17/11/2021
PDF နဲ့ UG ..
PDF ဆိုတာကတော့ရှင်းပြစရာမလိုလောက်တော့ Media တွေ ၊ သူတို့ကိုယ်တိုင်ဘာဆိုတာ ရှင်းပြပြီးသွားပြီ.. ဆက်လည်းရှင်းပြနေကြတုန်းပဲ ..
UG ဆိုတာ..
အရင်ထဲက ခုထိ ပုန်းကွယ်လှုပ်ရှားပေးနေတဲ့သူတွေ .. UG မှာလည်း PDF တွေပါတယ် .. ပြောရရင် ဟိုမှာသင်တန်းတက်ပြီး မြို့ပြန်လို့ရတဲ့ နာမည်မထွက်ထားတဲ့သူတွေ .. နာမည်ထွက်ထားလည်း မကြောက်မရွံပြန်ဝင်ပြီး ညည အိပ်ရေးပျက်ခံကြတဲ့သူတွေ .. ဘာ့ကြောင့်လဲ ? ကိုယ့်မြို့ ကိုယ့်နယ်အတွက် ကိုယ်ရှိနေမယ် ဆိုတာတွေ ..
တိုက်ခိုက်ရေး ..
PDF တွေက ဒဲ့ ဖိုက်တယ် .. UG တွေက ပျောက်ကြား ဖိုက်တယ် .. ပြောရရင် Commendo တွေလိုပဲ .. ( သင်တန်းကဆရာတွေဆို ပြန်ခါနီး ပြန်မယ့် PDF တွေကို သနားစရာလေးတွေ ဆိုတဲ့ပုံစံနဲ့ကြည့်တယ် .. မင်းတို့က အန္တာရာယ် အရမ်းရှိတယ် .. ဗုံးကို လက်နဲ့ကိုင် အမြန်ထောင်ရမယ့်သူတွေ .. နောက်ပြန်တွေ့ချင်မှ တွေ့တဲ့သူတွေ ဆိုပြီး )
ကွာခြားချက် ..
အများကြီးပဲ .. PDF တွေ ဓါတ်ပုံတဖျက်ဖျက်ရိုက်နေချိန် UG တွေ မြောင်းထဲဆင်းပုန်းရင် ပုန်းနေရမယ် .. နေစရာ တိုက်ခန်းမရှိလို့ အကူအညီပတ်တောင်းနေကြရမယ် .. PDF တွေ ညအိပ်ပျော်တဲ့အချိန် UG တွေ ဟိုဘက်ရပ်ကွက် စခဝင်မွှေနေပြီဆိုရင် အိပ်မပျော်ကြတော့ဘူး ..
ဓါတ်ပုံရိုက်တင်လို့မရဘူး .. သမိုင်းမရှိဘူး .. သူရဲကောင်းမလုပ်နိုင်ဘူး .. ပေါ်တင်လုပ်လို့မရဘူး ..အရူးကွက်ရှယ်ခင်းရတယ်.. အဲ့ဒီ့တော့ လူမသိဘူး .. လူမသိတော့ အာရုံစိုက်ခံရနည်းပြီး Fund မရဘူး ..
လှုပ်ရှားပေးနိုင်မှုရာခိုင်နူန်း
စစ်မတိုက်ရသေးတဲ့နေရာတွေက PDF တစ်တပ်လုံးပေါင်း activity နဲ့ UG က တစ်ယောက် ထဲရဲ့ activity နဲ့ ကောင်းကောင်းယှဉ်လို့ရတယ် .. သတင်းထဲမှာ ပေါက်တတ်ကရ လိုင်းကြောင်းတွေ အဆွဲခံရပြီး တက်တက်လာတဲ့ ပုံတွေတွေ့လား .. အေး အဲ့ဒါ UG တွေပဲ .. ကလေကချေ စုတ်ပွား ရုပ်တွေများတယ်ဟုတ် ? ဖြစ်မှာပေါ့ စိတ်ဖိစီးမှုဒဏ် ဘယ်လောက်ရှိလည်း မင်းတို့မှမသိတာ .. မင်းတို့ ဝမ်းသာအောင် တစ်ခုခုလုပ်ပေးပြီး ဒီလောက် ကျဉ်းထဲကြပ်ထဲ ဘယ်လိုရအောင်ရှင်သန်ရလဲ မင်းတို့မှမသိတာ.. နေကာမျက်မှန်တပ်ပြီး ဂိုက်မပေးနိုင်ကြဘူး ..
ဒါပါပဲ ..
Edit: UG, PDF, EAO အားလုံးကအရေးပါတဲ့လူတွေကြီးပါ...အားလုံးကိုလည်းလေးစားတယ် စိုးရိမ်တယ်... UGတွေကိုပိုပြီး ဂရုစိုက်စေချင်လို့ပါ ဒါကိုနားလည်တဲ့လူတွေကလည်း နားလည်ပါတယ်
-------
edit edit: "နောက်ဆုံး ဘာမှ မလုပ်ပေးနိုင်ရင်တောင် သူတို့အလုပ်လုပ်နေချိန်မှာ ကိုယ့်ကြောင့် နောက်ဆုတ်လိုက်ရတာမျိုး မဖြစ်စေနဲ"