Myanmar Embassy, London

Call Directions Website Contact the organisation

Myanmar Embassy, London This is the official page of the Embassy of the Republic of the Union of Myanmar in London.

အာဆီယံရေးရာကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ(၁၃-၁၀-၂၀၁၆၊ နေပြည်တော်)​အာဆီယံရေးရာကော်မတီ၏ ပထမအကြိမ် ညှိနှိုင်...
13/10/2026

အာဆီယံရေးရာကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ
(၁၃-၁၀-၂၀၁၆၊ နေပြည်တော်)
​အာဆီယံရေးရာကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ ၁၄၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စတုရင်္ဂဗလခန်းမ၌ ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးတင်မောင်ဆွေက ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည်။ ညှိနှိုင်းအစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။
​အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပုံမှန်ထိတွေ့ဆက်ဆံနေသည့် လမ်းကြောင်းအပြင် အာဆီယံနှင့် ဆက်သွယ်ဆောင်ရွက်မည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန်ဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် ၂၀၂၁ ခုနှစ်၊ နောက်ပိုင်းတွင် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံသည် တာဝန်သိ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေနှင့် အာဆီယံထုတ်ပြန်ချက် (၅) ရပ်ကို ယခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်မှုမရှိစေဘဲ အဖြစ်နိုင်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ အာဆီယံနှင့် ဆက်ဆံရာတွင် တစ်နိုင်ငံချင်းအလိုက် ဦးစားပေးအဆင့်လိုက် ထိတွေ့ဆက်ဆံလျက်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ တစ်ချက်ချင်းစီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
​ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များက မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား လက်ရှိနှစ်နိုင်ငံဆက်ဆံရေးကို အခြေခံကာ အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးကို ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အကြံပြုဆွေးနွေးခဲ့ကြသည်။
**************
First Coordination Meeting of the ASEAN Affairs Committee held
(13-10-2026, Nay Pyi Taw)
The first coordination meeting of the ASEAN Affairs Committee, presided over by U Tin Maung Swe, Chairman of the Committee and Union Minister for Foreign Affairs, was held on 13 October 2026 at 14:00 hours at the Ministry of Foreign Affairs. The meeting was attended by Vice Chairman of the Committee and Deputy Minister for Foreign Affairs U Naing Min Kyaw, along with members and representatives from the Ministry of the Office of the President, Ministry of Defence, Ministry of Home Affairs, Ministry of Information and Ministry of Social Welfare, Relief and Resettlement.
In his opening remarks, the Union Minister stated that in addition to the existing channels of engagement with ASEAN, Myanmar will cooperate with ASEAN through the Committee. He highlighted that despite facing discriminatory treatment towards Myanmar since 2021, Myanmar, as a responsible ASEAN Member State, has implemented the ASEAN Five-Point Statement to the fullest extent possible in line with the Five-Point Roadmap laid down by the then State Administration Council, without compromising its sovereignty and national interests. He added that engagement with ASEAN is being pursued bilaterally with individual member states. Subsequently Vice Chairman of the Committee and the Deputy Minister for Foreign Affairs underscored the progress achieved under the ASEAN Five-Point Statement in line with the Government’s Roadmap.
During the Meeting, members of the Committee discussed and exchanged views on Myanmar-owned and Myanmar-led process in restoring Myanmar’s original role and rights within ASEAN building on the existing bilateral relations between Myanmar and ASEAN Member States.

အသိပေးကြေညာချက်
07/10/2026

အသိပေးကြေညာချက်

06/10/2026

သတင်းထုတ်ပြန်ချက်
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ဒုက္ခများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်
နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံး များမှ တစ်ဆင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဒုက္ခများ ကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် နိုင်ရေးအတွက် လိုအပ်သည့် ကောင်စစ်ဆိုင်ရာ ကူညီဆောင်ရွက်မှုများကို အစဉ်တစိုက် အလေး ထားဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာမြန်မာအစိုးရအနေဖြင့် ၂၃-၂-၂၀၂၁ ရက်နေ့တွင် မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်း ချက်များ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်များကျခံခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေး စခန်းများ၌ ထိန်းသိမ်းခံရကာ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသားစိစစ်ပြီးသူ (၁,၀၈၆) ဦးကို လူသားချင်းစာနာထောက်ထားမှုအရနှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းကာ မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါသည်။
ထို့နောက် ၁၁-၃-၂၀၂၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံအန်ဒမန်ကျွန်းရှိရေပိုင်နက်အတွင်းသို့ တရားမဝင်ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲမြို့၌ ထိန်းသိမ်းခံထားရသည့် မြန်မာ ရေလုပ်သား (၇၀) ဦးတို့ကိုလည်းနှစ်နိုင်ငံအစိုးရချင်းညှိနှိုင်းမှုဖြင့် တပ်မတော်မှ စစ်ရေယာဉ် (တပင်ရွှေထီး) ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပါသည်။
၂၀၂၆ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား တပ်မတော်လေယာဉ်၊ စင်းလုံးငှားလေယာဉ်၊ အပြည်ပြည်ဆိုင်ရာမြန်မာ့ လေကြောင်းလိုင်း (MAI) နှင့် AirAsia လေယာဉ်များဖြင့် ခေါ်ဆောင်ခဲ့ရာဇန်နဝါရီလမှ စက်တင်ဘာလ အထိမြန်မာနိုင်ငံသားစုစုပေါင်း (၁၉၀၅) ဦးကိုလည်းကောင်း၊ အိန္ဒိယရေပိုင်နက်အတွင်းသို့ တရားမဝင်ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲမြို့၌ ထိန်းသိမ်းခံထားရသည့် မြန်မာရေ လုပ်သား (၂၆) ဦးအား အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ၂၃-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း အသီးသီးပြန်လည်ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ စည်းကမ်းချိုးဖောက်ခဲ့မှုများကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်း ရေး စခန်းများတွင် ထိန်းသိမ်းခံထားသူများကို မြန်မာနိုင်ငံသားမှန်ကန်မှု ရှိ/မရှိ ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စိစစ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စိစစ်ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံသားမှန်ကန်သူ (၈၀၄၁) ဦးကို လေယာဉ်ဖြင့် အပတ်စဉ် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါသည်။ ထို့ပြင် လေယာဉ်စရိတ် မတတ်နိုင် သည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ (၁,၄၇၆) ဦးအား မြန်မာ့တပ်မတော် (ရေ) မှ စစ်ရေယာဉ် (မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်) တို့ဖြင့် ပြန်လည်ခေါ်ဆောင် လာရာ ၄-၁၀-၂၀၂၆ ရက်တွင် မြန်မာနိုင်ငံသို့ ချောမောစွာ ရောက်ရှိခဲ့ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိအချိန်တွင် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း သစ်များရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့် အားလျော်စွာ နိုင်ငံသားများအနေဖြင့် ပြည်တွင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များစသည့် စီးပွားရေးကဏ္ဍများတွင် အလုပ်လုပ်ကိုင်ကြခြင်းဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှု စွမ်းအားကို မြှင့်တင်နိုင်ပြီး မြန်မာနိုင်ငံသားများအနေဖြင့် ဂုဏ်သိက္ခာရှိပြီး လုံခြုံစိတ်ချရသည့် လူနေမှုဘဝကို ရရှိနိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်ရာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကုန်ကူးပွဲစားများ၏ မက်လုံးပေး ဆွဲဆောင်စည်းရုံးမှုများကို အယုံမလွယ်ကြရန်၊ တရားမဝင် နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပသို့ တရားမဝင် ထွက်ခွာမှုများကို ရှောင်ကြဉ်ကြပါရန်နှင့် လူကုန်ကူးခံရမှုမရှိစေရေး သတိပြုဆင်ခြင်နိုင်ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
နိုင်ငံတော်အစိုးရသည် ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မည်သို့သော အခြေအနေတွင်ဖြစ်စေ အခက်အခဲကြုံတွေ့လာပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားကူညီစောင့်ရှောက်ပေးလျက်ရှိပါသည်။
သို့ဖြစ်ရာနောင်တွင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲ တစ်စုံ တစ်ရာကြုံတွေ့လာပါက မြန်မာသံရုံးများနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်သတင်းပို့ နိုင်ပါကြောင်းနှင့် မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် သက်ဆိုင်ရာ နိုင်ငံများနှင့် ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်
***********
Press Release
Ministry of Foreign Affairs facilitates repatriation of Myanmar nationals facing difficulties abroad
Under the guidance of the Government of Myanmar, the Ministry of Foreign Affairs has placed great emphasis on providing necessary consular assistance through Myanmar Embassies and Consulates-General to assist in the rescue and repatriation of Myanmar nationals facing difficulties abroad for various reasons.
In this regard, the Government of Myanmar, in close coordination with the Government of Malaysia repatriated 1,086 verified Myanmar nationalswho had been detained at the Malaysian Immigration detention camps and faced difficulties following the completion of their respective sentences due to their illegal stay and violation of the immigration regulations. The repatriation was carried out by Myanmar Navy vessels on humanitarian grounds on 23 February 2021.
Moreover, through close coordination between the two Governments, 70 Myanmar fishermen who had been detained in Port Blair, India, for illegally entering Indian territorial waters were repatriated to Myanmar on 11 March 2021 aboard the Myanmar Navy vessel UMS Tabinshwehti.
From January to September 2026, a total of 1,905 Myanmar nationals who encountered difficulties in Cambodia, were repatriated to Myanmar through various means of transportation including, Tatmadaw aircraft, chartered flights operated by MAI and AirAsia. In addition,a total of 26 Myanmar fishermen, who were detained in Port Blair in Indiafor illegally entering Indian territorial waters were repatriated to Myanmar by Myanmar International Airlines (MAI) on 23 July 2026.
The necessary national verification process for Myanmar nationals was conducted in close coordination with relevant Ministries for those who had completed their sentences due to their illegal stay and violation of immigration regulations but remained in the immigration detention camps.Following the verification process, 8,041 Myanmar nationals were repatriated to Myanmar by air on a weekly basis. Moreover, 1,476 verified Myanmar nationals who could not afford airfare were repatriated aboard Myanmar Navy vessels, namely UMS Moattama, UMS ThanLwin and UMS Sin Phyu Shin, and they arrived safely in Myanmar today.
As the Government is currently making efforts to create new employment opportunitieswithin the country, Myanmar nationals will have greater opportunities to contribute to enhancingnational productivity by engaging in various economic sectors such as agriculture, livestock and breeding, micro, small and medium enterprises (MSMEs), thereby enabling them to achieve dignified, safe and secure livelihood.
Therefore, Myanmar nationals who wish to seek employment abroad are advised to exercise caution and not be easily persuaded by the inducements and promises of the human traffickers. They are also urged to avoid leaving the country illegally through unauthorized border crossing and to remain vigilant against the risks of human trafficking.
Regardless of the circumstances, the Government has demonstrated its profound concern for the well-being of Myanmar nationals residing abroad and provided them with necessary assistance whenever they encounter difficulties.
Therefore, Myanmar nationals residing abroad who encounter any difficulties are encouraged to contact Myanmar Embassies and Consulates-General. Necessary arrangements will be made, in coordination with the authorities of the respective countries, to facilitate their safe return to Myanmar at the earliest possible opportunity.
Ministry of Foreign Affairs
Nay Pyi Taw
Dated: 4 October 2026

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ ဂျပန်နိုင်ငံ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံနိုင်ငံခြားရေးဝန...
02/10/2026

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ ဂျပန်နိုင်ငံ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စတာ ယိုရှိတာခဲ ရှိုဂို အား ၁-၁၀-၂၀၂၆ ရက်နေ့ ၁၄၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထို့သို့ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်
နိုင်ငံခြားရေးဝန်ကြီးဌာန
**************
Union Minister for Foreign Affairs receives Charge d’ Affairs of the Embassy of Japan to Myanmar
​U Tin Maung Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar received Mr. YOSH*TAKE Shogo, Charge d’Affairs of the Embassy of Japan to the Republic of the Union of Myanmar at the Ministry of Foreign Affairs in Nay Pyi Taw at 14:30 hrs on 1st October 2026.
​During the meeting, they exchanged views on enhancing bilateral relations and cooperation between the two countries.
1st October 2026
Nay Pyi Taw

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ ဂျပန်နိုင်ငံ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စတာ ယိုရှိတာခဲ ရှိုဂို အား ၁-၁၀-၂၀၂၆ ရက်နေ့ ၁၄၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထို့သို့ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်
နိုင်ငံခြားရေးဝန်ကြီးဌာန
**************

Union Minister for Foreign Affairs receives Charge d’ Affairs of the Embassy of Japan to Myanmar

​U Tin Maung Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar received Mr. YOSH*TAKE Shogo, Charge d’Affairs of the Embassy of Japan to the Republic of the Union of Myanmar at the Ministry of Foreign Affairs in Nay Pyi Taw at 14:30 hrs on 1st October 2026.
​During the meeting, they exchanged views on enhancing bilateral relations and cooperation between the two countries.

1st October 2026
Nay Pyi Taw
**************

မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဝင်းဇေယျာထွန်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ (Internat...
30/09/2026

မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဝင်းဇေယျာထွန်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ (International Maritime Organization-IMO) ၏ 2026 World Maritime Day အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း
(၂၉-၉-၂၀၂၆ ရက်၊ လန်ဒန်)
မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဝင်းဇေယျာထွန်းသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ (International Maritime Organization-IMO) ၏ 2026 World Maritime Day အခမ်းအနားသို့ IMO အထွေထွေအတွင်း‌ရေးမှူးချုပ် H.E. Mr. Arsenio Dominguez ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် IMO အထွေထွေအတွင်း‌ရေးမှူးချုပ်မှ အမှာစကားပြောကြားခဲ့ပြီး လန်ဒန်မြို့အခြေစိုက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးနှင့် မဟာမင်းကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ IMO ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ရုံးများမှ ကိုယ်စားလှယ်များနှင့် IMO မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
2026 World Maritime Day အခမ်းအနားကို “From Policy to Practice: Powering Maritime Excellence" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
************
U Win Zeyar Tun, Chargé d'affaires/ Minister of the Myanmar Embassy in London Attended the 2026 World Maritime Day Reception
(29-9-2026, London)
U Win Zeyar Tun, Chargé d'Affaires / Minister at the Myanmar Embassy in London, attended the 2026 World Maritime Day Reception on 24 September 2026 at the UN’s International Maritime Organization (IMO), upon the invitation of H.E. Mr. Arsenio Dominguez, Secretary-General of the IMO.
At the event, the Secretary-General delivered commemorative remarks. The reception was attended by Ambassadors, High Commissioners, Heads of Mission, representatives of IMO Permanent Missions, diplomats from UN member states, and IMO officials.
"From Policy to Practice: Powering Maritime Excellence" has been set as the theme for the 2026 World Maritime Day.

အဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို နေပြည်တော်၌ အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပပြီးစ...
29/09/2026

အဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို
နေပြည်တော်၌ အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပပြီးစီးခြင်း
အဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ MGallery Hotel ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
အဆိုပါဖိုရမ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် ဦးဆောင်လျက် ဝန်ကြီးဌာန (၁၉) ခုမှ ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် မစ္စတာ ကျောက်ကျွင့်မင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့်မိန့်ခွန်း ပြောကြားရာ၌ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား ဆက်ဆံရေးသည် တရုတ်-မြန်မာ နှစ်နိုင်ငံ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး၏ ရှေ့တန်းအခြေခံအုတ်မြစ် (Frontline Foundation of broader China-Myanmar “Pauk-Phaw” Friendship) ဖြစ်ကြောင်း၊ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၂,၀၀၀ ခန့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုစုစုပေါင်း၏ ထက်ဝက်ကျော်ကို လွှမ်းမိုးထားကာ နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လျက်ရှိကြောင်း၊ ယခုကျင်းပသည့် အဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှတစ်ဆင့် အပြန်အလှန် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရေးနှင့် ယူနန်ဖိုရမ်ယန္တရားအောက်မှ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားရေး တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် သက်ဆိုင်ရာကဏ္ဍအလိုက် အဖွဲ့လိုက်ဆွေးနွေးပွဲများကို ကျင်းပခဲ့သည်။ မြန်မာဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်က အဖွဲ့ (၁) ကိုလည်းကောင်း၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်က အဖွဲ့ (၂) ကိုလည်းကောင်း ဦးဆောင်သူများအဖြစ် ဆွေးနွေးခဲ့ကြပြီး၊ တရုတ်ဘက်မှ ယူနန်ပြည်နယ် ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ယူနန်ပြည်နယ်ပါတီကော်မတီ ပြန်ကြားရေးဌာနမှ ကိုယ်စားလှယ်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ အဆိုပါအဖွဲ့လိုက်ဆွေးနွေးမှုများ၌ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အပြန်အလှန်ချိတ်ဆက်မှုများ မြှင့်တင်ရေး၊ ယူနန်ပြည်နယ်နှင့် လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲရေး၊ စက်မှုနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးနှင့် ချစ်ကြည်ရေး ညီအစ်မမြို့များအကြား အနှစ်သာရပြည့်ဝသည့် အပြန်အလှန်လည်ပတ်မှုနှင့် ဖလှယ်ရေး အစီအစဉ်များကို တိုးမြှင့်ဖော်ဆောင်ရေး ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြသည်။
​အဖွဲ့လိုက်ဆွေးနွေးမှုများအပြီးတွင် မျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ အဖွဲ့ခေါင်းဆောင် (၂) ဦးက ဆွေးနွေးပွဲရလဒ်များကို အကျဉ်းချုပ် တင်ပြခဲ့ကြသည်။ ထို့နောက် မြန်မာဘက်မှ ကိုယ်စားလှယ်ခေါင်းဆောင်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တရုတ်ဘက်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်တို့သည် ဖိုရမ်ဆိုင်ရာအစည်းအဝေးမှတ်တမ်း (Agreed Minutes) ကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြသည်။
​မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က တရုတ် (ယူနန်) ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မစ္စတာ ကျောက်ကျွင့်မင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့တွင် အလှည့်ကျ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးနှင့် ဒေသတွင်းချိတ်ဆက်မှု ပိုမိုနက်ရှိုင်းစေရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ပေါင်းစည်းမှုမြှင့်တင်ရေးတို့အပြင် ပူးပေါင်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဖြေရှင်းနိုင်ရန် ကျင်းပပြုလုပ်လေ့ရှိသည့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်
***************
Successful Conclusion of the 8th Myanmar-China (Yunnan) Cooperation Forum in Nay Pyi Taw
Myanmar successfully hosted the 8th Myanmar-China (Yunnan) Cooperation Forum at the MGallery Hotel in Nay Pyi Taw on 29 September 2026.
The forum was attended by the Myanmar delegation led by Deputy Minister for Foreign Affairs H.E. U Ko Ko Kyaw, along with representatives from 19 line ministries, the Mandalay Region Government, the Shan State Government, the Central Bank of Myanmar and the Republic of the Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI). The Chinese delegation was led by H.E. Mr. Zhao Junmin, Member of the Standing Committee of the CPC Yunnan Provincial Committee.
In his opening address, the Deputy Minister for Foreign Affairs emphasized that the relationship between Myanmar and Yunnan Province serves as the "Frontline Foundation of broader China-Myanmar 'Pauk-Phaw' Relationship". He noted that Yunnan Province, which shares a nearly 2,000-kilometer border with Myanmar, accounts for more than half of total bilateral trade and continues to expand cooperation across various sectors. He called for implementing practical, mutually beneficial initiatives and cooperation through the forum, further enhancing the bilateral "Pauk-Phaw" friendship, and strengthening cooperation under the Yunnan Cooperation Forum framework.
Following the opening ceremony, representatives from the respective ministries conducted sector-specific breakout discussions. The sessions were co-chaired on the Myanmar side by officials from the Ministry of Foreign Affairs and the Ministry of National Planning, Investment and Foreign Economic Relations, and on the Chinese side by the Deputy Secretary of the CPC Yunnan Provincial Committee and representatives from its Publicity Department. The discussions focused key attention on maintaining peace, stability, and the rule of law in border areas; jointly combatting cross-border crime; boosting trade, economic ties, and regional connectivity; expanding direct air routes between Myanmar and Yunnan Province; promoting industrial growth and micro, small, and medium enterprises (MSMEs); fostering people-to-people ties and deepening exchanges and high-level visits between sister cities.
At the conclusion of the breakout sessions, the plenary meeting was convened where the two group leaders summarized the main outcomes. Subsequently, the head of the Myanmar delegation (Deputy Minister for Foreign Affairs) and the head of the Chinese delegation (Member of the Standing Committee of the CPC Yunnan Provincial Committee) signed the Agreed Minutes of the Forum.
At noon, Deputy Minister H.E. U Ko Ko Kyaw hosted a working luncheon in honour of the Chinese delegation led by H.E. Mr. Zhao Junmin.
The Myanmar-China (Yunnan) Cooperation Forum has been held alternately in Myanmar and Yunnan Province since 2013. It serves as a platform aimed at deepening cooperation on stability and the rule of law in border areas, economic and regional connectivity, and people-to-people ties and cultural integration, as well as amicably coordinating and resolving challenges and obstacles encountered in cooperation between Myanmar and Yunnan Province.
Ministry of Foreign Affairs, Nay Pyi Taw
29 September 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော...
27/09/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော်၌ Time Magazine မှ သတင်းထောက် Charlie Campbell ၏ တွေ့ဆုံမေးမြန်းမှုများအပေါ် ဖြေကြားချက်

-
Twitter: https://x.com/MoeSatKhinn/status/2102961412066930792?s=20 (PRESS UPDATE: On Aug 28, President U Min Aung Hlaing granted an interview to correspondent in Nay Pyi Taw. We strongly condemn Time Magazine for ignoring authentic interview facts, attached footage, and violating core MediaEthics.)
-
Twitter: https://x.com/ViewsofMM22/status/2102977170364838392?s=20 (We strongly condemn Time Magazine for compromising journalistic integrity. Despite interviewing President U Min Aung Hlaing in Nay Pyi Taw on Aug 28, correspondent Charlie Campbell ignored real facts and attached footage.)
-
Twitter: https://x.com/ViewsofMM22/status/2102942901894332761?s=20 (The Information Team of Myanmar has condemned Time Magazine journalist Charlie Campbell for violating basic journalistic ethics in his recent publication.)
-
Twitter: https://x.com/MoeSatKhinn/status/2102787978594828648?s=20 (PRESS RELEASE: Magazine requested an interview with the President titled "The Future of Myanmar" via the Embassy in Singapore to cover peace & stability efforts. In good faith, the President granted the session to correspondent .)
-
Twitter: https://x.com/MoeSatKhinn/status/2102781329880526968?s=20 (’s coverage misrepresents the actual facts from the interview with President U Min Aung Hlaing. Rather than sticking to the transcript, the article inserts biased claims sourced from illegal anti-government groups, abandoning basic journalistic integrity & media ethics.)
-
Twitter: https://x.com/ViewsofMM22/status/2102941836822126879?s=20 (Journalism or Propaganda? Bypasses Facts in Myanmar Interview.)
-
Twitter: https://x.com/cs_zora/status/2103040415666516429?s=20 (Being a world-famous media outlet with zero ethics is genuinely embarrassing. No matter how big your reach is, without truth and integrity, you are just noise. Audiences deserve unbiased truth, not agenda-driven narrative.)
-
Twitter: https://x.com/ViewsofMM22/status/2102982200283341266?s=20 (The Press Release Team strongly condemned the writings of Time Magazine correspondent Charlie Campbell, citing a failure to adhere to media ethics and the professional code of conduct.)
-
Twitter: https://x.com/Freelancejou333/status/2102951402473496838?s=20 (Transforming a structured Q&A interview into an opinion article is a clear breach of journalistic ethics.)
-
Twitter: https://x.com/Myanmar_ICJ2026/status/2102995029958729771?s=20 (UNION Politics News Strongly Condemns! We unequivocally denounce TIME photographer Jesus M. Aznar II's corrupt journalism and unethical practices as a dangerous betrayal. We must stand together against media manipulation and fake news!)
-

မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်(၂၅-၉-၂၀၂၆၊ လန်ဒ...
25/09/2026

မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်
(၂၅-၉-၂၀၂၆၊ လန်ဒန်)
မြန်မာသံရုံး၊ လန်ဒန်မြို့၏ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဝင်းဇေယျာထွန်း သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၌ ကျင်းပခဲ့သည့် ၈၁ နှစ်မြောက် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၏ အမျိုးသားနေ့၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၌ ကျင်းပခဲ့သည့်
၈၁ နှစ်မြောက် အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားနေ့၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့၌ ကျင်းပခဲ့သည့် မလေးရှားနိုင်ငံ၏ အမျိုးသားနေ့၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့၌ ကျင်းပခဲ့သည့် ၆၁ နှစ်မြောက် စင်ကာပူနိုင်ငံ၏ အမျိုးသားနေ့ နှင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၌ ကျင်းပခဲ့သည့် ၃၅ နှစ်မြောက် ဥစဘက်ကစ္စတန်သမ္မတနိုင်ငံ၏ အမျိုးသားနေ့ အခမ်းအနားများသို့ ဗြိတိန်အစိုးရအဖွဲ့မှ အထူးဧည့်သည်တော်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သံအမတ်ကြီးများ၊ သံတမန်များ၊ အခြားဖိတ်ကြားထားသူများနှင့် အတူတက်ရောက်ခဲ့သည်။
***
U Win Zeyar Tun, Chargé d'affaires / Minister of the Myanmar Embassy in London attended National Day Receptions
(25 September 2026)
U Win Zeyar Tun, Chargé d’affaires/Minister of the Embassy of the Republic of the Union of Myanmar in London, attended diplomatic receptions commemorating the 35th Independence Day of the Republic of Uzbekistan on 9 September 2026, the 69th National Day of Malaysia on 15 September 2026, the 81st Independence Day of the Republic of Indonesia on 17 September 2026, and the 81st National Day of the Socialist Republic of Viet Nam on 23 September 2026. The receptions were graced by Guests of Honour from the UK Government, Ambassadors, members of the diplomatic corps, and distinguished guests.
***

ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ကိုရီးယားသမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိ...
25/09/2026

ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ကိုရီးယားသမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ရန်ကုန်မြို့၊ ကိုရီးယားသမ္မတနိုင်ငံသံရုံး၊ သံရုံးယာယီတာဝန်ခံ မစ္စတာ ဘယ်ဗြောင်ဆူ အား ၂၄-၉-၂၀၂၆ ရက်၊ ၁၄၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်။
ရက်စွဲ၊ ၂၀၂၆ ခုနှစ် ၊ စက်တင်ဘာလ ၂၄ ရက်။
**********
Deputy Minister U Ko Ko Kyaw receives Chargé d'Affaires of the Embassy of the Republic of Korea
U Ko Ko Kyaw, Deputy Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr. Bae Byeongsoo, Chargé d'Affaires of the Embassy of the Republic of Korea in Yangon, at the Ministry of Foreign Affairs in Nay Pyi Taw on 24 September 2026 at 1400 hours.
During the meeting, they cordially exchanged views on promoting the existing friendly relations and cooperation between Myanmar and the Republic of Korea.
Ministry of Foreign Affairs
Nay Pyi Taw
Dated, 24 September 2026

ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ကိုရီးယားသမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ရန်ကုန်မြို့၊ ကိုရီးယားသမ္မတနိုင်ငံသံရုံး၊ သံရုံးယာယီတာဝန်ခံ မစ္စတာ ဘယ်ဗြောင်ဆူ အား ၂၄-၉-၂၀၂၆ ရက်၊ ၁၄၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်။
ရက်စွဲ၊ ၂၀၂၆ ခုနှစ် ၊ စက်တင်ဘာလ ၂၄ ရက်။
**********

Deputy Minister U Ko Ko Kyaw receives Chargé d'Affaires of the Embassy of the Republic of Korea

U Ko Ko Kyaw, Deputy Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr. Bae Byeongsoo, Chargé d'Affaires of the Embassy of the Republic of Korea in Yangon, at the Ministry of Foreign Affairs in Nay Pyi Taw on 24 September 2026 at 1400 hours.
During the meeting, they cordially exchanged views on promoting the existing friendly relations and cooperation between Myanmar and the Republic of Korea.

Ministry of Foreign Affairs
Nay Pyi Taw
Dated, 24 September 2026
***********

Address

19A Charles Street, Mayfair
London
W1J5DX

Alerts

Be the first to know and let us send you an email when Myanmar Embassy, London posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organisation

Send a message to Myanmar Embassy, London:

Shortcuts

Share