Myanmar Embassy, London

Myanmar Embassy, London This is the official page of the Embassy of the Republic of the Union of Myanmar in London.

03/09/2026

မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိခြင်း
မြန်မာနိုင်ငံ၊ နိုင်ငံတော်အစိုးရအနေဖြင့် မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်များကျခံခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံရကာ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ (၁,၀၈၆) ဦးကို လူသားချင်းစာနာထောက်ထားမှုအရ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းကာ မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါသည်။
ယခုအခါ အလားတူပင် မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ်များ ကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ (၁,၄၇၆) ဦးအား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်နိုင်ရန် မြန်မာအစိုးရအနေဖြင့် မလေးရှားအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
သို့ရာတွင် မလေးရှားနိုင်ငံဘက်မှ အထက်ပါနေ့ရက်များတွင် လာရောက်ခေါ်ဆောင်ရန် အဆင်ပြေမှုမရှိပါကြောင်းနှင့် စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ပြန်လည်စီစဉ်ရန် အဆိုပြုလာပါသဖြင့် မြန်မာအစိုးရသည် မလေးရှားနိုင်ငံဘက်မှ အဆိုပြုသည့် နေ့ရက်များတွင် ခရီးစဉ်အား ပြန်လည်စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရသည် ပြည်ပရောက် မိမိနိုင်ငံသားများ၏ အရေးကိစ္စများကို အထူး အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများနှင့် ဒုက္ခကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရေးတို့အတွက် သက်ဆိုင်ရာ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် လိုအပ်သော ကောင်စစ်ရေးရာ ကူညီစောင့်ရှောက်မှုများကို အစဉ်တစိုက် အလေးထားဆောင်ရွက်ပေးလျက် ရှိပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်
*************
Coordination for Repatriation of 1,476 Myanmar Nationals Detained in Immigration Detention Camps in Malaysia Currently Underway
The Government of Myanmar repatriated a total of 1,086 verified Myanmar nationals who were facing hardship and unable to afford to return to Myanmar after serving their respective sentences in immigration detention camps for illegal stay and violation of immigration regulations were repatriated from Malaysian immigration detention camps by Myanmar naval vessels on humanitarian basis in 2021.
Likewise, the relevant Myanmar authorities and Malaysian authorities have coordinated the repatriation of verified 1,476 Myanmar nationals under the same conditions by Myanmar naval vessels on 27 and 28 August 2026.
However, the Malaysian side subsequently informed that it would not be convenient to facilitate the Myanmar side’s request on the aforementioned dates and proposed to reschedule the dates to 28 and 29 September 2026. Accordingly, the Government of Myanmar will re-arrange the repatriation on the proposed dates.
The Government of Myanmar has been putting great emphasis on safeguarding the interests of its nationals abroad, and is constantly providing necessary consular assistance and facilitate their repatriation through the relevant Myanmar embassies and Consulates-General to help and assist Myanmar nationals who are facing difficulties and hardships in foreign countries for various reasons.
Ministry of Foreign Affairs
Nay Pyi Taw
Dated: 3 September 2026

03/09/2026

၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချို့၏ ကြေညာချက်နှင့် ထုတ်ပြန်ပြောကြားချက်များအပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်
​၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချို့က ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များ၊ လူမှုကွန်ရက်မီဒီယာများအပါအဝင် သတင်းဖော်ပြချက်များ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် နောက်ဆက်တွဲ ဖြစ်စဉ်များသည် အာဆာ အကြမ်းဖက်အဖွဲ့၏ တစ်ပြိုင်နက်တည်း အကွက်ချ ကြိုတင်စီစဉ် စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဆိုသည့်အချက်ကို အဆိုပါ ကြေညာချက်များနှင့် ထုတ်ပြန်ပြောကြားချက်များတွင် အသိအမှတ်ပြုရန် ပျက်ကွက်လျက်ရှိသည်။
ဖြစ်စဉ်အမှန်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အာဆာ အကြမ်းဖက်များက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ ကနဦး ကျူးလွန်ခဲ့ပြီး ယင်းဖြစ်စဉ်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများ အသက်ဆုံးရှုံးခဲ့ရသည်။
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် အာဆာ အကြမ်းဖက်များက ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လုံခြုံရေးစခန်း ၃၀ နှင့် တပ်ရင်းဌာနချုပ်တစ်ခုတို့ကို တစ်ပြိုင်နက်တည်း အကွက်ချ တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
သို့သော် ကမ္ဘာ့နိုင်ငံအချို့က အာဆာ အကြမ်းဖက်များ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို လျစ်လျူရှုထားကြောင်း တွေ့ရှိရသည်။ အကြမ်းဖက်မှု၏ အသွင်သဏ္ဍာန်မျိုးစုံနှင့် လုပ်ရပ်များအားလုံးကို ရှုတ်ချသင့်သည်။
အာဆာ အကြမ်းဖက်များ၏ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ၎င်းတို့၏ အစွန်းရောက် အကြမ်းဖက်ဝါဒဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်မှုတို့ကြောင့် ဒေသခံတိုင်းရင်းသားများက အခြားမြို့ရွာများသို့လည်းကောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂါလီများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်းကောင်း နေရပ်စွန့်ခွာမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖြစ်စဉ်များ၏ အရင်းခံအကြောင်းတရားများနှင့် မြေပြင်ပကတိ အခြေအနေမှန်များကိုလည်း လျစ်လျူရှုကာ မြန်မာနိုင်ငံ၏ ပုံရိပ်နှင့်ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်မှုများ မပြုသင့်ကြောင်း အလေးထားဖော်ပြလိုသည်။
မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည့် အားလျော်စွာ မိမိနိုင်ငံအား ကာကွယ်ပိုင်ခွင့်နှင့် နိုင်ငံနှင့်လူမျိုးအပေါ် ကျူးလွန်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို တုံ့ပြန် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုများအား တုံ့ပြန်ရာတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အပြစ်မဲ့ဒေသခံပြည်သူများနှင့် ၎င်းတို့၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်အတွက် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (RoE) နှင့်အညီ ဆောင်ရွက်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် မရှိသည့်လူမျိုးအမည်ဖြင့် လွဲမှားစွာ သုံးစွဲဖော်ပြလျက်ရှိသည့် အခြေအနေကိုလည်း ပြတ်သားစွာ ကန့်ကွက်သည်။ ထို့ကြောင့် ယင်းစကားရပ်ကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အသုံးပြု၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ဆက်စပ်ဖြစ်စဉ်များအပေါ် နိုင်ငံရေးအရ အကျိုးအမြတ်ရှိစေရန်အတွက် ကြေညာချက်များနှင့် ထုတ်ပြန်ပြောကြားချက်များ ထုတ်ပြန်နေခြင်းကို လက်ခံနိုင်ခြင်း မရှိပါ။ ယင်းဆောင်ရွက်ချက်များသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် ရရှိထားသည့် သဘောတူညီချက်များနှင့်အညီ စိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး မြန်မာနိုင်ငံ၏ စေတနာမှန်ဖြင့် ကြိုးပမ်းအားထုတ်မှုများအတွက် အပြုသဘောဆောင်သည့် အထောက်အပံ့ဖြစ်မည် မဟုတ်ပါ။
​ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စခန်းများတွင် ရောက်ရှိနေသူအားလုံးအား မြန်မာနိုင်ငံမှဟု စွပ်စွဲပြောဆိုချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ရကြောင်း ထပ်လောင်း ဖော်ပြအပ်သည်။ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကိစ္စသည် နှစ်နိုင်ငံအကြား ဖြေရှင်းရမည့်ကိစ္စဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် စိစစ်ပြီးနေရပ်စွန့်ခွာသူများကို ၎င်းတို့၏ ဆန္ဒအလျောက်၊ လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ခင်မင်ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။​
ယင်းနှင့်စပ်လျဉ်း၍ ၁၅-၈-၂၀၂၆ ရက်တွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ကြိုးပမ်းမှုများအပေါ် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
သို့ဖြစ်၍ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၏ အရင်းခံအကြောင်းတရားများနှင့် မြေပြင်ပကတိ အခြေအနေမှန်များကို အသိအမှတ်ပြုခြင်းမရှိဘဲ နိုင်ငံအချို့၏ နိုင်ငံရေးလှုံ့ဆော်မှုအရ ထုတ်ပြန်သည့် ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များ၊ လူမှုကွန်ရက် မီဒီယာများအပါအဝင် သတင်းဖော်ပြချက်များကို မြန်မာနိုင်ငံက ပယ်ချသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်
**********
Myanmar’s Response to the Statements and Remarks made by certain countries with regard to the incidents that took place in northern Rakhine State in August 2017
​It has been observed that certain countries issued statements, made remarks, posted on social media including Facebook and X and published news in reference to the incidents that took place in northern Rakhine State on 25 August 2017.
These statements and remarks did not accurately reflect the situation on the ground and failed to acknowledge that the subsequent incidents in northern Rakhine State were caused by the coordinated and premeditated attacks by ARSA terrorists.
What actually happened in northern Rakhine State is that the ARSA terrorists had committed terrorist attacks in October and November 2016 causing the loss of lives of Myanmar security personnel and civilians.
​On 25 August 2017, the ARSA terrorists carried out simultaneous and coordinated attacks on 30 police outposts and a Regiment Headquarters in northern Rakhine State resulted in the deaths of Myanmar security personnel, government officials and innocent people while many others were injured.
However, certain countries have ignored the brutal acts committed by the ARSA terrorists. Terrorism in all its forms and manifestations must be condemned.
These terrorist attacks and threats driven by violence extremism of the ARSA terrorists led to the displacement of local ethnic residents to other towns and villages in Rakhine State and Bengalis from northern Rakhine State to Bangladesh. Therefore, it is important to highlight that the root causes of the incidents and the actual situation on the ground should not be overlooked, nor should any actions be taken that could undermine the image and dignity of Myanmar.
As a sovereign state, Myanmar has the right to protect itself and respond to any terrorist attacks against the State and its people by taking counter-terrorism measures. Moreover, Myanmar security personnel, in responding to these terrorist attacks, acted in accordance with the Rules of Engagement (RoE) to protect the innocent local populace and their properties to maintain peace and stability in Rakhine State.
Moreover, Myanmar categorically rejects the expression using a nomenclature that falsely claims an ethnic identity which has never existed in Myanmar. Therefore, the issuance of statements and remarks using such terminology for political purposes to gain political advantage over the related incidents in northern Rakhine State is unacceptable. Those actions would not contribute constructively to Myanmar’s sincere efforts to repatriate the verified displaced persons in accordance with the agreements reached between Myanmar and Bangladesh in 2017 and 2018.
In addition, Myanmar reiterates its concern over allegations that all individuals residing in the camps in Bangladesh are listed as people from Myanmar. The repatriation of displaced persons is a matter to be resolved between the two countries. Myanmar is committed to working closely with Bangladesh and friendly countries to facilitate the voluntary return of verified displaced persons in a safe and dignified manner.
In this regard, Myanmar issued a Press Statement on its ongoing efforts on repatriation of displaced persons from Rakhine State on 15 August 2026.
​Therefore, Myanmar rejects the politically motivated statements, remarks, social media posts made by certain countries and news articles without due consideration of the root causes of the said incidents and the actual situation on the ground.
Ministry of Foreign Affairs
Nay Pyi Taw
Dated, 3 September 2026

နိုင်ငံခြားရောက် မြန်မာနိုင်ငံသားကလေးများ၏ အခြေခံပညာသင်ယူခြင်း အစီအစဉ်နှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း
03/09/2026

နိုင်ငံခြားရောက် မြန်မာနိုင်ငံသားကလေးများ၏ အခြေခံပညာသင်ယူခြင်း အစီအစဉ်နှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌအား လက်ခံတွေ့ဆုံနိုင်ငံခြားရေးဝန်ကြီးဌ...
01/09/2026

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၃၁-၈-၂၀၂၆ ရက်၊ ၁၁၀၀ နာရီတွင် လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့် မြန်မာ-ရုရှားစီးပွားရေးဖွံ့ဖြိုးမှုအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
*********
Union Minister for Foreign Affairs receives President of the Russia-Myanmar Friendship Association
U Tin Maung Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar received Mr. Bulochnikov Anatoly Mikhailovich, President of the Russia-Myanmar Association for Friendship and Cooperation at the Ministry of Foreign Affairs in Nay Pyi Taw at 11:00 hrs on 31 August 2026.
During the meeting, they exchanged views on matters pertaining to further strength the friendship and economic cooperation between the Republic of the Union of Myanmar and the Russian Federation.
Also present at the meeting were officials of the Ministry of Foreign Affairs, Vice President of the Russia-Myanmar Association for Friendship and Cooperation and Chairman and representatives of the Myanmar-Russia Economic Development Association.
Dated: 31 August 2026
Ministry of Foreign Affairs
Nay Pyi Taw

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ သော် ဆရလမ် အား လက်ခံတွေ့ဆုံ​ပ...
28/08/2026

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ သော် ဆရလမ် အား လက်ခံတွေ့ဆုံ
​ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ သော်ဆရလမ် အား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက် ၊ ၁၅၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
​ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားပြီး၊ နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း နှစ်ဖက်သဘောတူညီခဲ့ကြသည့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနှင့် ပြည်သူများအကြား ကာလရှည်ကြာတည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေး၊ နှစ်နိုင်ငံနယ်စပ်များ တည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်
*********
Union Minister for Foreign Affairs receives Ambassador of Thailand to Myanmar
U Tin Maung Swe, Union Minister for Foreign Affairs received Mr. Tor
SARALAMBA, Ambassador of the Kingdom of Thailand to the Republic of the Union of Myanmar, at 1500hrs on 28 August 2026, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, the Union Minister congratulated the Ambassador on his appointment as Ambassador Extraordinary and Plenipotentiary of the Kingdom of Thailand. They cordially exchanged views on accelerating the implementation of mutually beneficial cooperation as agreed upon during the President's official visit to the Kingdom of Thailand, further strengthening the longstanding friendship and close relations between the two countries and peoples, resuming established bilateral mechanisms, enhancing close cooperation to maintain peace and stability along the shared border, and fostering closer cooperation in regional and international arenas, including ASEAN.
Ministry of Foreign Affairs
Nay Pyi Taw
28 August 2026

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်မှ ပြန်လည်ထွက်ခွာ(၂၆-၈-၂၀၂၆၊ နေပြည်တော်)နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်...
26/08/2026

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်မှ ပြန်လည်ထွက်ခွာ
(၂၆-၈-၂၀၂၆၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်ခဲ့သည့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လေဟွိုင်ချုံး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ၂၆-၈-၂၀၂၆ ရက်၊ ညနေပိုင်းတွင် နေပြည်တော် မှ ပြန်လည်ထွက်ခွာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိ သူများက နေပြည်တော်လေဆိပ်တွင် လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်
**********
Minister of Foreign Affairs of Viet Nam departs Nay Pyi Taw
(26-8-2026, Nay Pyi Taw)
At the invitation of the Union Minister for Foreign Affairs U Tin Maung Swe, Minister of Foreign Affairs of Viet Nam Mr. Le Hoai Trung, who paid an official visit to Myanmar, and the delegation departed Nay Pyi Taw on the evening of 26 August 2026. They were seen off at Nay Pyi Taw Airport by U Ko Ko Kyaw, Deputy Minister for Foreign Affairs and senior officials.
Ministry of Foreign Affairs
Nay Pyi Taw
26 August 2026

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်မှ ပြန်လည်ထွက်ခွာ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်ခဲ့သည့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လေဟွိုင်ချုံး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ၂၆-၈-၂၀၂၆ ရက်၊ ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်
********

Minister of Foreign Affairs of Viet Nam departs Nay Pyi Taw

At the invitation of the Union Minister for Foreign Affairs U Tin Maung Swe, Minister of Foreign Affairs of Viet Nam Mr. Le Hoai Trung, who paid an official visit to Myanmar, and the delegation departed Nay Pyi Taw on the evening of 26 August 2026. They were seen off at Nay Pyi Taw Airport by U Ko Ko Kyaw, Deputy Minister for Foreign Affairs and senior officials.

Ministry of Foreign Affairs
Nay Pyi Taw
26 August 2026
***********

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နေပြည်တော်သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ဗီယက်နမ်ဆိုရှ...
26/08/2026

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နေပြည်တော်သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လေဟွိုင်ချုံးနှင့်အတူ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင်၏ (၁၀) ကြိမ်မြောက်အစည်းအဝေးကို ၂၆-၈-၂၀၂၆ ရက်တွင် နေပြည်တော် Park Royal ဟိုတယ်၌ ဦးဆောင်ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ထူထောင်ထားသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအောက်မှ နှစ်နိုင်ငံဆက်ဆံရေးနှင့် ဘက်စုံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ အထူးသဖြင့် နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး၊ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့် နည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများကို အပြန်အလှန်ရှင်းလင်းအသိပေးကြပြီး နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ထောက်ခံအားပေး လျက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၂၇ ခုနှစ်တွင် မြန်မာ-ဗီယက်နမ် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်မှု (၁၀)နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ သံတမန်သင်တန်းကျောင်း များအကြား ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအား ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာအထူးဇုန်များတွင် ရင်းနှီးမြှုပ်နှံ မှုများ လာရောက်ပြုလုပ်ရန်၊ နည်းပညာဆိုင်ရာပစ္စည်းများ လာရောက်ထုတ်လုပ်ရန် ဖိတ်ခေါ်လို ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်ခ်မက်) အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက် ရှိသကဲ့သို့ ဗီယက်နမ် နိုင်ငံအနေဖြင့်လည်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိရာ နှစ်နိုင်ငံအကြား အဆိုပါဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်များအောက်မှလည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့် ဆက်ဆံရေးတိုးတက်စေရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို အပြု သဘောဆောင် ကြိုဆိုသည့် ဗီယက်နမ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့ မှုအပေါ် ဂုဏ်ပြုပါကြောင်း၊ ဗီယက်နမ်တွင်လည်း ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ (၁၄) ကြိမ်မြောက် အမျိုးသားပါတီကွန်ဂရက်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး မဟာဗျူဟာများ ကို ချမှတ်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်သည် နှစ်နိုင်ငံစလုံးအတွက် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် အချိန်အခါကောင်းဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံ ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှင့် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် သွားလိုကြောင်း၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် အခြားသော အပြည်ပြည်ဆိုင်ရာ မူဘောင်များတွင် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝနှင့် တန်းတူအခွင့်အရေး ရရှိရေးအတွက် ဗီယက်နမ်နိုင်ငံက ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှု-ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုတို့ အတွက် ကြိုးပမ်းမှုများကို ထောက်ခံကြောင်း၊ နှစ်နိုင်ငံအကြား အာဆီယံ၊ အက်ခ်မက်နှင့် စီအယ်လ်အမ်ဗွီတို့ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးအပြီးတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ပူးတွဲကော်မရှင် အစည်း အဝေး၏ သဘောတူညီချက်မှတ်တမ်းအား လက်မှတ်ရေးထိုးခဲ့ကြသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်
*******
U Tin Maung Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar, and Mr. Le Hoai Trung, Minister of Foreign Affairs of the Socialist Republic of Viet Nam, who was on an official visit to Nay Pyi Taw, co-chaired the 10th Meeting of the Myanmar–Viet Nam Joint Commission for Bilateral Cooperation at the Park Royal Hotel in Nay Pyi Taw on 26 August 2026.
During the meeting, both sides discussed ways to further strengthen bilateral relations and cooperation in all areas under the framework of the Comprehensive Cooperation Partnership between Myanmar and Viet Nam. Their discussions focused on promoting cooperation in political, defence and security, economic, trade and investment, transport, information and communications, education and training, health, science and technology, agriculture, livestock, culture, tourism, and people-to-people exchanges. The two sides also exchanged views on developments in their respective countries and discussed ways to provide mutual support and enhance cooperation on regional and international fora.
The Union Minister discussed preparations for commemorative activities in 2027 to mark the 10th anniversary of the establishment of the Myanmar–Viet Nam Comprehensive Cooperation Partnership, as well as cooperation between the two Ministries of Foreign Affairs, including collaboration between their diplomatic academies. He invited Vietnamese investors to explore investment opportunities in Myanmar’s technology-focused special economic zones, including the Yadanarpon Cyber City Project, and encouraged cooperation in technology-based manufacturing. He noted that, as Myanmar currently holds the Chairmanship of Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS) and Viet Nam is serving as the Chair of Cambodia-Lao PDR- Myanmar- Viet Nam (CLMV), the two countries would continue to cooperate closely within these regional cooperation frameworks. He also reaffirmed Myanmar’s efforts to further strengthen its relations with ASEAN through a Myanmar-owned and Myanmar-led approach, while expressing appreciation to Viet Nam and other ASEAN Member States for their constructive engagement regarding Myanmar’s political developments.
The Vietnamese Foreign Minister congratulated the successful holding of elections in Myanmar. He appraised that Viet Nam had successfully convened the 14th National Congress of the Communist Party of Viet Nam and adopted its political and economic strategies, noting that this is an opportune time for both countries to further elevate bilateral relations and cooperation. He expressed Viet Nam’s interest in further strengthening cooperation in bilateral relations, trade and investment, people-to-people exchanges as well as regional and international cooperation and reaffirmed Viet Nam’s commitment in supporting Myanmar’s full and equal participation in ASEAN, the United Nations and other international fora. He also expressed Viet Nam’s support for Myanmar’s continued efforts towards peace, stability, national reconciliation and socio-economic development. He underscored Viet Nam’s commitment to further strengthening close cooperation with Myanmar in regional and international contexts, including ASEAN, ACMECS and CLMV.
Following the meeting, the two Foreign Ministers signed the Agreed Minutes of the 10th Meeting of the Myanmar–Viet Nam Joint Commission for Bilateral Cooperation.
Officials from the Ministries of Foreign Affairs and relevant ministries of Myanmar and Viet Nam were also present at the meeting.
In the afternoon, the Union Minister hosted a luncheon in honor of the Vietnamese Foreign Minister and members of his delegation.
Ministry of Foreign Affairs
Nay Pyi Taw
Dated 26 August 2026

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ ရောက်ရှိ(၂၆-၈-၂၀၂၆၊ နေပြည်တော်)နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီ...
26/08/2026

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ ရောက်ရှိ
(၂၆-၈-၂၀၂၆၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်မှ ၂၆ ရက်အထိ တရားဝင်ခရီးစဉ် လာရောက် သည့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လေဟွိုင်ချုံး သည် ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများက နေပြည်တော် လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်
*********
Minister of Foreign Affairs of Viet Nam Arrives in Nay Pyi Taw
(26-8-2026, Nay Pyi Taw)
At the invitation of the Union Minister for Foreign Affairs U Tin Maung Swe, Minister of Foreign Affairs of Viet Nam Mr. Le Hoai Trung, accompanied by the Viet Nam delegation, who paid an official visit to Myanmar from 25 to 26 August 2026 arrived in Nay Pyi Taw on the morning of 26 August 2026. They were welcomed at Nay Pyi Taw International Airport by U Naing Min Kyaw, Deputy Minister for Foreign Affairs and officials from the Ministry of Foreign Affairs.
Ministry of Foreign Affairs
Nay Pyi Taw
26 August 2026

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ ရောက်ရှိ
(၂၆-၈-၂၀၂၆၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်မှ ၂၆ ရက်အထိ တရားဝင်ခရီးစဉ် လာရောက် သည့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လေဟွိုင်ချုံး သည် ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများက နေပြည်တော် လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်
*********
Minister of Foreign Affairs of Viet Nam Arrives in Nay Pyi Taw
(26-8-2026, Nay Pyi Taw)

At the invitation of the Union Minister for Foreign Affairs U Tin Maung Swe, Minister of Foreign Affairs of Viet Nam Mr. Le Hoai Trung, accompanied by the Viet Nam delegation, who paid an official visit to Myanmar from 25 to 26 August 2026 arrived in Nay Pyi Taw on the morning of 26 August 2026. They were welcomed at Nay Pyi Taw International Airport by U Naing Min Kyaw, Deputy Minister for Foreign Affairs and officials from the Ministry of Foreign Affairs.
Ministry of Foreign Affairs
Nay Pyi Taw
26 August 2026
*********

Holiday Announcement
26/08/2026

Holiday Announcement

မြန်မာတောင်သူလယ်သမားများအား အထောက်အကူပြုနိုင်ရေးအတွက် မြန်မာသံရုံး (လန်ဒန်မြို့) ၌ သုံးပွင့်ဆိုင်အစည်းအဝေးကျင်းပခဲ့ခြင်း...
26/08/2026

မြန်မာတောင်သူလယ်သမားများအား အထောက်အကူပြုနိုင်ရေးအတွက် မြန်မာသံရုံး (လန်ဒန်မြို့) ၌ သုံးပွင့်ဆိုင်အစည်းအဝေးကျင်းပခဲ့ခြင်း
(၂၆-၈-၂၀၂၆၊ လန်ဒန်)
မြန်မာတောင်သူလယ်သမားများအား နိုင်ငံတကာအဆင့်မီ စိုက်ပျိုးရေးနည်းပညာများရရှိနိုင်ရေး၊ တောင်သူလယ်သမားများ ကြုံတွေ့နေရသော စိုက်ပျိုးနှင့်မွေးမြူရေးဆိုင်ရာ အခက်အခဲများအား ကူညီဖြေရှင်းပေးနိုင်ရေး၊ စိုက်ပျိုးရေးထွက်ကုန်များကို နိုင်ငံတကာအဆင့်အတန်းပြည့်မီစေရေးတို့အတွက် မြန်မာသံရုံး၊ လန်ဒန်မြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဗြိတိန်အခြေစိုက် နိုင်ငံတကာစိုက်ပျိုးရေးနည်းပညာအဖွဲ့အစည်းဖြစ်သည့် CABI (Centre for Agriculture and Biosciences International) တို့အကြား သုံးပွင့်ဆိုင် အစည်းအဝေးတစ်ရပ် (Tripartite Meeting) ကို ၂၅-၈-၂၀၂၆ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် မြန်မာသံရုံး (လန်ဒန်မြို့) မှ ဦးဆောင်၍ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်ဆွေလင်း ဦးဆောင်သော မြန်မာစိုက်ပျိုးရေးပညာရှင်များ၊ CABI မှ CEO ဖြစ်သူ Dr. Daniel Elger ဦးဆောင်သည့် CABI ရုံးချုပ်မှ ပညာရှင်များ၊ တရုတ်၊ ကင်ညာ၊ ပါကစ္စတန်နှင့် မလေးရှားနိုင်ငံများရှိ CABI ရုံးခွဲများမှ ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ သံရုံးယာယီတာဝန်ခံက ကြိုဆိုမိတ်ဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အပြင် မြန်မာပြည်သူများအားလုံးသည် နေ့စဉ်လူနေမှုဘဝအတွက် မြန်မာတောင်သူလယ်သမားများအပေါ် မှီခိုနေရပါကြောင်း၊ ပိုးမွှားနှင့် အပင်ရောဂါအပါအဝင် စိုက်ပျိုးရေးဆိုင်ရာစိန်ခေါ်မှုများကြောင့် မြန်မာတောင်သူလယ်သမားများ အခက်အခဲများ ကြုံတွေ့နေရလျက်ရှိရာ မိမိတို့မှ ကူညီဖြေရှင်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသည့်အတွက် မြန်မာသံရုံးအနေဖြင့် ဖြစ်နိုင်သမျှသော နည်းလမ်းများကို ရှာဖွေခဲ့ပါကြောင်း၊ မြန်မာတောင်သူလယ်သမားများအနေဖြင့် CABI မှ ရရှိမည့် နိုင်ငံတကာအဆင့်မီ စိုက်ပျိုးရေးနည်းပညာများအား အသုံးချနိုင်ပါက ၎င်းတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် မြန်မာပြည်သူများအားလုံးအတွက် စားနပ်ရိက္ခာလုံခြုံမှု (Food security) နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိစေမည်ဖြစ်ကြောင်း စသည်ဖြင့်ပါဝင်ခဲ့ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်ဆွေလင်းနှင့် CABI မှ CEO ဖြစ်သူ Dr. Daniel Elger တို့မှလည်း မိတ်ဆက်စကားများ အသီးသီးပြောကြားခဲ့ကြပါသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် သီးနှံဖျက်ပိုးနှင့် ရောဂါများ ကာကွယ် နှိမ်နင်းရေး၊ တောင်သူလယ်သမားများ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူ-အပင်-တိရစ္ဆာန် ကပ်ရောဂါကာကွယ်ရေး (One Health)၊ စိုက်ပျိုးရေးနည်းပညာဖြန့်ဝေရေး၊ စိုက်ပျိုးရေးထုတ်ကုန်များတွင် ဓါတုဓါတ်ကြွင်းများ ကျန်ရှိမှု ဖြေရှင်းရေးစသည့် ကဏ္ဍများအပါအဝင် မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍအတွက် ဦးစားပေးလုပ်ငန်းများကို ဆွေးနွေးခဲ့ရာ CABI မှ ပညာရှင်များက ကဏ္ဍအလိုက် ၎င်းတို့ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် တောင်သူလယ်သမားများအား အထောက်အကူပြုနိုင်ရန် စီမံကိန်းများ ရေးဆွဲဆောင်ရွက်သွားရေးအတွက်လည်း ဆွေးနွေးခဲ့ကြပြီး၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ သံရုံး (လန်ဒန်မြို့)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် CABI မှ ကိုယ်စားလှယ်များနှင့် ပညာရှင်များပါဝင်သည့် သုံးပွင့်ဆိုင် လုပ်ငန်းအဖွဲ့ (Tripartite Working Group- TWG) ကိုလည်း ဖွဲ့စည်းခဲ့ပါသည်။
**********
Tripartite Meeting Held at Myanmar Embassy (London) to Support Myanmar Farmers
(26-8-2026, London)
On August 25, 2026, the Embassy of Myanmar in London hosted a tripartite meeting with the Ministry of Agriculture, Livestock and Irrigation and the UK-based international agricultural organization CABI (Centre for Agriculture and Biosciences International) through online. The initiative aimed to provide Myanmar farmers with advanced agricultural technologies, resolve crop and livestock challenges, and ensure agricultural products to meet international standards.
The meeting was attended by Myanmar agricultural experts led by Permanent Secretary U Kyaw Swe Lin from the Ministry of Agriculture, Livestock and Irrigation, experts from CABI headquarters led by CEO Dr. Daniel Elger, and specialists from CABI regional centres in China, Kenya, Pakistan, and Malaysia.
In his welcoming remarks, Mr. Win Zeyar Tun, Chargé d' Affaires of Myanmar Embassy, highlighted that Myanmar is an agricultural country where the daily lives of entire Myanmar population and country’s economy rely on the farmers. He also mentioned that in the circumstance of encountering challenges by Myanmar farmers Myanmar Embassy took responsibility in seeking all possible assistance to help address Myanmar farmers’ challenges. Utilizing advanced technologies from CABI will help farmers to improve their livelihoods and personal development as well as enhance food security of the country and foster economic development for the people of Myanmar, he added. Opening remarks were also delivered by Permanent Secretary Mr. Kyaw Swe Lin and CABI CEO Dr. Daniel Elger.
During the session, Myanmar agriculture officials presented priorities of agriculture sector, including pest and disease control, human resource development of farmers, integrated human-plant-animal health (One Health) initiatives, agricultural knowledge dissemination and reduction of chemical residue in agricultural products. CABI experts responded with potential technical solutions for each sector. The parties discussed developing projects to assist Myanmar farmers and established a Tripartite Working Group (TWG)—comprising representatives and experts from the Embassy, the Ministry, and CABI—to ensure timely and effective technical cooperation.

Address

19A Charles Street, Mayfair
London
W1J5DX

Alerts

Be the first to know and let us send you an email when Myanmar Embassy, London posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organisation

Send a message to Myanmar Embassy, London:

Shortcuts

Share