966559383

Website

Alerts

Be the first to know and let us send you an email when National Rifle Alliance - NRA-Myanmar အမျိုးသားရိုင်ဖယ်လ်အသင်း မြန်မာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to National Rifle Alliance - NRA-Myanmar အမျိုးသားရိုင်ဖယ်လ်အသင်း မြန်မာ:

Share