CRPH & NUG Supporters Ireland

Directions

CRPH & NUG Supporters Ireland / NUG Supporters Ireland · Political organisation

14/10/2026

Aung San Suu Kyi’s son calls for solidarity with Myanmar’s people at Forum 2000

October 13, 2026

Kim Aris, the son of imprisoned civilian leader Aung San Suu Kyi, has appealed for continued global solidarity with the people of Myanmar.

Speaking at the 30th Forum 2000 in Prague on Monday, Aris stressed that ordinary citizens, especially Generation Z, are not waiting for a savior but have “taken up the mantle,” refusing to surrender the freedoms gained during the country’s brief democratic transition. “The regime commands weapons, not the future,” he added.

He stressed that the overwhelming will of the Myanmar people is to build a genuine, inclusive federal democracy rooted in equal rights and justice for all ethnic communities.

Photo: Igor Blazevic

12/10/2026
11/10/2026
အမေစု အသက်ရှင်နေသေးကြောင်း သက်သေပြချက် (Proof of Life) ကို သိရှိခဲ့ရသော်လည်း အမေစု ကျန်းကျန်းမာမာရှိနေကြောင်းကိုမူ အတည်ပ...
11/10/2026

အမေစု အသက်ရှင်နေသေးကြောင်း သက်သေပြချက် (Proof of Life) ကို သိရှိခဲ့ရသော်လည်း အမေစု ကျန်းကျန်းမာမာရှိနေကြောင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထို့ကြောင့် အမေစု၏ ကျန်းမာရေးအခြေအနေကို အမှန်တကယ် သိရှိနိုင်ရန် သားဖြစ်သူ ကင်မ်ကိုယ်တိုင် အမေနှင့် ဗီဒီယိုကောလ် (Video Call) မှတစ်ဆင့် တိုက်ရိုက်တွေ့ဆုံခွင့်ရရှိရန် အထူးအရေးကြီးပါသည်။

အသက်ရှင်နေကြောင်း သက်သေပြခြင်းတစ်ခုတည်းဖြင့် မလုံလောက်ပါ။ အမေစု၏ ကျန်းမာရေးအခြေအနေကိုလည်း သားဖြစ်သူကိုယ်တိုင် မြင်တွေ့အတည်ပြုနိုင်ရန် လိုအပ်ပါသည်။

ထို့ကြောင့် အမေစုအား သားဖြစ်သူနှင့် ဗီဒီယိုကောလ်မှတစ်ဆင့် အမြန်ဆုံး တိုက်ရိုက်တွေ့ဆုံခွင့်ပြုပေးရန် လိုအပ်ပါသည်။

အမေ့ကို သားဖြစ်သူနှင့် တွေ့ခွင့်ပေးပါ။

နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က ဒီနေ့ကျင်းပတဲ့ ၁၅၃ ကြိမ်မြောက်ညီလာခံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က...
09/10/2026

နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က ဒီနေ့ကျင်းပတဲ့ ၁၅၃ ကြိမ်မြောက်ညီလာခံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ စစ်အုပ်စုဟာ IPU ရဲ့ ၁၅၂ ကြိမ်မြောက် ညီလာခံအပြီးမှာ IPU အတွင်းရေးမှူးချုပ်ရုံးကို ဆက်သွယ်ပြီး ၎င်းတို့ကို အသိအမှတ်ပြုရေး အားထုတ်ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ IPU ရဲ့ ၁၅၃ ကြိမ်မြောက် ညီလာခံမှာတော့ CRPH ကိုပဲ ထပ်မံ အသိအမှတ်ပြုခဲ့ရုံသာမက စစ်အုပ်စုကို အသိအမှတ်မပြုကြဖို့ကိုပါ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ အကူအညီတွေကို CRPH နဲ့ NUG တို့ကတစ်ဆင့် လမ်းကြောင်းပေး ပို့ဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီလောက် သံယံဇာတ ကြွယိဝပြီး ချမ်းသာတဲ့ နိုင်ငံမှာ ပြည်သူက ဆင်းရဲတွင်းကမတက်ဖြစ်နေရတဲ့ တရားခံက … အဖြေသိရင် ပြောသွား
09/10/2026

ဒီလောက် သံယံဇာတ ကြွယိဝပြီး ချမ်းသာတဲ့ နိုင်ငံမှာ ပြည်သူက ဆင်းရဲတွင်းကမတက်ဖြစ်နေရတဲ့ တရားခံက … အဖြေသိရင် ပြောသွား

🫡🫡🫡
06/10/2026

🫡🫡🫡

ထောင်တွင်းကျဆုံးသွားတဲ့ ဓာတ်ခွဲခန်းမှူးဒေါ်ခင်သီတာကို CDMအာဇာနည်အဖြစ် NUGအသိအမှတ်ပြု
---
ယူဂရင်း/BVJ_အောက်တိုဘာ ၆၊ ၂၀၂၆
အာဏာသိမ်းစစ်အုပ်စုကဖမ်းဆီးပြီး မန္တလေးမြို့၊ အိုးဘိုထောင်အတွင်းအကျဉ်းချထားတဲ့ ဆေးတက္ကသိုလ် (မန္တလေး)၊ ရောဂါဗေဒဌာန ဓာတ်ခွဲခန်းမှူး ဒေါ်ခင်သီတာကို CDMအာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် NUG၊ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုလိုက်ပါတယ်။

ဓာတ်ခွဲခန်းမှူးဒေါ်ခင်သီတာဟာ ၂၀၂၁၊ဖေဖော်ဝါရီလကစတင်ကာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင် CDMပြုလုပ်ထားတာဖြစ်ပြီး မန္တလေး၊အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရချိန်မှာ ဆေးဝါးကုသမှုအလုံအလောက်မရတာကြောင့် ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၈ရက်မှာကျဆုံးခဲ့တာဖြစ်ပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ဓာတ်ခွဲခန်းမှူး ဒေါ်ခင်သီတာအား CDM အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနှင့်ထပ်တူကြေကွဲ ဝမ်းနည်းရပါသည်"လို့ မနေ့က အောက်တိုဘာ ၆ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာဖော်ပြပါတယ်။

အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)ကလည်း ဒေါ်ခင်သီတာဟာ နွေဦးတော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း CDMဝန်ထမ်းကိုထောက်ပံ့ကူညီခြင်း၊ ဖေးမစောင့်ရှောက်ခြင်းစတဲ့ အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းစဉ်တွေမှာကျရာအခန်းကဏ္ဍကနေ တာဝန်ကျေပွန်စွာထမ်းရွက်ခဲ့တဲ့ လေးစားထိုက်တဲ့ CDMဝန်ထမ်းကောင်းတဦးဖြစ်တယ်လို့ အောက်တိုဘာ ၄ ရက်နေ့မှာ‌ကြေညာထားပါတယ်။

ပုံစာ-အိုးဘိုထောင်တွင်းကျဆုံးသွားတဲ့ မန္တလေးဆေးတက္ကသိုလ်၊ဓါတ်ခွဲခန်းမှူး CDMဒေါ် ခင်သီတာ

Address

Dublin

Website

Alerts

Be the first to know and let us send you an email when CRPH & NUG Supporters Ireland posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share