Karenni Community Chiangmai Thailand

Karenni Community Chiangmai Thailand We’re Karenni, minority ethnic people also known as Kayah Li (Red Karen) from Karenni State, Myanmar.

We’re migrant workers, scholars, and asylums who are trying to make a better living in Chiangmai Thailand and support our people back in our home country

📍 21ရက်နေ့ Payap university တွင် ပြုလုပ်မည့် ကရင်နီအမျိုးသားနေ့မှာ အစားအသောက်များလာရောက်ရောင်းချသူ (10)ဆိုင်အား ဖိတ်ခေါ်...
15/06/2026

📍 21ရက်နေ့ Payap university တွင် ပြုလုပ်မည့် ကရင်နီအမျိုးသားနေ့မှာ အစားအသောက်များလာရောက်ရောင်းချသူ (10)ဆိုင်အား ဖိတ်ခေါ်ကြေညာခြင်း💁‍♀️🍝။

ကရင်နီအမျိုးသားနေ့တွင် 🪧ဆိုင် တစ်ဆိုင်လျှင် ဘတ် ၁၀၀၀ ဖြင့် (၁၀)ဆိုင်တိတိ လက်ခံသွားမည်ဖြစ်ပါ၍ ရောင်းချပါဝင်လိုသူများ page Cb မှာ လာရောက်စာရင်းပေးသွင်း နိုင်ပါပြီနော်📍🙌

မှတ်ချက် ။ ။ စျေးရောင်းရန် လိုအပ်သည့် ခုံများ မိမိဘာသာ စီစဉ်လာပါရန် ။

နေရာ ။Payap University (အားကစားခန်းမ) , Chiang Mai, Thailand ။

အချိန်။ နံနက် 9 ကနေ 5 အထိ။

🪧20 ရက်နေ့တွင် ကျင်းပမည့် ဘောလုံးအားကစားပွဲနေ့အတွက် သတ်မှတ်ထားသော ဆိုင် အရေအတွက် (၈)ဆိုင် ပြည့်သွားပါပြီ🙌ရရှိနိုင်တဲ့ အစ...
12/06/2026

🪧20 ရက်နေ့တွင် ကျင်းပမည့် ဘောလုံးအားကစားပွဲနေ့အတွက် သတ်မှတ်ထားသော ဆိုင် အရေအတွက် (၈)ဆိုင် ပြည့်သွားပါပြီ🙌

ရရှိနိုင်တဲ့ အစာအစားလေးတွေကတော့ -

1. Lawrence Nge lay

-ကယားခေါင်ရည်
-ကြ က်ခြေထောက်
-ဂျူးမြစ်မာလာ
-ဝက်ခေါက်ဂျူးမြစ်မာလာ
-အမဲခေါက်ဂျူးမြစ်မာလာ
-သဘော်သီ:ထောင်း
-ပြောင်းဖူးထောင်း.သခွားသီးထောင်း
-အမဲအူသုပ်
-အမဲအူဟင်း။

2. အောင်လေး

- ဝက်နံရိုးမီးတောက် ၊ခေါက်ဆွဲသုတ်၊ အအေး။

3. D Gha Mhr

-အသုတ်စုံ
-ထမင်းသုတ်
-လက်ဖက်ထမင်း
-ကြာဇံချက်။

4. Soe Soe

-အချိုပွဲမူန့် ၊ မုန့်ဟင်းခါး
နန်းကြီးသုပ်။

5. Sook Took Kaew

-Coffee
- Cold Drinks ။

6. Sweety kitchen

-ဖာလူဒါ ‌၊စမိုင် ၊ငါးဖယ်
အစာသွပ်။

7. iora loikaw

-ဝက်အူချောင်း
-ဟင်းထုပ်
-ကယန်းဆန်ပြုတ်
-ကယန်းခေါင်ရည်။

8.May Kha Restaurant

-ဇလုံထမင်း
- ဒိန်ချဉ် ။

တို့ ရောင်းချသွားပါမယ်နော် 🍲🥤💁‍♀️

ဖိတ်ကြားအပ်ပါသည်။ (၁၅၁) ကြိမ်မြောက် ကရင်နီ အမျိုးသားနေ့ကို ချင်းမိုင်ရှိ Payap university တွင် ပြုလုပ်သွားမည်ဖြစ်ပါ၍ ချင...
12/06/2026

ဖိတ်ကြားအပ်ပါသည်။

(၁၅၁) ကြိမ်မြောက် ကရင်နီ အမျိုးသားနေ့ကို ချင်းမိုင်ရှိ Payap university တွင် ပြုလုပ်သွားမည်ဖြစ်ပါ၍ ချင်းမိုင်ရှိ ကရင်နီ အသိုင်းအဝိုင်းများ နှင့် မဟာမိတ် ညီနောင်အသိုင်းအဝိုင်းများအားလုံး တက်ရောက် ပါဝင်ပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။

အချိန် ။ ။ မနက် ၉း၀၀ နာရီ မှ ည ၆ နာရီ အထိ။
နေရာ ။ ။payap university, ဘောလုံးကွင်းဘက်ခြမ်း ဟောခန်း ။
နေ့ရက် ။ ။၂၁ ဇွန်လ၂၀၂၆ (တနင်္ဂနွေနေ့)

မှတ်ချက် ။ မိမိရိုးရာဝတ်စုံ ဝတ်ဆင်လာနိုင်ပါသည် ။အခမ်းအနားမှာ ဖျော်ဖြေရေးနှင့် Miss Karenni Traditional Show လည်း ပါဝင်ကြောင်း အသိပေးအပ်ပါသည် ။ ✊

⚽️ 📍20 ရက်နေ့တွင် ပြုလုပ်မည့် ဘောလုံးအားကစားပွဲအတွက် အစားအသောက်များလာရောက်ရောင်းချသူ (8) ဆိုင်အား ဖိတ်ခေါ်ကြေညာခြင်း💁‍♀️...
11/06/2026

⚽️ 📍20 ရက်နေ့တွင် ပြုလုပ်မည့် ဘောလုံးအားကစားပွဲအတွက် အစားအသောက်များလာရောက်ရောင်းချသူ (8) ဆိုင်အား ဖိတ်ခေါ်ကြေညာခြင်း💁‍♀️🍝။

🪧ဆိုင် တစ်ဆိုင်ကို ဘတ် 800 ဖြင့် (၈)ဆိုင်တိတိ လက်ခံသွားမည်ဖြစ်ပါ၍ ရောင်းချပါဝင်လိုသူများ page Cb မှာ လာရောက်စာရင်းပေးသွင်း နိုင်ပါပြီနော်📍🙌

မှတ်ချက် ။ ။ စျေးရောင်းရန် လိုအပ်သည့် ခုံများ မိမိဘာသာ စီစဉ်လာပါရန် ။

နေရာ ။ Dream Star Academy, Chiang Mai, Thailand ။

အချိန်။ နံနက် ၁၀ ကနေ ၆ ထိ။

✊ကရင်နီအမျိုးသားနေ့အတွက် ချင်းမိုင်ရှိ ဘောလုံးဝါသနာပါသူ အသင်းများအားဖိတ်ခေါ်အပ်ခြင်း(ကျား/မ) ✊📍ဒီလာမဲ့ 20ရက်နေ့ (စနေနေ့)...
09/06/2026

✊ကရင်နီအမျိုးသားနေ့အတွက် ချင်းမိုင်ရှိ ဘောလုံးဝါသနာပါသူ အသင်းများအားဖိတ်ခေါ်အပ်ခြင်း(ကျား/မ) ✊

📍ဒီလာမဲ့ 20ရက်နေ့ (စနေနေ့)တွင် ကရင်နီအမျိုးသားနေ့ အတွက် ချစ်ကြည်ရေး ဘောလုံးအားကစားပွဲလေးအား ပြုလုပ်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါရျ် ပါဝင်ကစားလိုသည့်အသင်းများအား KCCT page တွင် လာရောက်စာရင်းပေးသွင်းနိုင်ပါပြီဗျ။

အချိန် - နံနက် (10 ကနေ ည 6)အထိ။
နေရာ - Dream Star Academy Football ⚽️
နေ့ရက် - 20 ရက်နေ့ (စနေနေ့)

ဆက်သွယ်ရန် ဖုန်းနံပါတ် - 0627792633။

မှတ်ချက် - ၁၆ ရက်နေ့ နောက်ဆုံးထား၍ စာရင်းသွင်းပေးပါရန်။

🚨အရေးပေါ် အသိပေးကြေညာချက်🚨အားလုံးပဲ မင်္ဂလာပါခင်ဗျာ။မေလ (၃၀) ရက်နေ့တွင် ချင်းမိုင်မြို့၌ ပြသရန် စီစဉ်ထားသော “The Ex*****...
29/05/2026

🚨အရေးပေါ် အသိပေးကြေညာချက်🚨

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။

မေလ (၃၀) ရက်နေ့တွင် ချင်းမိုင်မြို့၌ ပြသရန် စီစဉ်ထားသော “The Ex*****on” Film နှင့်ပတ်သက်၍ ပြသမည့်နေရာတွင် အရေးပေါ်အခက်အခဲအချို့ ဖြစ်ပေါ်လာသဖြင့် ပြသချိန်ကို ပြောင်းလဲသတ်မှတ်လိုက်ရကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။🙏

“The Ex*****on” Film ကို
**ညနေ (၇း၃၀) နာရီ** တွင် စတင်ပြသသွားမည်ဖြစ်ပြီး၊
ယခုအကြိမ်တွင် **တစ်ချိန်တည်းသာ** ပြသနိုင်မည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။🙏

ယခုလို အရေးပေါ်ပြောင်းလဲမှုအပေါ် မိဘပြည်သူများအနေဖြင့် နားလည်ပေးကြလိမ့်မည်ဟု မျှော်လင့်ပါသည်။🙏

လက်မှတ်များကို ဆက်လက်လာရောက်ဝယ်ယူနိုင်ပါသေးတယ်ခင်ဗျာ။

ရက်စွဲ ။ မေလ (၃၀) ရက်နေ့၊ ၂၀၂၆ (စနေနေ့)
အချိန် ။ ည (၇း၃၀) နာရီ
နေရာ ။ Hug Rommai Café, Hang D**g

ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။🙏

ရုပ်ရှင်ပြဖို့ ရက်နီးလာပါပြီနော် ရုပ်ရှင်လက်မှတ်လေးတွေ လာအားပေးရင်း တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာ ပါဝင်ကြပါနော်
28/05/2026

ရုပ်ရှင်ပြဖို့ ရက်နီးလာပါပြီနော် ရုပ်ရှင်လက်မှတ်လေးတွေ လာအားပေးရင်း တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာ ပါဝင်ကြပါနော်

ကမ္ဘာတဖက်မှာ ပျော်နေချိန်… နောက်တဖက်မှာတော့ အိုးအိမ်တွေ မီးလောင်ပြင်ဖြစ်ပြီး ပြေးလွှားနေရတဲ့ အသက်ရှူသံတွေ ရှိနေတယ်ဆိုတာ သင်တို့ သတိရဖူးလား? 💔🍂

မျက်မှောက်ဘဝရဲ့ အမှောင်ဆုံး ကန့်လန့်ကာကို ဆွဲဖွင့်ပြီး စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို သင့်ရဲ့ မျက်လုံးတွေနဲ့ တိုက်ရိုက်ခံစားနိုင်ဖို့အတွက် Karenni's Arts Creation (KAC) နဲ့ Karenni Community Chiangmai Thailand (KCCT) တို့ ပူးပေါင်းပုံဖော်ထားတဲ့ “The Ex*****on" ရုပ်ရှင်ကားကြီးကို ချင်းမိုင်မြို့မှာ ထပ်မံ ပြသသွားတော့မှာပဲ ဖြစ်ပါတယ်။ 📽️

ဒီရုပ်ရှင်ဟာ ဟိုရွေ့ဒီပြောင်း ရုန်းကန်နေရတဲ့ ကရင်နီစစ်ဘေးရှောင် ပြည်သူတွေနဲ့ ကလေးငယ်တွေရဲ့ ဘဝကို ကမ္ဘာသိအောင် မီးမောင်းထိုးပြထားတဲ့ သရုပ်မှန်ရုပ်ရှင်ဖြစ်ပြီး သူတို့လေးတွေရဲ့ ပညာရေးအတွက် အသက်သွေးကြော ဘဏ္ဍာရေးကို ရှာဖွေပေးမယ့် ကမ္ဘာ့အဆင့်မီ တိုက်ပွဲခေါ်သံတခုလည်းဖြစ်တာမို့… ✨🎬

ဒီလိုပြင်းထန်စစ်မှန်တဲ့ ဇာတ်လမ်းတပုဒ်က ပြောပြသွားမယ့် အမှန်တရားတွေရဲ့ ပြင်းရှမှုကို ခံစားရင်း ချင်းမိုင်ရောက် ပျားလေးတွေအားလုံး သွေးမအေးဘဲ အတူတူ လာရောက်ဝန်းရံပေးကြဖို့ ဆော်ဩလိုက်ပါတယ်ဗျာ။ 🤝

အာဏာရှင်တွေ ဖျက်ဆီးခဲ့တဲ့ ပြာပုံတွေကြားက မျိုးဆက်သစ်တွေရဲ့ အိပ်မက်တွေကို ရုပ်ရှင်လက်မှတ်တစောင်နဲ့ ပြန်လည်အသက်သွင်းလိုက်ရအောင်! 🎟️✊

📅 ရုပ်ရှင်ပြသမည့်ရက်: 30 May, 2026 (Saturday)
⏰ ပြသမည့်အချိန်အပိုင်းအခြား:
• ပထမပွဲစဉ် - ညနေ (၆:၀၀ - ၈:၀၀)
• ဒုတိယပွဲစဉ် - ညနေ (၈:၃၀ - ၁၀:၃၀)
📍 ပြသမည့်နေရာ: Hug Rommai Cafe
https://maps.app.goo.gl/fXETcTbR8SnZh5zX9?g_st=ic

🎟️ လက်မှတ်ဝယ်ယူရန်: https://www.facebook.com/share/1HMTDDpR4w
📽️ Official Trailer ကြည့်ရန်: https://www.facebook.com/share/v/14bi1Z9iEDz
📱 The Ex*****on Page: https://www.facebook.com/share/1E8iNusNv3

*****onFilm


ကရင်နီ အမျိုးသားနေ့တွင် ပါဝင် သွားမည့် အစီအစဉ် တစ်ရပ် ဖြစ်ပါသည် ။ 🇵🇾Miss Karenni Page သို့ ဆက်သွယ် ပါဝင်နိုင်ပါပြီ 🇵🇾
26/05/2026

ကရင်နီ အမျိုးသားနေ့တွင် ပါဝင် သွားမည့် အစီအစဉ် တစ်ရပ် ဖြစ်ပါသည် ။ 🇵🇾
Miss Karenni Page သို့ ဆက်သွယ် ပါဝင်နိုင်ပါပြီ 🇵🇾

Mister and Miss Karenni National Day 2026 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်ဖိတ်‌ခေါ် ခြင်း။
အကြောင်းအရာ။ ။၂၀၂၆ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင် ချင်းမိုင်မြို့၌ကျင်းပပြုလုပ်မည့် (၁၅၁)ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ တွင်Mister and Miss Karenni National Day 2026 ကိုရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ချင်းမိုင်မြို့တွင်းတွင်သာမက အနယ်နယ်အရပ်ရပ်သို့ရောက်ရှိ‌နေကြသော ကရင်နီသွေးချင်းအမျိုးသားမောင်၊မယ်များအနေဖြင့်မိမိတို့၏ မျိုးနွယ်စုကိုယ်စားပြုရိုးရာဝတ်စုံများဖြင့် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့၌လာရောက်ယှဉ်‌‌ပြိုင်ပေးကြပါရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။
ရည်ရွယ်ချက်။ ။မည်သည့်အရပ်‌‌ဒေသသို့‌ရောက်ရှိစေကာမူမိမိတို့၏စာ‌ပေ၊ရိုးရာယဉ်‌ကျေးမှု ဓလေ့ထုံးထမ်းများ နှင့် အမျိုးသားဝတ်စားဆင်ယဉ်မှုများ မပပျောက်စေရန်၊ မိမိတို့အနေဖြင့်ခေတ်ရေစီးကြောင်းနှင့်အညီလိုက်ဖက်လျှော်ညီစွာ ဝတ်စားဆင်ယင်တတ်စေရန်နှင့် မိမိတို့၏ကရင်နီမျိုးနွယ်စုများမည်ကဲ့သို့အစဉ်အလာကြီးမားခဲ့ကြာင်းကိုသိရှိစေရန်ရည်ရွယ်ပါသည်။

ချီးမြှင့်သွားမည့် ဆုများ
-Mister Karenni National Day 2026 Winner
-Mister Karenni National Day 2026 1st runner up
-Mister Karenni National Day 2026 2nd runner up

-Miss Karenni National Day 2026 Winner
-Miss Karenni National Day 2026 1st runner up
-Miss Karenni National Day 2026 2nd runner up

Title ဆုများ
-People's Choice Award
-Best in Traditional Wear
-Best in Introduction

Form စဖွင့်မည့်ရက် - 26 May 2026
Form ပိတ်မည့်ရက် - 6 June 2026
Form ကြေး - 500 THB

မေလ၂၆ ရက် နေ့တွင် Miss Karenni F‌acebook page မှတစ်ဆင့် Form ဖြည့်ရမည့် link ကိုတင်ပေးသွားမည်ဖြစ်သည်။
မိမိစိတ်ကြိုက်အလှဓာတ်ပုံ(မျက်နှာပေါ်တစ်ပုံနှင့်full body တစ်ပုံ) form အတွင်းထည့်သွင်းပေးရမည်ဖြစ်သည်။

14/05/2026

*June လ 21 *ရက်နေ့တွင် ကျရောက်မည့် (၁၅၁)ကြိမ်မြောက် *ကရင်နီ အမျိုးသားနေ့*ကို ချင်းမိုင်ရှိ ကရင်နီပြည် ချစ်ညီအစ်ကိုမောင်နှမ များအားလုံး စည်းစည်းလုံးလုံးနှင့် အတူတကွအခမ်းအနား သို့ ပါဝင်ကြဖို့ KCCT မှ ဖိတ်ခေါ်အပ်ပါတယ် ဗျ 💪

12/05/2026

🎬​*The Ex*****on Film* ချင်းမိုင်မြို့ တွင်ထပ်မံ ပြသ သွားမည်။

Karenni Art Creation (KAC) အဖွဲ့​ နှင့် KCCT တို့မှ ပူးပေါင်းပြီး လာမည့် 2026 မေလ​ 30 ရက်နေ့​ ညနေ​ ​(6 - 8 ) တစ်ချိန် (8:30 - 10:30 ) တစ်ချိန် ဆိုပြီး နှစ်ပိုင်းဖြင့် Hug Rommai Cafe တွင် ပြသသွားမည်ဖြစ်သည်။

The​ Ex*****on​ ရုပ်ရှင်​မှ​ ရရှိ​လာသည့်​ရန်ပုံငွေ​က ဖြတ်လေးဖြတ်ခံထားရတဲ့ ကရင်နီ​စစ်ဘေးရှောင်​ ပညာရေး​ နှင့်​ စစ်​ဒဏ်​ မီးဒဏ် ရေဒဏ် စားဝတ်နေရေးပြတ်လပ်မှုကြားကနေမှ ဟိုရွေ့ဒီပြောင်းလုပ်နေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်​တွေ​ကို​ အဓိက​ကူညီပေး​ရေး​တွေ​ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

The​ Ex*****on ရုပ်ရှင်​ ကို အောင်မြင်​စွာ​ပြသ​နိုင်​ဖို့​အတွက် ချင်းမိုင် ရောက်မြန်မာမိသားစုများအားလုံးပါဝင်ပေးနိုင်ကြမယ်လို့​ မျှော်လင့်​ပါတယ် ။အရမ်း​ကောင်းပြီး 18 နှစ်အထက်မှ ကြည့်သင့်တဲ့ရုပ်ရှင်​ကားဖြစ်တဲ့ကြောင့်မို့လို့ အားလုံးကို​ပါဝင်​ပေး​ကြဖို့ကို ​မေတ္တာထပ်မံ​ရပ်​ခံ​ချင်ပါတယ်​။

The​ Ex*****on​ ရုပ်ရှင်​ပြသမည့်နေရာ
Hug Rommai Cafe (ฮักร่มไม้ หางดง เชียงใหม่)
https://maps.app.goo.gl/fXETcTbR8SnZh5zX9?g_st=ic

လက်မှတ်​ဝယ်ယူရန်​ 🎫🎫​🎫​

https://www.facebook.com/share/1HMTDDpR4w/?mibextid=wwXIfr

📽️ The Ex*****on Trailer 📽️
https://www.facebook.com/share/v/14bi1Z9iEDz/

The Ex*****on FB Page
https://www.facebook.com/share/1E8iNusNv3/

ที่อยู่

Chiang Mai
50100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Karenni Community Chiangmai Thailandผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์