မြန်မာမွတ်စလင် အစည်းအရုံး

မြန်မာမွတ်စလင် အစည်းအရုံး မြန်မာမွတ်စလင်အစည်းအရုံးကို ၂၀၀၆ခု မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီနှင့် လူ့အခွင့်ရေးများ ရရှိရေး

မြန်မာမွတ်စလင်အစည်းအရုံးနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ တယ်လီနော မြန်မာကို  အကြမ်းဖက်စစ်အုပ်စု နောက်ကွက်က ပါဝင်သည့် ကုမ္ပဏ...
12/02/2022

မြန်မာမွတ်စလင်အစည်းအရုံးနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ တယ်လီနော မြန်မာကို အကြမ်းဖက်စစ်အုပ်စု နောက်ကွက်က ပါဝင်သည့် ကုမ္ပဏီအား
ရောင်းချရန် အစီအစဥ်ကို ကန့်ကွက်ကြောင်း ပူးတွဲထုတ်ပြန်ကြေညာချက်

ရက်စွဲ - ဖေဖော်ဝါရီလ (၁၂)ရက်၊ ၂၀၂၂ ခုနှစ်။

“အသုံးပြုသူများ၏ ဆက်သွယ်ရေး အချက်အလက်များကို တာဝန်ယူ ကာကွယ်ပေးခြင်း မရှိဘဲ အကြမ်းဖက်စစ်အုပ်စု နောက်ကွက်က ပါဝင်နေသည့် ကုမ္ပဏီအား တယ်လီနော မြန်မာကို ရောင်းချခြင်းသည် အသုံးပြုသူများအား အကြမ်းဖက်စစ်အုပ်စု၏ လူသတ်ကွင်းအတွင်း တွန်းပို့ရာ ရောက်သလို၊ အကျိုးအမြတ်သည်လည်း စစ်အုပ်စု၏ အကြမ်းဖက်မှုများကို အားပေးရာ ရောက်သဖြင့် ရောင်းချမှုကို ချက်ချင်းရပ်တန့်ရန်၊ အသုံးပြုသူများ၏ ဆက်သွယ်ရေး အချက်အလက် လုံခြုံမှုကို အပြည့်အဝ တာဝန်ခံရန်၊ တောင်းဆိုမှုများကို ထည့်သွင်း စဥ်းစားခြင်း မရှိခဲ့ပါက အသုံးပြုသူများအပေါ် ကျရောက်လာနိုင်သည့် စစ်အုပ်စု၏ အကြမ်းဖက်မှု အားလုံးအတွက် တယ်လီနောက တာဝန်ခံရန် တို့ ပါဝင်သည့် ထုတ်ပြန်ချက် တစ်ရပ်ကို အမည်မဖော်ပြနိုင်သည့် အဖွဲ့ ၁၄၉ ဖွဲ့ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းပေါင်း (၆၉၄) က လက်မှတ်ထိုးကာ နော်ဝေး အခြေစိုက် တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီအား အလေးအနက် တောင်းဆိုလိုက်သည်။”

၁။ ဖေဖော်ဝါရီလ ၄ ရက်နေ့က ထုတ်ပြန်သည့် Myanmar Now သတင်းအရ တယ်လီနော မြန်မာ ကုမ္ပဏီ (Telenor Myanmar) ကို အာဏာသိမ်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက် စစ်အုပ်စုနှင့် ဆက်စပ်နေသည့် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် ရွှေဗျိုင်းဖြူက အစုရှယ်ရာ အများစု ပိုင်ဆိုင်မည့် Investcom ကုမ္ပဏီအား ဖေဖော်ဝါရီလ ၁၅ ရက်မတိုင်ခင် အပြီးရောင်းချရန် စီစဥ်နေကြောင်းသိရှိရသည်။

၂။ အဆိုပါ သတင်းဖော်ပြချက်အရ Investcom ၏ ရှယ်ရာ အများစုပိုင်ရှင်ဖြစ်သည့် ရွှေဗျိုင်းဖြူ စီးပွားရေး လုပ်ငန်းစုသည် ၁၉၉၀ ခုနှစ်များကတည်းပင် ၄င်းတို့၏ အစောပိုင်း စီးပွားရေး လုပ်ငန်းများ စတင်ခဲ့ပြီး အဆက်ဆက်သော စစ်အစိုးရများ လက်ထက်များတွင် စစ်တပ်ပိုင် လုပ်ငန်းများအတွက် လောင်စာဆီ ဝယ်ယူ တင်သွင်း ရောင်းချမှုများနှင့် ကျောက်မျက် တူးဖော်ခြင်းများ အပါအဝင် လုပ်ငန်းအများအပြား လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး ၂၀၀၀ ခုနှစ်များတွင် ရွှေဗျိုင်းဖြူ လုပ်ငန်းစု အဖြစ် ရပ်တည် လုပ်ကိုင်လာသည့် ခရိုနီလုပ်ငန်းတစ်ခုဖြစ်သည်။ ရွှေဗျိုင်းဖြူ ၏ ဥက္ကဌ ဖြစ်သူ ဦးသိန်းဝင်းဇော်သည် အကြမ်းဖက်စစ်အုပ်စုက ရှယ်ရာအများစုပိုင်သည့် MyTel ဆက်သွယ်ရေး ကုမ္ပဏီတွင် ရှယ်ရာပါဝင် သော Mahar Yoma Public Company တွင် ဒါရိုက်တာတစ်ဦး အဖြစ် ပြီးခဲ့သည့် နိုဝင်ဘာလ ဆန်းပိုင်းအထိ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ လက်ရှိ Investcom Pte Ltd တွင် အစုရှယ်ရာများ ဝယ်ယူထားသည့် ရွှေဗျိုင်းဖြူ တယ်လီကွန်း ကုမ္ပဏီအဖြစ် အမည်ပြောင်းလဲ မှတ်ပုံတင်ပြီး ၂ ပတ်အတွင်းနှင့် Investcom Pte Ltd ထံမှ ရှယ်ရာ မဝယ်ယူခင် ရက်ပိုင်း အလိုကြမှသာ အဆိုပါ ကုမ္ပဏီ ဒါရိုက်တာရာထူးမှ နှုတ်ထွက်ခဲ့သည်ကို ကုမ္ပဏီ မှတ်ပုံတင်ခြင်းဆိုင်ရာ မှတ်တမ်းများအရ သိရသည်။ သို့ဖြစ်ရာ ရွှေဗျိုင်းဖြူ နာမည်ဖြင့် တယ်လီနော မြန်မာ ကုမ္ပဏီကို ဝယ်ယူနိုင်ရေး အကြမ်းဖက် စစ်တပ်နဲ့ စီးပွားရေး ဆက်စပ်မှုများကို ခြေရာဖျောက်ကာ၊ နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ရန် အကွက်ချ လုပ်ဆောင်ခဲ့သည်ဟု သုံးသပ်ရသည်။ ရွှေဗျိုင်းဖြူ သည် အကြမ်းဖက် စစ်အုပ်စုပိုင် ဦးပိုင်နှင့် စီးပွားရေး လုပ်ဆောင်မှုများရှိခြင်း၊ ၎င်းတို့၏ အဓိက စီးပွားရေးလုပ်ငန်းများသည် စစ်အစိုးရ အဆက်ဆက် ၎င်းတို့နှင့် နီးစပ်ရာများကိုသာ ခွင့်ပြုပေးသည့် လုပ်ငန်းများဖြစ်သည့် ကျောက်မျက်တူးဖော်ခြင်း၊ စွမ်းအင်တင်သွင်း ဖြန့်ဖြူးခြင်းများ အပါအဝင်တို့ ဖြစ်ရာ၊ အကြမ်းဖက် စစ်တပ်နှင့် များစွာ ဆက်စပ်မှုရှိပြီး၊ ယခု တယ်လီနော မြန်မာ ကုမ္ပဏီအား ၄င်းတို့ ကုမ္ပဏီသို့ ရောင်းချခြင်းကို အကြမ်းဖက် စစ်အုပ်စု၏ နောက်ကွယ်မှ အကွက်ချ စီစဥ်မှု အဖြစ် သုံးသပ်နိုင်ပါသည်။

ထို့ပြင် Investcom Pte Ltd ၏ ကျန်ရှယ်ရာများကိုလည်း အကြမ်းဖက် စစ်အုပ်စုနှင့် ဆက်စပ်ပြီး အခွန်ရှောင်မှုများနင့် မေးခွန်းထုတ်စရာ ရှိသည့် လက်ဘနွန် နိုင်ငံအခြေစိုက် M1 စီးပွားရေးလုပ်ငန်းစုက ပိုင်ဆိုင်သည်ကို တွေ့ရသည်။ ထို့အပြင် ရွှေဗျိုင်းဖြူ လုပ်ငန်းစု၏ ဥက္ကဌ ဦးသိန်းဝင်းဇော်၏ ဇနီးဖြစ်သူ လုပ်ငန်းစု၏ လက်ရှိအုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဒေါ်တင်လတ်မင်း သည်လည်း ဥရောပသမဂ္ဂက စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထားသည့် သစ်လုပ်ငန်း တစ်ခုဖြစ်သည့် Forest Joint Venture Corporation တွင် အစုရှယ်ရာဝင် ဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။

၃။ တယ်လီနောအနေဖြင့် ၎င်းတို့ မြန်မာနိုင်ငံရှိ လုပ်ငန်းကို ရောင်းချပါက အသုံးပြုသူ ၁၈ သန်းကျော်၏ ဆင်းကဒ် မှတ်ပုံတင်ခြင်းတွင် ဖြည့်သွင်းရသည့် အချက်အလက်များ (Sim card registration data)၊ အသုံးပြုသူများ၏ ဖုန်းခေါ်ဆို အသုံးပြုမှု၊ အင်တာနက်သုံးစွဲမှု မှတ်တမ်းများ မည်သည့်နေရာက သုံးစွဲခဲ့သည် ဆိုသည့် မှတ်တမ်းများ အပါအဝင် ဖုန်းနံပါတ် အသုံးပြုသော mobile banking အသုံးပြုမှုများ၊ wave money ကဲ့သို့ ငွေသွင်း ငွေလွှဲ မှတ်တမ်းများ စသည်တို့ ပါဝင်နိုင်သည့် သိမ်းဆည်းထားသော အသုံးပြုမှု မှတ်တမ်းများ (historical activity record) များအပေါ် ၎င်းတို့ ဆောင်ရွက်ထားသော အခြေအနေများနှင့် ပတ်သက်၍ အများပြည်သူအား အသိပေးထားခြင်းလည်း မရှိပေ။

၄။ သို့ဖြစ်ရာ Investcom Pte Ltd အား ရောင်းချခြင်း အတည်ဖြစ်ခဲ့ပါက မြန်မာနိုင်ငံရှိ ၁၈ သန်းကျော်သော တယ်လီနော သုံးစွဲသူများ၏ အထက်ဖော်ပြပါ ဆက်သွယ်ရေး အချက်အလက်များသည် ၎င်းကုမ္ပဏီ၏ နောက်ကွယ်ရှိ အကြမ်းဖက်စစ်အုပ်စုလက်ထဲသို့ ရောက်ရှိပြီး၊ သုံးစွဲသူအားလုံးနှင့် ၎င်းတို့၏ မိသားစုဝင်များ အပါအဝင် ဆက်စပ်သူများ ဖမ်းဆီး နှိပ်စက်၊ သတ်ဖြတ်ခံရခြင်း အပါအဝင် မခန့်မှန်းနိုင်လောက်အောင်ပင် ဆိုးရွားသည့် အကြမ်းဖက်မှုများ ကြုံတွေ့ ခံရနိုင်သည့် အန္တရာယ်များစွာ ရှိနေပါသည်။

၅။ ထို့အပြင် အာဏာသိမ်းရန် ကြိုးပမ်းမှု မတိုင်မှီ ၂၀၂၀ ခုနှစ်တွင် တစ်နှစ်အတွင်း ဝင်ငွေ ၄.၀၅၅ ဘီလီယံ Norwegian kroner (ဒေါ်လာ ၄၆၃.၉၅ သန်း) ရှိခဲ့ပြီး Telenor Group တစ်ခုလုံး ဝင်ငွေ၏ ၇ ရာခိုင်နှုန်း ဝင်ငွေရှိခဲ့သည့် Telenor Myanmar အား အကြမ်းဖက်စစ်အုပ်စု၏ အကျိုးစီးပွားကို အထောက်အပံ့ပြုနေသည့် အဆိုပါ ကုမ္ပဏီအစုအဖွဲ့အား ရောင်းချလိုက်ခြင်းအားဖြင့် အဆိုပါလုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ် ဝင်ငွေသည် လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) နင့် လူသားမျိုးနွယ်အားဆန့်ကျင့်သော ရာဇဝတ်မှုများ (Crimes against humanity) အပါအဝင် ရာဇဝတ်မှုပေါင်းများစွာအတွက် နိုင်ငံတကာခုံရုံးများတွင် တရားစွဲဆို ခံထားရသည့် အကြမ်းဖက်စစ်အုပ်စု သက်တမ်းရှည်ရေးနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအား အထောက်အပံ့ပြုရာ ရောက်မည်ဖြစ်သည်။

၆။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ကုမ္ပဏီတစ်ခုအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ဥပဒေမူဘောင်များကို လေးစားလိုက်နာရမည် ဖြစ်ရာ တယ်လီနောသည် မြန်မာနိုင်ငံရှိ သုံးစွဲသူများ၏ သတင်းအချက်အလက်များ လုံခြုံရေးအတွက် တာဝန် အပြည့်ရှိသလို၊ အဆိုပါ အချက်အလက်များ တစ်နည်းနည်းဖြင့် ပေါက်ကြားမှုကြောင့် အသုံးပြုသူများ ကြုံတွေ့ရနိုင်သည့် နစ်နာမှုများ အားလုံးအတွက်လည်း တာဝန်ခံရမည် ဖြစ်သည်။ ထို့အတူ အသုံးပြုသူများမှ တယ်လီနောက သိမ်းဆည်းထားသည့် ၎င်းတို့၏ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်များ ဖျက်ပေးရန် တောင်းဆိုပါက ဖျက်ပေးရမည့်တာဝန် အပြည့်ရှိသည်။

၇။ တယ်လီနော မြန်မာ ရောင်းချမှုနှင့် ပတ်သက်၍ သုံးစွဲသူ ပြည်သူများ၏ အကြီးဆုံး စိုးရိမ်မှုမှာ ၎င်းတို့၏ ဆက်သွယ်ရေး အချက်အလက်များကို အကြမ်းဖက်စစ်အုပ်စုမှ ရရှိအသုံးပြုပြီး ၎င်းတို့ကို ပိုမိုအကြမ်းဖက် နှိပ်ကွပ်လာနိုင်သည့်အချက်နှင့် လုပ်ငန်း အကျိုးအမြတ်များက စစ်အုပ်စု၏ အကြမ်းဖက်လုပ်ငန်းများအား တနည်းတဖုံ အားပေးရာ ရောက်နိုင်သည့်အချက်တို့ ဖြစ်သည်။

၈။ သို့ပါ၍ တယ်လီနော ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ ၁၈ သန်းကျော်သော တယ်လီနော သုံးစွဲသူများ၏ ဆက်သွယ်ရေး အချက်အလက်များ လုံခြုံရေးနှင့် လုပ်ငန်း၏ အကျိုးအမြတ်ကို အကြမ်းဖက်စစ်အုပ်စု လက်ထဲ မရောက်ရှိစေရေး အောက်ပါအချက်များကို လုပ်ဆောင်ရန် တိုက်တွန်း တောင်းဆိုလိုက်သည်။

(က) အကြမ်းဖက်စစ်အုပ်စုမှ နောက်ကွက်က ပါဝင်ပတ်သက်နေသည့် Investcom သို့ ရောင်းချခြင်းကို ချက်ချင်းရပ်တန့်ရန်၊

(ခ) မြန်မာနိုင်ငံက ထွက်ခွာရန် ဆုံးဖြတ်ပါက စီးပွားရေး အကျိုးအမြတ်နှင့် အသုံးပြုသူများ၏ ဆက်သွယ်ရေး အချက်အလက်များ အကြမ်းဖက်စစ်အုပ်စုထံသို့ မရောက်စေရန် ဖြစ်နိုင်သမျှ နည်းလမ်းများကို စဥ်းစားလုပ်ကိုင်ရန် (ဥပမာ - လုပ်ငန်း လိုင်စင်ပြန်အပ်ကာ အသုံးပြုသူများ၏ အချက်အလက်အားလုံး ကို အပြီးဖျက်ပစ်ခြင်း)၊

(ဂ) မည်သည့်အခြေအနေ၊ မည့်သည့်အကြောင်းကြောင့်မဆို မည်သူကိုမျှ သုံးစွဲသူများ၏ ခွင့်ပြုချက် မပါဘဲ ၎င်းတို့၏ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်များကို လုံးဝ (လုံးဝ) လွှဲပြောင်းရောင်းချခြင်း နှင့် မည်သူကိုမျှ လက်လွှဲပေးအပ်ချင်း မပြုရန်

(ဃ) တယ်လီနော ကုမ္ပဏီသည် မိမိဝန်ထမ်းများ၏ လုံခြုံရေးအတွက် တာဝန်ရှိသလို တယ်လီနော သုံးစွဲသူ ပြည်သူများ၏ လုံခြုံရေးအတွက်လည်း အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရန်သည် ကျင့်ဝတ်အရ သာမက၊ ပြည်တွင်း၊ ပြည်ပဥပဒေများနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေကြောင်း အရပါ တာဝန်ရှိသည် ဖြစ်ရာ အသုံးပြုသူများ လုံခြုံမှုကို ၎င်းတို့၏ အရေးကြီးဆုံး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ ဆုံးဖြတ်လုပ်ကိုင်ရန်

၉။ တယ်လီနောသည် အသုံပြုသူများ လုံခြုံရေးအတွက် အထက်ပါ ကျွန်ုပ်တို့ အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို လစ်လျူရှုကာ အကြမ်းဖက် စစ်အုပ်စုနှင့် ဆက်စပ်သည့် အစုအဖွဲ့အား တယ်လီနော မြန်မာကို ရောင်းချခြင်း၊ အသုံးပြုသူများ၏ ဆက်သွယ်ရေး အချက်အလက်များအား လွှဲပြောင်း ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ပါက ကျွန်ုပ်တို့ အရပ်ဘက်အဖွဲ့အစည်းများက ယင်းသို့ လုပ်ဆောင်မှုများကို (လုံး ဝ) ကန့်ကွက် ရှုံချသွားမည် ဖြစ်သည်။ ထို့အတူ ပြည်တွင်း၊ ပြည်ပဥပဒေများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေများအား ချိုးဖောက်မှုများ အပါအဝင်၊ အဆိုပါ အချက်အလက်များ အပေါ် အခြေပြု၍ အကြမ်းဖက် စစ်အုပ်စုက ကျူးလွန်ခဲ့သည့်၊ ကျူးလွန်လျက်ရှိသည့်၊ ကျူးလွန်လာနိုင်သည့် လူမျိုးတုန်း သတ်ဖြတ်မှု (Genocide) နှင့် လူသား မျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုများ (Crimes Against Humanity) အပါအဝင် မမှန်းဆနိုင်သည့် ရာဇဝတ်မှုများအတွက် တယ်လီနောက တာဝန်ခံရမည် ဖြစ်ပါကြောင်း တစ်ပါတည်း အသိပေး ထုတ်ပြန်အပ်သည်။
❖ ဆက်သွယ်ရန် (Signal က တဆင့် ဆက်သွယ်ပေးပါရန်။)

● ထိုက်ထိုက်အောင် (Digital Rights Activist) - Signal + 959 784 119505
● ဝေဖြိုးမြင့် (Digital Rights Activist) - Signal: +66 66 076 3257
● ကိုရဲ (Blood Money Campaign) - Signal: +959 966 878881
● ဝတ်မှုန်ဝင်း (Global Myanmar Spring Revolution/CRPH Support Group, Norway) - Signal: + 47 936 14 831

ထိုင်းနိုင်ငံမဲဆောက်မြို့သို့ရောက်ရှိနေသော လေးကေ့ကော်ဒေသမှ စစ်ရှောင်ပြည်သူများအတွက်မြန်မာမွတ်စလင်အစည်းအရုံး (BMA) မှ ထို...
18/12/2021

ထိုင်းနိုင်ငံမဲဆောက်မြို့သို့ရောက်ရှိနေသော လေးကေ့ကော်ဒေသမှ စစ်ရှောင်ပြည်သူများအတွက်
မြန်မာမွတ်စလင်အစည်းအရုံး (BMA) မှ ထိုင်း ဘတ်ငွေ ၁၀,၀၀၀ ကို လှုဒါန်းခဲ့ပါသည်။
အလှုအတွက် Social action for children and women(SAW)မှတဆင့် ကူညီလှူဒါန်းခဲ့ပြီး မိဘမဲ့ကလေးများက ကူညီချက်ပြုတ်လှုဒါန်းပေးခဲ့ကြပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်နေရသူဦးရေ ၄၀၀၀ကျော်ထိရှိလာပြီး အရေးပေါ် စားနပ်ရိက္ခာ၊အမိုး၊အကာ၊စောင်နဲ့ အနွေးထည်တွေအရေးပေါ်လိုအပ်လျက်ရှိနေပါတယ်။

Phooto Credit
Aye Aye Mar

03/08/2021

Oxymeter လိုအပ်နေသူများအတွက်.
Oximeter တလုံး(၆၀၀၀)ကျပ်တိတိဖြင့်အရင်တိုင်းရောင်းချပေးနေသည့်
တိုင်းနှင့်ပြည်နယ် နေရားများမှာ

ရန်ကုန်တိုင်း

(၁)ဒေါပုံမြို့နယ်နွယ်အေစန္နီဂျာမေ့အ်ဗလီလှုမှုကူညီးရေအသင်း
(၂)ပန်းဘဲတန်းမြို့နယ်မဂိုဗလီ
(၃)လှည်းကူးစန္နီဂျာမေ့အ်ဗလီ
(၄)တွံတေး စျေးကြီးဗလီ
(၅)ဒလ သဲကုန်းဗလီ
(၆)သာကေတ (၇)ရပ်ကွက်( ၁၀)လမ်း အစ္စလာမ့်စားသင်ကျောင်း
(၇)သာကေတ (၈)ရပ်ကွက် ရွှေအုတ်ဂူ (5)လမ်းအစ္စလာမ့်စားသင်ကျောင်း
(၈)အလုံ ကျောက်ဒသီးဗလီ
(၉)မြေနီကုန်း ဗလီရှေ့
(10)တာမွေမာစီဒီခန်းဗလီလူမူကူညီရေးအသင်းရုံး

ဧရာဝတီတိုင်း

(၁)ဧရာဝတီတိုင်း ဘိုကလေးမြို့ (ဘဂ်ါလီဗလီ)
(၂)ဧရာဝတီတိုင်း မအူပင်မြို့နယ်(ဂျာမေ့အ်ဗလီ)
(3)ဧရာဝတီတိုင်းကဗရ်စတာန်ဗလီ

မန္တာလေးတိုင်း

(၁)မန္တာလေးတိုင်း ပြင်ဦးလွင် (ကျောင်းဗလီ)
(၂)မန္တာလေးတိုင်း (မေမြို့ သစ်ကွက်ဗလီ)

ပဲခူးတိုင်း

(၁) ပဲခူး (ဒရၠာ ဗလီ)
(၂)ပြည်(စန္နီဂျာမေ့အ်ဗလီ)
(3)ကျောက်တံခါးဂျာမေဗလီ
(4)မင်းလှတိုင်တစ်ရာဗလီ
(5)သနက်ပင်ဂျာမေဗလီ
ကချင်းပြည်နယ်

(၁) ကချင်းပြည်နယ် မြစ်ကြီးနား(ရှမ်းစုဗလီ)

မကွေးတိုင်း

(၁)မကွေးတိုင်း အောင်လံမြို့(အရှေ့ဗလီ)
(၂)မကွေးတိုင်း အောင်လံမြို့(စမ်းချောင်းဗလီး)
(၃)မကွေးတိုင်း (တောင်တွင်ကြီးဗလီ)
(၄)ပခုက္ကူ (ရွှေဂူဗလီ)
ရောင်းချပေးနေပြီး

မကြာခင်အခြာနေရာများတွင်းလဲရောင်းချပေးနိုင်မည်းဖြစ်ကြောင်အသိပေးအပ်ပါသည်

crd zaw min latt

ဇူလိုင် ၂၄ ရက်၊ စနေ့နေ့မှာ လုပ်မယ့် “Burma Revolution Football Cup” ရံပုံငွေဘောလုံးပြိုင်ပွဲကို ယူကေနေရာ ဒေသ အသီးသီးမှာ ...
24/07/2021

ဇူလိုင် ၂၄ ရက်၊ စနေ့နေ့မှာ လုပ်မယ့် “Burma Revolution Football Cup” ရံပုံငွေ
ဘောလုံးပြိုင်ပွဲကို ယူကေနေရာ ဒေသ အသီးသီးမှာ ရောက်နေတဲ့ မြန်မာနွယ်ဖွား တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင် ယှဥ်ပြိုင်ကြရာမှာ မြန်မာမွတ်စလင်အစည်းအရုံး Burmese Muslim Association(BMA) မှလည်း ပါဝင်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။

ဘောလုံးပွဲနှင့်အတူ ရံပုံငွေစျေးရောင်းပွဲပါတခါတည်းပြုလုပ်သွားမှာဖြစ်ပြီးအမြတ်ငွေများကို UK အခြေစိုက် CRPH မှ အသိအမှတ်ပြုထားသော Fundraisers များသို့ အချိုးကျလှူသွားမှာ ဖြစ်ပါတယ်။
https://www.facebook.com/Burma-Revolution-Football-Cup-102257518774070/

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ခေါ်ယူခြင်းအပေါ် အရပ်ဘက်လူထုသဘောထားကြေညာချက်ထုတ်ပြန်၂၀၀၈ ဖွဲ့စည်းပ...
07/07/2021

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ခေါ်ယူခြင်းအပေါ် အရပ်ဘက်လူထုသဘောထားကြေညာချက်ထုတ်ပြန်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကလွှတ်တော်ခေါ်ယူခဲ့ခြင်းသည် တော်လှန်ရေးအင်အားစုများအကြား ညီညွတ်မှုနှင့် ယုံကြည်မှု တည်ဆောက်နိုင်ရေးကြိုးပမ်းမှုများထိခိုက်နိုင်ကြောင်း အရပ်ဘက်လူထု အစုအဖွဲ့ပေါင်း ၄၀၀ ကျော် လက်မှတ်ရေးထိုးထုတ်ပြန်

အလုံ အဒ်ဂါဗလီ မီးလောင်ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက် အောက်ကြည့်မြင်တိုင်လမ်းရှိ အလုံ ဗလီတွင...
20/06/2021

အလုံ အဒ်ဂါဗလီ မီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက် အောက်ကြည့်မြင်တိုင်လမ်းရှိ အလုံ ဗလီတွင်၂၁ ရက်နေ့ နံနက်(၂)နာရီ (၂၅)မိနစ် ဝန်းကျင်အချိန်က မီးလောင်မှု ဖြစ်ပွားပြီး မီးငြိမ်းသတ်သွားပြီဖြစ်သော်လည်းမနက် ၃နာရီကျော်ထိ အတွင်း၌လှိုက်လောင်နေဆဲရှိပါသေးသည်။
ယင်းဗလီ၌ မတ်လအတွင်း အာဏာလုစစ်ကောင်စီမှ တပ်ဖွဲ့များကျုးကျော်ဝင်ရောက်ကာ တပ်စွဲအခြေချခြင်းများပြုလုပ်ခဲ့ကြသေးသည်။

20/06/2021
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် မြန်မာမွတ်စလင်အသင်းအဖွဲ့များတွေ့ဆုံဆွေးနွေး Su...
24/05/2021

လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် မြန်မာမွတ်စလင်အသင်းအဖွဲ့များတွေ့ဆုံဆွေးနွေး Sunday 23 May 2021

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊လူ့အခွင့်အရေးဌာနအကြံပေးဘုတ်အဖွဲ့ဝင် ဒေါ်မြင့်မြင့်စန်းနှင့် မြန်မာမွတ်စလင်အစည်းအရုံး BMA အပါအဝင် အသင်းအဖွဲ့များ၊လွတ်မြောက်နယ်မြေရောက် Gen Z မွတ်စလင်ကျောင်းသားခေါင်းဆောင်များ၊တတ်သိပညာရှင်များ ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုတရပ်ကို မေလ ၂၃ရက် နံနက်ပိုင်းတွင်ပြုလုပ်ခဲ့ကြပါသည်။
အစည်းအဝေး ရလဒ်အနေဖြင့် မတူညီသောရှုထောင့်အမြင်များကို တလေးတစားလက်ခံ၍မျော်မှန်းထားသည်ထက်ပင်ပိုမိုကောင်းမွန်သော ရလဒ်များပေါ်ထွက်လာနိုင်ရန် ဆွေးနွေးနိုင်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာမွတ်စလင်တို့၏ရင်ထဲက ဆူးတချောင်းဖြစ်သော၊ လူနည်းစုများကို တမင်နိမ့်ကျစေရန်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားရေးဆွဲခဲ့သည့် ၁၉၈၂ နိုင်ငံသားဥပဒေသည် လူ့အခွင့်အရေးကိုအခြေခံသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တွင် လျော်ကန်သင့်မြတ်မှုမရှိတော့ကြောင်းတင်ပြခဲ့ကြရာ ဝန်ကြီးမှ မြန်မာနိုင်ငံတွင် ယုံကြည်ကိုးကွယ်မှုကို ဖိနှိပ်ချုပ်ချယ်ထားသော မတရားဥပဒေများ ၊၁၉၈၂ နိုင်ငံသား
ဥပဒေအပါအဝင် လူ့အခွင့်အရေး၊နိုင်ငံတကာစံချိန်စံညွန်းများနှင့် မကိုက်ညီတော့သော မည်ကဲ့သို့သောဥပဒေမျိုးကိုမဆို ပယ်ဖျက်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းတန်းတူညီမျှ အခွင့်အရေးကို အာမခံချက်ပေးနိုင်သော နိုင်ငံသားဥပဒေသစ်တရပ်ကို လက်ရှိရေးဆွဲနေသောဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲရန်ကြိုးစားနေကြောင်းကို ပြန်လည်ရှင်းလင်းပြောကြားသွားခဲ့သည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍
မြန်မာမွတ်စလင်အပါအဝင် ပြည်သူလူထု၏ ရင်ထဲကအသံများကိုတိုက်ရိုက်နားထောင်ရန် တွေ့ဆုံဆွေးနွေးပွဲများကို ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းကို အသိပေးပြောကြားရင်း အစည်းအဝေးကိုရုတ်သိမ်းခဲ့ပါသည်။

 #မြင်းခြံ ယနေ့ မေလ ၁၂ ရက်နေ့တွင် မြင်းခြံတက္ကသိုလ် ဓာတုဗေဒ မေဂျာမှ ဒုတိယနှစ် ကျောင်းသား မောင်ကျော်ဇင်ဦး(ခ)မိုဟာမက်အား အ...
12/05/2021

#မြင်းခြံ

ယနေ့ မေလ ၁၂ ရက်နေ့တွင် မြင်းခြံတက္ကသိုလ် ဓာတုဗေဒ မေဂျာမှ ဒုတိယနှစ် ကျောင်းသား မောင်ကျော်ဇင်ဦး(ခ)မိုဟာမက်အား အကြမ်းဖက်စစ်ကောင်စီများမှ တလုပ်မြို့တိုက်ပွဲတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သေနတ်ကျည် ထိမှန် ဒဏ်ရာရရှိထားကြောင်းသိရပါသည်။
အခြားကျောင်းသားအချို့လည်း ဖမ်းဆီးခံရကြောင်းသိရသော်လည်း တလုပ်မြို့မကျသေးပဲ ဒေသခံများမှ ပြင်းပြင်းထန်ထန် ခုခံနေကြပါသည်။

စစ်ကိုင်းခရိုင် မြင်းမူမြို့ ပထမဆုံးသူရဲ​ကောင်း  မွတ်စလင်မ်တို့ဥပုသ်လ ရာမ္မဇာန် လိုင်လတွလ်ကဒရ် (လ​ပေါင်းတစ်​ထောင်ထက်မြတ်...
11/05/2021

စစ်ကိုင်းခရိုင် မြင်းမူမြို့ ပထမဆုံးသူရဲ​ကောင်း

မွတ်စလင်မ်တို့ဥပုသ်လ ရာမ္မဇာန် လိုင်လတွလ်ကဒရ် (လ​ပေါင်းတစ်​ထောင်ထက်မြတ်တဲ့ည ဆု​တောင်းပြည့်ကာလ) ၀၉/၀၅/၂၀၂၁ မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အာဇာနည် ရှဟီဒီအဖြစ် ကျဆုံး အစ္စလာမ်ဘာသာဝင် ကိုအောင်ရဲလွင် (ခ)
အီဗရာဟီင်မ် (28)နှစ် မြင်းမူ-မန္တ​လေးကားအငှား​မောင်း၊
3နှစ်အရွယ်သားငယ်က​လေးနှင့် ဇနီး ကျန်ရစ်ခဲ့။

အကြမ်းဖက်စစ်တပ် လက်ကိုင်တုတ် မြဝတီသတင်းမှ လက်ပစ်ဗုံးကိုင်ပြီး လက်ထဲဗုံးကွဲသေတယ်ဆိုပြီး သတင်းမှားတွေနဲ့ လုပ်ကြံဝါဒဖြန့်ဖို့ကြိုးစားနေပါတယ်။

မနေ့က ၁.၅.၂၀၂၁ ကွတ်ခိုင်မြို့ အိမ်ဖြူတော် ကားအပိုပစ္စည်းဆိုင်က အစ္စလာမ်ဘာသာဝင်တစ်ဦးဝါဖြေချိန်မှာ  သေနတ်နဲ့ ပစ်ခံရပြီး သေ...
02/05/2021

မနေ့က ၁.၅.၂၀၂၁
ကွတ်ခိုင်မြို့ အိမ်ဖြူတော် ကားအပိုပစ္စည်းဆိုင်က အစ္စလာမ်ဘာသာဝင်တစ်ဦးဝါဖြေချိန်မှာ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားပါတယ်။
ဆိုင်ပိတ်ထားပြီး ဝါဖြေပြီးခါစလောက်အချိန်အိမ်ရှေ့မှာ ကားရပ်ပြီး အရပ်ဝတ်တွေနဲ့ တာယာလာဝယ်ကြတယ်။(victim) ရဲ့အမေက
''ရတယ်ငါပြောလိုက်မယ်'' ဆိုပြီး ဆိုင်ပိတ်လိုက်ပြီမို့
မရောင်းတော့ကြောင်းထွက်ပြောတာကို အမေကို
ကားပေါ်ဆွဲတင်ကြတယ်။ အမေကအော်တော့ သားအကြီး(victim)နဲ့အငယ် ထွက်လာကြပြီး စကားများကြတယ်။Victim က ခင်ဗျားတို့နဲ့ ဘာရန်ငြိုးမှ မရှိပါဘူး
ကျနော့်အမေကိုပဲ ပြန်လွှတ်ပေးကြပါပြောတော့
ရင်ဘတ်တည့်တည့်ကို သေနတ်နဲ့ နှစ်ချက်ပစ်ပြီး
အမေကိုပစ်ချ ပြီးထွက်သွားကြတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့မှစ၍ ၃ လအတွင်း
အစ္စလာမ်ဘာသာဝင် ၄၃ယောက်အပါအဝင် လူ ၇၅၉ယောက်အား အာဏာသိမ်းစစ်လက်နက်ကိုင်များကသတ်ဖြတ်ခဲ့ပြီးဖြစ်သည်။

Address

15 Orange Grove
London
E114LL

Alerts

Be the first to know and let us send you an email when မြန်မာမွတ်စလင် အစည်းအရုံး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organisation

Send a message to မြန်မာမွတ်စလင် အစည်းအရုံး:

Share