01/09/2019
[Zawgyi]
ဒီဂ်စ္တယ္ျမန္မာစာႏွင့္ ယူနီကုဒ္စံကူးေျပာင္းေရး
“ယူနီကုဒ္စံစနစ္ကို အသုံးျပဳနိုင္မွသာ ျမန္မာစာႏွင့္ တိုင္းရင္းသားစာမ်ား ကမၻာႏွင့္ ရင္ေပါင္တန္းနိုင္လာမည္”
ယူနီကုဒ္ဆိုသည္မွာ တစ္ကမၻာလုံးရွိ ဘာသာစကားအားလုံးကို ကြန္ပ်ဴတာစနစ္ အမ်ိဳးမ်ိဳးတြင္ ေရးဖတ္နိုင္ရန္၊ အျပန္အလွန္ တြဲဖက္အသုံးျပဳနိုင္ရန္ႏွင့္ အဆင့္ျမင့္ေသာ ဘာသာစကားအသုံးျပဳျခင္း ေဆာင္ရြက္မွုမ်ား စြမ္းေဆာင္နိုင္ရန္ ရည္ရြယ္၍ အကၡရာမ်ားအား နံပါတ္သတ္မွတ္သိမ္းဆည္းျခင္း ဆိုင္ရာ နိုင္ငံတကာ စံခ်ိန္စံညႊန္းျဖစ္ပါသည္။ ယူနီကုဒ္စံစနစ္ကို Unicode Consortium အဖြဲ႕အစည္းက နိုင္ငံတကာစံခ်ိန္စံညႊန္းအဖြဲ႕အစည္း (International Standard Organization, ISO) ႏွင့္ နိုင္ငံတကာအီလက္ထေရာနစ္ဆိုင္ရာနည္းပညာေကာ္မရွင္ (International Electrotechnical Commission, IEC) တို႔ႏွင့္ ပူးေပါင္းကာ နည္းပညာအခ်က္အလက္မ်ား (Character Database, Technical Standards, Technical Notes, Common Locale Data Repository) ကို သတ္မွတ္ၿပီး ျပ႒ာန္း ထုတ္ျပန္ပါသည္။ နိုင္ငံတကာစံခ်ိန္စံညႊန္းအဖြဲ႕အစည္း (ISO) ၏ ISO/IEC 10646 စံခ်ိန္စံညႊန္း အရ Universal Coded Character Set တြင္ တစ္ကမၻာလုံးရွိ ဘာသာစကား အားလုံးအတြက္ အကၡရာေပါင္း ၁၃၇,၀၀၀ ေက်ာ္ သတ္မွတ္ထားပါသည္။
ယူနီကုဒ္စံကိုအသုံးျပဳျခင္းအားျဖင့္ ျမန္မာစာႏွင့္ တိုင္းရင္းသားစာမ်ားကို ကမၻာတစ္ဝန္းရွိ ဘာသာစကားမ်ားႏွင့္ တြဲဖက္ကာ အျပန္အလွန္ ေရးသားအသုံးျပဳနိုင္မည့္ အျပင္ ကြန္ပ်ဴတာႏွင့္ မိုဘိုင္းဖုန္း အသုံးျပဳရာတြင္ အကၡရာစဥ္ျခင္း၊ ရွာေဖြျခင္း ႏွင့္ ဘာသာျပန္ျခင္း အစရွိေသာ ဘာသာစကားမ်ားႏွင့္ သက္ဆိုင္သည့္ အေျခခံႏွင့္ အဆင့္ျမင့္ လုပ္ငန္းစဥ္မ်ားကို ေဆာ့ဝဲစနစ္မ်ိဳးစုံတြင္ လြယ္လင့္တကူ အသုံးျပဳလာနိုင္ၾကပါလိမ့္မည္။ Gboard, Google Translate, Google Maps, Google Lens, Microsoft Office, ICU, CLDR အစရွိေသာ နိုင္ငံတကာ ေဆာ့ဝဲစနစ္မ်ားႏွင့္ Windows, Mac, Linux, Android, iOS အစရွိေသာ Operating Systems မ်ားသည္ ယူနီကုဒ္စံစနစ္ကိုသာ အေျခခံထားၾကသည့္အတြက္ ၎ေဆာ့ဝဲမ်ားကိုလည္း ပိုမိုတြင္က်ယ္စြာ အက်ိဳးရွိရွိ အသုံးျပဳလာနိုင္ၾကမည္ ျဖစ္ပါသည္။
လက္ရွိအေျခေနတြင္ ျမန္မာနိုင္ငံသည္ ယူနီကုဒ္စံကို ေျပာင္းလဲသုံးစြဲ နိုင္ျခင္းမရွိေသးသည့္ တစ္ခုတည္းေသာနိုင္ငံ ျဖစ္ပါသည္။ အျခားေနာက္ဆုံးနိုင္ငံမ်ားျဖစ္ၾကေသာ ဘဂၤလားေဒ့ရွ္နိုင္ငံ ႏွင့္ ကေမၻာဒီးယားနိုင္ငံ တို႔သည္ ၂၀၀၈ ခုႏွစ္ႏွင့္ ၂၀၁၀ ခုႏွစ္တြင္ ယူနီကုဒ္စံစနစ္သို႔ ကူးေျပာင္းနိုင္ခဲ့ၿပီးျဖစ္ပါသည္။ ျမန္မာနိုင္ငံအတြက္ ယူနီကုဒ္ခရီးစဥ္မွာ ႏွစ္ ၂၀ ခန႔္ၾကာရွိခဲ့ၿပီျဖစ္ပါသည္။ ျမန္မာစာအဖြဲ႕ဝင္ ဆရာႀကီးမ်ားႏွင့္ ျမန္မာကြန္ပ်ဴတာပညာရွင္မ်ား၏ ႀကိဳးပမ္းမွုျဖင့္ ျမန္မာသတ္ပုံက်မ္းပါ အစဥ္လိုက္ သတ္မွတ္ထားသည့္ ျမန္မာအကၡရာ ၇၈ လုံး အတြက္ စံသတ္မွတ္ျခင္းကို ၁၉၉၉ ခုႏွစ္တြင္ ထြက္ရွိေသာ Unicode Standard 3.0 တြင္ စတင္ပါဝင္ခဲ့ပါသည္။ ထိုေနာက္တြင္ ျမန္မာစာအဖြဲ႕ဝင္ ဆရာႀကီးမ်ား၊ ျမန္မာနိုင္ငံကြန္ပ်ဴတာအသင္းခ်ဳပ္မွ တာဝန္ရွိသူမ်ား၊ ျမန္မာကြန္ပ်ဴတာပညာရွင္မ်ား၊ တိုင္းရင္းသားစာေပပညာရွင္မ်ား၏ ဆက္လက္ႀကိဳးပမ္းမွုမ်ားေၾကာင့္ အဆင့္ဆင့္ တိုးတက္မွု ရရွိခဲ့ပါသည္။ ဆက္လက္၍ ၂၀၀၈ ခုႏွစ္တြင္ ထြက္ရွိေသာ Unicode 5.1 တြင္ ျမန္မာအကၡရာ ၁၅၆ လုံး၊ ၂၀၀၉ ခုႏွစ္တြင္ ထြက္ရွိေသာ Unicode 5.2 တြင္ ျမန္မာအကၡရာ ၁၈၈ (၁၆၀ + ၂၈ Extended A) လုံး၊ ၂၀၁၄ ခုႏွစ္တြင္ ထြက္ရွိေသာ Unicode 7.0 တြင္ ျမန္မာအကၡရာ ၂၂၃ (၁၆၀ + ၃၂ Extended A + ၃၁ Extended B) လုံး အဆင့္ဆင့္ တိုးတက္ ရရွိခဲ့ပါသည္။
၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ျမန္မာနိုင္ငံ အမ်ိဳးသားစံခ်ိန္စံညႊန္းေကာင္စီမွ ISO/IEC 10646: 2017 သတင္းအခ်က္အလက္နည္းပညာ — နိုင္ငံတကာသုံးယူနီကုဒ္စံစနစ္ ကို ျမန္မာ စံခ်ိန္စံညႊန္းတစ္ခုအျဖစ္ အဆင့္ဆင့္ စနစ္တက်ေဆာင္ရြက္ သတ္မွတ္ခဲ့ပါသည္။ နိုင္ငံေတာ္အစိုးရ၏ ဦးေဆာင္မွုျဖင့္ ၂၀၁၉၊ ဧၿပီလ ၁ ရက္ေန႔မွစတင္၍ အစိုးရ႐ုံးမ်ားတြင္ ယူနီကုဒ္စံကိုလိုက္နာ၍ တိုင္းရင္းသားစာမ်ားကိုပါ တြဲဖက္ေရးဖတ္နိုင္ေသာ “ျပည္ေထာင္စုေဖာင့္” ကို တရားဝင္႐ုံးသုံးေဖာင့္အျဖစ္ စတင္ ေျပာင္းလဲအသုံးျပဳ နိုင္ခဲ့ၾကၿပီျဖစ္ပါသည္။ အမ်ားျပည္သူလည္း ယူနီကုဒ္စံနစ္သို႔ ေျပာင္းလဲ အသုံးျပဳရန္လိုအပ္ပါသည္။ ေရးသူဖတ္သူ တစ္ၿပိဳင္နက္တည္း ေျပာင္းမွသာ ေအာင္ျမင္နိုင္သည့္ အတြက္ ၂၀၁၉၊ ေအာက္တိုဘာလ ၁ ရက္ေန႔ ကို အမ်ားျပည္သူ ယူနီကုဒ္စံေျပာင္းလဲသုံးစြဲေရးေန႔ အျဖစ္ သတ္မွတ္ခဲ့ပါသည္။
အမ်ားယူဆသကဲ့သို႔ ယူနီကုဒ္ဆိုသည္မွာ ေဖာင့္ ႏွင့္ ကီးဘုတ္ မဟုတ္ပါ။ ယူနီကုဒ္သည္ ေဖာင့္ႏွင့္ ကီးဘုတ္ ေဆာ့ဝဲ ေရးသားသူမ်ား လိုက္နာရမည့္ စံစနစ္တစ္ခု ျဖစ္ပါသည္။ ျမန္မာစာ ေဖာင့္မ်ားႏွင့္ ကီးဘုတ္မ်ား ေရးသားရာတြင္ ယူနီကုဒ္စံစနစ္သာမက ျမန္မာစာစံေရးထုံးစံႏွင့္ ကိုက္ညီရန္လိုအပ္ပါသည္။ ျမန္မာစာေရးသားရာတြင္ ဗ်ည္း၊ ဗ်ည္းတြဲ၊ သရ ဟူ၍ ရွိပါသည္။ ဗ်ည္းႏွင့္ ဗ်ည္းတြဲကို ထိဆက္ေအာင္ေရးသားရၿပီး၊ ဗ်ည္း ဗ်ည္းတြဲကို သရႏွင့္ ထိဆက္ေအာင္ မေရးသားရပါ။ ဥပမာ “ေက်ာင္း” ဟူေသာစကားလုံးကိုေရးသားရာတြင္ “က” (ကႀကီး) ႏွင့္ “်” (ယပင့္) ကို ထိဆက္ေအာင္ေရးသားရၿပီး “ေ” (သေဝထိုး)၊ “ာ” (ေရးခ်)၊ “င္” (ငသတ္) ႏွင့္ “း” (ဝစၧန္ေပါက္) တို႔ကို မထိဆက္ေအာင္ ေရးသားရပါသည္။ “ေၾကာင္း” ဟူေသာ စကားလုံးကို ေရးသားရာတြင္ “ေ” (သေဝထိုး) + “က” (ကႀကီး) + “ျ” (ရရစ္) + “ာ” (ေရးခ်) + “င္” (ငသတ္) + “း” (ဝစၧန္ေပါက္) ဟူ၍ေရးသားရမည္ျဖစ္ပါသည္။ “ေ” (သေဝထိုး) + “ျ” (ရရစ္) + “က” (ကႀကီး) + “ာ” (ေရးခ်) + “င္” (ငသတ္) + “း” (ဝစၧန္ေပါက္) မဟုတ္ပါ။ ျမန္မာစာကြန္ပ်ဴတာစနစ္ကို တည္ေဆာက္ရာတြင္ ျမန္မာစာစံႏွင့္ေရးထုံးမွန္ကန္မွသာ စစ္မွန္ေသာျမန္မာစာတည္တံ့ ခိုင္ျမဲနိုင္မည္ျဖစ္ပါသည္။ ျမန္မာစာႏွင့္တန္းတူ တိုင္းရင္းသားစာမ်ား ေရရွည္တည္တံ့ခိုင္ျမဲေစေရးသည္လည္း ျမန္မာနိုင္ငံသားမ်ားအားလုံး၏ တာဝန္ပင္ျဖစ္ပါသည္။
ျမန္မာယူနီကုဒ္စံကူးေျပာင္းေရး ေအာင္ျမင္ေစရန္ အဖက္ဖက္မွ ဝိုင္းဝန္း ႀကိဳးစားၾကရန္ လိုအပ္ပါသည္။ အမ်ားျပည္သူျမန္မာယူနီကုဒ္စံကူးေျပာင္းေရးသည္ အစိုးရ႐ုံးမ်ား ကူးေျပာင္းေရးထက္ ပိုမို၍ အခက္အခဲမ်ားစြာကို ရင္ဆိုင္ရ မည္ျဖစ္ပါသည္။ ကြန္ပ်ဴတာမ်ား မိုဘိုင္းဖုန္းမ်ား ဆာဗာမ်ား အမ်ိဳးအစားစုံ အခ်ိန္မီ ေျပာင္းလဲရန္ လိုအပ္ပါသည္။ ဖုန္းေအာ္ပေရတာမ်ား၊ စာနယ္ဇင္း ႏွင့္ သတင္းမီဒီယာမ်ား၊ ဘဏ္မ်ား၊ NGO မ်ား၊ အျခားအမ်ားျပည္သူႏွင့္ဆိုင္ေသာ အဖြဲ႕အစည္းမ်ား၊ ဆားဗစ္စင္တာမ်ား၊ ဖုန္းအေရာင္းဆိုင္မ်ား၊ ကြန္ပ်ဴတာႏွင့္ ဖုန္းထုတ္လုပ္သူမ်ား၊ ကြန္ပ်ဴတာအသင္းမ်ား၊ အျခားလုပ္ငန္းရွင္အသင္းအဖြဲ႕မ်ား၊ နည္းပညာရွင္မ်ား၊ အားလုံး ပူးေပါင္းေဆာင္ရြက္ရန္ လိုအပ္ပါသည္။ သို႔မွသာ ျပည္သူမ်ားေျပာင္းလဲသုံးစြဲရာတြင္ အဆင္ေျပနိုင္မည္ ျဖစ္ပါသည္။ ျပည္သူအမ်ားစုသည္ မိုဘိုင္းဖုန္းမ်ိဳးစုံ ေမာ္ဒယ္မ်ိဳးစုံကို အသုံးျပဳေနၾကပါသည္။ စနစ္အသစ္မ်ား စနစ္အေဟာင္းမ်ား အားလုံး ပါဝင္ ပါသည္။ နိုင္ငံျခားမွတိုက္ရိုက္ ဝယ္ယူလာေသာဖုန္းမ်ားတြင္ ယူနီကုဒ္စံစနစ္ကို အဆင္သင့္ အသုံးျပဳနိုင္ေသာ္လည္း ျမန္မာနိုင္ငံအတြင္း၌ ဝယ္ယူထားေသာဖုန္းမ်ားတြင္ စံစနစ္ မကိုက္ညီေသာေဖာင့္ႏွင့္ ကီးဘုတ္မ်ားကို ထည့္သြင္းၿပီး ျဖစ္ေသာေၾကာင့္ မူလယူနီကုဒ္ေဖာင့္ႏွင့္ ကီးဘုတ္ကို ျပန္လည္ ေျပာင္းေပးရန္ လိုအပ္ပါသည္။ ကြန္ပ်ဴတာႏွင့္ ဖုန္းကၽြမ္းက်င္သူမ်ား အတြက္ အခက္အခဲမရွိနိုင္ေသာ္လည္း မကၽြမ္းက်င္သူမ်ား အေနျဖင့္ ခက္ခဲနိုင္ပါသည္။ ထို႔ေၾကာင့္ သတင္းစာမ်ား၊ တီဗြီခ်န္နယ္မ်ား၊ လူမွုကြန္ယက္မ်ား၊ အႏုပညာရွင္မ်ား၊ Social Influencers မ်ား၊ Key Opinion Leader (KOL) မ်ားမွတဆင့္ အေရးႀကီးေသာအခ်က္အလက္မ်ား ျပည္သူမ်ားအားလုံးထံ ေရာက္ရွိေအာင္ ေဆာင္ရြက္ရန္လိုအပ္ပါသည္။ ၂၀၁၉ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္ေန႔ တြင္ ယူနီကုဒ္စံစနစ္သို႔ တစ္နိုင္ငံလုံး ေျပာင္းလဲသုံးစြဲၾကမည္ကို ျပည္သူအားလုံး သိရန္လိုအပ္ပါသည္။ အခက္အခဲမ်ိဳးစုံ ေတြ႕ၾကဳံလာနိုင္ျဖစ္သျဖင့္ ႀကိဳတင္၍ စမ္းသပ္ ေျပာင္းလဲထားသင့္ေၾကာင္း ႀကိဳတင္အသိပညာေပးျခင္းမ်ား လိုအပ္ပါသည္။
အခ်ဳပ္အားျဖင့္တင္ျပရေသာ္ ယူနီကုဒ္စံစနစ္ကို အသုံးျပဳနိုင္မွသာ ျမန္မာစာႏွင့္ တိုင္းရင္းသားစာမ်ား ကမၻာႏွင့္ ရင္ေပါင္တန္းနိုင္ပါလိမ့္မည္။ ျမန္မာနိုင္ငံ၏ ဒီဂ်စ္တယ္အစိုးရ ႏွင့္ ဒီဂ်စ္တယ္ စီးပြားေရးစနစ္မ်ား တိုးတက္ေအာင္ျမင္နိုင္ရန္ ႏွင့္ စတုတၳစက္မွုေတာ္လွန္ေရးတြင္ ေနာက္က် မက်န္ရစ္ေစရန္အတြက္ အမ်ားျပည္သူအေနျဖင့္ အဆင့္ျမင့္နည္းပညာမ်ားကို ျမန္မာစာႏွင့္ တိုင္းရင္းသားစာမ်ားျဖင့္ အေျခခံ၍ အသုံးျပဳနိုင္ေရးသည္ မျဖစ္မေန ေဆာင္ရြက္ရမည့္ အေရးႀကီးဆုံး အေျခခံလိုအပ္ခ်က္ တစ္ခုျဖစ္ပါသည္။ ထို႔ေၾကာင့္ ယူနီကုဒ္စံကူးေျပာင္းျခင္းျဖင့္ ျမန္မာနိုင္ငံ၏ လူမွုစီးပြား တိုးတက္ေအာင္ျမင္မွု ရရွိေစရန္ အဓိကက်ေသာ ေျခလွမ္းကိုေဆာင္ရြက္ၾကရမည္ ျဖစ္ပါသည္။
“ျမန္မာယူနီကုဒ္စံကူးေျပာင္းေရးသည္ ျပည္ေထာင္စုတိုင္းရင္းသားအားလုံး၏ အမ်ိဳးသားေရးတာဝန္တစ္ရပ္ျဖစ္ပါသည္။ ၿပိဳင္တူေရႊ႕မွ ေရြ႕မည့္ အေရြ႕တစ္ခုလည္း ျဖစ္ပါသည္”
Myanmar
Unicode
[Unicode]
ဒီဂျစ်တယ်မြန်မာစာနှင့် ယူနီကုဒ်စံကူးပြောင်းရေး
“ယူနီကုဒ်စံစနစ်ကို အသုံးပြုနိုင်မှသာ မြန်မာစာနှင့် တိုင်းရင်းသားစာများ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်လာမည်”
ယူနီကုဒ်ဆိုသည်မှာ တစ်ကမ္ဘာလုံးရှိ ဘာသာစကားအားလုံးကို ကွန်ပျူတာစနစ် အမျိုးမျိုးတွင် ရေးဖတ်နိုင်ရန်၊ အပြန်အလှန် တွဲဖက်အသုံးပြုနိုင်ရန်နှင့် အဆင့်မြင့်သော ဘာသာစကားအသုံးပြုခြင်း ဆောင်ရွက်မှုများ စွမ်းဆောင်နိုင်ရန် ရည်ရွယ်၍ အက္ခရာများအား နံပါတ်သတ်မှတ်သိမ်းဆည်းခြင်း ဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းဖြစ်ပါသည်။ ယူနီကုဒ်စံစနစ်ကို Unicode Consortium အဖွဲ့အစည်းက နိုင်ငံတကာစံချိန်စံညွှန်းအဖွဲ့အစည်း (International Standard Organization, ISO) နှင့် နိုင်ငံတကာအီလက်ထရောနစ်ဆိုင်ရာနည်းပညာကော်မရှင် (International Electrotechnical Commission, IEC) တို့နှင့် ပူးပေါင်းကာ နည်းပညာအချက်အလက်များ (Character Database, Technical Standards, Technical Notes, Common Locale Data Repository) ကို သတ်မှတ်ပြီး ပြဋ္ဌာန်း ထုတ်ပြန်ပါသည်။ နိုင်ငံတကာစံချိန်စံညွှန်းအဖွဲ့အစည်း (ISO) ၏ ISO/IEC 10646 စံချိန်စံညွှန်း အရ Universal Coded Character Set တွင် တစ်ကမ္ဘာလုံးရှိ ဘာသာစကား အားလုံးအတွက် အက္ခရာပေါင်း ၁၃၇,၀၀၀ ကျော် သတ်မှတ်ထားပါသည်။
ယူနီကုဒ်စံကိုအသုံးပြုခြင်းအားဖြင့် မြန်မာစာနှင့် တိုင်းရင်းသားစာများကို ကမ္ဘာတစ်ဝန်းရှိ ဘာသာစကားများနှင့် တွဲဖက်ကာ အပြန်အလှန် ရေးသားအသုံးပြုနိုင်မည့် အပြင် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်း အသုံးပြုရာတွင် အက္ခရာစဉ်ခြင်း၊ ရှာဖွေခြင်း နှင့် ဘာသာပြန်ခြင်း အစရှိသော ဘာသာစကားများနှင့် သက်ဆိုင်သည့် အခြေခံနှင့် အဆင့်မြင့် လုပ်ငန်းစဉ်များကို ဆော့ဝဲစနစ်မျိုးစုံတွင် လွယ်လင့်တကူ အသုံးပြုလာနိုင်ကြပါလိမ့်မည်။ Gboard, Google Translate, Google Maps, Google Lens, Microsoft Office, ICU, CLDR အစရှိသော နိုင်ငံတကာ ဆော့ဝဲစနစ်များနှင့် Windows, Mac, Linux, Android, iOS အစရှိသော Operating Systems များသည် ယူနီကုဒ်စံစနစ်ကိုသာ အခြေခံထားကြသည့်အတွက် ၎င်းဆော့ဝဲများကိုလည်း ပိုမိုတွင်ကျယ်စွာ အကျိုးရှိရှိ အသုံးပြုလာနိုင်ကြမည် ဖြစ်ပါသည်။
လက်ရှိအခြေနေတွင် မြန်မာနိုင်ငံသည် ယူနီကုဒ်စံကို ပြောင်းလဲသုံးစွဲ နိုင်ခြင်းမရှိသေးသည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်ပါသည်။ အခြားနောက်ဆုံးနိုင်ငံများဖြစ်ကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံ တို့သည် ၂၀၀၈ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်တွင် ယူနီကုဒ်စံစနစ်သို့ ကူးပြောင်းနိုင်ခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ယူနီကုဒ်ခရီးစဉ်မှာ နှစ် ၂၀ ခန့်ကြာရှိခဲ့ပြီဖြစ်ပါသည်။ မြန်မာစာအဖွဲ့ဝင် ဆရာကြီးများနှင့် မြန်မာကွန်ပျူတာပညာရှင်များ၏ ကြိုးပမ်းမှုဖြင့် မြန်မာသတ်ပုံကျမ်းပါ အစဉ်လိုက် သတ်မှတ်ထားသည့် မြန်မာအက္ခရာ ၇၈ လုံး အတွက် စံသတ်မှတ်ခြင်းကို ၁၉၉၉ ခုနှစ်တွင် ထွက်ရှိသော Unicode Standard 3.0 တွင် စတင်ပါဝင်ခဲ့ပါသည်။ ထိုနောက်တွင် မြန်မာစာအဖွဲ့ဝင် ဆရာကြီးများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာကွန်ပျူတာပညာရှင်များ၊ တိုင်းရင်းသားစာပေပညာရှင်များ၏ ဆက်လက်ကြိုးပမ်းမှုများကြောင့် အဆင့်ဆင့် တိုးတက်မှု ရရှိခဲ့ပါသည်။ ဆက်လက်၍ ၂၀၀၈ ခုနှစ်တွင် ထွက်ရှိသော Unicode 5.1 တွင် မြန်မာအက္ခရာ ၁၅၆ လုံး၊ ၂၀၀၉ ခုနှစ်တွင် ထွက်ရှိသော Unicode 5.2 တွင် မြန်မာအက္ခရာ ၁၈၈ (၁၆၀ + ၂၈ Extended A) လုံး၊ ၂၀၁၄ ခုနှစ်တွင် ထွက်ရှိသော Unicode 7.0 တွင် မြန်မာအက္ခရာ ၂၂၃ (၁၆၀ + ၃၂ Extended A + ၃၁ Extended B) လုံး အဆင့်ဆင့် တိုးတက် ရရှိခဲ့ပါသည်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ အမျိုးသားစံချိန်စံညွှန်းကောင်စီမှ ISO/IEC 10646: 2017 သတင်းအချက်အလက်နည်းပညာ — နိုင်ငံတကာသုံးယူနီကုဒ်စံစနစ် ကို မြန်မာ စံချိန်စံညွှန်းတစ်ခုအဖြစ် အဆင့်ဆင့် စနစ်တကျဆောင်ရွက် သတ်မှတ်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ၂၀၁၉၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ အစိုးရရုံးများတွင် ယူနီကုဒ်စံကိုလိုက်နာ၍ တိုင်းရင်းသားစာများကိုပါ တွဲဖက်ရေးဖတ်နိုင်သော “ပြည်ထောင်စုဖောင့်” ကို တရားဝင်ရုံးသုံးဖောင့်အဖြစ် စတင် ပြောင်းလဲအသုံးပြု နိုင်ခဲ့ကြပြီဖြစ်ပါသည်။ အများပြည်သူလည်း ယူနီကုဒ်စံနစ်သို့ ပြောင်းလဲ အသုံးပြုရန်လိုအပ်ပါသည်။ ရေးသူဖတ်သူ တစ်ပြိုင်နက်တည်း ပြောင်းမှသာ အောင်မြင်နိုင်သည့် အတွက် ၂၀၁၉၊ အောက်တိုဘာလ ၁ ရက်နေ့ ကို အများပြည်သူ ယူနီကုဒ်စံပြောင်းလဲသုံးစွဲရေးနေ့ အဖြစ် သတ်မှတ်ခဲ့ပါသည်။
အများယူဆသကဲ့သို့ ယူနီကုဒ်ဆိုသည်မှာ ဖောင့် နှင့် ကီးဘုတ် မဟုတ်ပါ။ ယူနီကုဒ်သည် ဖောင့်နှင့် ကီးဘုတ် ဆော့ဝဲ ရေးသားသူများ လိုက်နာရမည့် စံစနစ်တစ်ခု ဖြစ်ပါသည်။ မြန်မာစာ ဖောင့်များနှင့် ကီးဘုတ်များ ရေးသားရာတွင် ယူနီကုဒ်စံစနစ်သာမက မြန်မာစာစံရေးထုံးစံနှင့် ကိုက်ညီရန်လိုအပ်ပါသည်။ မြန်မာစာရေးသားရာတွင် ဗျည်း၊ ဗျည်းတွဲ၊ သရ ဟူ၍ ရှိပါသည်။ ဗျည်းနှင့် ဗျည်းတွဲကို ထိဆက်အောင်ရေးသားရပြီး၊ ဗျည်း ဗျည်းတွဲကို သရနှင့် ထိဆက်အောင် မရေးသားရပါ။ ဥပမာ “ကျောင်း” ဟူသောစကားလုံးကိုရေးသားရာတွင် “က” (ကကြီး) နှင့် “ျ” (ယပင့်) ကို ထိဆက်အောင်ရေးသားရပြီး “ေ” (သဝေထိုး)၊ “ာ” (ရေးချ)၊ “င်” (ငသတ်) နှင့် “း” (ဝစ္ဆန်ပေါက်) တို့ကို မထိဆက်အောင် ရေးသားရပါသည်။ “ကြောင်း” ဟူသော စကားလုံးကို ရေးသားရာတွင် “ေ” (သဝေထိုး) + “က” (ကကြီး) + “ြ” (ရရစ်) + “ာ” (ရေးချ) + “င်” (ငသတ်) + “း” (ဝစ္ဆန်ပေါက်) ဟူ၍ရေးသားရမည်ဖြစ်ပါသည်။ “ေ” (သဝေထိုး) + “ြ” (ရရစ်) + “က” (ကကြီး) + “ာ” (ရေးချ) + “င်” (ငသတ်) + “း” (ဝစ္ဆန်ပေါက်) မဟုတ်ပါ။ မြန်မာစာကွန်ပျူတာစနစ်ကို တည်ဆောက်ရာတွင် မြန်မာစာစံနှင့်ရေးထုံးမှန်ကန်မှသာ စစ်မှန်သောမြန်မာစာတည်တံ့ ခိုင်မြဲနိုင်မည်ဖြစ်ပါသည်။ မြန်မာစာနှင့်တန်းတူ တိုင်းရင်းသားစာများ ရေရှည်တည်တံ့ခိုင်မြဲစေရေးသည်လည်း မြန်မာနိုင်ငံသားများအားလုံး၏ တာဝန်ပင်ဖြစ်ပါသည်။
မြန်မာယူနီကုဒ်စံကူးပြောင်းရေး အောင်မြင်စေရန် အဖက်ဖက်မှ ဝိုင်းဝန်း ကြိုးစားကြရန် လိုအပ်ပါသည်။ အများပြည်သူမြန်မာယူနီကုဒ်စံကူးပြောင်းရေးသည် အစိုးရရုံးများ ကူးပြောင်းရေးထက် ပိုမို၍ အခက်အခဲများစွာကို ရင်ဆိုင်ရ မည်ဖြစ်ပါသည်။ ကွန်ပျူတာများ မိုဘိုင်းဖုန်းများ ဆာဗာများ အမျိုးအစားစုံ အချိန်မီ ပြောင်းလဲရန် လိုအပ်ပါသည်။ ဖုန်းအော်ပရေတာများ၊ စာနယ်ဇင်း နှင့် သတင်းမီဒီယာများ၊ ဘဏ်များ၊ NGO များ၊ အခြားအများပြည်သူနှင့်ဆိုင်သော အဖွဲ့အစည်းများ၊ ဆားဗစ်စင်တာများ၊ ဖုန်းအရောင်းဆိုင်များ၊ ကွန်ပျူတာနှင့် ဖုန်းထုတ်လုပ်သူများ၊ ကွန်ပျူတာအသင်းများ၊ အခြားလုပ်ငန်းရှင်အသင်းအဖွဲ့များ၊ နည်းပညာရှင်များ၊ အားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ သို့မှသာ ပြည်သူများပြောင်းလဲသုံးစွဲရာတွင် အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ပြည်သူအများစုသည် မိုဘိုင်းဖုန်းမျိုးစုံ မော်ဒယ်မျိုးစုံကို အသုံးပြုနေကြပါသည်။ စနစ်အသစ်များ စနစ်အဟောင်းများ အားလုံး ပါဝင် ပါသည်။ နိုင်ငံခြားမှတိုက်ရိုက် ဝယ်ယူလာသောဖုန်းများတွင် ယူနီကုဒ်စံစနစ်ကို အဆင်သင့် အသုံးပြုနိုင်သော်လည်း မြန်မာနိုင်ငံအတွင်း၌ ဝယ်ယူထားသောဖုန်းများတွင် စံစနစ် မကိုက်ညီသောဖောင့်နှင့် ကီးဘုတ်များကို ထည့်သွင်းပြီး ဖြစ်သောကြောင့် မူလယူနီကုဒ်ဖောင့်နှင့် ကီးဘုတ်ကို ပြန်လည် ပြောင်းပေးရန် လိုအပ်ပါသည်။ ကွန်ပျူတာနှင့် ဖုန်းကျွမ်းကျင်သူများ အတွက် အခက်အခဲမရှိနိုင်သော်လည်း မကျွမ်းကျင်သူများ အနေဖြင့် ခက်ခဲနိုင်ပါသည်။ ထို့ကြောင့် သတင်းစာများ၊ တီဗွီချန်နယ်များ၊ လူမှုကွန်ယက်များ၊ အနုပညာရှင်များ၊ Social Influencers များ၊ Key Opinion Leader (KOL) များမှတဆင့် အရေးကြီးသောအချက်အလက်များ ပြည်သူများအားလုံးထံ ရောက်ရှိအောင် ဆောင်ရွက်ရန်လိုအပ်ပါသည်။ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ တွင် ယူနီကုဒ်စံစနစ်သို့ တစ်နိုင်ငံလုံး ပြောင်းလဲသုံးစွဲကြမည်ကို ပြည်သူအားလုံး သိရန်လိုအပ်ပါသည်။ အခက်အခဲမျိုးစုံ တွေ့ကြုံလာနိုင်ဖြစ်သဖြင့် ကြိုတင်၍ စမ်းသပ် ပြောင်းလဲထားသင့်ကြောင်း ကြိုတင်အသိပညာပေးခြင်းများ လိုအပ်ပါသည်။
အချုပ်အားဖြင့်တင်ပြရသော် ယူနီကုဒ်စံစနစ်ကို အသုံးပြုနိုင်မှသာ မြန်မာစာနှင့် တိုင်းရင်းသားစာများ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်အစိုးရ နှင့် ဒီဂျစ်တယ် စီးပွားရေးစနစ်များ တိုးတက်အောင်မြင်နိုင်ရန် နှင့် စတုတ္ထစက်မှုတော်လှန်ရေးတွင် နောက်ကျ မကျန်ရစ်စေရန်အတွက် အများပြည်သူအနေဖြင့် အဆင့်မြင့်နည်းပညာများကို မြန်မာစာနှင့် တိုင်းရင်းသားစာများဖြင့် အခြေခံ၍ အသုံးပြုနိုင်ရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့် အရေးကြီးဆုံး အခြေခံလိုအပ်ချက် တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ယူနီကုဒ်စံကူးပြောင်းခြင်းဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွား တိုးတက်အောင်မြင်မှု ရရှိစေရန် အဓိကကျသော ခြေလှမ်းကိုဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
“မြန်မာယူနီကုဒ်စံကူးပြောင်းရေးသည် ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါသည်။ ပြိုင်တူရွှေ့မှ ရွေ့မည့် အရွေ့တစ်ခုလည်း ဖြစ်ပါသည်”
Myanmar
Unicode
Credit>>Dr,Tun T.Thet
အလယ်ဘို – Alebo