15/09/2026
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ (၇၀) ကြိမ်မြောက် အထွေထွေညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
(၁၅-၉-၂၀၂၆၊ ဗီယင်နာ)
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ (၇၀) ကြိမ်မြောက် အထွေထွေညီလာခံကို ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ၁၄-၉-၂၀၂၆ ရက်မှ ၁၈-၉-၂၀၂၆ ရက်အထိ ကျင်းပလျက်ရှိရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိင်္ဂီမောင်မောင်နှင့်အတူ ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လျက်ရှိသည်။
၁၄-၉-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည့် ညီလာခံဖွင့်ပွဲအခမ်းအနား၌ အာဂျင်တီးနား အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Gustavo Zlauvinen အား ညီလာခံသဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ခြင်း၊ သဘာပတိက အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ ပေးပို့သောသဝဏ်လွှာအား ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂရုံး (UNOV) ညွှန်ကြားရေးမှူးချုပ် Ms. Monica Juma က ဖတ်ကြားခြင်း၊ IAEA ညွှန်ကြားရေးမှူးချုပ် Mr. Rafael Mariano Grossi က မိန့်ခွန်းပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး၊ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု (General Debate) အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့သည်။
*************
Myanmar Delegation attends the 70th regular session of the General Conference of the International Atomic Energy Agency (IAEA)
(15-9-2026, Vienna)
The 70th regular session of the General Conference of the International Atomic Energy Agency (IAEA) is being held from 14 to 18 September 2026 at the Vienna International Centre in Vienna, Austria. The Myanmar delegation, led by Dr. Theingi Maung Maung, Director-General of the Ministry of Science and Technology, is participating in the Conference together with representatives from the Permanent Mission of Myanmar in Vienna.
At the opening ceremony held on 14 September 2026, H.E. Mr. Gustavo Zlauvinen, Permanent Representative of Argentina, was elected as President of the General Conference and delivered an opening address. The ceremony also featured a message from the United Nations Secretary-General, which was delivered by Ms. Monica Juma, Director-General of the United Nations Office at Vienna (UNOV), as well as an address by Mr. Rafael Mariano Grossi, Director General of the IAEA. The opening ceremony was followed by the General Debate.
************