Military Tech - Burma

Military Tech - Burma Myanmar & International Conflicts ,Tactics And Weapon News

နျူကလီးယားစွမ်းအင်သုံး အ‌မေရိကန် လေယာဉ်တင်သဘော် အေဗရာဟမ်လင်ကွန်း USS Abraham Lincoln (CVN 72) ထိုင်းသို့ လာရောက်မည်အရှေ့...
26/08/2026

နျူကလီးယားစွမ်းအင်သုံး အ‌မေရိကန် လေယာဉ်တင်သဘော် အေဗရာဟမ်လင်ကွန်း USS Abraham Lincoln (CVN 72) ထိုင်းသို့ လာရောက်မည်

အရှေ့အလယ်ပိုင်းဒေသတွင် ရက်ပေါင်း ၂၅၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အ‌မေရိကန် လေယာဉ်တင်သဘော် အေဗရာဟမ်လင်ကွန်သည် သင်္ဘောပေါ်ပါ စစ်သည် ၅,၀၀၀ ခန့်အတွက် အနားယူရန် (R&R) နှင့် လိုအပ်သည့် ပစ္စည်းများ ဖြည့်တင်းရန် ထိုင်းနိုင်ငံ သို့ လာရောက်မည်ဖြစ်သည်

စက်တင်ဘာ ၂ ရက်မှ ၆ ရက်နေ့အထိ (၅ ရက်ကြာ) လာရောက်မည်ဖြစ်ပြီး၊ လုံခြုံရေးအရ အတိအကျမထုတ်ပြန်သေးသော်လည်း ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ရေနက်ဆိပ်ကမ်း သို့မဟုတ် ဆက်တာဟစ် (Sattahip) ထိုင်းရေတပ်စခန်းအနီးတွင် ကမ်းကပ်န်ုင်သည်။

ယခုခရီးစဉ်သည် သင်္ဘော၏ မူလတပ်စခန်းရှိရာ အမေရိကန်နိုင်ငံ ဆန်ဒီယာဂိုသို့ ပြန်လည်ထွက်ခွာမည့် လမ်းကြောင်းတွင်တစ်ထောက်နားသည့် ခရီးစဉ်တစ်ခုသာဖြစ်ပြီး မည်သည့်ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်မဟုတ် ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည်

ဒါကတော့ တစ်နေ့က ဖြစ်သွားတဲ့ KIA ဘက်ကနေ စစ်တပ်ရဲ့ ‌ခြေလျင် တပ်ဖွဲ့တွေတင်လာတဲ့ စက်လှေ ကို တိုက်ခိုက်ခဲ့ပုံပဲဖြစ်ပါတယ်ဒီအဖြ...
26/08/2026

ဒါကတော့ တစ်နေ့က ဖြစ်သွားတဲ့ KIA ဘက်ကနေ စစ်တပ်ရဲ့ ‌ခြေလျင် တပ်ဖွဲ့တွေတင်လာတဲ့ စက်လှေ ကို တိုက်ခိုက်ခဲ့ပုံပဲဖြစ်ပါတယ်

ဒီအဖြစ်အပျက် နဲ့ပက်သက်ပြီးပထမ ဆုံးတွေးမိတာတော့ စစ်ရေးသတိ လျော့လို့ အငိုက်မိသွားတာဖြစ်ပါတယ်။ လှေပေါ်မှာ တပ်ဖွဲ့ဝင် ၃၀ ကနေ ၄၀ ကြား တပ်စု တစ်စု စာမက ပါလာတယ်လို့ယူဆပါတယ်
မြစ်ကို ဖြတ် မကူးခင်ထဲက တစ်ဖက်ရန်သူအနေနဲ့ စောင့်ကြည့် နေခဲ့တာဖြစ်နိုင်ပြီး တိုက်ခိုက်ဖို့ ကြိုတင် ပြင်ဆင်ခဲ့ပါတယ်

ဒီလှေပေါ်က အဖွဲ့ကတော့ အေးအေးလူလူပါပဲ ပတ်ဝန်းကျင်ကို ကြည့်ဖို့ ကင်းသမားမရှိသလို လှေတစ်ဖက်ကမ်းရောက်ခါနီး (တိုက်ခိုက်ခံရချိန်နီး) အထိ အ‌ခြေနေကိုရိပ်မိဟန်မရှိပါဘူး

ကင်းသမား နှင့် watch over အစီအစဉ် တွေသာရှိခဲ့ပါလျှင် စောစောစီးစီး သတိပေးနိုင်မှာဖြစ်ပြီး အကျအဆုံး အဲ့လောက်ထိ များပြားနိုင်ချေမရှိနိုင်ခဲ့ပါဘူး ဒရုန်းကပ်လာတာကို အစော ဆုံးသိတဲ့သူကတော့ ခေါင်းမိုးပေါ်က ပဲ့ကိုင်ထားတဲ့လှေသမားဖြစ်နိုင်ပြီး ဒရုန်းရဲ့ ကင်မရာထဲ မှာ လှည့်ကြည့်နေတာကိုမြင်ရမှာဖြစ်ပါတယ်

နောက်တစ်ချက်ကတော့ ဒရုန်းရဲ့လာရာလမ်းကြောင်းနဲ့ အသံပါ ။

ဒရုန်း က ‌စက်လှေ ဘေးဘက်ခြမ်းကနေ ဓားလွယ်ခုတ် ပျံလာပြီး လှေရဲ့ အလယ်ပိုင်းနဲ့ပဲ့ပိုင်းကိုထိမှန်သွားတာဖြစ်ပါတယ်။ ဒရုန်းအသံ သည် ပုံမှန်အားဖြင့် ကျယ်လောင် လေ့ရှိပြီး ဒီဖြစ်ရပ်မှာ‌တော့ စက်လှေ ရဲ့ အင်ဂျင် သံကြောင့်သော်လည်းကောင်း၊ လှေထဲကို အစုလိုက်အပြုံလိုက် ပါလာတဲ့ တပ်ဖွဲ့ဝင်များရဲ့ ပေါ့ဆ မှုကြောင့် သော်လည်းကောင်း ဒရုန်း ချဉ်းကပ်လာနေသံကို သတိမပြုနိုင်တာဖြစ်ပါတယ်

ဘာပဲဖြစ် ဖြစ် ဒီ ဖြစ်ရပ်ကတော့ FPV ဒရုန်း ရဲ့ အဖျက်စွမ်းအားနဲ့ စစ်ရေးသတိပေါ့ဆမှုကြောင့် ပေးဆပ်ရတာတွေကို မီးမောင်းထိုး ပြနေပြီး ဒီ ပြည်တွင်းပဋိပက္ခတွေထဲမှာ FPV ဒရုန်းကြောင့် အထိအခိုက်အများဆုံးဖြစ်ရပ်တစ်ခု အဖြစ် မှတ်တမ်းတင်ခဲ့ပြီဖြစ်ပါတယ်

ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှား Su-34 တိုက်ခိုက်ရေးဗုံးကြဲလေယာဉ် ထိခိုက်ပျက်စီးယူကရိန်း-ရုရှားရှေ့တန်းစစ်မျက...
21/08/2026

ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှား Su-34 တိုက်ခိုက်ရေးဗုံးကြဲလေယာဉ် ထိခိုက်ပျက်စီး

ယူကရိန်း-ရုရှားရှေ့တန်းစစ်မျက်နှာပြင်၏ နောက်ဘက် ကီလိုမီတာ ၆၀၀ ခန့်အကွာ၊ ရုရှားနိုင်ငံ အက်စ်ထရာခန် (Astrakhan) ဒေသရှိ အက်ခ်တူဘင့်စ် (Akhtubinsk) စစ်ဘက်လေတပ်စခန်းကို ပစ်မှတ်ထား၍ ယူကရိန်း၏ တာ‌ဝေးတိုက်ခိုက်ရေး ဒရုန်းဖြင့် တိကျစွာ တိုက်ခိုက်ခဲ့မှုအတွင်း ရုရှား၏ Su-34 တိုက်ခိုက်ရေးဗုံးကြဲလေယာဉ် တစ်စင်း ထိခိုက်ပျက်စီးသွားကြောင်း ယူကရိန်းတာဝန်ရှိသူများက အတည်ပြုခဲ့သည်။

ဂြိုဟ်တုဓာတ်ပုံများနှင့် ပွင့်လင်းမြင်သာမှုရှိသော သတင်းအချက်အလက် (OSINT) အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ လေယာဉ်ရပ်နားသည့်နေရာ၌ မီးလောင်ကျွမ်းထားသည့် အမှတ်အသားများ၊ အပူလှိုင်းပုံရိပ်များနှင့် လောင်စာဆီယိုစိမ့်မှုများကို ထင်ရှားစွာ တွေ့မြင်ရသည်။ ထိခိုက်သွားသော လေယာဉ်၏ ဆေးရောင်ခြယ်စနစ် (camouflage) သည် သာမန်နှင့်မတူဘဲ ထူးခြားမှုရှိသောကြောင့် ယင်းမှာ Su-34E(ပြည်ပသို့ ရောင်းချမည့်အမျိုးအစား) သို့မဟုတ် အဆင့်မြင့်လေကြောင်းနည်းပညာ (avionics)၊ ရေဒါစနစ်များနှင့် တိကျပစ်ကူလက်နက်ဆန်းများကို စမ်းသပ်ရာတွင် အသုံးပြုသည့် သီးသန့်စမ်းသပ်လေယာဉ်အမျိုးအစား ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

အက်ခ်တူဘင့်စ် လေတပ်စခန်းကို တိုက်ခိုက်မှုသည် ဗို့ဂိုဂရတ် (Volgograd) နှင့် ပရီးမော့စ်ကို-အက်ခ်တာရက်စ် (Primorsko-Akhtarsk) ဒေသများအပါအဝင် ရုရှားစစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးနှင့် လေကြောင်းအဆောက်အအုံများကို ပစ်မှတ်ထားသည့် ယူကရိန်း၏ ကျယ်ပြန့်သော ပေါင်းစပ်အဝေးပစ်တိုက်ခိုက်မှု စစ်ဆင်ရေး၏ အစိတ်ပိုင်းတစ်ခု ဖြစ်သည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရုရှားစစ်တပ်သည် ကျန်ရှိသော လေယာဉ်အချို့ကို ပိုမိုဘေးကင်းသည့် နောက်တန်း အရန်လေဆိပ်များသို့ အလျင်အမြန် ရွှေ့ပြောင်းသွားခဲ့ကြောင်း သိရသည်။

မြန်မာ့ မြစ်တွင်းသွားစစ်ရေ ယာဉ်များ အပိုင်း (၁)​ယူဂိုဆလားဗီးယား၏ အမွေအနှစ်မှသည် ခေတ်ပြိုင်စစ်ပွဲဆီသို့ - မြန်မာ့ပြည်တွင်...
21/08/2026

မြန်မာ့ မြစ်တွင်းသွားစစ်ရေ ယာဉ်များ အပိုင်း (၁)

​ယူဂိုဆလားဗီးယား၏ အမွေအနှစ်မှသည် ခေတ်ပြိုင်စစ်ပွဲဆီသို့ - မြန်မာ့ပြည်တွင်းစစ်အတွင်းက Y301 အမျိုးအစား မြစ်တွင်းသွား အမြောက်တင်သင်္ဘောများ

​သမိုင်းကြောင်း နောက်ခံ

၁၉၅၀ ပြည့်လွန်နှစ်များ အကုန်တွင် မြန်မာရေတပ်သည် ယူဂိုဆလားဗီးယားနိုင်ငံ ပူလာမြို့ရှိ Uljanik သင်္ဘောကျင်းထံမှ Y301 အမျိုးအစား မြစ်တွင်းသွား အမြောက်တင်သင်္ဘော ၁၀ စီးကို မှာယူတင်သွင်းခဲ့ပါသည်။ ၁၉၅၇ မှ ၁၉၆၀ ခုနှစ်အတွင်း တပ်တော်ဝင်ခဲ့ပြီး အဆိုပါရေတိမ်ပိုင်းသွား ကင်းလှည့်ရေယာဉ်များကို ဧရာဝတီနှင့် ချင်းတွင်းမြစ်ကဲ့သို့သော အဓိက မြစ်ကြောင်းများအတွင်း မောင်းနှင်ရန်အတွက် သီးသန့် ဒီဇိုင်းထုတ်ထားတာဖြသ်ပါတယ်။

အလျား ၃၂ မီတာ၊ ရေဆူူးအနက် ၀.၉ မီတာရှိပြီး တန်ချိန် ၁၅၀ တန်ရှိကာ အမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ရေမိုင်၁၃ နော့ခန့် မောင်းနှင်နိုင်ပြီး သင်္ဘောသား ၂၉ ဦးခန့် လိုက်ပါနိုင်ပါတယ်
၄၀ မီလီမီတာ ဘိုးဖော့စ် (Bofors) အမြောက် ၂ လက် နှင့် ၂၀ မီလီမီတာ အိုအာလီကွန် (Oerlikon) လေယာဉ်ပစ်အမြောက် ၂ လက်တပ်ဆင်ထားသော ဤ သင်္ဘောများသည် ဆယ်စုနှစ်များစွာကြာ မြန်မာ့ရေတပ်၏ အဓိက မြစ်ကြောင်းအင်အားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

​ခေတ်သစ် ပဋိပက္ခနှင့် ပြုပြင်မွမ်းမံမှုများ

2021‌နောက်ပိုင်း မြန်မာပြည်တွင်းစစ်တွင် ရှေ့တန်း ‌ခြေလျင် တပ်များထံ အရေးပါသော လက်နက် ရိက္ခာ နှင့်စစ်သည် များ ကို ရေကြောင်းမှတစ်ဆင့် ပို့ဆောင်ရာတွင် ထောက်ပံ့ရေးရေယာဉ်များကို ကာကွယ်ရန် အစောင့်လိုက် သဘော်များအဖြစ် ဆယ်စုနှစ်များစွာ ဟောင်းနွမ်းနေပြီဖြစ်သော ဤရေယာဉ်များကို လက်နက်ကိုင် ပစ်ကူနှင့် ထောက်ပံ့ရေးလုပ်ငန်းများတွင် ပိုမိုအသုံးပြုလာရပါသည်။ တစ်ဖက်လက်နက်ကိုင်အင်အားစုများ၏ FPV တိုက်ခိုက်ရေးဒရုန်းများ၊ RPG များနှင့် မြစ်ကမ်းပါးမှ ကြားဖြတ်တိုက်ခိုက်မှုများကို ကာကွယ်ရန် ဤသင်္ဘောများတွင် စရိတ်နည်း အကာအကွယ်များကို ဖြည့်စွက်တပ်ဆင်လေ့ရှိကြသည်

ဒရုန်းရန်မှ ကာကွယ်သည့် ပြုပြင်မွမ်းမံမှုများ

သံဇကာနှင့် ကာကွယ်ရေးပိုက်ကွန်များ: သင်္ဘော၏ အထက်ပိုင်း တည်ဆောက်ပုံနှင့် မြှင့်တင်ထားသော စက်ပလက်ဖောင်းများတွင် သံမဏိဘောင်များ၊ သံဇကာများနှင့် ရုပ်ဖျက်ပိုက်ကွန်များ တပ်ဆင်ထားပါသည်။ ၎င်းတို့သည် FPV (First-Person View) ကာမီကာဇေ တိုက်ခိုက်ရေးဒရုန်းများ သင်္ဘောကိုယ်ထည် သို့မဟုတ် အမြောက်စခန်းများကို တိုက်ရိုက်မထိမှန်မီ ကြိုတင်ပိတ်ဆို့ရန် သို့မဟုတ် ဖောက်ခွဲပစ်ရန် "cope cages" အဖြစ် ဖန်တီးထားခြင်း ဖြစ်ပါသည်။

ကားတာယာ ကာဗာများ: သင်္ဘောကိုယ်ထည်နှင့် ပဲ့စင် ပတ်လည်တွင် မော်တော်ကားတာယာ အများအပြားကို ချိတ်ဆွဲထားပါသည်။ ၎င်းသည် မြစ်ကမ်းပါးများမှ ပစ်ခတ်သည့် ဒရုန်းဆွဲမိုင်းများ၊ RPG များနှင့် လက်နက်ငယ် ကျည်ဆန်များကို အရှိန်လျော့ပါးစေရန် သို့မဟုတ် လမ်းကြောင်းလွှဲပစ်ရန် ဖန်တီးထားသော သီးသန့် အကာအကွယ်ပုံစံ ဖြစ်ပါသည်။

တရုတ်က ကော်ဗတ် (Corvette) စစ်‌ ရေယာဉ် အသစ် တစ်စီးကို ကမ္ဘောဒီးယားရေတပ်သို့ လက်ဆောင်ပေးကမ္ဘောဒီးယားရေတပ်သည် တရုတ်နိုင်ငံလ...
15/08/2026

တရုတ်က ကော်ဗတ် (Corvette) စစ်‌ ရေယာဉ် အသစ် တစ်စီးကို ကမ္ဘောဒီးယားရေတပ်သို့ လက်ဆောင်ပေး

ကမ္ဘောဒီးယားရေတပ်သည် တရုတ်နိုင်ငံလုပ် Type 056 C (Jiangdao-class) ကော်ဗက်စစ်သင်္ဘော တစ်စင်းကို စတင်လက်ခံရရှိပြီး ကိုယ်ထည်အမှတ် ၆၂၂ စစ်ရေယာဉ် ခိုခွန်ဆန်ဂျေးလို့အမည်ပေးထားပြီး
အပေါ့စားဖရီးဂိတ် စစ်ရေယာဉ်အဖြစ်လဲ သတ်မှတ်ထားကြပါတယ်

အဆိုပါ သဘော် သည် ယခင်Type 056 ကော်ဗက်စစ်သင်္ဘော များထက် ၅မီတာ ပိုမိုရှည်လျားကာ ဆောက်လုပ်ခဲ့တဲ့ ရေယာဉ်တွေထဲမှာ အလျားအရှည်ဆုံးဖြစ်ပါတယ် နောက်ထပ် ထူးခြားချက်အနေနဲ့ ရေယာဉ်ဦးပိုင်းမှာ အနီးကပ် ချေမှုန်းရေးလက်နက်စနစ် CIWS ၂ စုံ တပ်ဆင်ထားတာကိုတွေ့ရပါတယ်
အခြားသော လက်နက်များအဖြစ်
H/PJ-26 ၇၆မမ ရေတပ်သုံး ပင်မအမြောက် ၁ လက်
၃၂၄ မမ တော်ပီဒို ပစ်စင် ၂ စုံ
YJ 83 သဘော်ဖျက် ဒုံး ၄ လုံး
Type 87ရေငုပ်သဘော်ဖျက် ဒုံးပစ် လောင်ချာ ၂ စုံ
Fl 3000N တာတိုလေကြောင်းရန်ကာကွယ်ရေးစနစ် ၁ စုံ တို့ပါဝင်ပါတယ်

အမေရိကန်ပြည်ထောင်စုမှာကျင်းပနေတဲ့ ကမ္ဘာ့ ဖလား ဘောလုံးပွဲအတွင်း လုံခြုံ‌ရေးယူနေတဲ့ FBI Agent များအမေရိ ကန်နိုင်ငံမက်ဆာချူ...
17/06/2026

အမေရိကန်ပြည်ထောင်စုမှာကျင်းပနေတဲ့ ကမ္ဘာ့ ဖလား ဘောလုံးပွဲအတွင်း လုံခြုံ‌ရေးယူနေတဲ့ FBI Agent များ

အမေရိ ကန်နိုင်ငံမက်ဆာချူးဆက်ပြည်နယ်၊ ဘောစတွန်မြို့၏ ပထမဦးဆုံး ကမ္ဘာ့ဖလားပွဲစဉ် အတွက် ဘော့စတွန်က FBI Agent အများအပြားဖြင့်လုံခြုံရေးချထားတာဖြစ်ပါတယ်

ဘော့စတွန်မြို့ဟာ မက်ဆာချူးဆက်ပြည်နယ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဗဟိုချက်မကြီး ဖြစ်ပါတယ်။ဘော့စတွန်ဟာ မက်ဆာချူးဆက်ပြည်နယ်ရဲ့ မြို့တော် (Capital City) ဖြစ်သလို၊ အဲဒီပြည်နယ်ထဲမှာ အကြီးဆုံးနဲ့ လူဦးရေအများဆုံးမြို့ လည်း ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်က ဘောစတွန် မြို့နှစ်ပတ်လည်မာရသွန် ပြေးပွဲမှာ အယ်ကိုင်ဒါ ဦးဆောင်တဲ့ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီးနောက် ဒီကမ္ဘာ့ဖလားပွဲဟာ လုံခြုံးရေးအရ ဘောစတွန် FBI တပ်ဖွဲ့ တွေအတွက် စိန်ခေါ်မှုအကြီးဆုံးဖြစ်ပါတယ်

FBI အပြင် Homeland Security Agent များ၊ ဒေသခံရဲတပ်ဖွဲ့ ၊ SWAT တပ်ဖွဲ့ဝင်များ၊ Bomb Squad များ နှင့် အခြားသော လုံခြုံရေးတပ်ဖွဲ့ဝင်များပါ လုံခြုံရေးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်

ရုရှား ဗုံးကြဲလေယာဉ်တစ်စီး လေ့ကျင့်စဥ် ပျက်ကျမှုဖြစ်ပွား၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက် တနင်္လာနေ့တွင် ရုရှားနိုင်ငံ ဆိုက်ဘေးရီ...
16/06/2026

ရုရှား ဗုံးကြဲလေယာဉ်တစ်စီး လေ့ကျင့်စဥ် ပျက်ကျမှုဖြစ်ပွား

၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက် တနင်္လာနေ့တွင် ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား (Siberia) ဒေသ၊ အီကုစ်ခ် (Irkutsk) နယ်မြေ၌ ရုရှား Tupolev Tu-22M3 ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစ်စင်း ပျက်ကျခဲ့သည်။အဆိုပါ အသံထက်မြန်သော လေယာဉ်သည် ပုံမှန်လေ့ကျင့်ရေးပျံသန်းမှု ပြုလုပ်နေစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်သည် ကာမန်ကာ (Kamenka) ကျေးရွာအနီးရှိ သစ်တောထူထပ်သော နေရာထဲသို့ ထိုးဆင်းပျက်ကျခဲ့သည်။ စက်ချို့ယွင်းမှုကြောင့် ပျက်ကျရခြင်းဖြစ်နိုင်ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး အီဂေါ ကိုဘ်ဇက်ဗ် (Igor Kobzev) က ပြောကြားခဲ့သည်။
လေယာဉ်အဖွဲ့သား ၄ ဦးစလုံး လေယာဉ်မြေပြင်မကျရောက်ခင် လေထီးဖြင့် ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့သည်။

Tu 22M 3 သည် ဆိုဗီယက်ခေတ်က ထုတ်လုပ်ခဲ့ပြီး ခေတ်မီအောင် ပြန်လည်ပြင်ဆင်ထားသည့် အသံထက်မြန်သော ဗုံးကြဲလေယာဉ်ဖြစ်သည်။ နေတိုး (NATO) အဖွဲ့က ယင်းလေယာဉ်ကို "Backfire" ဟု လျှို့ဝှက်အမည်ပေးထားသည်။ ဤအကြီးစားဗုံးကြဲလေယာဉ်သည် ခရုဇ်ဒုံးကျည်များနှင့် "Kinzhal" ဟုခေါ်သော အသံထက် ၅ ဆကျော်မြန်သည့် ဒုံးကျည်များကို ပစ်ခတ်နိုင်သည်။ ရုရှားနိုင်ငံသည် ဆီးရီးယားနှင့် ယူကရိန်းနိုင်ငံတို့ရှိ စစ်ဆင်ရေးများတွင် ဤလေယာဉ်အမျိုးအစားကို မကြာခဏ အသုံးပြုခဲ့သည်။လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် အတည်မပြုနိုင်သေးသော ဗီဒီယိုဖိုင်များတွင် လေယာဉ်သည် မြေပြင်သို့ ဦးစိုက်ထိုးဆင်းသွားပြီးနောက် မီးခိုးလုံးကြီးများ တက်လာသည်ကို တွေ့ရသည်။

လက် ဖြောင့် စနိုက်ပါတို့ရဲ့ ပုံဖျက်ဝတ်ရုံ ဂီလီ အကြောင်း (Ghilie Suit)ဂီလီဝတ်စုံဆိုသည်မှာ အရွက်များ၊ မြက်ခြောက်များနှင့် ...
16/06/2026

လက် ဖြောင့် စနိုက်ပါတို့ရဲ့ ပုံဖျက်ဝတ်ရုံ ဂီလီ အကြောင်း (Ghilie Suit)

ဂီလီဝတ်စုံဆိုသည်မှာ အရွက်များ၊ မြက်ခြောက်များနှင့် သစ်ကိုင်းခြောက်များသဏ္ဍာန် ပြုလုပ်ထားသော ဖျက်မြင်းဝတ်စုံ ဖြစ်သည်။ စစ်သားတစ်ဦး၏ လူပုံသဏ္ဍာန်ကို ပျောက်ကွယ်သွားစေရန် ကူညီပေးသည်။

သဘာဝပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်ခြင်း။ ။ စနိုက်ပါသမားများသည် ဝတ်စုံပေါ်တွင် ၎င်းတို့ပုန်းအောင်းနေသည့်နေရာမှ မြက်ပင်၊ သစ်ရွက်အစစ်များကို ထပ်မံချည်နှောင်ပြီး ပတ်ဝန်းကျင်နှင့် အနီးစပ်ဆုံးတူအောင် ပြုလုပ်ကြသည်။
ရာသီဥတုစိန်ခေါ်မှု။ ။ မြန်မာနိုင်ငံ၏ ပူပြင်းစိုစွတ်သော ရာသီဥတုတွင် ဤကဲ့သို့ ထူထဲသောဝတ်စုံကို ဝတ်ဆင်ရသည်မှာ အလွန်ပူအိုက်ပြီး ပင်ပန်းလှသည်။

နည်းဗျူဟာ။ ။ အင်အားချင်းမမျှသော စစ်ပွဲတွင် စနိုက်ပါနှင့် ဂီလီဝတ်စုံကို အသုံးပြု၍ ရန်သူ့စစ်ကြောင်းများကို ချုံခိုတိုက်ခိုက်ခြင်း၊ စစ်ကြောင်းမှူးများကို ပစ်မှတ်ထားခြင်းများ ပြုလုပ်ကြသည်။

ဂီလီဝတ်စုံကို အင်္ဂလန်နိုင်ငံ မြောက်ပိုင်းတွင်ရှိသော စကော့တလန် (Scotland) ပြည်နယ်တွင် စတင် တီထွင်ခဲ့ခြင်း ဖြစ်သည်။ "ဂီလီ" (Ghillie) ဆိုသည့် စကားလုံးသည် စကော့တလန် ဘာသာစကားမှ လာပြီး "အစေခံ သို့မဟုတ် လမ်းပြ" ဟု အဓိပ္ပာယ်ရသည်။ဂီလီဝတ်စုံ စတင်လာပုံ ဇာတ်လမ်းကတော့

တောလိုက်လမ်းပြများနှင့် စတင်ခြင်း

၁၈၀၀ ပြည့်နှစ်များတွင် စကော့တလန် တောတောင်များ၌ သားသမင်များနှင့် ငှက်များကို ခိုးဖမ်းသည့် သူခိုးများ ရှိခဲ့သည်။ ထိုသူခိုးများကို လိုက်လံ ဖမ်းဆီးရန်အတွက် မြေပိုင်ရှင်ကြီးများက "ဂီလီ" (Ghillie) ဟုခေါ်သော တောလိုက်လမ်းပြများကို ငှားရမ်းခဲ့ကြသည်။ပထမဆုံး ဝတ်စုံ: ထိုလမ်းပြများသည် တောထဲတွင် သားကောင်များနှင့် သူခိုးများ မမြင်နိုင်အောင် ပုန်းကွယ်ရန် လိုအပ်သည်။ ထို့ကြောင့် ၎င်းတို့သည် သိုးမွေး အဟောင်းများ၊ ဂုန်နီစများနှင့် ကြိုးစများကို သစ်ရွက် ခြောက်များကဲ့သို့ ဖြစ်အောင် အင်္ကျီတွင် လိုက်ချုပ်ပြီး ကိုယ်ပျောက် ဝတ်စုံကို စတင် လုပ်ဆောင်ခဲ့ကြသည်။

၂။ ပထမကမ္ဘာစစ်အတွင်း စစ်တပ်တွင် ပထမဆုံး အသုံးပြုခြင်း (၁၉၁၆ ခုနှစ်)စကော့တလန် စစ်သားများ: ပထမကမ္ဘာစစ်အတွင်းတွင် စကော့တလန် တောလိုက် လမ်းပြများဖြင့် ဖွဲ့စည်းထားသော "လိုဗတ် ကင်းထောက်တပ်ဖွဲ့" (Lovat Scouts) ဆိုသည့် ဗြိတိသျှ စစ်တပ်ခွဲတစ်ခု ရှိခဲ့သည်။စနိုက်ပါအဖွဲ့ ထိုတပ်ဖွဲ့သည် ကမ္ဘာ့ပထမဆုံး စစ်သုံး စနိုက်ပါ (လက်ဖြောင့်) တပ်ဖွဲ့ ဖြစ်လာခဲ့သည်။ ၎င်းတို့သည် တောထဲတွင် လုပ်ခဲ့သော အတွေ့အကြုံများကို အသုံးပြုပြီး ဂီလီဝတ်စုံများကို ဝတ်ဆင်ကာ ဂျာမန်စစ်သားများကို ချောင်းမြောင်း တိုက်ခိုက်ခဲ့ကြသည်။ ရန်သူ့ စစ်မြေပြင်ကို ကင်းထောက်ရန်နှင့် သတင်းအချက်အလက် ယူရန်အတွက် အလွန် အောင်မြင်ခဲ့သည်။၃။ ဒုတိယကမ္ဘာစစ်မှ ယနေ့ခေတ်အထိကမ္ဘာတစ်ဝှမ်း အသုံးပြုခြင်း: ပထမကမ္ဘာစစ်တွင် ဂီလီဝတ်စုံ၏ စွမ်းဆောင်ရည် အလွန်ကောင်းမွန်ကြောင်း တွေ့ရှိရပြီးနောက် ဒုတိယကမ္ဘာစစ်တွင် အမေရိကန်၊ ရုရှား နှင့် အခြား ကမ္ဘာ့စစ်တပ် အားလုံးက စနိုက်ပါသမားများအတွက် ဂီလီဝတ်စုံကို အတုယူပြီး ထုတ်လုပ်လာကြသည်။ခေတ်မီလာခြင်း: ယနေ့ခေတ်တွင် ဂီလီဝတ်စုံများကို ဂုန်နီစများအပြင် မီးမလောင်နိုင်သော ပေါ့ပါးသည့် ပိတ်စများ၊ အပူဒဏ် ခံနိုင်သည့် ပစ္စည်းများနှင့် 3D စက်ရုပ်နည်းပညာသုံး သစ်ရွက်တုများဖြင့် ပိုမို အဆင့်မြင့်အောင် ပြုလုပ်လာကြသည်။

ဂီလီဝတ်စုံ (Ghillie Suit) များသည် မြန်မာပြည်တွင်းစစ်တွင် နှစ်ဖက်စလုံးမှ လက်ဖြောင့်စနိုက်ပါသမားများ အဓိကအသုံးပြုကြသည့် ကိုယ်ပျောက်ဝတ်စုံများ ဖြစ်ကြသည်။
မြန်မာနိုင်ငံ၏ ထူထပ်သောတောတောင်များ၊ ချုံနွယ်ပိတ်ပေါင်းများနှင့် ကျေးလက်ဒေသ စစ်မြေပြင်များတွင် ရန်သူ မမြင်နိုင်အောင် ပုန်းကွယ်ရန် ဤဝတ်စုံများသည်များစွာ အသုံးဝင်သည်။

ဂီလီဝတ်စုံ (Ghillie Suit) များသည် စစ်မြေပြင်တွင် အသက်ဘေးမှလွတ်အောင် ဖုံးကွယ်ပေးနိုင်သော်လည်း ကြီးမားသော အားနည်းချက်အချို့ ရှိသည်။

👍 အားသာချက်များ (Advantages)

အကောင်းဆုံး ကိုယ်ပျောက်စနစ်။ ။ လူတစ်ဦး၏ ပုံသဏ္ဍာန်နှင့် အနားသတ်လိုင်းများကို ပျောက်ကွယ်သွားစေသည်။ တောထဲတွင် ကျောက်တုံး သို့မဟုတ် ချုံပုတ်တစ်ခုကဲ့သို့ ဖြစ်သွားသဖြင့် ရန်သူက အနီးကပ်ကြည့်လျှင်ပင် မမြင်နိုင်ပါ။
စိတ်ဓာတ်ရေးရာ အသာစီးရခြင်း။ ။ စနိုက်ပါသမား ဘယ်နေရာမှာ ပုန်းနေမှန်း မသိရခြင်းက ရန်သူကို ကြောက်လန့်စေပြီး ရှေ့မတိုးရဲအောင် တားဆီးနိုင်သည်။

ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်ခြင်း။ ။ ဝတ်စုံပေါ်ရှိ ပိုက်ကွန်များတွင် ၎င်းနေရာရှိ မြက်ခြောက်၊ သစ်ရွက်အစစ်များကို ထိုးညှပ်ထားနိုင်သဖြင့် မည်သည့်တောအမျိုးအစားတွင်မဆို အရောင်ပြောင်းလဲအသုံးပြုနိုင်သည်။

👎 အားနည်းချက်များ (Disadvantages)

အလွန်ပူအိုက်ခြင်း။ ။ ဝတ်စုံသည် အလွန်ထူထဲပြီး လေဝင်လေထွက် မကောင်းပါ။ မြန်မာနိုင်ငံကဲ့သို့ ပူပြင်းစိုစွတ်သော ရာသီဥတုတွင် ဝတ်ဆင်ပါက စစ်သားကို ရေဓာတ်ခမ်းခြောက်ခြင်းနှင့် အပူလျှပ်ခြင်း (Heat Stroke) ဖြစ်စေနိုင်သည်။
လေးလံပြီး လှုပ်ရှားရခက်ခြင်း။ ။ ဝတ်စုံသည် အလေးချိန်စီးပြီး ရေစိုသွားပါက ပို၍ လေးလံလာသည်။ ချုံနွယ်များကြား သွားလာသည့်အခါ သစ်ကိုင်းများနှင့် ငြိတွယ်တတ်သဖြင့် လျင်မြန်စွာ မလှုပ်ရှားနိုင်ပါ။

မီးလောင်လွယ်ခြင်း။ ။ ဂုန်လျှော်မျှင်များ၊ အဝတ်စုတ်များနှင့် မြက်ခြောက်များဖြင့် လုပ်ထားသဖြင့် ဗုံးသီးပေါက်ကွဲမှု သို့မဟုတ် မီးပွားတစ်ခုခုနှင့် ထိမိပါက အလွယ်တကူ မီးလောင်ကျွမ်းနိုင်သည်။
နည်းပညာမြင့် ကိရိယာများကို မဖုံးကွယ်နိုင်ခြင်း။ ။ အဝတ်အစားသက်သက်သာ ဖြစ်သဖြင့် ရန်သူက အပူလှိုင်းဖမ်းစက် (Thermal Imaging) သို့မဟုတ် ညကြည့်မှန်ပြောင်း (Night Vision) များဖြင့် ရှာဖွေပါက လူ၏ခန္ဓာကိုယ်အပူချိန်ကြောင့် အလွယ်တကူ အမိဖမ်းခံရနိုင်သည်။

ရုရှားကို ဂျင်းထည့်ပြီးလေယာဉ်ထုတ်ခဲ့တဲ့ တရုတ်ကြီး (သို့) တရုတ်တပ်မတော်ရဲ့ J 11B အကြောင်းShenyang J-11B သည် တရုတ်နိုင်ငံထ...
09/06/2026

ရုရှားကို ဂျင်းထည့်ပြီးလေယာဉ်ထုတ်ခဲ့တဲ့ တရုတ်ကြီး (သို့) တရုတ်တပ်မတော်ရဲ့ J 11B အကြောင်း

Shenyang J-11B သည် တရုတ်နိုင်ငံထုတ် အင်ဂျင်နှစ်လုံးတပ်၊ အကြီးစားဘက်စုံသုံး စတုတ္ထမျိုးဆက် တိုက်လေယာဉ်တစ်စင်း ဖြစ်သည်။ ခေတ်သစ် စစ်ဘက်လေကြောင်းသမိုင်းတွင် ၎င်းသည် အလွန်အရေးပါသော နေရာတစ်ခုတွင် ရှိနေသည်၊ အကြောင်းမှာ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ စစ်လက်နက်ပစ္စည်းများ တင်သွင်းနေရသည့်အဆင့်မှ မိမိကိုယ်ပိုင် နည်းပညာမြင့် လေတပ်ကို ကိုယ်တိုင်တည်ဆောက်လာနိုင်သည့် အချိုးအကွေ့ကို ပြသနေသောကြောင့်ဖြစ်သည်။

​မူရင်းနိုင်ငံနှင့် သမိုင်းကြောင်း (Country of Origin & Story)
###
​J-11B ၏ သမိုင်းကြောင်းသည် တရုတ်နှင့် ရုရှားနိုင်ငံကြားရှိ ပထဝီနိုင်ငံရေး၊ အင်ဂျင်နီယာအတတ်ပညာနှင့် ပိုင်ဆိုင်မှုမူပိုင်ခွင့် (Intellectual Property) အငြင်းပွားမှုတို့ ယှက်နွှယ်နေသည့် စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။

​ရုရှားမှ အစပြုခြင်း (၁၉၉၆): ၁၉၉၀ ပြည့်လွန်နှစ်များတွင် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံထံမှ Sukhoi Su-27SK "Flanker" တိုက်လေယာဉ် အစင်း ၂၀၀ ကို လိုင်စင်ယူ၍ ကိုယ်တိုင်ထုတ်လုပ်ရန် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံတန် စာချုပ်တစ်ခု ချုပ်ဆိုခဲ့သည်။ ယင်းသို့ ရုရှားနိုင်ငံမှ ပေးပို့သော အစိတ်အပိုင်းများ၊ အင်ဂျင်များ (AL-31F) နှင့် အီလက်ထရွန်နစ်စနစ်များကို အသုံးပြုပြီး တရုတ်နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ခဲ့သော လေယာဉ်များကို J-11A ဟု အမည်ပေးခဲ့သည်။

​သဘောတူညီချက် ပျက်ပြယ်ခြင်း (၂၀၀၄): လေယာဉ်အစင်း ၁၀၀ ခန့် တပ်ဆင်ပြီးနောက် တရုတ်နိုင်ငံသည် ထုတ်လုပ်မှုလိုင်းကို ရုတ်တရက် ရပ်ဆိုင်းခဲ့သည်။ ရုရှား၏ နည်းပညာများ (အထူးသဖြင့် ရေဒါနှင့် လေယာဉ်မောင်းခန်းစနစ်) သည် ခေတ်နောက်ကျနေပြီဖြစ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ် (PLAAF) ၏ စံချိန်စံညွှန်းများကို မမီတော့ကြောင်း အကြောင်းပြခဲ့ပြီး တကယ်တမ်းတွင်မူ တရုတ်နိုင်ငံ၏ Shenyang Aircraft Corporation (SAC) သည် ရုရှား Flanker လေယာဉ်၏ ဒီဇိုင်း blue print များကို လျှို့ဝှက်ကူးယူကာ ဒီဇိုင်းအသစ် ပြန်လည်ရေးဆွဲနေခဲ့ခြင်းဖြစ်သည်။

ရုရှား၏ ခွင့်ပြုချက်မရှိဘဲ လေယာဉ်ဖွဲ့စည်းပုံကို ပြောင်းလဲခဲ့ပြီး အတွင်းပိုင်းအစိတ်အပိုင်း ၉၀% နီးပါးကို တရုတ်ပြည်တွင်းဖြစ် နည်းပညာများနှင့် အစားထိုးခဲ့သည်။ ဤသို့ ခွင့်ပြုချက်မရှိဘဲ ပုံတူကူးယူ မွမ်းမံထားသော ဗားရှင်းကို J-11B ဟု ခေါ်တွင်ပြီး ၂၀၀၃-၂၀၀၄ ခုနှစ်ဝန်းကျင်တွင် စတင်ပျံသန်းခဲ့ကာ ၂၀၀၇ ခုနှစ်တွင် အမြောက်အမြား စတင်အသုံးပြုခဲ့သည်။ ယင်းကိစ္စကြောင့် မော်စကိုနှင့် ပေကျင်းကြားတွင် နှစ်ပေါင်းများစွာ တင်းမာမှုများ ဖြစ်ပွားခဲ့သည်။

အဓိက အားသာချက်များ (Key Strengths)

​J-11B သည် ရုရှား၏ ကောင်းမွန်လှသော လေကြောင်းဒိုင်းနမစ် (Aerodynamic) ဒီဇိုင်းပေါ်တွင် တရုတ်နိုင်ငံ၏ သာလွန်ကောင်းမွန်သော ခေတ်ပေါ် အီလက်ထရွန်နစ်စနစ်များကို ပေါင်းစပ်ထည့်သွင်းထားခြင်း ဖြစ်သည်။

​အဆင့်မြင့် လေကြောင်းဒိုင်းနမစ်နှင့် ကိုယ်ထည်အလေးချိန် လျှော့ချခြင်း: မူရင်း Su-27 လေယာဉ်ကိုယ်ထည်သည် ကောင်းကင်ယံ၌ ပျံသန်းကစားနိုင်စွမ်း (Maneuverability) အလွန်ကောင်းမွန်သဖြင့် ကျော်ကြားသည်။ တရုတ်နိုင်ငံသည် အဆင့်မြင့် ပေါင်းစပ်ပစ္စည်းများ (Composite Materials) ကို အသုံးပြုကာ ကိုယ်ထည်ကို ပိုမိုပေါ့ပါးခိုင်ခံ့အောင် အဆင့်မြှင့်တင်ခဲ့သဖြင့် J-11B သည် မူရင်းထက် ပိုမိုမြန်ဆန်စွာ အမြင့်သို့ ပျံတက်နိုင်သည်။

​ပြည်တွင်းဖြစ် လက်နက်စနစ်များ တပ်ဆင်နိုင်ခြင်း: ရုရှားထုတ် ဒုံးကျည်များကိုသာ ပစ်ခတ်နိုင်သည့် J-11A နှင့်မတူဘဲ J-11B ကို တရုတ်နိုင်ငံထုတ် လက်နက်များကို အသုံးပြုနိုင်ရန် တည်ဆောက်ထားသည်။ ၎င်းတွင် တာတိုပစ် PL-8 ဒုံးကျည်နှင့် ပစ်လွှတ်ပြီးနောက် အလိုအလျောက် ပစ်မှတ်ရှာဖွေနိုင်သည့် တာလတ်ပစ် PL-12 ရေဒါလမ်းညွှန်ဒုံးကျည်များကို တပ်ဆင်နိုင်သဖြင့် ရုရှား၏ စနစ်ဟောင်းများထက် သာလွန်သည်။ ပိုမိုခေတ်မီအောင် မွမ်းမံထားသော ဗားရှင်းများတွင်မူ အလွန်ဝေးလံသော ပစ်မှတ်များကို ပစ်ခတ်နိုင်သည့် PL-15 ဒုံးကျည်များကိုပင် သယ်ဆောင်နိုင်သည်။

​ခေတ်မီ ဒစ်ဂျစ်တယ် လေယာဉ်မောင်းခန်း: ရှုပ်ထွေးလှသော ရုရှားတို့၏ အန်နာလော့ (Analog) စနစ်များနေရာတွင် ဘက်စုံသုံး ဒစ်ဂျစ်တယ် မျက်နှာပြင်များ (MFDs) နှင့် လေယာဉ်မောင်းဦးထုပ်တွင် တပ်ဆင်ထားသော ပစ်မှတ်ချိန်စနစ် (Helmet-Mounted Sight) တို့ပါဝင်သည့် ခေတ်မီ ဒစ်ဂျစ်တယ် လေယာဉ်မောင်းခန်း (Glass Cockpit) အဖြစ် ပြောင်းလဲခဲ့သည်။

​ပျံသန်းနိုင်သည့် အကွာအဝေးနှင့် လက်နက်သယ်ဆောင်နိုင်စွမ်းကြီးမားခြင်း: အကြီးစားတိုက်လေယာဉ် အမျိုးအစားဖြစ်သဖြင့် လေယာဉ်အတွင်း၌ပင် စက်သုံးဆီ ကီလိုဂရမ် ၉,၄၀၀ ခန့် သယ်ဆောင်နိုင်ကာ၊ ပြင်ပစက်သုံးဆီတိုင်ကီများ သို့မဟုတ် ဝေဟင်ဆီဖြည့်တင်းမှု မလိုဘဲ ကီလိုမီတာ ၁,၅၀၀ ဝန်းကျင်အထိ သွားရောက် တိုက်ပွဲဝင်နိုင်သည်။

​အဓိက အားနည်းချက်များ (Key Weaknesses)

​နည်းပညာမြင့်မားစွာ အဆင့်မြှင့်တင်ထားသော်လည်း J-11B သည် စတင်ထုတ်လုပ်ချိန်တွင် စက်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ဖွဲ့စည်းပုံဆိုင်ရာ ကန့်သတ်ချက်များကို ပြင်းထန်စွာ ရင်ဆိုင်ခဲ့ရသည်။

​စတင်ထုတ်လုပ်ချိန် အင်ဂျင်ပြဿနာများ: J-11B ၏ အငြင်းပွားစရာအကောင်းဆုံးအပိုင်းမှာ ရုရှားဖြစ် AL-31F အင်ဂျင်များနေရာတွင် တရုတ်ပြည်တွင်းဖြစ် Shenyang WS-10A "Taihang" တာဘိုဖန် (Turbofan) အင်ဂျင်များကို ပြောင်းလဲအသုံးပြုခဲ့ခြင်းဖြစ်သည်။ အစောပိုင်းထုတ် WS-10A အင်ဂျင်များသည် ယုံကြည်စိတ်ချရမှုအပိုင်းတွင် လုံးဝအဆင်မပြေခဲ့ပေ။ အစောပိုင်းအင်ဂျင်အချို့သည် ပျံသန်းချိန် နာရီ ၃၀ ခန့်သာ ခံပြီး လုံးဝပြန်လည်ပြုပြင်ရမည့် အခြေအနေ ဖြစ်ခဲ့သည် (ရုရှားအင်ဂျင်များမှာ နာရီ ၄၀၀ ခံသည်)။

ဤပြဿနာကြောင့် ၂၀၀၇ ခုနှစ်တွင် J-11B တိုက်လေယာဉ်တပ်စုတစ်ခုလုံးကို ပျံသန်းမှုရပ်နားခဲ့ရပြီး၊ တရုတ်နိုင်ငံအနေဖြင့် WS-10 အင်ဂျင်နည်းပညာ ၂၀၀၉ ခုနှစ်နောက်ပိုင်း အထိ ရုရှားအင်ဂျင်များကို ယာယီပြန်လည်ဝယ်ယူခဲ့ရသည်။

​ခေတ်နောက်ကျသော ရေဒါစနစ်: အခြေခံ J-11B တွင် Type 1493 pulse-Doppler ရေဒါကို အသုံးပြုထားသည်။ ၁၉၈၀ ပြည့်လွန်နှစ်များက ရုရှားရေဒါထက် ပိုကောင်းသော်လည်း၊ လက်ရှိ အနောက်နိုင်ငံများနှင့် တရုတ်၏ နောက်ဆုံးပေါ် တိုက်လေယာဉ်များတွင် အသုံးပြုနေသည့် အဆင့်မြင့် AESA (Active Electronically Scanned Array) ရေဒါများနှင့် ယှဉ်လျှင် သိသိသာသာ ခေတ်နောက်ကျနေသည်။ (မှတ်ချက်။ ။ လက်ရှိတွင် တရုတ်နိုင်ငံသည် J-11B အဟောင်းများကို "J-11BG" အဖြစ် အဆင့်မြှင့်တင်နေပြီး ရေဒါအသစ်ဖြစ်သော AESA ရေဒါကို ပြောင်းလဲတပ်ဆင်ခြင်းဖြင့် ဤအားနည်းချက်ကို ပြုပြင်နေသည်)။

​ရေဒါတွင် အလွယ်တကူ မြင်တွေ့နိုင်ခြင်း (Large Radar Cross-Section): J-11B သည် စစ်အေးတိုက်ပွဲကာလ ဒီဇိုင်းကို အခြေခံထားသည့် အလွန်ကြီးမားသော တိုက်လေယာဉ်ဖြစ်သဖြင့် ရေဒါမှ ရှောင်ကွင်းနိုင်စွမ်း (Stealth) လုံးဝမရှိပေ။ ရန်သူ့ရေဒါမျက်နှာပြင်များတွင် အလွန်ထင်ရှားစွာ ပေါ်နေမည်ဖြစ်ရာ အမေရိကန်၏ F-22 သို့မဟုတ် F-35 ကဲ့သို့သော ခေတ်ပေါ် ကိုယ်ပျောက်တိုက်လေယာဉ်များ၏ အဝေးကန်ပစ်ခတ်မှုဒဏ်ကို ခံရနိုင်ခြေ အလွန်များသည်။

​လက်ရှိအချိန်တွင် J-11B သည် တရုတ်နိုင်ငံ ဝေဟင်ကာကွယ်ရေး၏ အဓိကကျောရိုးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေဆဲဖြစ်သော်လည်း၊ ၎င်း၏နေရာတွင် ပိုမိုခေတ်မီသော ဘက်စုံသုံးတိုက်လေယာဉ် J-16 များနှင့် ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ် J-20 တို့ဖြင့် တဖြည်းဖြည်း အစားထိုး ဖြည့်တင်းလျက်ရှိသည်။

#နိုင်ငံတကာ

အမေရိကန်🇺🇲 ၊ တရုတ်🇨🇳 နှင့်ရုရှား 🇷🇺တပ်မတော်တွေမှာ အသုံးပြုနေတဲ့ တင့်ဖျက်လက်နက်များ
09/06/2026

အမေရိကန်🇺🇲 ၊ တရုတ်🇨🇳 နှင့်ရုရှား 🇷🇺တပ်မတော်တွေမှာ အသုံးပြုနေတဲ့ တင့်ဖျက်လက်နက်များ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Military Tech - Burmaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์