Daily News Hub "အတ္တာဟိ အတ္တနော နာထော "

မိမိကိုယ်ကို
မိမိကိုးကွယ်အားထားရာဖြစ်၏
(1)

21/06/2026
ကွယ်လွန်မှ သိလိုက်ရတဲ့ အဘိုးအိုရဲ့ လျှို့ဝှက်ချက်​ထိုင်းနိုင်ငံက အသက် ၇၈ နှစ်အရွယ် အဘိုးအို “နိုင်အင်”ဆိုတဲ့ အဘိုးအိုတစ်...
16/06/2026

ကွယ်လွန်မှ သိလိုက်ရတဲ့ အဘိုးအိုရဲ့ လျှို့ဝှက်ချက်

​ထိုင်းနိုင်ငံက အသက် ၇၈ နှစ်အရွယ် အဘိုးအို “နိုင်အင်”ဆိုတဲ့ အဘိုးအိုတစ်ယောက် ကွယ်လွန်သွားပြီးနောက်ပိုင်း၊ မိသားစုဝင်တွေက သူ့ရဲ့ပစ္စည်းတွေကို ရှင်းလင်းရင်းနဲ့ အောက်မေ့ဖွယ် အမှတ်တရ ရှာဖွေရာမှာ မမျှော်လင့်ဘဲ အံ့အားသင့်စရာ ကြီးကို တွေ့ရှိခဲ့ရပါတယ်။

​အဘိုးအိုဟာ သက်ရှိထင်ရှားရှိစဉ်က အရမ်းကို ရိုးရိုးသားသားနဲ့ ခြိုးခြံချွေတာစွာ နေထိုင်ခဲ့သူဖြစ်ပြီး ခေါက်ဆွဲတစ်ပွဲတောင် ဝယ်မစားရဲလောက်အောင် ကပ်စေးနည်းခဲ့သူပါ။ ဒါပေမဲ့ သူကွယ်လွန်သွားတဲ့အခါမှာတော့ သူအမြတ်တနိုး သုံးစွဲခဲ့တဲ့

ဆီပုံးအဟောင်းနဲ့လုပ်ထားတဲ့ လက်သမားကိရိယာပုံးထဲမှာ လျှို့ဝှက်ဝှက်ထားတဲ့...
💵 ငွေသားစုစုပေါင်း ၁.၈ သန်း ဘတ် (မြန်မာငွေ သိန်းပေါင်း ထောင်ချီ) နဲ့
✨ ရွှေဆွဲကြိုး ၁ ကုံး ကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်။
​ဆွေမျိုးတွေရဲ့ အဆိုအရ ဒီငွေတွေဟာ အဘိုးအို နွားတွေရောင်းပြီး စုဆောင်းထားတဲ့ ငွေတွေဖြစ်နိုင်တယ်လို့ သိရပါတယ်။

​ #ထိုင်းသတင်း #ထူးဆန်းထွေလာ #ငွေစုနည်း #အမွေအနှစ်

ဘုရင်တစ်ပါးဖြစ်ပေမဲ့... ဖခင်တစ်ယောက်ရဲ့ မျက်ရည်
14/06/2026

ဘုရင်တစ်ပါးဖြစ်ပေမဲ့... ဖခင်တစ်ယောက်ရဲ့ မျက်ရည်

ထိုင်းဘုရင်မင်းမြတ်၏ သမီးကြီး မင်းသမီး ဘာဂျာကီတီယာဗာ သက်တော် ၄၇ နှစ်တွင် နတ်ရွာစံ​ထိုင်းနိုင်ငံသားတွေရဲ့ ချစ်ခင်လေးစားမှ...
12/06/2026

ထိုင်းဘုရင်မင်းမြတ်၏ သမီးကြီး မင်းသမီး ဘာဂျာကီတီယာဗာ သက်တော် ၄၇ နှစ်တွင် နတ်ရွာစံ

​ထိုင်းနိုင်ငံသားတွေရဲ့ ချစ်ခင်လေးစားမှုကို ခံရပြီး အများပြည်သူက "မင်းသမီး ဘာ" (Princess Bha) ဟု လူသိများကြတဲ့ တော်ဝင်မင်းသမီး ဘာဂျာကီတီယာဗာ (Her Royal Highness Princess Bajrakitiyabha) ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် ညနေ ၁၉:၄၈ နာရီအချိန်မှာ ချူလာလောင်ကွန်း စုပေါင်းအထိမ်းအမှတ် ဆေးရုံကြီး၌ နတ်ရွာစံသွားခဲ့ကြောင်း တော်ဝင်နန်းတွင်းဗျူရိုက တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

​မင်းသမီးကြီးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကတည်းက နှလုံးရောဂါအခြေအနေကြောင့် ဆေးရုံမှာ သတိမေ့မြောပြီး ဆေးဝါးကုသမှု ခံယူခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကစလို့ အူမကြီးရောင်ရမ်းပြီး ဝမ်းဗိုက်အတွင်း ပိုးဝင်ခြင်း၊ သွေးဖိအားကျခြင်းနဲ့ နှလုံးခုန်မမှန်ခြင်းတို့ကြောင့် အခြေအနေ ပိုမိုဆိုးရွားလာခဲ့ပြီး ဆေးဘက်ဆိုင်ရာအဖွဲ့က အစွမ်းကုန် ကြိုးစားကုသပေးခဲ့သော်လည်း ကြာသပတေးနေ့ ညနေပိုင်းမှာ အေးချမ်းစွာ နတ်ရွာစံသွားခဲ့ခြင်း ဖြစ်ပါတယ်။

​သူမချန်ထားခဲ့သည့် တန်ဖိုးရှိလှသော Legacy (အမွေအနှစ်)
မင်းသမီးကြီးဟာ ဥပဒေပညာပါရဂူဘွဲ့ (Ph.D) ရရှိထားသူဖြစ်ပြီး၊ အကျဉ်းထောင်တွေထဲက အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးမိခင်တွေရဲ့ လူနေမှုဘဝ မြှင့်တင်ရေးအတွက် ရှေ့တန်းကနေ တက်ကြွစွာ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

​သူမရဲ့ ကြိုးပမ်းမှုတွေကြောင့် ကုလသမဂ္ဂ (UN) ကနေ အမျိုးသမီးအကျဉ်းသားများ ဆက်ဆံရေးဆိုင်ရာ ကမ္ဘာ့စံနှုန်း လမ်းညွှန်ချက်တစ်ခုဖြစ်တဲ့ "ဘန်ကောက်စည်းမျဉ်းများ" (Bangkok Rules) ကို ၂၀၁၀ ပြည့်နှစ်မှာ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သံအမတ်ကြီးအဖြစ်လည်းကောင်း၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး (UNODC) ရဲ့ ချစ်ကြည်ရေးသံတမန်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ပြီး ကမ္ဘာ့အဆင့်အထိ လူသားချင်းစာနာမှုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

​လက်ရှိမှာတော့ ထိုင်းဘုရင်မင်းမြတ်ရဲ့ အမိန့်တော်အရ တော်ဝင်ရုပ်ကလာပ်တော်ကို မဟာနန်းတော် (Grand Palace) ရှိ ဖီမန်ရတနာခန်းမမှာ စံပယ်ထားရှိပြီး၊ တော်ဝင်ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ အမြင့်ဆုံး ဂုဏ်ထူးဆောင်အဆင့်အတန်းဖြင့် ဈာပနအခမ်းအနားကို စီစဉ်ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။


​ #ထိုင်းမင်းသမီး #သတင်းထူးသတင်းဦး

ရေနွေးစက်မှ လျှပ်စစ်ဓာတ်လိုက်မှုကြောင့် မိခင်နှင့်သား အသက်ဆုံးရှုံး ကယ်ရန်ကြိုးပမ်းသူ ချွေးမပါ ဒဏ်ရာရရှိမှု ချင်းမိုင်တွ...
11/06/2026

ရေနွေးစက်မှ လျှပ်စစ်ဓာတ်လိုက်မှုကြောင့် မိခင်နှင့်သား အသက်ဆုံးရှုံး ကယ်ရန်ကြိုးပမ်းသူ ချွေးမပါ ဒဏ်ရာရရှိမှု ချင်းမိုင်တွင်ဖြစ်ပွား

ဇွန်လ ၁၀ ရက် ညသန်းခေါင်အချိန်က ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဟန်ဒေါင်မြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ရေနွေးစက်မှ လျှပ်စစ်ဓာတ်အားယိုစိမ့်မှုကြောင့် မိသားစုဝင် ၃ ဦး လျှပ်စစ်ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဉ်တွင် အသက် ၆၀ အရွယ် အမျိုးသမီးမှာ ရေချိုးခန်းအတွင်း ရေချိုးနေစဉ် ဓာတ်လိုက်လဲကျခဲ့ရာ အပြင်မှ သားဖြစ်သူနှင့် ချွေးမဖြစ်သူတို့က ကြားဖြတ်ကယ်ဆယ်ရန် ကြိုးပမ်းစဉ် လျှပ်စစ်စီးကြောင်းအတွင်း ထပ်မံဓာတ်လိုက်ခဲ့ရခြင်း ဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့များက နှလုံးအသက်ကယ်ခြင်း (CPR) ဖြင့် အပြင်းအထန် ကြိုးပမ်းခဲ့သော်လည်း မိခင်နှင့် သားဖြစ်သူတို့မှာ နှလုံးရပ်တန့်ကာ အခင်းဖြစ်နေရာ၌ပင် အသက်ဆုံးရှုံးခဲရပါတယ်

ဒဏ်ရာရရှိခဲ့သည့် ချွေးမဖြစ်သူကိုမူ ဟန်ဒေါင်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသထားရပြီး ရဲတပ်ဖွဲ့က အသေးစိတ် ဆက်လက်စစ်ဆေးနေကြောင်း သိရှိရပါပါတယ်

လူတစ်ယောက် ဓာတ်လိုက်နေရင် အကာအကွယ်မပါဘဲ လက်နဲ့ တိုက်ရိုက်သွားမဆွဲပါနဲ့ မီးခလုတ်ကို အရင်ပိတ်ပါ သို့မဟုတ် လျှပ်စစ်မကူးတဲ့ ပစ္စည်းနဲ့ အရင်ခုခံပြီးမှ ကယ်ဆယ်ကြပါ။

🚨 တရားမဝင် မြန်မာလုပ်သား ၇ ဦး တင်လာတဲ့ ဗန်ကား အယုဒ္ဓယမှာ အဖမ်းခံရ  ​ဇွန်လ ၇ ရက်နေ့ ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်၊ အာရှလမ်း...
07/06/2026

🚨 တရားမဝင် မြန်မာလုပ်သား ၇ ဦး တင်လာတဲ့ ဗန်ကား အယုဒ္ဓယမှာ အဖမ်းခံရ

​ဇွန်လ ၇ ရက်နေ့

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်၊ အာရှလမ်းမပေါ်မှာ မှန်အမည်းရောင် ကပ်ထားပြီး အရှိန်ပြင်းမောင်းနှင်လာတဲ့ ဗန်ကားတစ်စီးကို ရဲတပ်ဖွဲ့က စစ်ဆေးရာကနေ...
မဲဆောက် သဘာဝလမ်းကြောင်းကနေ ခိုးဝင်လာတဲ့ မြန်မာလုပ်သား ၇ ဦး (ကျား ၁၊ မ ၆) နဲ့ ထိုင်းယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

​အလုပ်သမားတွေဟာ တစ်ဦးကို ပွဲစားခ ဘတ် ၁၄,၀၀၀ - ၁၆,၀၀၀ အထိ ပေးခဲ့ရပြီး၊ လမ်းခရီးမှာ ဖမ်းမိမှာစိုးလို့ ဘာမှမစားဘဲ လာခဲ့ကြတာကြောင့် အားပြတ်နေကြပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုမှတ်တမ်းမလုပ်ခင် အစားအသောက်တွေ အရင်ကျွေးမွေးခဲ့ပြီး၊ လက်ရှိမှာတော့ ယာဉ်မောင်းရော မြန်မာလုပ်သားတွေကိုပါ မဟာရတ်ရဲစခန်းမှာ အရေးယူဖို့ လွှဲပြောင်းထားကြောင်း သိရပါတယ်


​ #ထိုင်းနိုင်ငံသတင်း #တရားမဝင်လုပ်သား #မှုခင်းသတင်း

ထိုင်းကယ်ဆယ်ရေးအဖွဲ့ လာအိုဂူတွင်းရှာဖွေရေး ရပ်နား​သဘာဝတရားရဲ့ ရက်စက်မှုနဲ့ ဂူဝပြိုကျမယ့် အန္တရာယ်တွေကြောင့် ၁၄ ရက်ကြာ အသ...
07/06/2026

ထိုင်းကယ်ဆယ်ရေးအဖွဲ့ လာအိုဂူတွင်းရှာဖွေရေး ရပ်နား

​သဘာဝတရားရဲ့ ရက်စက်မှုနဲ့ ဂူဝပြိုကျမယ့် အန္တရာယ်တွေကြောင့် ၁၄ ရက်ကြာ အသက်နဲ့ရင်းပြီး ကြိုးစားခဲ့တဲ့ ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေ
လာအိုနိုင်ငံကနေ ပြန်လည်ဆုတ်ခွာခဲ့ရပါပြီ။ တန်ဖိုးသန်းချီတဲ့ စက်ပစ္စည်းတွေကိုလည်း ဂူထဲမှာပဲ ထားခဲ့ရရှာပါတယ်။

​ဒီမစ်ရှင်မှာ ပါဝင်ခဲ့တဲ့ နာမည်ကြီးပရဟိတသမား "ပွန် ချက်ကရစ်" ကတော့ ပျောက်ဆုံးနေတဲ့ အလုပ်သမား ၂ ဦးရဲ့ မိသားစုတွေကို တစ်စုလျှင် လာအိုကစ် ၃၀ သန်း (စုစုပေါင်း ကိုယ်ပိုင်ငွေ ၉၀,၀၀၀ ဘတ်) သွားရောက်ကူညီပေးခဲ့ပြီး "ရာသီဥတု ပြန်ကောင်းရင် ကျွန်တော်တို့ ပြန်လာခဲ့ပါမယ်" လို့ ကတိပေးခဲ့ပါတယ်။
​အစွမ်းကုန် ကြိုးစားပေးခဲ့ကြတဲ့ ကယ်ဆယ်ရေးရဲဘော်များအားလုံး ဘေးကင်းကြပါစေ။ 🙏✨


​ #ထိုင်းကယ်ဆယ်ရေး #လာအိုဂူ #သတင်း

ဂျပန်နိုင်ငံမှာ သမင်တစ်ကောင်ပေါ် တက်ထိုင်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာမိန်းကလေးတစ်ယောက် ကမ္ဘာ့လူမှုကွန်ရက် အသုံးပြုသူတွေရဲ့...
05/06/2026

ဂျပန်နိုင်ငံမှာ သမင်တစ်ကောင်ပေါ် တက်ထိုင်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာမိန်းကလေးတစ်ယောက် ကမ္ဘာ့လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

​ဂျပန်ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်တဲ့ နာရာမြို့က နာမည်ကျော် နာရာပန်းခြံထဲ အလည်အပတ် ရောက်ခဲ့တဲ့ အမျိုးသမီးက သမင်ပေါ်တက်ထိုင်ပြီး ဗီဒီယိုရိုက်ကူးဖို့ ကြိုးစားခဲ့တာပါ။ အဲဒီသမင်ဟာ ယာဉ်တိုက်မှုတစ်ခုကြောင့် ခြေထောက်ကျိုးထားတာလို့ နာရာပန်းခြံထဲက သမင်တွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ စေတနာ့ဝန်ထမ်း ဂျပန်နိုင်ငံသားတစ်ဦးက X လူမှုကွန်ရက်မှာ ရေးပါတယ်။

​ဒီလုပ်ရပ်က ရက်စက်လွန်းရာ ရောက်တယ်လို့ သူက ဝေဖန်ပါတယ်။ ကိုယ်အင်္ဂါ ထိခိုက်ထားပြီး ရှင်သန်ဖို့ ရုန်းကန်နေရတဲ့ တိရစ္ဆာန်တစ်ကောင်အပေါ် အခုလို ပြုမူတာဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ သူက ဆိုပါတယ်။

​အဲဒီဗီဒီယို မြင်ကွင်းဟာ ကမ္ဘာတစ်ဝှမ်းက လူမှုကွန်ရက် အသုံးပြုသူ သန်းနဲ့ချီ ကြည့်ရှုခဲ့ကြပြီး နိုင်ငံတကာ သတင်းဌာနအချို့ကလည်း ဖော်ပြနေကြတာကြောင့် ဝေဖန်သူတွေ ပိုများလာပါတယ်။
​သမင်တွေဟာ ဂျပန်နိုင်ငံရဲ့ ရှင်တိုဘာသာရေး ယုံကြည်မှုအရ နတ်ဘုရားတွေရဲ့ သတင်းပေးပို့သူအဖြစ် အထွတ်အမြတ် ထားခံရပြီး၊ နာရာဒေသမှာ ရှေးခေတ်က သမင်တွေကို ထိခိုက်အောင်လုပ်တာဟာ သေဒဏ်အထိ ချမှတ်ခံရနိုင်တဲ့ ပြစ်ဒဏ်ကြီးတစ်ခု ဖြစ်ပါတယ်။

​သမင်ကောင်ရေ တစ်ထောင်ဝန်းကျင်အထိ လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုထားပြီး ရှေးဟောင်းဘုရားကျောင်းတွေနဲ့ သမိုင်းဝင်အဆောက်အအုံတွေ ရှိနေတဲ့ နာရာပန်းခြံဟာ ခရီးသွားတွေကြား ထင်ရှားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

၄လအတွင်း ဘတ် ၇,၄၈၀ သန်းကျော် အလိမ်ခံရမှုကြောင့် စားသုံးသူကောင်စီက Meta ကို တရားစွဲမည်လိုဆို။​ပေ့ချ်အတုတွေ၊ လိမ်လည်တဲ့ ကြ...
04/06/2026

၄လအတွင်း ဘတ် ၇,၄၈၀ သန်းကျော် အလိမ်ခံရမှုကြောင့် စားသုံးသူကောင်စီက Meta ကို တရားစွဲမည်လိုဆို။

​ပေ့ချ်အတုတွေ၊ လိမ်လည်တဲ့ ကြော်ငြာတွေကို အရေးမယူဘဲ ပစ်ထားတဲ့အတွက် ထိုင်းနိုင်ငံ စားသုံးသူကောင်စီက လာမည့် ဇွန်လ ၈ ရက်နေ့မှာ Facebook (Meta) ကုမ္ပဏီကို တရားမုဒ်နဲ့ တရားဝင် စွဲဆိုတော့မှာ ဖြစ်တယ်လို့ ထိုင်း သတင်းတွေမှာဖော်ပြပါတယ်

​အလိမ်ခံရသူတွေထဲမှာ ပညာတတ်တွေနဲ့ အတွေ့အကြုံရှိသူတွေပါ ပါဝင်နေပြီး၊ Facebook ရဲ့ Algorithm စနစ်က ဒုစရိုက်သမားတွေ သားကောင်ရှာဖို့ ပိုလွယ်ကူအောင် လုပ်ပေးနေသလို ဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။

ထိုင်းနိုင်ငံ စားသုံးသူကောင်စီ ဥက္ကဋ္ဌ ဒေါ်ဘူညှင်း သီရိသမ် (Ms. Boonyuen Siritham) နှင့် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ဆာရီ အံစမ်ဝမ် (Ms. Saree Ongsomwang) တို့သည် "ဖေ့စ်ဘွတ်ခ်ကို ဘာကြောင့် တရားစွဲရသလဲ" ဟူသော ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ဖေ့စ်ဘွတ်ခ် ပလက်ဖောင်းပေါ်တွင် လိမ်လည်လှည့်ဖြားသည့် ကြော်ငြာများ စဉ်ဆက်မပြတ် ပျံ့နှံ့နေမှုကို အရေးယူဖြေရှင်းပေးရန် အာဏာပိုင်များနှင့် ကုမ္ပဏီအကြား ဆွေးနွေးညှိနှိုင်းခဲ့သည်မှာ ၁ နှစ်ကျော်ရှိပြီဖြစ်သော်လည်း ထိရောက်သော အပြောင်းအလဲမရှိသည့်အတွက် ယခုကဲ့သို့ ဖေ့စ်ဘွတ်ခ် ထိုင်းရုံးခွဲနှင့် ရုံးချုပ်တို့ကို တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်


​ #แอปฟ้าพาหมดตัว #เฟซบุ๊กเพื่อนลัก #ฉันก็โดนเหมือนกัน #ထိုင်းသတင်း

ကံတရားဆိုတာ တကယ်ကို ဆန်းကြယ်လွန်းပါတယ်။ ထိုင်းနိုင်ငံ၊ ကမ်ဖဲင်ဖတ်မြို့က ဈေးတစ်ခုမှာ ဟင်းသီးဟင်းရွက်ရောင်းပြီး အကြွေးတွေတ...
02/06/2026

ကံတရားဆိုတာ တကယ်ကို ဆန်းကြယ်လွန်းပါတယ်။ ထိုင်းနိုင်ငံ၊ ကမ်ဖဲင်ဖတ်မြို့က ဈေးတစ်ခုမှာ ဟင်းသီးဟင်းရွက်ရောင်းပြီး အကြွေးတွေတင်၊ ဆိုင်မှာ ကုန်ပစ္စည်းပြန်ဖြည့်ဖို့တောင် ငွေမရှိလုနီးပါး ရုန်းကန်နေရတဲ့ အသက် ၂၅ နှစ်အရွယ် လာဟူတိုင်းရင်းသူမလေး "မအင်သီရာ" တစ်ယောက် ဇွန်လ ၁ ရက်နေ့ ထီဖွင့်ပွဲမှာ ထိုင်းထီပထမဆု ဘတ် ၆ သန်း (မြန်မာငွေ သိန်းပေါင်းများစွာ) ကို တစ်ကိုယ်တော် ကံထူးသွားခဲ့ပါတယ်။

​သူမ ကံထူးရခြင်းရဲ့ အစကတော့ အိပ်မက်ထဲမှာ အဘိုးအိုတစ်ဦး ရောက်လာပြီး "173770" ဆိုတဲ့ နံပါတ်ကို ဝယ်ဖို့နဲ့ ထီပေါက်ရင် သူ့အတွက် ကုသိုလ်လုပ်ပေးဖို့ လာပြောခဲ့တာပါ။ နောက်ရက် ဈေးရောင်းနေရင်း ထီသည် ဖြတ်လာတဲ့အခါ အိပ်မက်ထဲကအတိုင်း အဆုံးသတ်ဂဏန်း "770" ပါတဲ့ ထီလက်မှတ်ကို တွေ့ခဲ့ပါတယ်။ တကယ်တော့ အဲဒီနံပါတ်က ၂ စောင်တွဲ ဖြစ်ပေမယ့် သူမမှာ ပိုက်ဆံမလောက်လို့ ၁ စောင်ပဲ မနည်းဝယ်နိုင်ခဲ့တာပါ။

​ဒါပေမဲ့ အဲဒီ ၁ စောင်ကပဲ သူမရဲ့ ဘဝကို တစ်ဆန်းဆန်း ပြောင်းလဲပေးခဲ့ပါတယ်။ ထီပေါက်တဲ့အကြောင်းသိသိချင်း ဝမ်းသာလွန်းလို့ မျက်ရည်ကျခဲ့ရတဲ့အထိပါပဲ။ သူမက အခုလို ကံထူးရတာဟာ လက်ရှိဗိုက်ထဲမှာရှိနေတဲ့ ၅ လအရွယ် ရင်သွေးလေးရဲ့ ဘုန်းကံကြောင့်လည်း ပါဝင်နိုင်တယ်လို့ ယုံကြည်နေပါတယ်။

​ထီပေါက်သွားပေမယ့်လည်း အိပ်မက်ထဲက ကတိအတိုင်း ဇာတိရွာက ဘုန်းကြီးကျောင်းမှာ အလှူလုပ်သွားမှာဖြစ်ပြီး ဟင်းသီးဟင်းရွက်ကိုလည်း ဆက်လက်ရောင်းချသွားဦးမယ်လို့ ဆိုပါတယ်ဗျာ။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Daily News Hubผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง Daily News Hub:

ทางลัด

แชร์