06/09/2026
⚜️ စက်တင်ဘာလ ၉ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် နော်ဝေးဘုရင်ကြီး Harald ရဲ့ စျာပနအခမ်းအနားကို ဗြိတိန်ထီးနန်းကိုယ်စား ဝေလမင်းသား Prince William က တက်ရောက်မယ်လို့သိရပါတယ်။ ဝေလမင်းသမီး Princess Catherine ရော အတူပါမလားဆိုတာကတော့ Kensington နန်းတော်ဘက်ကနေ ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။ King Charles နဲ့ King Harald ဟာဆိုရင် ဝမ်းကွဲတော်စပ်သူတွေဖြစ်ကြပြီးတော့ King Charles အနေနဲ့ ကိုယ့်ဆွေတော်မျိုးတော်ရဲ့ စျာပနအခမ်းအနားကို ဘာကြောင့်မတက်ရတာလဲဆိုရင်ကတော့ အချက် ၃ ချက်ကြောင့်ပဲဖြစ်ပါတယ်။ ပထမတစ်ချက်အနေဖြင့် ဗြိတိန် ဘုရင်/ဘုရင်မတွေဟာ နိုင်ငံခြားမှာဆုံးပါးသွားကြတဲ့ ဘုရင်/ဘုရင်မ၊ သမ္မတ၊ ဝန်ကြီးချုပ် စတဲ့ မည်သည့်ပုဂ္ဂိုလ်များရဲ့ စျာပနကိုမှ တက်ရောက်ခြင်းမပြုတာပဲဖြစ်ပါတယ်၊ အကြောင်းကတော့ ဟိုလူ့အလှည့်ကျလာတယ် ဒီလူ့အလှည့်ကျမလာဘူး စတဲ့ မလိုလားအပ်တဲ့ သံတမန်ရေးရာ ပြဿနာများဖြစ်လာမည်စိုးတဲ့အတွက် ဘယ်လောက်ပဲအမျိုးတော်နေပါစေ တက်ရောက်မှာမဟုတ်ဘူးဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ မီဒီယာအာရုံစိုက်မှုကို စျာပနအခမ်းအနားအပေါ်မှာမဟုတ်ပဲ တက်ရောက်လာတဲ့သူအပေါ်ကို ကျရောက်ပြီး အာရုံလွဲမှုဖြစ်ပေါ်မှာစိုးရိမ်တဲ့အတွက်ပဲဖြစ်ပါတယ်။ တတိယအချက်ကတော့ နိုင်ငံ့ဦးလျှောင်တစ်ယောက်ကို တိုင်းတစ်ပါးမှာလုံခြုံရေးပေးရတာ လွယ်ကူတဲ့ကိစ္စမဟုတ်သည့်အတွက် အထူးသဖြင့် စျာပနအခမ်းအနားမှာ လုံခြုံရေးအရ ဝင်စွက်ဖက်မှုများမဖြစ်ပေါ်စေရန်ပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ တစ်ခြားနိုင်ငံက ဘုရင်တွေ၊နိုင်ငံ့ခေါင်းဆောင်တွေကတော့ oversea funeral တွေတက်လေ့ရှိကြပေမယ့် ဗြိတိန်ကတော့ ဘုရင်နဲ့ထီးနန်းကိုယ်စား ဝေလမင်းသား၊ ဒါမှမဟုတ် စီနီယာတော်ဝင်မိသားစုဝင်တစ်ယောက်ယောက်ကို ကိုယ်စားအနေနဲ့လွှတ်ကြတာပဲဖြစ်ပါတယ်။ ယခုနော်ဝေးဘုရင်ကြီးရဲ့စျာပနာကိုတော့ ဝေလမင်းသားက ထီးနန်းကိုယ်စားပြုပြီး ပင်တိုင်စံမင်းသမီး Anne ကတော့ မိသားစုကိုကိုယ်စားပြုကာ တက်ရောက်မယ်လို့သိရပါတယ်။