The Crown - Myanmar

Directions Website

The Crown - Myanmar ⚜️ The Crown Must Always Win, Must Win ⚜️ The Crown Myanmar is the official fan page of Netflix most awards winning show “ The Crown”

23/10/2026

⚜️ အခုချိန် ဒီကားလေးကို ရိုက်ပြီးသလောက်ဖြစ်ဖြစ်ပြစေချင်တယ်၊ ကိုယ်တွေကြည့်ရှု့တဲ့ပရိသတ်ဘက်ကလဲ Production Team နဲ့ သရုပ်ဆောင်တွေကိုအားပေးသောအားဖြင့် official subscription ဝယ်ကြည့်ဖို့လဲလိုတာပေါ့ ဒါမှလဲ နောက်ဒီလိုကားတွေများများရိုက်နိုင်ဖို့ အားရှိကြမှာလေ Video edit လေးတွေလုပ်ပြီး social media တွေမှာ promote လုပ်ပေးဖို့လဲ အဆင်သင့်ပါပဲ 🤍

⚜️ အခုရက်ပိုင်းမှာ ထိုင်းနိုင်ငံကရိုက်ကူးထားတဲ့ Scarlet Heart Thailand အမည်ရ ရုပ်သံဇာတ်လမ်းတွဲနဲ့ပတ်သတ်ပြီး မြန်မာမှု မြ...
23/10/2026

⚜️ အခုရက်ပိုင်းမှာ ထိုင်းနိုင်ငံကရိုက်ကူးထားတဲ့ Scarlet Heart Thailand အမည်ရ ရုပ်သံဇာတ်လမ်းတွဲနဲ့ပတ်သတ်ပြီး မြန်မာမှု မြန်မာဟန်များကို credit မပေးပဲ ထည့်သွင်းရိုက်ကူးထားတဲ့ကိစ္စနဲ့ပတ်သတ်ပြီးအားလုံးလဲ သိထားကြပြီးပြီလို့ထင်ပါတယ်။ လူအများကြားမှာ ရိုးရာအကတွေ၊အဝတ်အစား၊ အသုံးဆောင်တွေအကြောင်းကို အကျယ်တဝင့်ပြောနေကြပေမယ့်လဲ ထပ်မံပြောဖို့လိုအပ်နေတဲ့အရာလေးတစ်ခုအကြောင်းကို ဖြည့်စွက်မျှဝေပြောပြချင်ပါတယ်။ အဲ့တာကတော့ သီဟသနပလ္လင်တော်အကြောင်းပဲဖြစ်ပါတယ်။ မြန်မာ့နန်းတွင်း အစဉ်အလာမှာ "ပလ္လင်ရှစ်ခန်း၊ ရွှေနန်းကိုးဆောင်" ဆိုပြီး ရွှေနန်းတော်တခုရဲ့ အင်္ဂါရပ် အဆောင်အယောင်အနေနဲ့ သတ်မှတ်ထားတာမျိုးရှိပါတယ်။

- ထိုပလ္လင်ရှစ်မျိုးတို့မှာ သီဟာသနပလ္လင်၊ ဘမရာသနပလ္လင်၊ ပဒုမာသနပလ္လင်၊ ဟံသာသနပလ္လင်၊ ဂဇာသနပလ္လင်၊ သင်္ခါသနပလ္လင်၊ မိဂါသနပလ္လင်၊ မယုရာသနပလ္လင် တို့ဖြစ်ပြီး ရွှေနန်းကိုးဆောင်မှာ မြေနန်းတော်၊ လွှတ်တော်၊ မှန်နန်းဆောင်၊ အနောက်ဇေတဝန်ဆောင်၊ အရှေ့ဇေတဝန်ဆောင်၊ ဗြဲတိုက်ဆောင်၊ လေသာဆောင်၊ တောင်စမုတ်ဆောင်၊ မြောက်စမုတ်ဆောင် တို့ဖြစ်ကြပါတယ်။ နန်းဆောင်တခုမှာ ပလ္လက်တခု ထားရှိမြဲ ရှိကြပါတယ်။ ထိုအထဲက သီဟသနပလ္လင်ကို မြေနန်းပြဿဒ်တော်နဲ့ လွှတ်တော် နှစ်ခုလုံးမှာ ထားရှိတဲ့အတွက် နန်းဆောင်ကိုးဆောင်မှာ ပလ္လင်ကတော့ ရှစ်မျိုးသာရှိနေရခြင်းဖြစ်ပါတယ်။ ပလ္လင်ရှစ်မျိုးမှာလည်း တစ်ခုနဲ့ တစ်ခု ဖန်တီးထုဆစ်ထားပုံခြင်းဟာ ကွဲပြားခြားနာပါတယ်။ အသုံးပြုတဲ့ သစ်သားကအစ ထွင်းထုတဲ့ ပုံသဏ္ဌာန်၊ ပန်းပုအရုပ်လက်ရာနှင့် အဆောင်အယောင်တွေဟာ ကွဲပြားသွားပါတယ်။ ဒီ ပလ္လင်ရှစ်မျိုးထဲမှာ သီဟသနပလ္လင်ကတော့ အထင်အရှားဆုံးနဲ့ မြန်မာမင်းအဆက်ဆက်တို့အတွက် အဓိကကျတဲ့ ပုလ္လင်တော်ပဲဖြစ်ပါတယ်။ (ပုံများ၏အောက်တွင် ဆက်လက်ဖတ်ရှု့ရန်)

⚜️ I believe everyone is already aware of the recent controversy surrounding the Thai television series Scarlet Heart Thailand, which has been filmed using elements of Myanmar’s cultural heritage and traditional aesthetics without giving proper credit to their Burmese origins. Although many people have been extensively discussing the traditional dances, clothing, and accessories depicted in the series, I would like to add a few thoughts on another important subject that deserves further attention: the Thihathana Throne (Lion Throne).

- In Myanmar’s royal court tradition, there is a saying: “Eight Thrones and Nine Golden Palace Halls,” referring to the essential features and regalia of a royal palace. The eight types of thrones are the Thihathana Throne (Lion Throne), Bhamaraythana Throne, Padumathana Throne, Hanthathana Throne, Gajathana Throne, Sankhathana Throne, Migathana Throne, and Mayurathana Throne. The nine Golden Palace Halls are the Mye Nan Palace, Hluttaw Hall, Glass Palace Hall, Western Zetawun Hall, Eastern Zetawun Hall, Byae Hall, Letthas Hall, Southern Samok Hall, and Northern Samok Hall. Traditionally, each palace hall had its own throne. However, because the Thihathana Throne was installed in both the Mye Nan Palace and the Hluttaw Hall, there were only eight distinct types of thrones across the nine palace halls. Each of these eight thrones differed in its design and craftsmanship. They varied in the types of wood used, their carved shapes, the intricacy of their sculptural details, and their decorative ornaments. Among these eight types, the Thihathana Throne, or Lion Throne, was the most prominent and held particular significance for successive Burmese kings throughout Myanmar’s royal history. (Continue reading below the images.)

#သီဟသနပလ္လင်

⚜️ပြီးခဲ့တဲ့ရက်အနည်းက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထံကို ဗြိတိန်နိုင်ငံရဲ့ ဘုရင်ကြီးဖြစ်တဲ့ King Charle...
22/10/2026

⚜️ပြီးခဲ့တဲ့ရက်အနည်းက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထံကို ဗြိတိန်နိုင်ငံရဲ့ ဘုရင်ကြီးဖြစ်တဲ့ King Charles III ကနေ စာအုပ်နှစ်အုပ်နဲ့ စာအိတ်တစ်ခု ပို့ပေးခဲ့တယ်ဆိုတဲ့ သတင်းကို အကုန်လုံးနီးပါး ဖတ်ပြီးကြပြီးလို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံ တတိယမြောက်ချားစ်ဘုရင်ထံမှ လက်ဆောင်ပေးပို့လာတဲ့ The Land Gardners ရေးသားတဲ့ Soil to table နှင့် Soil the world at our feet စာအုပ်နှစ်အုပ် အိတ်ပိတ်ပေးစာတစ်စောင်နဲ့ သံတမန်စာအိတ်တအိတ်တို့ကို အောက်တိုဘာလ ၁၉ရက်‌နေ့က လက်ခံရယူခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ ထိုပစ္စည်းများကို ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပြည်ထဲရေးဝန်ကြီးဌာနမှ တာ၀န်ရှိသူတွေက သွားရောက်ပေးပို့ခဲ့တယ်လို့သိရပါတယ်။ ဒါဟာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘုရင်ကြီးချားလ်စ်တို့ကြားမှ လေးနက်တဲ့ သံတမန်ဆက်ဆံရေးထင်ထင်ရှားရှားတွေ့မြင်နိုင်တာပဲဖြစ်သလို ၄င်းတို့နှစ်ဦးဟာ လွန်ခဲ့သော နှစ်တွေတုန်းကလဲ မကြာခဏ ဆုံခဲ့ဖူးကြတဲ့သူတွေပဲဖာစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘုရင်ကြီး ချားလ်စ်တို့ဟာဆိုရင် သူမ နေအိမ်အကျယ်ချုပ်ကနေ လွတ်ပြီး ၂ နှစ်အကြာ 2012 ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ လန်ဒန်မြိုရှိ Royal Residence တွေထဲကတစ်ခုဖြစ်တဲ့ Clarence House (ကလဲရန့်စ်အိမ်တော်) မှာ ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းသားကြီးချားလ်စ်တို့ဟာ တွေ့ဆုံခဲ့ကြတာပါတယ်။ မင်းသားကြီးနှင့် ကွန်းဝေါမြို့စားကတော် ကမီလာတို့ဟာ ဒေါ်အောင်ဆန်းစုကြည့်ကို နွေးထွေးစွာလက်ခံကြိုဆိုခဲ့ပြီး သီးသန့် ဧည့်ခန်းမဆောင်မှာ မိနစ် ၄၀ ကျော်ကြာအောင် စကားတွေပြောခဲ့ကြပါတယ်။ ထို့နောက် သူမရဲ့ပထမဆုံးအကြိမ်လာရောက်လည်ပတ်မှု အမှတ်တရအနေဖြင့် ကလဲရန့်စ်အိမ်တော်ရဲ့ နောက်ဘက် ဥယျာဉ်မှာ မွန်ဂိုးလီးယားအနွယ်ဝင် အနက်ရောင်ကျူးလစ်ပန်းပင်ကို စိုက်ပျိုးခွင့်ပေးခဲ့ပါတယ်။ ပန်းပင်စိုက်နေစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်မှ “ကျွန်မ မြေကြီးဘယ်နခေါက်လောက် ကော်ပြီးထည့်ရမလဲလို့” မေးမြန်းခဲ့ပြီး ကမီလာမှ “ကံကောင်းအောင် ၃ ကြိမ်ထည့်ပေါ့” လို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ဆိုပါတယ်။

- ဒုတိယအကြိမ်အနေနဲ့ကတော့ 2013 ခုနှစ် အောက်တိုဘာလ 25 ရက်နေ့မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ကလဲရန့်စ်အိမ်တော်မှာပဲ တွေ့ဆုံခဲကြတာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်မှ နိုင်ငံရေးသမားများနဲ့တွေ့ဆုံဖို့လာခဲ့တဲ့ ခရီးစဉ်ဖြစ်ပေမယ့်လဲ သူမကပဲ ချားလ်စ်နဲ့ကမီလာတို့ ဇနီးမောင်နှံကို ထပ်မံတွေ့ဆုံချင်ကြောင်းပြောကြားခဲ့တာကြာင့် ဒုတိယအကြိမ်ဆုံခဲ့ကြတာဖြစ်ပါတယ်။ တတိယအကြိမ်ကတော့ 2017 ခုနှစ် မေလ ၅ ရက်နေ့မှာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကိုယ်စားပြု State Counsellor အနေဖြင့် ဗြိတိန်နိုင်ငံကို State Visit နိုင်ငံတော်အဆင့်ခရီးစဉ်နှင့် လာရောက်ခဲ့တာဖြစ်ပြီး ဘုရင်မကြီး Queen Elizabeth II နှင့် Prince William တို့မှ ဘက်ကင်ဟမ်နန်းတော်မှာ ကြိုဆိုတွေ့ဆုံခဲ့ပြီးတဲ့နောက် Prince Charles နဲ့ Camilla တို့မှ ကလဲရန့်စ်အိမ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အား တတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။

- ဒေါ်အောင်ဆန်းစုကြည်ထံကို သံတမန်လက်ဆောင်ပစ္စည်းများ ပါးခဲ့ဖူးတာကတော့ King Charles တစ်ယောက်ထဲမဟုတ်ပဲ ယခင်နေအိမ်အကျယ်ချုပ်ကျစဉ် 2007 ခုနှစ်ကလည်း ဗြိတိန်ရှိ အနုပညာအသင်းမှ အမျိုးသမီးများနဲ့ ဗြိတိန်အဆိုတော် Annie Lennox ဦးဆောင်တဲ့ သရုပ်ဆောင် Maureen Lipman, ဒါရိုက်တာ Norma Heyman တို့ပါဝင်တဲ့အဖွဲတစ်ဖွဲ့ကနေ ဒေါ်အောင်ဆန်းစုကြည် တီးနေကျ ပျက်စီးသွားတဲ့ စန္ဒယားအဟောင်းနေရာမှာအစားထိုးဖို့ အင်္ဂလန်ကနေ စန္ဒယားတစ်လုံး ပေးပို့ဖို့စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့သိရပါတယ်။ ဘာဖြစ်လို့ စန္ဒယားပို့ပေးဖို့စီစဉ်ခဲ့ကြတာလဲဆိုတာကတော့ ထိုအချိန် ခြံအမှတ် 54 တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ နေအိမ်ကနေကြားရတဲ့ ဒေါ်စုကိုယ်တိုင်တီး‌တဲ့ စန္ဒယားသံသဲ့သဲ့ကနေတဆင့် သူမဘေးကင်းကျန်းမာစွာရှိကြောင်းကို ပြည်သူတွေက မှန်းဆနိုင်ပြီး သီချင်းသံ မကြားရတဲ့အခါ အနီးနားအိမ်တွေက သူမအပေါ်စိတ်ပူခဲ့ကြရတယ်လို့ဆိုပါတယ်။ ဒီသတင်းကိုကြားခဲ့ရတဲ့ Annie တို့အဖွဲ့ဟာ စိုးရိမ်စိတ်များဖြစ်ပေါ်လာခဲ့တာကြောင့် စန္ဒယားအသစ်လေးကို ပို့ပေးချင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် နေအိမ်အကျယ်ချုပ်နဲ့နေရတဲ့ 1990 ခုနှစ်တွေတုန်းကလဲ နိုင်ငံတကာမှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးသူများက ဗြိတိန်သံရုံးကတဆင့် စာအုပ်များ၊မဂ္ဂဇင်းများ၊သတင်းစာများ၊စတဲ့လက်ဆောင်ပါဆယ်ထုပ်အများအပြားကို ပေးပို့ခဲ့ကြတာကြောင့် တာဝန်ရှိသူများမှ ငြိုငြင်မှာစိုးတဲ့အတွက် သူမအိမ်ကို ပါဆယ်များထပ်မပို့ဖို့ သံရုံးကို သူမကိုယ်တိုင် တားခဲ့ရတယ်လို့သိရပါတယ်။


⚜️ ဝေလမင်းသား Prince William နဲ့ ဝေလမင်းသမီး Princess Catherine (Kate Middleton) တို့ဟာ ဗြိတိန်နိုင်ငံကို နိုင်ငံတော်အဆင...
21/10/2026

⚜️ ဝေလမင်းသား Prince William နဲ့ ဝေလမင်းသမီး Princess Catherine (Kate Middleton) တို့ဟာ ဗြိတိန်နိုင်ငံကို နိုင်ငံတော်အဆင့်အလည်အပတ်ခရီးစဉ်ဖြင့် ရောက်ရှိနေတဲ့ Oman နိုင်ငံရဲ့ Sultan ဘုရင်ကြီး Haitham bin Tarik အတွက် Windsor ရဲတိုက်မှာ ကျင်းပပြုလုပ်ပေးခဲ့တဲ့ နိုင်ငံတော်အဆင့်ညစာစားပွဲအခမ်းအနား State Dinner ကို တက်ရောက်လာခဲ့ပါတယ်။ ဝေလမင်းသမီး Catherine ဟာဆိုရင် ဒီတစ်ခါမှာ သူမဝတ်နေကျအရောင်တွေနဲ့မတူပဲ Designer Elie Saab ထောပတ်အဝါရောင် Organza Evening Gown လေးကိုဝတ်ဆင်ခဲ့ကာ ညစာစားပွဲကိုတက်ရောက်လာခဲ့တဲ့ ဧည့်ပရိတ်သတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ရတနာပစ္စည်းအားဖြင့်ဆိုရင်လဲ သူမရဲ့ယောက္ခမဖြစ်သူ ဒိုင်ယာနာမင်းသမီး အမြဲဝတ်လေ့ရှိတဲ့ Queen Mary Lover’s Knot သရဖူလေးရယ်၊ အဲလိဇဘတ်ဘုရင်မကြီးရဲ့ Diamond Chandelier နားဆွဲကြီးတို့ကို တွဲဖက်ဝတ်ဆင်လာတာပဲဖြစ်ပါတယ်။ ဝေလမင်းသမီး Catherine ရဲ့ မမြင်ရတာကြာပြီဖြစ်တဲ့ State Dinner look ပုံအသစ်များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။



14/10/2026

⚜️စပိန်အိမ်ရှေ့စံမင်းသမီး Princess Leonor ဟာဆိုရင် အောက်တိုဘာလ ၁၂ ရက်နေ့မှာကျရောက်တဲ့ စပိန်အမျိုးသားနေ့ National Day အခမ်းအနားကို သူမရဲ့ခမည်းတော် ဘုရင်ကြီး King Felipe, မယ်တော် မိဖုရားကြီး Queen Letizia, ညီမတော် မင်းသမီး Infanta Sophia တို့နဲ့အတူ တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားဟာဆိုရင် မင်းသမီး Leonor ရဲ့ ၃ နှစ်တာ စစ်ရေးလေ့ကျင့်မှုသင်တန်းဆင်းအပြီးမှာ ပထမဆုံး Army gala uniform နှင့် အနာဂါတ် တော်ဝင်စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အနေထြင့် တက်ရောက်လာခဲ့တဲ့အခမ်းအနားဖြစ်ပါတယ်။ အခမ်းအနားမှာ မင်းသမီး Leonor ဟာ ခမည်းတော်ဘုရင်ကြီးနှင့်အတူ အလံလွှင့်တင်ခြင်းအခမ်းအနားအားဦးဆေင်ခြင်း၊ စစ်ရေးပြချီတက်လေ့ကျင့်မှုများကို ကွပ်ကဲခြင်းတို့ကို အတူတကွ ပြုလုပ်ခဲ့ပါတယ်။


⚜️ ပုပ်ရဟန်းမင်းကြီး Leo XIV ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ပုံမှန်ကျန်းမာရေးစစ်ဆေးမှု Medical Checkup ပြုလုပ်ရင်းနဲ့ သူ့ရဲ့အ...
14/10/2026

⚜️ ပုပ်ရဟန်းမင်းကြီး Leo XIV ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ပုံမှန်ကျန်းမာရေးစစ်ဆေးမှု Medical Checkup ပြုလုပ်ရင်းနဲ့ သူ့ရဲ့အဆုတ်မှာ ပုံမှန်မဟုတ်တဲ့ အကျိတ်တစ်ခုကိုတွေ့ရှိခဲ့တာကြောင့် ခွဲစိတ်ကာ ဖယ်ရှားမည်ဖြစ်ကြောင်း Vatican ကနေ သတင်းထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ထိုသတင်းရဲ့နောက်ဆက်တွဲအနေနဲ့ Vatican က အရေးပေါ်သတင်း ထပ်မံထုတ်ပြန်လာတာဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး Leo ဟာ အဆုတ်ကင်ဆာရောဂါကို ခံစားနေရကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ အဆုတ်က အကျိတ်ကိုဖယ်ရှားတဲ့ ခွဲစိတ်ကုသမှုဟာ မိနစ် ၉၀ ကျော်ကြာမြင့်ခဲ့တယ်လို့သိရပြီး ခွဲစိတ်ကုသမှုဟာတော့ ရှုပ်ထွေးမှုများမရှိခဲ့ပဲ အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့်လဲ ဆရာဝန်များက ခွဲစိတ်ကုသနေစဉ်အတွင်းနဲ့ ခွဲစိတ်ပြီးနောက် လိုအပ်တဲ့ စစ်ဆေးချက်များအရ ပုပ်ရဟန်းမင်းကြီးရဲ့ ညာဘက်အဆုတ်ကနေ ဖယ်ထုတ်ခဲ့တဲ့အကြိတ်ဟာ ကင်ဆာကြိတ်ဖြစ်ပြီးတော့ ပုပ်ရဟန်းမင်းကြီးဟာ Lung adenocarcinoma လို့ခေါ်တဲ့ အဆုတ်ကင်ဆာရောဂါ အမျိုးအစားတစ််ခုကို ခံးစားနေရတာဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ Lung Adenocarcinoma ဟာဆိုရင် အဆုတ်ရဲ့ အချွဲထုတ်လွှတ်သော Glandular cells များမှ စတင်ဖြစ်ပွါးတတ်သော အသေးစားမဟုတ်သည့်ကင်ဆာအမျိုးအစား (Non-Small Cell Lung Cancer - NSCLC) အမျိုးအစားဖြစ်ပါတယ်။ အဆုတ်ကင်ဆာအမျိုးအစားများစွာထဲကမှ အဖြစ်အများဆုံးအဆုတ်ကင်ဆာအမျိုးအစားပဲဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာတော့ ထိုရောဂါနဲ့ပတ်သတ်ပြီး လက်ရှိခွဲစိတ်မှုပြုလုပ်ခဲ့တဲ့ Rome ရှိ Gemelli ဆေးရုံမှာပဲ ကုသမှုဆက်လက်ခံယူသွားဖို့ရှိတယ်လို့ Vatican ကနေ ထုတ်ပြန်ထားပြီး ပြည်သူပြည်သားများအားလုံးကိုလဲ ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးအတွက် ဆုတောင်းမေတ္တာပို့ပေးကြဖို့ တောင်းဆိုထားပါတယ်။

#အထူးသတင်း

#ပုပ်ရဟန်းမင်းကြီး #ကင်ဆာ #သတင်း

⚜️ ပုပ်ရဟန်းမင်းကြီး လီယိုဟာ လာမည့်ရက်သတ္တတစ်ပတ်အတွင်းမှာ သူ့ရဲ့ကျန်းမာရေးအတွက် ခွဲစိတ်ကုသမှုခံယူသွားဖို့ရှိတယ်လို့ Apos...
12/10/2026

⚜️ ပုပ်ရဟန်းမင်းကြီး လီယိုဟာ လာမည့်ရက်သတ္တတစ်ပတ်အတွင်းမှာ သူ့ရဲ့ကျန်းမာရေးအတွက် ခွဲစိတ်ကုသမှုခံယူသွားဖို့ရှိတယ်လို့ Apostolic နန်းတော်ကနေ ထုတ်ပြန်လာခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ပုံမှန်ကျန်းမာရေးစစ်ဆေးမှု medical checkup ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ထိုစစ်ဆေးမှုကနေပဲ သူ့ရဲ့အဆုတ်မှာ အကျိတ်တစ်ခုကိုတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ထိုအကျိတ်ရဲ့အရွယ်အစားနဲ့ ဘယ်လိုအကျိတ်မျိုးလဲဆိုတာကိုတော့ Apostolic နန်းတော်ကနေ မထုတ်ပြန်ထားပေမယ့် အချိန်မဆွဲပဲနဲ့ ချက်ချင်းခွဲစိတ်ပြီး ဖယ်ထုတ်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့တာပဲဖြစ်ပါတယ်။ ခွဲစိတ်မှုကိုတော့ Rome ရှိ Gemelli Hospital ဆေးရုံမှာပဲ ပြုလုပ်မှာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး Leo XIV ဟာဆိုရင် လက်ရှိမှာ သက်တော် ၇၁ နှစ်ရှိပြီဖြစ်ပြီးတော့ ကျန်းမာရေးကတော့ အခုလက်ရှိထိ ကောင်းမွန်နေဆဲဖြစ်ပါတယ်။ Vatican ကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ အကျိတ်နဲ့ကျန်းမာရေးအပေါ် အသေးစိပ်မှတ်ချက်ပေးထားခြင်းမရှိပေမယ့်လဲ ခွဲစိတ်ပြီး တစ်ပတ်အတွင်း recovery ဖြစ်ဖို့ မျှော်လင့်ထားတယ်လို့တော့ ထုတ်ပြန်ထားပါတယ်။


⚜️ ဒီညကတော့ Miss Global မှာ Philippine ရဲ့ညပဲနော် ရွေးချသွားတာ ဂေါင်ကိုရွေးသွားတာ Princess Diana ရဲ့ “I lead from the he...
11/10/2026

⚜️ ဒီညကတော့ Miss Global မှာ Philippine ရဲ့ညပဲနော် ရွေးချသွားတာ ဂေါင်ကိုရွေးသွားတာ Princess Diana ရဲ့ “I lead from the heart, not the head” Quote က meaningful လဲအရမ်းအဖြစ်သလို Humanitarian မေးခွန်းတွေနဲ့ပတ်သတ်ပြီးတော့ ဖြေမယ် သုံးမယ်ဆိုရင် အရမ်းလွယ်ပြီးတော့ သုံးလို့ကောင်းတဲ့ Quote တစ်ခုပါ။

⚜️ ထိုင်းနိုင်ငံရဲ့ မိဖုရားခေါင်ကြီး သုဒိတာဟာဆိုရင် အောက်တိုဘာလ ၈ ရက်နေ့ ၂၀၂၆ ခုနှစ်မှာ Saab JAS 39C Gripen fighter jet ...
09/10/2026

⚜️ ထိုင်းနိုင်ငံရဲ့ မိဖုရားခေါင်ကြီး သုဒိတာဟာဆိုရင် အောက်တိုဘာလ ၈ ရက်နေ့ ၂၀၂၆ ခုနှစ်မှာ Saab JAS 39C Gripen fighter jet တိုက်လေယဉ်အမျိုးအစားကို Solo တစ်ကိုယ်တည်းမောင်နှင်းပျံသန်းနိုင်ခဲ့ပါတယ်။ ဒါဟာဆိုရင် ထိုင်းနိုင်ငံအတွင်းမှာ Figer Jet အမျိုးအစားလေယဉ်ကို နှစ်ပေါင်း ၁၆ နှစ်ကျော်အတွင်း ပထမဆုံး တစ်ကိုယ်တော်မောင်းနှင်နိုင်ခဲ့သူအမျိုးသမီးပဲဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံထုတ် ခေတ်မှီစစ်ဘက်ဆိုင်ရာတိုက်လေယဉ်အမျိုးအစားဖြစ်ပြီး လေကြောင်းတိုက်ခိုက်ရေး၊ မြေပြင်ပစ်မှတ်ထားတိုက်ခိုက်ရေးတွေနဲ့ ကင်းထောက်လှမ်းရာမှာအသုံးပြုတဲ့ တိုက်လေယဉ်အမျိုးအစားပဲဖြစ်ပါတယ်။ မိဖုရားခေါင်ကြီးဟာ ထိုတိုက်လေယဉ်ကို Surat Thani ခရိုင်အတွင်းရှိ တော်ဝင်လေတပ်ရဲ့ လေတပ်ဖွဲ့အမှတ် ၇ ကနေတဆင့် ထိုင်းစံတော်ချိန် မနက် 10:06 မိနစ်မှာ ပျံသန်းခဲ့တာဖြစ်ပြီးတော့ ပျံသန်းချိန်စုစုပေါင်း ၄၁ မိနစ်ကြာမြင့်ခဲ့ပါတယ်။ ဒါဟာ မိဖုရားခေါင်ကြီး သုဒိတာရဲ့ ပထမဆုံးအကြိမ်ပျံသန်းမှုတော့မဟုတ်ပါဘူး။ မိဖုရားခေါင်ကြီးဟာ ၂၀၁၀ ခုနှစ် မေလ ၁၀ ရက်နေ့မှာထဲက Cessna T-41D လေယဉ်အမျိုးအစားကို စတင်မောင်းနှင်ခဲ့ပြီး CT-4E Airtrainer, Pilatus PC-9, Cessna 172, Mooney M-20, နဲ့ Piper PA-34 Seneca အမျိုးအစား လေ့ကျင့်ရေးလေယဉ်အမျိူးအစားပေါင်းများစွာကို မောင်းနှင်ခဲ့ဖူးသလို လူပေါင်းများစွာစီးနှင်လိုက်ပါသည့် Boeing အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယဉ်များကိုပါမောင်းနှင်နိုင်တဲ့ လေယဉ်မှူးလတ်မှတ်ရရှိထားသူပဲဖြစ်ပါတယ်။ နိုင်ငံခြားခရီးစဉ်တွေသွားတိုင်းလဲ ဘုရင်ကြီးနှင့်အတူ တော်ဝင်လေယဉ်ကြီးများဖြစ်တဲ့ royal Boeing 737-400 နဲ့ Royal Boeing 737-800 တို့ကိုလဲ မောင်းနှင်လေ့ရှိသူဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့ပထမဆုံး တိုက်လေယဉ်ပျံသန်းမှုမဟုတ်ပဲ Gripen JAS 39D တိုက်လေယဉ်ကို တွဲဖက်လေယဉ်မှူးအကူအညီဖြင့် ၁၀ နာရီကြော်ကြာမြင့်အောင် ပျံသန်းမောင်းနှင်ခဲ့ပါသေးတယ်။ မိဖုရားခေါင်ကြီး၏ ယခု လေယဉ်ပျံသန်းမှုအသေးစိပ်ကို ထိုင်းဘုရင်မင်းမြတ် မဟာဝဇိရာလင်္ကာရဏ မှ ကြည့်ရှု့ကွပ်ကဲခဲ့ပြီး မိဖုရားခေါင်ကြီး အောင်မြင်စွာ လေယဉ်ဆင်းသက်ပြီးတဲ့အခါမှာ ပန်းများဖြင့်ကြိုဆိုကာ Gripen တိုက်လေယဉ်ကို အောင်မြင်စွာပျံသန်းနိုင်သူများအား ချီးမြှင့်တော်မှုသည့် Golden Gripen Order ဆုတံဆိပ်တော်အား မိဖုရားခေါင်ကြီး၏ ဝတ်စုံလက်မောင်းမှာတပ်ဆင်၍ ချီးမြှင့်ဂုဏ်ပြုခဲ့ပါသည်။ မိဖုရားခေါင်ကြီးသုဒီတာဟာဆိုရင် အမျိုးသမီးတွေရဲ့ Soft Power သာမက သန်မာကြံခိုင်သည့် Hard Power နှင့်လဲ ပြည်စုံသည့် မိဖုရားကြီးတစ်ပါးပဲ ဖြစ်ပါတယ်


09/10/2026

⚜️ ထိုင်းနိုင်ငံရဲ့ မိဖုရားခေါင်ကြီး သုဒိတာဟာဆိုရင် အောက်တိုဘာလ ၈ ရက်နေ့ ၂၀၂၆ ခုနှစ်မှာ Saab JAS 39C Gripen fighter jet တိုက်လေယဉ်အမျိုးအစားကို တစ်ကိုယ်တည်းမောင်နှင်းပျံသန်းနိုင်ခဲ့ပါတယ်။ ဆွီဒင်နိုင်ငံထုတ် ခေတ်မှီစစ်ဘက်ဆိုင်ရာတိုက်လေယဉ်အမျိုးအစားဖြစ်ပြီး လေကြောင်းတိုက်ခိုက်ရေး၊ မြေပြင်ပစ်မှတ်ထားတိုက်ခိုက်ရေးတွေနဲ့ ကင်းထောက်လှမ်းရာမှာအသုံးပြုတဲ့ တိုက်လေယဉ်အမျိုးအစားပဲဖြစ်ပါတယ်။ မိဖုရားခေါင်ကြီးဟာ ထိုတိုက်လေယဉ်ကို Surat Thani ခရိုင်အတွင်းရှိ တော်ဝင်လေတပ်ရဲ့ လေတပ်ဖွဲ့အမှတ် ၇ ကနေတဆင့် ထိုင်းစံတော်ချိန် မနက် 10:06 မိနစ်မှာ ပျံသန်းခဲ့တာဖြစ်ပြီးတော့ ပျံသန်းချိန်စုစုပေါင်း ၄၁ မိနစ်ကြာမြင့်ခဲ့ပါတယ်။ မိဖုရားခေါင်ကြီးဟာ ၂၀၁၀ ခုနှစ် နောက်ပိုင်းကတည်းက ထိုင်းနိုင်ငံမှာ Gripen အမျိုးအစား တိုက်လေယဉ်ကို အကူလေယဉ်မောင်းမပါပဲ Solo မောင်းနှင်နိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး တိုက်လေယဉ်မှူးဖြစ်တယ်လို့ မိဖုရားခေါင်ကြီးရဲ့ တော်ဝင်အိမ်တော်မှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ မိဖုရားခေါင်ကြီး၏ လေယဉ်ပျံသန်းမှုအသေးစိပ်ကို ထိုင်းဘုရင်မင်းမြတ် မဟာဝဇိရာလင်္ကာရဏ မှ ကြည့်ရှု့ကွပ်ကဲခဲ့ပြီး မိဖုရားခေါင်ကြီး အောင်မြင်စွာ လေယဉ်ဆင်းသက်ပြီးတဲ့အခါမှာ ပန်းများဖြင့်ကြိုဆိုကာ Gripen တိုက်လေယဉ်ကို အောင်မြင်စွာပျံသန်းနိုင်သူများအား ချီးမြှင့်တော်မှုသည့် Golden Gripen Order ဆုတံဆိပ်တော်အား မိဖုရားခေါင်ကြီး၏ ဝတ်စုံလက်မောင်းမှာတပ်ဆင်၍ ချီးမြှင့်ဂုဏ်ပြုခဲ့ပါသည်။


Address

St. James
London
SW1

Opening Hours

Monday 9am - 10pm
Tuesday 9am - 10pm
Wednesday 9pm - 10pm
Thursday 9am - 10pm
Friday 9pm - 10pm
Saturday 8am - 11pm
Sunday 8pm - 11pm

Alerts

Be the first to know and let us send you an email when The Crown - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share