Network of Burma Supporters

Network of Burma Supporters Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Network of Burma Supporters, Social service, New York, NY.

08/08/2026
လက်စွမ်းပြချင်သူတွေအတွက်"ငါတို့ရန်ကုန် ငါတို့လက်ရာ" 🏆လက်ဖက်ကိုသုပ်စားတာအပြင်မီနူးအမျိုးမျိုးတီထွင်ဖန်တီးချင်သူတွေအတွက် C...
07/24/2026

လက်စွမ်းပြချင်သူတွေအတွက်
"ငါတို့ရန်ကုန် ငါတို့လက်ရာ" 🏆

လက်ဖက်ကိုသုပ်စားတာအပြင်
မီနူးအမျိုးမျိုးတီထွင်ဖန်တီးချင်
သူတွေအတွက် Challenge

ဒီ Challenge မှာ ငါတို့ရန်ကုန်ရဲ့
ဖေ့ဘုတ်နဲ့ တစ်တော့တို့ကနေ
တစ်ပတ်တစ်ကြိမ် လက်ဖက်နဲ့
ဖန်တီးထားတဲ့မီနူးဗီဒီယိုလေးတွေ
တင်ဆက်သွားပါမယ်။

အဲ့ဒီဗီဒီယိုထဲကအတိုင်းပဲဖြစ်ဖြစ်
ကိုယ့်စိတ်ကြိုက်ဖန်တီးထားတဲ့
မီနူးအသစ်တွေကိုပဲဖြစ်ဖြစ်ဗီဒီယို
ရိုက်ကူးပြီးတော့ ကိုယ့်ရဲ့ဆိုရှယ်
မီဒီယာအကောင့်တွေမှာတင်ရုံပါပဲ။

တင်တဲ့အခါမှာ #ငါတို့ရန်ကုန်ငါတို့လက်ရာ
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ စတဲ့
hasgtag ၂ ခုကိုတော့ထည့်ပေးပြီးတော့
public နဲ့တင်ပေးရပါမယ်။

ဒီ Challenge ကိုပါဝင်ကြမယ့်သူတွေ
အတွက် ဆုအမျိုးအစား (၃) မျိုးကို
ငါတို့ရန်ကုန်အဖွဲ့သားတွေကရွေးချယ်
ပေးအပ်သွားပါ့မယ်။

📌ဗီဒီယို view အများဆုံးဆု (FB &Tiktok)
📌ငါတို့ရန်ကုန်မှရွေးချယ်ပေးသောဆု (FB &Tiktok)
📌မေတ္တာလက်ဆောင်ဆု

ဆုအမျိုးအစားခေါင်းစဉ် (၁) ခုစီမှာ
ပါဝင်တဲ့သူတွေထဲက (၃) ယောက်စီ
ရွေးချယ်ပေးအပ်သွားမှာဖြစ်ပါတယ်။

အထူးသတိပြုရမှာက ကိုယ်ဖန်တီးမယ့်
မီနူးတိုင်းမှာ ငါတို့ရန်ကုန်လက်ဖက်(သို့)
ငါတို့ရန်ကုန်ထုတ်ကုန်တစ်ခုပါဝင်ရမှာ
ဖြစ်ပါတယ်။

Challenge ကာလကတော့ ဇူလိုင်လ
(၂၅) ရက်နေ့ကနေ ဩဂုတ်လ (၂၅) ရက်
နေ့အထိဖြစ်ပါတယ်။

ဆုများကိုတော့ ဩဂုတ်လ (၃၀) ရက်
နေ့မှာ ငါတို့ရန်ကုန်ရဲ့ဖေ့ဘုတ်နဲ့တစ်တော့
တို့မှာကြေငြာပေးသွားမှာဖြစ်ပါတယ်။

#ငါတို့ရန်ကုန်ငါတို့လက်ရာ
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ

မကြာခင်ထွက်ရှိလာတော့မယ့်ငါတို့ရန်ကုန်ရဲ့ထုတ်ကုန်အသစ်ဘာဖြစ်မယ်ထင်လဲ ? #ငါတို့ရန်ကုန် #အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ
07/04/2026

မကြာခင်ထွက်ရှိလာတော့မယ့်
ငါတို့ရန်ကုန်ရဲ့ထုတ်ကုန်အသစ်

ဘာဖြစ်မယ်ထင်လဲ ?

#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ

06/17/2026

🚩ပြည်သူကို အကြမ်းဖက်ဗုံးကြဲတာတွေရပ်
🚩အဓမ္မစစ်မှုထမ်းဥပဒေဖျက်
🚩လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းထားသူများအား ချက်ချင်းလွှတ်
🚩ဦးဝင်းမြင့်သည် သာ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည့် သာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
🚩ဦးကျော်မိုးထွန်း သည် သာ မြန်မာနိုင်ငံ၏ ကုလသမ္မဂ္ဂ သံအမတ်ကြီး




06/15/2026

နှင်းဆီလှုပ်ရှားမှု

လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြမှာ ဖြစ်ပါတယ် ။

ပြည်တွင်း၊ ပြည်ပ၊ မြို့ပြ ၊ ကျေးလက်မရွေး ပြည်သူများ အားလုံး ပါဝင်လှုပ်ရှား ကြမှာဖြစ်ပြီး စတင်ပြင်ဆင် နှိုးဆော်မှုများလည်း စတင်နေပြီ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြပါစို့။


ငါတို့ရန်ကုန်မှ ပေးပို့လာသော ဂုဏ်ပြုမှတ်တမ်းလေး ကို တင်ပြအပ်ပါတယ်။ မေ လ ၁၆ ရက်နေ့ က MAHAA မှ ကြီးမှူးကျင်းပခဲ့တဲ့ NYC လူ...
06/11/2026

ငါတို့ရန်ကုန်မှ ပေးပို့လာသော ဂုဏ်ပြုမှတ်တမ်းလေး ကို တင်ပြအပ်ပါတယ်။
မေ လ ၁၆ ရက်နေ့ က MAHAA မှ ကြီးမှူးကျင်းပခဲ့တဲ့ NYC လူမှုအဖွဲ့အစည်း ပေါင်းစုံ ရန်ကုန်ငွေစျေးရောင်းပွဲတွင် ငါတို့ရန်ကုန်် တော်လှန် ထုတ်ကုန်များကို ဝယ်ယူအားပေး ပံ့ပိုးခဲ့ကြသော မိဘပြည်သူ ညီအစ်ကို မောင်နှမများကို အထူးကျေးဇူးတင် ဂုဏ်ပြု အပ်ပါတယ် ခင်ဗျ။

Address

New York, NY
USA

Website

Alerts

Be the first to know and let us send you an email when Network of Burma Supporters posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Network of Burma Supporters:

Shortcuts

Share

Category