02/04/2023
"𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭"
တော်လှန်ရေး ကာလအတွင်း ပညာရပ်တစ်ခုခုကို ဆည်းပူးလေ့လာလိုသော CDM ကျောင်းသား၊ကျောင်းသူများ ၊ဆရာ၊ဆရာမများ၊ ဝန်ထမ်းများအတွက် ကျွန်ုပ်တို့ တောင်ကြီးတက္ကသိုလ် ကြားကာလတက္ကသိုလ် အုပ်ချုပ်ရေးကောင်စီမှ ပညာဒါန ဖြင့် တက်ရောက်နိုင်သော စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းများအား Business Education Project အောက်မှ ဖွင့်လှစ်ပေးလျက်ရှိပါသည်။ ယခုတဖန် 𝐅𝐮𝐧𝐝𝐚𝐦𝐞𝐧𝐭𝐚𝐥 𝐎𝐟 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 သင်တန်းအား ဖွင့်လှစ်ပေးမည်ဖြစ်ရာ တက်ရောက်လိုသူများအနေဖြင့် လျှောက်ထားနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
🕯️𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭၏ အရေးပါပုံ🕯️
အဖွဲ့စည်းတစ်ခု၊ လုပ်ငန်းတစ်ခု၏ ရည်မှန်းချက်ကို ရရှိနိုင်ရန် ငွေကြေးဘဏ္ဍာရေးကို ထိထိရောက်ရောက် ကိုင်တွယ်တတ်ဖို့ အရေးကြီးပါသည်။ထို့အပြင် ငွေကြေးကို သေချာစီမံ ခန့်ခွဲနိုင်မှ သာလျှင် အလေလွင့်နည်းပြီး အောင်မြင်မှာဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းလုပ်ရုံနဲ့ မပြီးသေး ဘဲ ငွေကြေးစီမံ ခန့်ခွဲတတ်ဖို့လည်း အရေးကြီးလှပါသည်။
𝐅𝐮𝐧𝐝𝐚𝐦𝐞𝐧𝐭𝐚𝐥 𝐨𝐟 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐂𝐨𝐮𝐫𝐬𝐞 𝐨𝐯𝐞𝐫𝐯𝐢𝐞𝐰
သင်တန်းမှသင်ကြားပေးမည့် ခေါင်းစဉ်များ
1. Introduction to FM
2. Working with Financial Statements
3. Cash Flow Statements
4. Net Present Value and Other Investment Criteria
5. Budgeting
6. Sources of finance
💡သင်ခန်းစာများမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများ💡
📌 မိမိလုပ်ကိုင်နေသော အဖွဲ့စည်း၏ ဘဏ္ဍာရေး၊ မိမိ၏ကိုယ်ပိုင်စီးပွားရေး၊ကိုယ်ပိုင် ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲတတ်လာခြင်း
📌 မိမိအနေဖြင့် Financial Managementအားလေ့လာပြီး Careerအဖြစ် လုပ်ကိုင်ဆောင်ရွက်န်ုင်စေရန် အသိပညာများ ရရှိခြင်း
📌 ဘဏ္ဍာရေးနဲ့ ပတ်သက်
သောစာရင်းရှင်းတမ်းများ၊ ဈေးကွက်နဲ့ချိတ်ဆက်မှုများအား လေ့လာနိုင်ခြင်း
➡️👨🎓 တက်ရောက်နိုင်သူများ⬅️
CDM ပြုလုပ်ထားသော
📌ငွေကြေးစီမံ ခန့်ခွဲမှု ဆိုင်ရာ ပညာရပ်ကို လေ့လာချင်တဲ့သူများ
📌 Financial Managementနှင့် ပတ်သက်ပြီးအတွေ့ကြုံဗဟုသုတမရှိ သူများ
📌 ဤပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုချင်သူများ တက်ရောက်နိုင်ပါသည်။
⏱️ သင်တန်းတက်ရောက်ရမည့် ရက်စွဲနှင့် အချိန် ⏱️
🗓️ သင်တန်းကို April 21st, 2023 (၄လပိုင်း၊ ၂၁ရက်နေ့) မှာ စတင်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
🗓️ Friday & Saturday ( 6:30pm-8:00pm )
တစ်ပတ်ကို နှစ်ရက်၊ အပတ်စဉ် သောကြာနေ့နဲ့ စနေနေ့တွေမှာ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းကာလအားဖြင့် 2လကြာမြင့်မှာဖြစ်ပါတယ်ခင်ဗျာ။
[𝐒𝐭𝐚𝐫𝐭 𝐝𝐚𝐭𝐞- 𝐀𝐩𝐫𝐢𝐥 𝟐𝟏𝐬𝐭, 𝟐𝟎𝟐𝟑
𝐄𝐯𝐞𝐫𝐲 𝐅𝐫𝐢𝐝𝐚𝐲 𝐚𝐧𝐝 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 𝐚𝐭 𝟔:𝟑𝟎𝐩𝐦- 𝟖𝐩𝐦 (𝐌𝐌𝐓 𝐓𝐢𝐦𝐞𝐳𝐨𝐧𝐞)
𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧- 𝟖 𝐰𝐞𝐞𝐤𝐬 ]
📖 သင်ကြားပေးမည့်ပုံစံ📖
သင်တန်းအား Onlineမှ Zoomဖြင့် သင်ကြားမည်ဖြစ်ပြီး တက်ရောက်သူကျောင်းသားများ မငြီးငွေ့စေရန် Activitiesများဖြင့် သင်ကြားမည်ဖြစ်ပါသည်။
📢စိတ်ပါဝင်စား၍ သင်တန်းတက်ရောက်လိုသော CDM ပြုလုပ်ထားသူများအနေဖြင့် 𝗔𝗽𝗿𝗶𝗹 𝟭𝟵𝘁𝗵, 𝟮𝟬𝟮𝟯 (𝗪𝗲𝗱𝗻𝗲𝘀𝗱𝗮𝘆) နောက်ဆုံးထား၍ အောက်ဖော်ပြပါ Google formတွင် သက်ဆိုင်ရာအချက်အလက်များ ဖြည့်စွက်ပြီး သင်တန်းအပ်နှံလို့ရပါသည်။
https://forms.gle/TQEQ3EQaUnu3QJe99
❤️ အခြားသော CDM ကျောင်းသား၊ ကျောင်းသူများ ၊ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ သင်တန်းအကြောင်းသိရှိရန် ယခုpostအား shareပေးကာ၊ messenger, telegram, signal အစရှိသည့် အခြားsocial mediaတွင်လည်း သူငယ်ချင်းအချင်းချင်း လက်တို့ သတင်းပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
Access Google Forms with a personal Google account or Google Workspace account (for business use).