NLD Office Aleyegyaw

NLD Office Aleyegyaw အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်/အလယ်ရေကျော် 𝙉𝙇𝘿 𝙊𝙛𝙛𝙞𝙘𝙚 𝘼𝙡𝙚𝙮𝙚𝙜𝙮𝙖𝙬

 #နိုင်ငံတော်အကြည်ငြိုပျက်ရအောင်ကလည်း မင်းအောင်လှိုင်နဲ့အပေါင်းပါ တစ်စုသည် နိုင်ငံတော်မဟုတ်။ အဂတိလိုက်စားတယ်ပြောရအောင်လည...
01/06/2022

#နိုင်ငံတော်အကြည်ငြိုပျက်ရအောင်ကလည်း
မင်းအောင်လှိုင်နဲ့အပေါင်းပါ တစ်စုသည်
နိုင်ငံတော်မဟုတ်။

အဂတိလိုက်စားတယ်ပြောရအောင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့သားများ ကုမ္မဏီတို့ ၊ဦးဝင်းမြင့် မိသားစုလီမိတက် တို့တစ်ခုမှမရှိ ။လခနဲ့မမျှတဲ့ပိုင်ဆိုင်မှု တွေဘာမှမရှိ။

ကိုဗစ်သဘာဝကပ်ဘေး ကို​ ပြန့်ပွားစေတယ်ပြောရအောင်အောင်လည်း ဒေါ်အောင်ဆန်းစုကြည်လောက် ကိုဗစ် ပထမလှိုင်း၊ဒုတိယလှိုင်းကို ဦးဆောင်ကာကွယ်ခဲ့သူမရှိ။

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားရအောင်လည်း သူကိုယ်တိုင်ကနိုင်ငံအကြီးအကဲ ။ စစ်ရေးလျှို့ဝှက်ချက်လည်းသမ္မတနဲ့အတိုင်ပင်ခံကသိရတာမဟုတ် ။

လမ်းလျှောက်စကားပြောစက် သွင်းကုန် လိုင်စင်ဥပဒေနဲ့ငြိတယ်ပြောရအောင် အဲဒါ စစ်တပ်လက်အောက်ခံပြည်ထဲရေးဝန်ကြီးဌာနက ပိုင်တဲ့ဟာတွေ ။

အဲဒီတော့ဘာဥပဒေနဲ့မှမငြိဘူး ။ စစ်သားပီပီ ယောက်ျားတွေဆို တည့်တည့်ဝန်ခံလိုက် ။ ကျွန်တော် တို့ ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်ဘက်ကမှမယှဥ်နိုင်လို့ ရန်ငြိုးနဲ့ အကွက်ဆင်ပြီး ယုတ်မာနေတာပါလို့။

#သရဝဏ်(ပြည်)

ကျနော်တို့ နိုင်ငံကြီးက နာရေးဖြစ်နေတယ်ဆိုတာအားလုံးကို မမေ့ထားစေချင်ပါဘူး…။"နိုင်ငံပျောက်သူ"
01/06/2022

ကျနော်တို့ နိုင်ငံကြီးက နာရေးဖြစ်နေတယ်ဆိုတာ

အားလုံးကို မမေ့ထားစေချင်ပါဘူး…။

"နိုင်ငံပျောက်သူ"

ပြည် သူ ကို တ ကယ် လေး စား တယ်ပြည် သူ့ အ ပေါ် မှာ စေ တ နာ ထားတယ် ဆို ရင် ပြည် သူ့ ဆန္ဒ ကို ဖြည့် ဆည်း ပေး ဖို့ ကြိုး စား ...
27/05/2022

ပြည် သူ ကို တ ကယ် လေး စား တယ်

ပြည် သူ့ အ ပေါ် မှာ စေ တ နာ ထား

တယ် ဆို ရင် ပြည် သူ့ ဆန္ဒ ကို ဖြည့်

ဆည်း ပေး ဖို့ ကြိုး စား ရ မယ် ။

ဒေါ်အောင်ဆန်းစုကြည်
Credit

ကျွန်မတို့အားလုံး နားလည်ရမှာက... " အမျိုးသားရေးစိတ်ဓာတ် " နဲ့ " လူမျိုးရေးဆိုတဲ့စိတ်ဓာတ် " မတူပါဘူး။အမျိုးသားရေး ဆိုတာဟာ...
26/05/2022

ကျွန်မတို့အားလုံး နားလည်ရမှာက...
" အမျိုးသားရေးစိတ်ဓာတ် " နဲ့
" လူမျိုးရေးဆိုတဲ့စိတ်ဓာတ် " မတူပါဘူး။

အမျိုးသားရေး ဆိုတာဟာ...
ကျွန်မတို့အားလုံးအတွက်၊
ကျွန်မတို့အားလုံး တိုးတက်ဖို့အတွက်၊
ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း တိုးတက်ဖွံ့ဖြိုးဖို့အတွက်၊
မှန်ကန်တဲ့စိတ်ထားမျိုး ကို
အမျိုးသားရေး စိတ်ဓာတ်လို့ ခေါ်ပါတယ်။

လူမျိုးရေး ဆိုတာဟာ...
လူမျိုးဖြစ်ဖြစ်၊ ကိုးကွယ်တဲ့ဘာသာဖြစ်ဖြစ်
ဒါမျိုးတွေသုံးပြီးတော့
အချင်းချင်းကြားမှာ_တိုက်ပေးတဲ့ဟာက
အဲဒါလူမျိုးရေးကိစ္စဖြစ်တယ်။

အမုန်းတရား၊ အကြောက်တရား ကို အခြေခံပြီးတော့
စည်းရုံးတယ်ဆိုတာ....
#ပြည်သူကိုစော်ကားတာ၊
#ပြည်သူကိုအထင်သေးတာပဲ ဆိုတာ
သဘောပေါက်ပါ။

ပြည်သူတွေဟာ
အမုန်းတရား၊ အကြောက်တရားနဲ့
မဲဆွယ်လို့ရတယ်လို့ ထင်တဲ့
ပုဂ္ဂိုလ်များ အဖွဲ့အစည်းများဟာ.....
ပြည်သူတွေကို_တန်ဖိုးမထားတာဖြစ်တယ်။

ဒါကြောင့်မို့လို့....
ကိုယ့်ကိုလာပြီးတော့
ဘာသာရေး ကိစ္စ၊ လူမျိုးရေး ကိစ္စ
အမုန်းတရား၊အကြောက်တရား တွေ အခြေခံတဲ့
ဝါဒဖြန့်ချိမှုတွေနဲ့ စည်းရုံးလို့ရှိရင်....

ပြန်မေးရမှာက....
ကျွန်တော်တို့ကို ဘယ်လို အဆင့်လို့ ထင်လို့လဲ၊ ခင်ဗျားတို့နဲ့ အဆင့်တူတယ် ထင်လို့လားလို့
အဲလိုပြန်မေးလိုက်ပါ။

ဒေါ်အောင်ဆန်းစုကြည်

💖💖💖

မျှော်လင့်ချက်တွေချိတ်ဆက်အတူတူလက်တွဲထားစမ်းပါယုံကြည်ခြင်းနဲ့ အသက်ဆက်အရာရာ ရဲရင့်ပါမျက်ကြောလိုက်နေတဲ့ သမိုင်းတစ်ခုကိုဖိနပ...
25/05/2022

မျှော်လင့်ချက်တွေချိတ်ဆက်
အတူတူလက်တွဲထားစမ်းပါ
ယုံကြည်ခြင်းနဲ့ အသက်ဆက်
အရာရာ ရဲရင့်ပါ

မျက်ကြောလိုက်နေတဲ့
သမိုင်းတစ်ခုကို
ဖိနပ်စဉ်အောက်မှာ ညှပ်
အသစ်ဖြန့်ဝေမယ့်စာအုပ်မှာ
သပိတ်ကို ပြောင်းပြန်ထည့်

လမ်းမပေါ်ကကြယ်တွေကို
ဦးညွတ်သစ္စာပြု
တို့(ဒို့)စပ်ဆိုမယ့်သံစဉ်ဟာ
နှလုံးသားထဲမှာ ခု

*****
ဒီမြေဟာ
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ
ငါတို့အားလုံးရဲ့မြေ

Crd

22-5-2022 အရုဏ်တက်ချိန်အထိ ၇-နိုင်ငံမှာNUG ရုံးခွဲများ ဖွင့်ခွင့်ရပြီ.........၁) ပြင်သစ်၂) ချက်၃) ယူကေ၄)နော်ဝေ၅) တောင်ကိ...
22/05/2022

22-5-2022 အရုဏ်တက်ချိန်အထိ ၇-နိုင်ငံမှာ
NUG ရုံးခွဲများ ဖွင့်ခွင့်ရပြီ.........

၁) ပြင်သစ်
၂) ချက်
၃) ယူကေ
၄)နော်ဝေ
၅) တောင်ကိုရီးယား
၆) ဂျပန်
၇) ဩစီ
Congratulations.......

Credit

အခက်အခဲ တွေ့တိုင်း အရှုံးပေး လက်မြှောက်ရမယ် ဆိုရင်တော့ စစ်ကောင်စီ အုပ်ချုပ်လို့ရတာ ကြာနေပြီပေါ့။ဒေဝဒတ်ဖျက်တိုင်းသာ နောက်...
21/05/2022

အခက်အခဲ တွေ့တိုင်း အရှုံးပေး လက်မြှောက်ရမယ် ဆိုရင်တော့ စစ်ကောင်စီ အုပ်ချုပ်လို့ရတာ ကြာနေပြီပေါ့။

ဒေဝဒတ်ဖျက်တိုင်းသာ နောက်ဆုတ်ရမယ် ဆိုရင် မြတ်စွာဘုရားလဲ ပွင့်လာမှာ မဟုတ်ဘူး။

နေဝင်း မိုးပေါ်ထောင် မပစ်လို့ ဒူးထောက်ရကြေးဆိုရင် ဒီနေ့ GenZ တွေ ကို မွေးဖွားပေးတဲ့ မိဘကောင်းတွေ ရှိလာမှာ မဟုတ်ဘူး။

အာဏာရှင်ခြောက်တိုင်း ကြောက်ရမယ် ဆိုရင်ဖြင့် freedom ဆိုတဲ့ စကားပေါ် လာပါအုံးမလား။

အတိုက်အခံတွေ အခက်အခဲတွေ ကြား က ရှင်သန်ခြင်းကမှ ပိုပြီး အနှစ်သာရ ရှိတာ။ အစုအဖွဲ့တော့ မပျက်ပါစေနဲ့ ။

နွေဦးတော်လှန်ရေးက အောင်ကို အောင်မှာ

Credit

သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်ဆွေးနွေးမယ့် ''စစ်သားများ သိသင့်သော နိုင်ငံရေး''ဆိုတဲ့ ခေါင်းစဥ်နဲ့ စကားဝိုင်းကို '' B...
21/05/2022

သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်ဆွေးနွေးမယ့် ''စစ်သားများ သိသင့်သော နိုင်ငံရေး''ဆိုတဲ့ ခေါင်းစဥ်နဲ့ စကားဝိုင်းကို '' Breaking Brainwashed You Tube Channel ရဲ့ Sunday ည(8:00)တိုင်းထုတ်လွင့်မည့် '' Breaking Brainwashed Live Show ''အစီအစဥ်ရဲ့ ဒီတပါတ်ဆွေးနွေးမည့် အကြောင်းအရာတော့ ''သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ စစ်သားများ သိသင့်သော နိုင်ငံရေး'' ဆိုတဲ့ အကြောင်းအရာဘဲ ဖြစ်ပါတယ် ။

စစ်သားတွေကို ရိုက်သွင်းထားတဲ့ စစ်ခေါင်းဆောင်များရဲ့ ဝါဒမှိုင်းတွေအကြောင်းနဲ့ အောက်ခြေအရာရှိ စစ်သည်တွေအနေနဲ့ ၎င်းအလိမ်အညာ ဝါဒမှိုင်းကို အမှန်အတိုင်း သိရှိနားလည်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းလာနိုင်ဖို့ ရည်ရွယ်ပါတယ်။ စကားဝိုင်းတွင် ပါဝင်မည့် အကြောင်းအရာ တွေကတော့ -

🔹 သံအမတ်ကြီးအနေဖြင့် သိမြင်ခဲ့ရသည့် နိုင်ငံတကာ စစ်တပ်နှင့် လက်ရှိအကြမ်းဖက်စစ်တပ် လုပ်ဆောင်မှုများနှိုင်းယှဥ်ချက်

🔹 နိုင်ငံတကာအနေဖြင့် စစ်အာဏာရှင်ကို ဖိအားပေးမှုနှင့် စစ်အာဏာရှင်အတွက် အနာဂတ်အလားအလာ

🔹 လက်ရှိအခြေအနေအရ စစ်ကောင်စီကို စစ်ရေး သံတမန်ရေး အဓိက ထောက်ခံပေးနေတဲ့ တရုတ် ရုရှ အိန္ဒိယ နဲ့ ထိုင်း နိင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ပြောင်းလဲနိုင်ခြင်းရှိမရှိ သိချင်ပါတယ်။ အာဏာရှင်ကို ထောက်ခံနေတဲ့ အဲ့ဒီနိုင်ငံတွေ သဘောထားပြောင်းလဲ လာနိုင်လား

🔹 လတ်တလော မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ်သဘောထား

🔹 စစ်တပ်ကို လုံခြုံရေးကောင်စီမှာ လူမျိုးတုန်း သတ်ဖြတ်မှုကြောင့် အရေးယူလာမယ့်အခြေအနေအပေါ် သံအမတ်ကြီးရဲ့ အမြင်ကို မျှဝေပေးစေချင်ပါတယ်

🔹 နိုင်ငံအနှံ့ ဗုံးကြဲနေသည့် အကြမ်းဖက်စစ်တပ်၏ ပြောခွင့်ရက "စစ်ဖြစ်ပါက အဆိုးမဆိုကြရန်" ရခိုင်ပြည်သူများအား ခြိမ်းခြောက်သည့် အကြောင်းအရာ

စတဲ့ အကြောင်းအရာတွေကို သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ CDM ဗိုလ်ကြီးများဖြစ်ကြတဲ့ ကိုအောင်မျိုးထက်၊ ကိုဇင်ယော်၊ ကိုထက်မြတ် နှငိ့ ဗိုလ်ဇာနည်အောင်တို့မှ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

Moderator/Speaker အဖြစ် မစုသစ် (ပြည်သူ့စစ်သားဇနီးများ) မှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

You Tube Live ကို Breaking Brainwashed Channel https://youtube.com/channel/UCle02l0-QQuw_5Z1Y1Rz4BA မှာ လွှင့်သွားမှာ ဖြစ်ပါတယ်။

📎 22th May 2022 (8:00 PM ​)

Credit-Breaking Tatmadaw Brainwashed

ကျ မ အ မြင် က တပ် မ တော် ဆို တာပြည် သူ ကို ကာ ကွယ် ဖို့ ။ ပြည် သူ ကိုအုပ် ချုပ် ဖို့ မ ဟုတ် ဘူး ။ဒေါ်အောင်ဆန်းစုကြည် - (...
20/05/2022

ကျ မ အ မြင် က တပ် မ တော် ဆို တာ

ပြည် သူ ကို ကာ ကွယ် ဖို့ ။ ပြည် သူ ကို

အုပ် ချုပ် ဖို့ မ ဟုတ် ဘူး ။

ဒေါ်အောင်ဆန်းစုကြည် - (အောင်ပင်လယ်)

Credit

ကိုယ့်ကို လိမ်ညာ လှည့်ဖျားခဲ့တဲ့သူတွေကို ပြုံးပြီးတော့ ပြောလိုက်စမ်းပါ ၊ သင်ခန်းစာ တစ်ခုကို သင်ကြားပေးခဲ့လို့  ကျေးဇူးတင...
15/05/2022

ကိုယ့်ကို လိမ်ညာ လှည့်ဖျားခဲ့တဲ့သူတွေကို ပြုံးပြီးတော့ ပြောလိုက်စမ်းပါ ၊ သင်ခန်းစာ တစ်ခုကို သင်ကြားပေးခဲ့လို့ ကျေးဇူးတင်ပါတယ် လို့...

ဒေါ် အောင်ဆန်းစုကြည်

မဇင်မာအောင်  ၂၀၁၅ မတိုင်ခင်အထိ စရဖ ဝါဒဖြန့်ချီရေးကောင်တွေရဲ့ personal attack လုပ်တာအများဆုံးခံရတယ်facebook မှာ ခြိမ်းချေ...
15/05/2022

မဇင်မာအောင် ၂၀၁၅ မတိုင်ခင်အထိ
စရဖ ဝါဒဖြန့်ချီရေးကောင်တွေရဲ့
personal attack လုပ်တာအများဆုံးခံရတယ်

facebook မှာ ခြိမ်းချောက်ခံရတာအများဆုံး
အဲ့အချိန်က
အိုဘားမားအစိုးရလက်ထက် ။
မကြာခနလည်း US သွားရတယ်၊
US က ဟီလာရီတို့ မီရှဲလ်အိုဘားမား တို့
ဓါတ်ပုံတွေတက်လာတော့
စစ်ခွေးတွေက Target လုပ်နေကြတာ

၂၀၁၆-၂၀၂၀ လွှတ်တော်ကာလမှာ
အမတ်ဖြစ်တော့ စစ်ခွေးဝါဒဖြန့်ချီရေး က
သူ့ကို သိပ်အာရုံမစိုက်နိုင်တော့ဘူး

ဖေ ၁ အာဏာသိမ်းတဲ့နေ့မှာ မအလဟာ
အမတ်တွေကို မဖမ်းဘဲ အေးဆေးပါဆိုပီး
အိမ်ပြန်ကြဆိုတဲ့ အမှားရဲ့ဒဏ်ကို
တဆစ်ဆစ်ခံနေရပီ။

တပ်မတော်ကြီးက ဘာမှမလုပ်လို့
ကျေးဇူးတင်ပါတယ် အိမ်ကိုချောချောမောမောရောက်ပါပီလို့ပြောကြတဲ့ အမတ်တွေရှိသလို

တိုင်းပြည်အတွက် ငါတို့ လုပ်မှဖြစ်မယ်ဆိုပီး
ဘဝနဲ့ အသက်ကိုရင်းနှီးပီး စတေးလိုက်တဲ့
အမတ်တွေလဲရှိပါတယ်။

အဲ့ထဲက လူ၂၀ လောက်ကို မဖမ်းပဲ
ထားလိုက်ခဲ့တာဟာ
မအလ ဘဝမှာ နောင်တ အရဆုံးဖြစ်နေမှာပါ။

ခေါင်းဖြတ်ရင် ကိုယ်လှုပ်မရလို့ တွေးခဲ့တာကိုး
NLD မှာ ခေါင်းဆောင်မရှိရင် အလကားပဲ လို့
တွေးလိုက်တာ။

အခုတော့ မအလ ရင်ထဲ ဆူးဝင်သွားတဲ့
မျှားဒဏ်ရာက သေးသေးလေးနဲ့
အဆိပ်ပြန့်လာတဲ့သဘောတွေ ဖြစ်လာခဲ့ပီ။

တဆစ်ဆစ်နဲ့ အတော်တော့ ဖီးလ်မှာပါ။

Crd_org
©

ဘယ်လိုအခက်အခဲတွေပဲ ဖြစ်ဖြစ် ကျော်လွှားတဲ့ နည်းရှိရမယ်ဆိုတဲ့ အတွေးဟာ လူသားတွေရဲ့ စွမ်းအားကြီးပါပဲ။                       ...
11/05/2022

ဘယ်လိုအခက်အခဲတွေပဲ ဖြစ်ဖြစ် ကျော်လွှားတဲ့ နည်းရှိရမယ်ဆိုတဲ့ အတွေးဟာ လူသားတွေရဲ့ စွမ်းအားကြီးပါပဲ။

#ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
အမျိုးသား ညီညွတ်ရေးအစိုးရ

•••••••••••••••••••====••====••••••••••••••••••••

It's human great power by having thought of finding a way to overcome any obstacle no matter how hard it is.

Daw Aung San Suu Kyi
Myanmar State Counsellor
National Unity Government

Towards Civilized Society




Address

Kan Nar Street
Aleyegyaw
10221

Website

Alerts

Be the first to know and let us send you an email when NLD Office Aleyegyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share