30/07/2021
စီရိုနယ်လ်ဒို 🗣
အမေကပြောဖူးတယ် ကျွန်မသားလေးသာ ဘဝကို ဖြစ်သလိုနေပြီး မကြိုးစားခဲ့ရင် ခုချိန်မှာ သူဟာ ပေါ်တူဂီက ဆင်းရဲသားရပ်ကွက်တစ်ခုမှာ သာမန်လမ်းသရဲတစ်ယောက်အဖြစ်နဲ့သာ ဘဝနေဝင်ရမှာပါတဲ့
ဟုတ်ပါတယ် ငယ်တုန်းက အရမ်းကိုဆင်းရဲခဲ့တာပါ လမ်းပေါ်မှာပဲလေ လွှင့်နေခဲ့ရင်း အမေ့ရဲ့ တွန်းအားတွေ ဖေးမကူညီမူ့တွေက အရမ်းကိုအရေးပါခဲ့ပါတယ်
ဘာမှမရှိတဲ့ မိသားစုကနေ လူဖြစ်လာတယ်
ဒါပေမယ့် ခုချိန်မှာတော့ အရာအားလုံး ပိုင်ဆိုင်ထားတယ် ငွေကြေးပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီ
ဒါတွေက ဘယ်ဘုရားရှင် ကမှ ဖန်ဆင်းခဲ့တာ မဟုတ်ဘူး ကိုယ်တိုင်ယုံကြည်မူ့ ဇွဲလုံ့လနဲ့သာ ဖြစ်ပေါ်စေခဲ့တာပါ
အသင်းရဲ့ ထရိန်နင်တိုင်းမှာလဲ လုံ့လ စိုက်တယ် ကိုယ်တိုင်ကိုလဲ အမြဲတိုးတက်နေအောင့်လေ့ကျင့်
သင်ယူတယ်
စီရိုနယ်လ်ဒိုကို ဖန်ဆင်းခဲ့တာဟာ
ရိုနယ်လ်ဒို ကိုယ်တိုင်သာ ဖြစ်တယ် 👑💕
မင်း ကြိုးစားမလား
အရာအားလုံး ဖြစ်နိုင်တယ် 👑
(စီရော်နယ်ဒို) 💕