Note Pages

Note Pages 🌈မင်္ဂလာပါ။🙏🙇🙇‍♀️🌻☕🍪
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေ။
ရေလိုအေးပြီး၊ပန်းလိုမွှေးတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။🌻

လိုနေတုန်းတော့လည်း..လိုသလို အပြုံးအရယ်တွေနဲ့မလိုပြန်တော့လည်း..မလိုသလိုဘဲ မျက်နှာဖုံးတွေနဲ့လူတွေရဲ့သဘာဝကလည်းလိုတစ်မျိုး မ...
15/06/2026

လိုနေတုန်းတော့လည်း..
လိုသလို အပြုံးအရယ်တွေနဲ့

မလိုပြန်တော့လည်း..
မလိုသလိုဘဲ မျက်နှာဖုံးတွေနဲ့

လူတွေရဲ့သဘာဝကလည်း
လိုတစ်မျိုး မလိုတစ်မျိုးဆိုတာ
ကြာလေ ကြာလေ သိလာလေပါပဲ။

သာမှပေါင်းပြီး
နာရင် ခွာတတ်တဲ့ လူတချို့ရယ်..
လိုရင်သတိရပြီး မလိုရင်
ပစ်ထားတတ်တဲ့ လူတချို့ရယ်..
လောကမှာ ဒီလိုလူတွေ
ရှိနေပေးတာ သင်ခန်းစာတွေလည်း
ထပ်ကာထပ်ကာ ရမိပါသေးရဲ့။

လူတွေရဲ့စိတ်ဟာလည်း
နေရာ ဒေသ ကာလပေါ်မူတည်ပြီး
အရောင်အမျိုးမျိုး ပြောင်းတတ်ကြတာလည်း
အမှန်တရားတစ်ခုလို့ ဆိုသော်ငြား
ကျန်ရှိနေသေးတဲ့ သက်တမ်းကိုတော့
ဘယ်သူတွေ ဘာဖြစ်ဖြစ် ကိုယ်မဖြစ်ဖို့သာ မှတ်သားမိတယ်။

အတ္တတွေ ရှေ့တန်းတင်နေသရွေ့
ကျွန်မတို့တွေဘယ်တော့မှ
အေးချမ်းမှာ မဟုတ်ပါဘူးလေ။

အကျိုးတရား တစ်စုံတစ်ရာအတွက်
မျှော်လင့်ချက်ရှိရှိ ပေါင်းသင်းဆက်ဆံနေခြင်းဟာ
ရေရှည်ခိုင်မာနွေးထွေးတဲ့
ဆက်ဆံရေးတစ်ခု မဟုတ်တာကိုလည်း
သိစေချင်မိပါတယ်။

လူတစ်ယောက်ကို အလိုရှိခြင်း၊ အလိုမရှိခြင်း
အကျိုးရှိခြင်း၊ မရှိခြင်း ဆိုတာတွေထက်
စစ်မှန်တဲ့ ခင်မင်မှုနဲ့သာ အမှန်တစ်ကယ်
ပေါင်းသင်းဆက်ဆံသင့်တာပါ။

-မေအေးချမ်းဝေ

လူတွေ သင့်ကို ကြိုက်လာဖို့လည်းမကြိုးစားပါနဲ့ ။လူတွေ သင့်ကို လေးစားဖို့လည်းမကြိုးစားပါနဲ့ ။လူတွေ သင့်ကို ချစ်လာဖို့လည်းမက...
13/06/2026

လူတွေ သင့်ကို ကြိုက်လာဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို လေးစားဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို ချစ်လာဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေသင့်ကို အထင်ကြီးလာဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို ကြွေလာဖို့လဲ
မကြိုးစားပါနဲ့ ။

မနက်မိုးလင်းလို့ သင်နိုးထတဲ့အခါ
သင့်ကိုယ်သင် လေးစားနေဖို့ ကြိုးစားပါ ။

နေ့စဉ်သွားလာလှုပ်ရှားနေစဉ်မှာ
သင့်ကိုယ်သင် ချစ်နိုင်ဖို့ ကြိုးစားပါ ။

မှန်ထဲ ကြည့်တဲ့အခါမှာ
သင့်ကိုယ်သင် အထင်ကြီးဖို့ ကြိုးစားပါ ။

ညအိပ်ဖို့ ခေါင်းချတဲ့အခါမှာ
သင့်ကိုယ်သင် တန်ဖိုးထားနိုင်ဖို့ ကြိုးစားပါ ။

သင့်ရဲ့နောက်ဆုံးအချိန်မှာ (မသေခင်မှာ)
သင့်ကိုယ်သင် ကြွေနိုင်ဖို့ ကြိုးစားပါ ။

#မိုင်မိုင်းနမ့်စန်

အရှိတရားကို လက်ခံရင်း ပျော်ရွှင်အောင် နေထိုင်ခြင်း💚
10/06/2026

အရှိတရားကို လက်ခံရင်း ပျော်ရွှင်အောင် နေထိုင်ခြင်း💚

"အရှိတရားကို လက်ခံရင်း ပျော်ရွှင်အောင် နေထိုင်ခြင်း"

အရှိတရားကို လက်ခံနိုင်ခြင်းဆိုတာ လက်လျှော့အရှုံးပေးခြင်း မဟုတ်ပါဘူး။ ကိုယ်ရောက်ရှိနေတဲ့ နေရာ၊ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေ၊ ကိုယ်မပိုင်ဆိုင်နိုင်သေးတဲ့အရာတွေကို ရိုးသားစွာ မြင်တတ်ခြင်းသာ ဖြစ်ပါတယ်။

လူအများစုဟာ ရှိနေပြီးသားအရာတွေရဲ့တန်ဖိုးကို မေ့လျော့နေတတ်ကြပြီး မရှိသေးတဲ့အရာတွေအတွက် စိတ်ပူပန်သောကရောက်တတ်ကြတယ်။
ပိုကောင်းတဲ့ ဘဝကို လိုချင်တာ မမှားပေမဲ့
လက်ရှိဘဝကို မကျေမနပ်ဖြစ်နေရင်တော့
ပျော်ရွှင်မှုနဲ့ အမြဲတမ်းအလှမ်းဝေးနေရပါလိမ့်မယ်။

အရှိတရားကို လက်ခံတတ်တဲ့သူတွေဟာ မိမိဘဝရဲ့ အားနည်းချက်တွေကြောင့် သိမ်ငယ်မနေတတ်ကြ
သလို၊ အခြားသူတွေရဲ့ အောင်မြင်မှုတွေကိုလည်း မနာလိုမဖြစ်တတ်ကြဘူး။ သူတို့ဟာ သူတို့ရရှိထားတဲ့ အရာလေးတွေအပေါ် ကျေးဇူးတင်နေတတ်ကြပြီး
နေ့စဉ်ဘဝရဲ့ သေးငယ်တဲ့ ပျော်ရွှင်မှုလေးတွေကို ခံစားတတ်ကြပါတယ်။

ပျော်ရွှင်ခြင်းဆိုတာ အရာအားလုံး ပြည့်စုံသွားတဲ့အချိန်မှ ရရှိလာတာ မဟုတ်ပါဘူး။ မပြည့်စုံသေးတဲ့အချိန်မှာပင် စိတ်ကျေနပ်မှုကို ရှာဖွေတွေ့ရှိနိုင်ခြင်း ဖြစ်ပါတယ်။

ဘဝရဲ့အလှပဆုံးအချိန်ဆိုတာ ချမ်းသာသွားတဲ့အချိန်၊ အောင်မြင်သွားတဲ့အချိန်တွေမှ မဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့အရာတွေကို တန်ဖိုးထားတတ်လာတဲ့အချိန်၊ မဖြစ်နိုင်သေးတဲ့ အရာတွေကြောင့် စိတ်မဆင်းရဲတော့တဲ့အချိန်၊ အရှိတရားကို လက်ခံရင်း ရှေ့ဆက်လျှောက်လှမ်းတတ်လာတဲ့အချိန်တွေကသာ လူတစ်ယောက်အတွက် အမှန်တကယ် ပျော်ရွှင်ရတဲ့ အချိန်ဖြစ်ပါတယ်။

#ဟန်မင်း(Nightmare&Deep)
(၁၀၊၆၊၂၀၂၆)
https://www.facebook.com/hanmin87

လက်ထပ်ပါ ... ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကို ဘယ်တော့မှ judge မလုပ်တဲ့သူနဲ့ ဆုံတွေ့ခဲ့ရင် လက်ထပ်ပါကိုယ့်ရဲ့ ခန္ဓာကိုယ် ပိန်ခြ...
10/06/2026

လက်ထပ်ပါ ...

ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကို ဘယ်တော့မှ judge မလုပ်တဲ့သူနဲ့ ဆုံတွေ့ခဲ့ရင် လက်ထပ်ပါ

ကိုယ့်ရဲ့ ခန္ဓာကိုယ် ပိန်ခြင်း ဝခြင်း ဖြူခြင်း မဲခြင်း ဖြစ်တည်မှုတွေ မပြည့်စုံတဲ့အရာတွေကို စသလို နောက်သလိုနဲ့တောင် စကားထဲ ထည့်မပြောဆိုတတ်တဲ့သူနဲ့ ဆုံတွေ့ခဲ့ရင် လက်ထပ်ပါ

တာဝန်ယူတတ် တာဝန်သိတတ်ပြီး ကိုယ်ချင်းစာစိတ် လူစိတ်ရှိတဲ့သူကို ဆုံတွေ့ခဲ့ရင် လက်ထပ်ပါ

ကိုယ့်ဘဝ နိမ့်ကျတဲ့အချိန်မှာ မရှက်မရွံ့ဘဲ အမြင့်ရောက်နေတဲ့ အချိန်မှာလည်း သိမ်ငယ်စိတ် အငုံ့စိတ်မရှိဘဲ ရဲရဲဝံ့ဝံ့ လူရှေ့ထုတ်ပြတတ်တဲ့သူကို ဆုံတွေ့ခဲ့ရင် လက်ထပ်ပါ

ကိုယ့်ခံစားချက်တွေကို မသိကျိုးကျွံပြုပြီး ဘာမှမဖြစ်သလို ကျော်သွားချင်တဲ့လူထက် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မေးပြီး ဖြေရှင်းပေးလိုစိတ်ရှိတဲ့သူကို ဆုံတွေ့ခဲ့ရင် လက်ထပ်ပါ

ချစ်တာက ကိုယ်ချစ်ချင်တဲ့သူကို ချစ်လို့ရတယ်

ကိုယ့်အပေါ် မကောင်းမှန်းသိနေလည်း ဆက်ချစ်လို့ ရတယ် ဆက်ပြီး ဖက်တွယ်ထားလို့ ရတယ် ပြင်လို့ မရတဲ့ အကျင့်တွေ ရှိနေတာသိလည်း ဆက်ချစ်လို့ရတယ်

လက်ထပ်တာကတော့ လူစိတ်ရှိတဲ့သူကို ရွေးမှဖြစ်မယ်
အချစ်ဆိုတာ အချိန်ကြာလေ လျော့ပါးလာတာမျိုးပဲလေ

ဘဝတလျှောက်လုံး ယိမ်းယိုင်ခြင်းမရှိဘဲ အတူဖြတ်သန်းဖို့ကတော့ အသိဥာဏ်နဲ့ သံယောဇဉ်ရှိမှ ဖြစ်လိမ့်မယ်။

-sakura

တကယ်လို့ လူတစ်ယောက်ကို မချစ်တော့ရင်စွန့်လွှတ်လိုက်ပါ ။သူ့ကို တခြားလူ ချစ်ဖို့အခွင့်အရေး ပေးလိုက်ပါ ။တကယ်လို့ ကိုယ် ချစ်တ...
09/06/2026

တကယ်လို့ လူတစ်ယောက်ကို မချစ်တော့ရင်
စွန့်လွှတ်လိုက်ပါ ။
သူ့ကို တခြားလူ ချစ်ဖို့
အခွင့်အရေး ပေးလိုက်ပါ ။

တကယ်လို့ ကိုယ် ချစ်တဲ့လူ
ကိုယ့်ကို မချစ်တော့တဲ့အခါ
ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် မစွန့်ပစ်ပါနဲ့ ။
တခြားတစ်ယောက်ကို ချစ်ဖို့
ကိုယ့်ကိုယ်ကိုယ် အခွင့်အရေးပေးပါ ။

#နိုင်းနိုင်းစနေ

သစ်ရွက်လေးတစ်ရွက်၊ဘယ်မှာပဲကြွေကြွေ ပေါ့ပေါ့ပါးပါးပါ။ပန်းပွင့်လေးတစ်ပွင့်၊ဘယ်မှာပဲ ပွင့်ပွင့် လန်းလန်းဆန်းဆန်းပါ။လူတစ်ယော...
06/06/2026

သစ်ရွက်လေးတစ်ရွက်၊
ဘယ်မှာပဲကြွေကြွေ ပေါ့ပေါ့ပါးပါးပါ။

ပန်းပွင့်လေးတစ်ပွင့်၊
ဘယ်မှာပဲ ပွင့်ပွင့် လန်းလန်းဆန်းဆန်းပါ။

လူတစ်ယောက်အတွက်ကျတော့
ဘယ်မှာပဲရောက်ရောက် စိတ်လက်ပေါ့ပါးသင့်ပါတယ်။

တကယ်လို့
ကြုံသလို ပျော်တတ်ခဲ့မယ်ဆိုရင်
စိတ်ငြိမ်းချမ်းတဲ့ အရပ်ဟာ နားခိုရာ အရပ်ဖြစ်မှာပါ။

ဘ၀ကို နောက် ပြန်လှည့်ကြည့်လိုက်တော့
ကုန်လွန်သွားတဲ့ မနေ့က ပိုပိုများလာပြီး
မျှော်လင့်ရတဲ့ မနက်ဖြန် ပိုပို နည်းသွားပြီ။

မမျှော်လင့်ပဲ တွေ့ရှိလိုက်တာက
အလှပဆုံးရှုခင်းဆိုတာ..
စိတ်တွင်းက လွတ်လပ်ပေါ့ပါးမူနဲ့
ဦးနောက်ထဲက ကြည်လင်ရှင်းလင်းမှု ဆိုတာပါပဲ။

အချိန်ဆိုတဲ့အရာဟာ
လက်တွေ့ကျကျ ဘာမှ မကူညီနိုင်ပေမဲ့
စဉ်းစားလို့မရခဲ့တာတွေ၊ စိတ်ရှုပ်ခဲ့တာတွေ
ပူဆွေးသောက ဖြစ်ခဲ့တာတွေ အားလုံးအားလုံးကို..
အရေးမကြီးအောင် ပြောင်းလဲသွားစေနိုင်ခဲ့ပါတယ်။

ဘ၀ခရီးမှာ
ဟိုလူနဲ့ ခင်ချင်တယ်။ ဒီလူ့ကိုတော့ သိကျွမ်းချင်တယ်။
ဒါဟာ ဘ၀ကို ပိုမိုကြွယ်ဝစေဖို့ ဆိုပြီး မျော်မှန်းခဲ့တယ်။
တကယ်တမ်းကျတော့
အကောင်းဆုံးတွေ့ဆုံမှုနဲ့ သိကျွမ်းမှုဆိုတာ
မမျှော်လင့်တဲ့ တစ်ချိန်တစ်ခါမှာ..
ကိုယ့်ကိုယ်ကို ပြန်လည် တွေ့ဆုံလိုက်တာပါပဲ။

အဲဒီအချိန်မှာ အသိတရားတစ်ခု ၀ငလြိုကပြါတယြ။
ကမ္ဘာတစ်ခွင် ဘယ်ကိုပဲရောက်ရောက်
နောက်ဆုံးတော့ ကိုယ့်အတွင်းစိတ်ထဲကို၀င်တဲ့
လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ခြင်းပါ။

တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်..
အချစ်ကို မရှာဖွေတော့ဘူး၊ ကောင်းကောင်းပဲ ချစ်တော့မယ်။

အောင်မြင်ဖို့ မကြိုးစားတော့ဘူး၊ ကောင်းကောင်းပဲ အလုပ်လုပ်တော့မယ်။

တိုးတက်မှုနောက် မလိုက်တော့ဘူး၊ ကောင်းကောင်းပဲ ကျင့်ကြံတော့မယ်။

အဲဒါမှ အနှစ်သာရ ပြည့်၀တဲ့ ဘ၀ကို ခံစားရမှာ
စိတ်တွင်းက ငြိမ်းချမ်းမှုမရဘူးဆိုရင်
ပြင်ပက တည်ငြိမ်မှု ဘယ်မှာရှိနိုင်တော့မှာလဲ
ငယ်ငယ်တုန်းက အပြုံးဟာ ပျော်ရွှင်မှုကြောင့်ဖြစ်ခဲ့ပေမဲ့
ယခုလက်ရှိ အပြုံးဟာ အမူအရာ ပဲကျန်တော့တယ်။

စိတ်ငြိမ်းချမ်းအောင် ကြိုးစားမယ်။
တကယ် အပြုံးကို ပြန်ရှာဖွေမယ်။
စိတ်တွင်းကို ၀င်တဲ့လမ်းကြောင်းအတိုင်း ပြန်လျှောက်မယ်။

နောက်ဆုံးတော့လည်း
အတွင်းစိတ်ထဲက တည်ငြိမ်အေးချမ်းခြင်းဟာ
ဘ၀ရဲ့ အကောင်းဆုံးအခြေအနေပါ။
ကိုယ်စိတ်နှလုံး ငြိမ်းအေးနိုင်ကြပါစေ။

- Sayar Aung Ko Latt

ဒီတစ်ကြိမ်ကျူးလွန်တဲ့အမှားကို ခွင့်လွှတ်လိုက်ခြင်းဟာ နောက်တစ်ကြိမ် ဒီလိုဆင်တူတဲ့အမှားမျိုးပဲ ထပ်မံကျူးလွန်လာဖို့ ခွင့်ပြ...
06/06/2026

ဒီတစ်ကြိမ်ကျူးလွန်တဲ့အမှားကို ခွင့်လွှတ်လိုက်ခြင်းဟာ နောက်တစ်ကြိမ် ဒီလိုဆင်တူတဲ့အမှားမျိုးပဲ ထပ်မံကျူးလွန်လာဖို့ ခွင့်ပြုခြင်း မဟုတ်ပါ။

အတိုင်းအတာဆိုတာ ရှိတယ်...

တချို့လူတွေဟာ
သူတစ်ပါးရဲ့ နားလည်မှု၊
သည်းခံမှု၊ခွင့်လွှတ်မှုကို
သိပ် အခွင့်ကောင်းယူကြတယ်။

နားလည်ပေးနေမှန်း သိရင်
"ငါဘာပဲလုပ်လုပ်ရတယ်"
ပုံစံနဲ့နေပြီး ခဏခဏ
စိတ်ပျက်အောင်လုပ်တယ်။
သည်းခံပေးနေမှန်းသိရင်
ရောင့်တက်တယ်။
ခွင့်လွှတ်ပေးနေမှန်းသိရင်လည်း
အမှားတွေ ထပ်ခါတလဲလဲကျူးလွန်ဖို့
ဝန်မလေးကြတော့ဘူး။

လူတစ်ယောက်က
အခြားလူတစ်ယောက်ကို
နားလည်မှုပေးနေတယ်ဆိုတာဟာ
နောက်တစ်ကြိမ်
သူ့ကို စိတ်ပျက်အောင် ထပ်လုပ်ဖို့်
ခွင့်ပြုလိုက်တာ မဟုတ်ပါဘူး။

လူတစ်ယောက်က
အခြားလူတစ်ယောက်ကို
သည်းခံနေတယ်ဆိုတာဟာ
နောက်တစ်ကြိမ် သူ့အပေါ်
ရောင့်တက်စော်ကားလာဖို့
ခွင့်ပြုလိုက်တာ မဟုတ်ပါဘူး။

လူတစ်ယောက်က
အခြားလူတစ်ယောက်ကို
ခွင့်လွှတ်မှုပေးတယ်ဆိုတာ
နောက်ထပ်တစ်ကြိမ် သူ့ကို
အဲဒီလိုအမှားမျိုး
ထပ်ကျူးလွန်လာဖို့ ခွင့်ပြုလိုက်တာ
မဟုတ်ပါဘူး။
အဲဒါတွေ သိထားဖို့လိုတယ်။

ဘယ်သူမဆို
အတိုင်းအတာတစ်ခုထက်
ကျော်လွန်လာရင်
ဘယ်လောက်ပဲ ချစ်ခင်မြတ်နိုးနေပါစေ
လက်လွှတ်ပစ်လိုက်ဖို့
ဝန်လေးမှာ မဟုတ်ဘူးလေ...။
အရမ်းပင်ပန်းလာရင် လွှတ်ချမိမှာပဲ။

အဲဒီလိုနဲ့ပဲ သူတစ်ပါးအပေါ်
အခွင့်ကောင်းယူပြီး
အနိုင့်ကျင့်တတ်ကြတဲ့သူတွေဟာ
နောက်ဆုံး နောင်တတရားတွေနဲ့
ကျန်ရစ်ဖြစ်ရပါတော့တယ်။ ။

#ဟန်မင်း(Nightmare&Deep)
(၂၅၊၈၊၂၀၂၁)
https://www.facebook.com/hanmin87/

"ချစ်တယ်" ဆိုတဲ့စကားကို စိတ်ထဲမရှိဘဲနဲ့အလွယ်တကူ အပျော်သဘောနဲ့ ပြောတတ်တဲ့သူတွေနဲ့ မဆုံပါရစေနဲ့။"နှလုံးသား" ထဲက နက်နက်ရှို...
06/06/2026

"ချစ်တယ်" ဆိုတဲ့စကားကို စိတ်ထဲမရှိဘဲနဲ့
အလွယ်တကူ အပျော်သဘောနဲ့ ပြောတတ်တဲ့သူတွေနဲ့ မဆုံပါရစေနဲ့။

"နှလုံးသား" ထဲက နက်နက်ရှိုင်းရှိုင်း
ချစ်တတ်တဲ့ သူနဲ့သာ ဆုံတွေ့ခွင့်ရပါစေ။

လိုချင်တာရမှ "မေတ္တာတရား" ထားတတ်တဲ့
သူတွေနဲ့ မဆုံပါရစေနဲ့။

မျှော်လင့်ချက်ကင်းမဲ့တဲ့ "မေတ္တာတရား"
တွေနဲ့သာဆုံတွေ့ခွင့်ရပါစေ။

"သစ္စာတရား" ကို တိုင်တည်ပြီး
မစောင့်တည်သော သူတွေနဲ့ မဆုံပါရစေနဲ့။

ဘယ်နေရာ ရောက်ရောက် အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း "သစ္စာတရား" ကို
စောင့်တည်သော သူနဲ့သာ ဆုံတွေ့ခွင့်ရပါစေ။

"ကတိ" စကားကို လွယ်လွယ်ပေးပြီး
လွယ်လွယ်ဖျက်တတ်တဲ့ သူတွေနဲ့ မဆုံပါရစေနဲ့။

"ကတိ" တည်သော သူနဲ့သာ
ဆုံတွေ့ခွင့်ရပါစေ။

"လိုချင်တပ်မက်မှု" တွေ "လောဘစိတ်" တွေ
"ရမ္မက်ဆန္ဒ" တွေနဲ့ ချစ်တဲ့သူတွေနဲ့ မဆုံပါရစေနဲ့။

"ပေးဆပ်ခြင်း" တွေ "စာနာနားလည်မှု" တွေ
လူသားအချင်းချင်း "ရိုင်းပင်းကူညီမှု" တွေနဲ့
ချစ်တတ်တဲ့သူတွေနဲ့သာ ဆုံတွေ့ခွင့်ရပါစေ ...

-ဆုမြတ်နိုး ( w.s )

စောင့်ကြည့်နေတဲ့သူတွေ များပါတယ် **************************************လူတွေဟာ ကိုယ်လုပ်တဲ့အလုပ်တိုင်းကို ပုံစံမျိုးစုံနဲ...
05/06/2026

စောင့်ကြည့်နေတဲ့သူတွေ များပါတယ်
**************************************

လူတွေဟာ ကိုယ်လုပ်တဲ့အလုပ်တိုင်းကို
ပုံစံမျိုးစုံနဲ့ စောင့်ကြည့်နေကြတာတွေ ရှိပါတယ်။

တချို့က အားပေးစိတ်နဲ့ စောင့်ကြည့်တတ်သလို
တချို့က မနာလိုစိတ်နဲ့
စောင့်ကြည့်နေတတ်ကြပါတယ်။

တချို့က အကောင်းမြင်စိတ်နဲ့
စောင့်ကြည့်တတ်သလို...
တချို့က မကောင်းမြင်စိတ်နဲ့
စောင့်ကြည့်နေတတ်ကြပါတယ်။

တချို့က အတုယူလေးစားတဲ့စိတ်နဲ့
စောင့်ကြည့်နေတတ်သလို...
တချို့က ပြိုင်ဘက်သဘောနဲ့
စောင့်ကြည့်နေတတ်ကြပါတယ် ။

ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်တိုင်းဟာ
ကိုယ့်ဘဝကို သရုပ်ဖော်ပြနေကြရတာမို့
ဖရိုဖရဲဖြစ်သလိုမျိုးတွေကို တစ်ခါမှမလုပ်ပါနဲ့။

ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို
စည်းစနစ်ကျကျ သေသေသပ်သပ်ဖြစ်အောင် လုပ်ပါ။

စည်းစနစ်ကျကျ သေသေသပ်သပ်လုပ်တတ်တာဟာ
ကိုယ်ပိုင်အရည် အသွေးတစ်ခုဖြစ်ပြီး
မနာလိုမှုနဲ့ မကောင်းမြင်မှုစိတ်ရှိသူတွေကို
ကျော်လွှားစေနိုင်ပါတယ်။

#အရှင်စန္ဒိမာ

04/06/2026

ဂျပန်မှာ မြန်မာကောင်လေးတစ်ယောက်သတ်သေသွားတာကို အကြောင်းပြုပြီး သနားသလိုလို ဘာသလိုလိုနဲ့
ကိုယ့်အကြောင်းကိုယ်ဂုဏ်ဖော်နေကြတဲ့လူတချို့ကို မြင်ရတော့ သူတို့ရဲ့လစ်လပ်နေတဲ့စိတ်အပေါက်တွေကို ဖြည့်နေရရှာတယ်လို့ပဲ မြင်မိပါတယ်။

အကယ်လို့ ကိုယ့်ဂုဏ်ကိုယ်အရမ်းဖော်ချင်နေတယ်ဆိုရင်လည်း တခြားအရေးကိစ္စတစ်ခုခုကို အကြောင်းပြုပြီး လှလှပပလေး ဖော်လို့ ရပါတယ်။
အရေးကိစ္စအများကြီးထဲမှာမှ
သေရေးကို အကြောင်းပြုပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်နေခြင်းဟာ အားကျစရာမကောင်းတဲ့အပြင်
အင်မတန်မှ ရုပ်ဆိုးအကျည်းတန်လှပါတယ်။

လူတွေမှာ
ဖြတ်သန်းလာရတဲ့ဘဝအခြေအနေချင်းမတူညီကြတော့
ဒဏ်ရာအတိမ်အနက်ချင်းမတူညီကြသလို
ခံနိုင်ရည်စွမ်းအားချင်းလည်း မတူညီကြပါဘူး။
ဒီလောက်ပဲ ပြောချင်ပါတယ်။


Address


Website

Alerts

Be the first to know and let us send you an email when Note Pages posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your organization to be the top-listed Government Service?

Share